HomeEntertainmentFilmဇာတ်လမ်းထဲမှာသာမက ရိုက်ကွင်းမှာပါ ကျိန်စာသင့်ခြောက်လှန့်မှုတွေ ဖြစ်ခဲ့တဲ့ရုပ်ရှင်(၅)ကား

ဇာတ်လမ်းထဲမှာသာမက ရိုက်ကွင်းမှာပါ ကျိန်စာသင့်ခြောက်လှန့်မှုတွေ ဖြစ်ခဲ့တဲ့ရုပ်ရှင်(၅)ကား

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Horror ကားတွေ၊ သရဲကားတွေဟာ ဘယ်လောက်ပဲ ကြောက်စရာကောင်းပါတယ်ပြောပြော၊ အချိန်တန်လို့စာတန်းထိုးရင် ပြီးသွားကြတာပါပဲ။ ရုပ်ရှင်တွေထဲက မိစ္ဆာတွေ၊ နတ်ဆိုးတွေနဲ့ ကျိန်စာတွေဟာ တကယ့်အပြင်လောကမှာ ကြည့်ရှုသူတွေကို ဘာမှအန္တရာယ်မပေးနိုင်ပါဘူး။ သို့ပေမယ့် အချို့သော Horror ဇာတ်ကားတွေကတော့ တိုက်ဆိုင်တယ်ပဲ ပြောရမလား၊ ကျိန်စာသင့်နေတယ်ပဲ ပြောရမလား ဝေခွဲရခက်စေပါတယ်။ ရုပ်ရှင်ရိုက်ကူးလို့ ပြီးသွားပေမယ့် ပါဝင်တဲ့ ရိုက်ကူးရေးအဖွဲ့သားတွေကို ကံဆိုးမိုးမှောင်ကျမှုတွေနဲ့ တွေ့ကြုံစေတာမျိုးတွေ ရှိခဲ့ပါတယ်။ ရုပ်ရှင်ထဲကထက် ပိုကြောက်ဖို့ကောင်းနေတဲ့ ရိုက်ကွင်းနောက်ကွယ်က ကျိန်စာသင့် ကံဆိုးမှုတွေကတော့ …

Insidious (2010)
photo via screenrant

Horror ကား ပရိသတ်ဆိုရင် ဒီကားကို သိမှာပါ။ ဒီကားထဲက အဖြစ်အပျက်တွေနဲ့ သူ့ရဲ့နောက်ဆက်တွဲ ဇာတ်ကားတွေဟာ ကြောက်ဖို့ကောင်းသလို ရိုက်ကွင်းနောက်ကွယ်က ဖြစ်ရပ်တွေကလည်း ကျောချမ်းစရာ ကောင်းလှပါတယ်။ ရိုက်ကူးရေး အဖွဲ့သားတွေရဲ့ ပြောကြားချက်အရ ရိုက်ကူးနေတဲ့ အချိန်တစ်လျှောက်လုံးမှာ မကောင်းတဲ့ အငွေ့အသက်တွေရနေပြီး စိတ်တွေလေးလံကာ ကျောမလုံတဲ့ ခံစားချက်တွေ ဖြစ်နေခဲ့တယ်လို့ ဆိုကြပါတယ်။ ဒါတင် မဟုတ်သေးပါဘူး။ ရိုက်ကွင်းလုပ်ထားတဲ့ အိမ်ကြီးရဲ့ ဘယ်သူမှမရှိတဲ့ အခန်းတွေထဲကနေလည်း ထူးဆန်းတဲ့ အသံတွေ ကြားနေရတယ်လို့ ပြောကြပါတယ်။

The Innkeepers (2011)
photo via screenrant

၂၀၁၁ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဒီရုပ်ရှင်ကားကတော့ သရဲခြောက်တဲ့ ဟိုတယ်အကြောင်းပါ။ ဇာတ်လမ်းကတော့ ဟိုတယ်တစ်ခုမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းနှစ်ယောက်က သူတို့အလုပ်လုပ်နေတဲ့ ဟိုတယ်ကြီးဟာ သရဲများခြောက်နေလားဆိုပြီး စပ်စုကြရာက ဇာတ်လမ်းစတဲ့ပုံစံကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ သို့ပေမယ့် အဆိုပါ စိတ်ကူးယဉ်ဇာတ်လမ်းထဲက ဟိုတယ်ကြီးကတင် သရဲခြောက်နေတာ မဟုတ်ပါဘူး။ တကယ့် ရိုက်ကွင်းကြီးတစ်ခုလုံးကလည်း သရဲခြောက်နေခဲ့ပါတယ်လို့ ရိုက်ကူးရေးအဖွဲ့သား တော်တော်များများက ပြန်ပြောပြထားကြပါတယ်။

ဒီရုပ်ရှင် ရိုက်နေတဲ့ကာလအတွင်းမှာ ထူးဆန်းပြီး အဖြေမရှိတဲ့ ဖြစ်ရပ်တွေ အများကြီး ဖြစ်ပေါ်ခဲ့ပါတယ်။ ရိုက်ကွင်းထဲမှာ မီးတွေက သူ့အလိုလို ဖွင့်လိုက်ပိတ်လိုက် ဖြစ်နေတတ်သလို တံခါးတွေကလည်း နေရင်းထိုင်ရင်း အလိုလို ဖွင့်လိုက်ပိတ်လိုက် ဖြစ်နေပါသေးတယ်။ မကြာခဏလည်း ဖုန်းနံပါတ်အစိမ်းတွေနဲ့ ဖုန်းကောလ်တွေ ဝင်လာတတ်ပြီး ကိုင်လိုက်ရင် ဘာအသံမှမကြားရဘဲ ဖြစ်နေပါတယ်။ ဝင်လာတဲ့ နံပါတ်ကို ပြန်ခေါ်ရင်လည်း တပ်ဆင်ထားတဲ့ ဖုန်းနံပါတ်တွေ မဟုတ်ဘူးလို့ ဆိုကြပါသတဲ့။

The Amityville Horror (1979)
photo via screenrant

ဒီဇာတ်ကားကတော့ ဖြစ်ရပ်မှန်အပေါ် တစ်ဝက်တစ်ပျက် အခြေခံထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ နယူးယော့ခ်က သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့ အိမ်ကြီးတစ်အိမ်ကို မိသားစုတစ်စု ပြောင်းလာကြရာက ထူးဆန်းပြီး ကြောက်ဖို့ကောင်းတာတွေ ဖြစ်လာတဲ့အကြောင်း ရိုက်ပြထားတာပါ။ ဒီဇာတ်ကားဟာ ၁၉၇၉ခုနှစ်က ပထမဆုံး ထွက်ရှိခဲ့ပြီး အောင်မြင်ခဲ့တာကြောင့် အဲ့ဒီ့နောက်ပိုင်းမှာ ပုံစံအမျိုးမျိုးနဲ့ ခဏခဏ ပြန်ရိုက်ကူးခဲ့ပါတယ်။

ပထမထွက်ခဲ့တဲ့ကားရဲ့ မင်းသားနေရာမှာ သရုပ်ဆောင်ခဲ့တဲ့ James Brolin ကတော့ သူသရုပ်ဆောင်ရမယ့် ကာရိုက်တာကို လက်ခံလိုက်တဲ့အချိန်မှာ သူ့ရဲ့ အဝတ်ဗီရိုထဲက အဝတ်တွေက သူ့ဘာသာ ပြုတ်ကျလာခဲ့ပါတယ်လို့ ပြောပြထားပါတယ်။ ဒါ့အပြင် ဒုတိယမြောက်ကားမှာ သရုပ်ဆောင်ခဲ့တဲ့ Ryan Reynolds ကလည်း အဲ့ဒီကာရိုက်တာကို လက်ခံပြီးတဲ့ အချိန်ကစပြီး ရိုက်ကူးနေစဉ် တစ်လျှောက်လုံး အကြောင်းပြချက်မရှိဘဲ မနက်သုံးနာရီတိုင်းမှာ အမြဲလန့်လန့်နိုးခဲ့ရပါတယ်လို့ ပြောပြထားပါတယ်။

The Exorcism Of Emily Rose (2005)
photo via screenrant

ဒီကားကတော့ မကောင်းဆိုးဝါး အပူးခံရပြီး အသက်ဆုံးရှုံးခဲ့ရတဲ့ ဂျာမန် ဆယ်ကျော်သက်တစ်ယောက်ရဲ့  ဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဆယ်ကျော်သက်ကောင်မလေးရဲ့ နေရာမှာ သရုပ်ဆောင်ခဲ့တာကတော့ မင်းသမီး Jennifer Carpenter ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာလည်း ရိုက်ကွင်းပေါ်မှာ ထူးဆန်းတဲ့ဖြစ်ရပ်တွေ ဖြစ်ခဲ့ပါသေးတယ်။ ဒါ့အပြင် ဒီဇာတ်ကားရဲ့ မင်းသမီးဖြစ်သူဟာ ဇာတ်ကားကို စရိုက်တဲ့ အချိန်ကစပြီး ညတိုင်းမှာ သူ့ရဲ့ ရေဒီယိုက အလိုလိုနေရင်း ပွင့်နေပြီး သွားပိတ်လိုက်ရင်လည်း ပြန်ပြန်ပွင့်နေပါတယ်လို့ ပြောပြထားပါတယ်။

Poltergeist (1982)
photo via screenrant

ဒီဇာတ်ကားကတော့ ၁၉၈၂ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ကျိန်စာမိနေတဲ့ ရုပ်ရှင်ဇာတ်ကားလို့ နာမည်ကြီးပါတယ်။ ဒီဇာတ်ကားမှာ ပါဝင်ထားတဲ့လူ တော်တော်များများဟာ ရုပ်ရှင်ထွက်ပြီးတာနဲ့ ဇာတ်ကားထဲက ကံဆိုးတဲ့မိသားစုလိုပဲ ဝမ်းနည်းစရာကောင်းတဲ့ အဆုံးသတ်တွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ မင်းသမီးနေရာမှာ သရုပ်ဆောင်ထားတဲ့ Dominique Dunne ဟာ ဇာတ်ကားထွက်ပြီး လအနည်းငယ်အကြာမှာပဲ သူ့ရည်းစားက ပြန်သတ်လို့ ကွယ်လွန်သွားခဲ့ရပါတယ်။ ကလေးသရုပ်ဆောင်အဖြစ် ပါဝင်ထားတဲ့ Heather O’Rourke ကလည်း ဇာတ်ကားထွက်အပြီး နှစ်အနည်းငယ်အကြာ အသက်(၁၂)နှစ်အရွယ်မှာပဲ ရုတ်တရက် နှလုံးရပ်ကာ သေဆုံးခဲ့ပါတယ်။ ဒီကားရဲ့အဆက် နောက်ထပ်နှစ်ကားမှာ သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်တွေဟာလည်း ခွဲစိတ်မှုကြောင့်နဲ့ ရောဂါကြောင့်ဆိုပြီး အသီးသီး သေဆုံးသွားခဲ့ကြပါသေးတယ်။

ဒါကတော့ ကြောက်စရာ horror ဇာတ်ကားတွေရဲ့ နောက်ကွယ်က ကြက်သီးထစရာ ကျိန်စာသင့်မှုတွေနဲ့ ခြောက်လှန့်မှုတွေ ဖြစ်ပါတယ်။ အမှန်တကယ် ကျိန်စာသင့်သည်ဖြစ်စေ၊ တိုက်ဆိုင်သည်ဖြစ်စေ ကျောချမ်းစရာကောင်းတာကတော့ အမှန်ပါပဲ။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Horror ကားေတြ၊ သရဲကားေတြဟာ ဘယ္ေလာက္ပဲ ေၾကာက္စရာေကာင္းပါတယ္ေျပာေျပာ၊ အခ်ိန္တန္လို႔စာတန္းထိုးရင္ ၿပီးသြားၾကတာပါပဲ။ ႐ုပ္ရွင္ေတြထဲက မိစာၦေတြ၊ နတ္ဆိုးေတြနဲ႔ က်ိန္စာေတြဟာ တကယ့္အျပင္ေလာကမွာ ၾကည့္ရႈသူေတြကို ဘာမွအႏၲရာယ္မေပးႏိုင္ပါဘူး။ သို႔ေပမယ့္ အခ်ိဳ႕ေသာ Horror ဇာတ္ကားေတြကေတာ့ တိုက္ဆိုင္တယ္ပဲ ေျပာရမလား၊ က်ိန္စာသင့္ေနတယ္ပဲ ေျပာရမလား ေဝခြဲရခက္ေစပါတယ္။ ႐ုပ္ရွင္႐ိုက္ကူးလို႔ ၿပီးသြားေပမယ့္ ပါဝင္တဲ့ ႐ိုက္ကူးေရးအဖြဲ႕သားေတြကို ကံဆိုးမိုးေမွာင္က်မႈေတြနဲ႔ ေတြ႕ႀကဳံေစတာမ်ိဳးေတြ ရွိခဲ့ပါတယ္။ ႐ုပ္ရွင္ထဲကထက္ ပိုေၾကာက္ဖို႔ေကာင္းေနတဲ့ ႐ိုက္ကြင္းေနာက္ကြယ္က က်ိန္စာသင့္ ကံဆိုးမႈေတြကေတာ့ …

Insidious (2010)
photo via screenrant

Horror ကား ပရိသတ္ဆိုရင္ ဒီကားကို သိမွာပါ။ ဒီကားထဲက အျဖစ္အပ်က္ေတြနဲ႔ သူ႔ရဲ႕ေနာက္ဆက္တြဲ ဇာတ္ကားေတြဟာ ေၾကာက္ဖို႔ေကာင္းသလို ႐ိုက္ကြင္းေနာက္ကြယ္က ျဖစ္ရပ္ေတြကလည္း ေက်ာခ်မ္းစရာ ေကာင္းလွပါတယ္။ ႐ိုက္ကူးေရး အဖြဲ႕သားေတြရဲ႕ ေျပာၾကားခ်က္အရ ႐ိုက္ကူးေနတဲ့ အခ်ိန္တစ္ေလွ်ာက္လုံးမွာ မေကာင္းတဲ့ အေငြ႕အသက္ေတြရေနၿပီး စိတ္ေတြေလးလံကာ ေက်ာမလုံတဲ့ ခံစားခ်က္ေတြ ျဖစ္ေနခဲ့တယ္လို႔ ဆိုၾကပါတယ္။ ဒါတင္ မဟုတ္ေသးပါဘူး။ ႐ိုက္ကြင္းလုပ္ထားတဲ့ အိမ္ႀကီးရဲ႕ ဘယ္သူမွမရွိတဲ့ အခန္းေတြထဲကေနလည္း ထူးဆန္းတဲ့ အသံေတြ ၾကားေနရတယ္လို႔ ေျပာၾကပါတယ္။

The Innkeepers (2011)
photo via screenrant

၂၀၁၁ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ ဒီ႐ုပ္ရွင္ကားကေတာ့ သရဲေျခာက္တဲ့ ဟိုတယ္အေၾကာင္းပါ။ ဇာတ္လမ္းကေတာ့ ဟိုတယ္တစ္ခုမွာ အလုပ္လုပ္ေနတဲ့ ဝန္ထမ္းႏွစ္ေယာက္က သူတို႔အလုပ္လုပ္ေနတဲ့ ဟိုတယ္ႀကီးဟာ သရဲမ်ားေျခာက္ေနလားဆိုၿပီး စပ္စုၾကရာက ဇာတ္လမ္းစတဲ့ပုံစံကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ သို႔ေပမယ့္ အဆိုပါ စိတ္ကူးယဥ္ဇာတ္လမ္းထဲက ဟိုတယ္ႀကီးကတင္ သရဲေျခာက္ေနတာ မဟုတ္ပါဘူး။ တကယ့္ ႐ိုက္ကြင္းႀကီးတစ္ခုလုံးကလည္း သရဲေျခာက္ေနခဲ့ပါတယ္လို႔ ႐ိုက္ကူးေရးအဖြဲ႕သား ေတာ္ေတာ္မ်ားမ်ားက ျပန္ေျပာျပထားၾကပါတယ္။

ဒီ႐ုပ္ရွင္ ႐ိုက္ေနတဲ့ကာလအတြင္းမွာ ထူးဆန္းၿပီး အေျဖမရွိတဲ့ ျဖစ္ရပ္ေတြ အမ်ားႀကီး ျဖစ္ေပၚခဲ့ပါတယ္။ ႐ိုက္ကြင္းထဲမွာ မီးေတြက သူ႔အလိုလို ဖြင့္လိုက္ပိတ္လိုက္ ျဖစ္ေနတတ္သလို တံခါးေတြကလည္း ေနရင္းထိုင္ရင္း အလိုလို ဖြင့္လိုက္ပိတ္လိုက္ ျဖစ္ေနပါေသးတယ္။ မၾကာခဏလည္း ဖုန္းနံပါတ္အစိမ္းေတြနဲ႔ ဖုန္းေကာလ္ေတြ ဝင္လာတတ္ၿပီး ကိုင္လိုက္ရင္ ဘာအသံမွမၾကားရဘဲ ျဖစ္ေနပါတယ္။ ဝင္လာတဲ့ နံပါတ္ကို ျပန္ေခၚရင္လည္း တပ္ဆင္ထားတဲ့ ဖုန္းနံပါတ္ေတြ မဟုတ္ဘူးလို႔ ဆိုၾကပါသတဲ့။

The Amityville Horror (1979)
photo via screenrant

ဒီဇာတ္ကားကေတာ့ ျဖစ္ရပ္မွန္အေပၚ တစ္ဝက္တစ္ပ်က္ အေျခခံထားတဲ့ ဇာတ္ကားျဖစ္ပါတယ္။ ဇာတ္လမ္းထဲမွာေတာ့ နယူးေယာ့ခ္က သရဲေျခာက္တယ္လို႔ နာမည္ႀကီးတဲ့ အိမ္ႀကီးတစ္အိမ္ကို မိသားစုတစ္စု ေျပာင္းလာၾကရာက ထူးဆန္းၿပီး ေၾကာက္ဖို႔ေကာင္းတာေတြ ျဖစ္လာတဲ့အေၾကာင္း ႐ိုက္ျပထားတာပါ။ ဒီဇာတ္ကားဟာ ၁၉၇၉ခုႏွစ္က ပထမဆုံး ထြက္ရွိခဲ့ၿပီး ေအာင္ျမင္ခဲ့တာေၾကာင့္ အဲ့ဒီ့ေနာက္ပိုင္းမွာ ပုံစံအမ်ိဳးမ်ိဳးနဲ႔ ခဏခဏ ျပန္႐ိုက္ကူးခဲ့ပါတယ္။

ပထမထြက္ခဲ့တဲ့ကားရဲ႕ မင္းသားေနရာမွာ သ႐ုပ္ေဆာင္ခဲ့တဲ့ James Brolin ကေတာ့ သူသ႐ုပ္ေဆာင္ရမယ့္ ကာ႐ိုက္တာကို လက္ခံလိုက္တဲ့အခ်ိန္မွာ သူ႔ရဲ႕ အဝတ္ဗီ႐ိုထဲက အဝတ္ေတြက သူ႔ဘာသာ ျပဳတ္က်လာခဲ့ပါတယ္လို႔ ေျပာျပထားပါတယ္။ ဒါ့အျပင္ ဒုတိယေျမာက္ကားမွာ သ႐ုပ္ေဆာင္ခဲ့တဲ့ Ryan Reynolds ကလည္း အဲ့ဒီကာ႐ိုက္တာကို လက္ခံၿပီးတဲ့ အခ်ိန္ကစၿပီး ႐ိုက္ကူးေနစဥ္ တစ္ေလွ်ာက္လုံး အေၾကာင္းျပခ်က္မရွိဘဲ မနက္သုံးနာရီတိုင္းမွာ အၿမဲလန႔္လန႔္ႏိုးခဲ့ရပါတယ္လို႔ ေျပာျပထားပါတယ္။

The Exorcism Of Emily Rose (2005)
photo via screenrant

ဒီကားကေတာ့ မေကာင္းဆိုးဝါး အပူးခံရၿပီး အသက္ဆုံးရႈံးခဲ့ရတဲ့ ဂ်ာမန္ ဆယ္ေက်ာ္သက္တစ္ေယာက္ရဲ႕  ျဖစ္ရပ္မွန္ကို ျပန္လည္႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ ဆယ္ေက်ာ္သက္ေကာင္မေလးရဲ႕ ေနရာမွာ သ႐ုပ္ေဆာင္ခဲ့တာကေတာ့ မင္းသမီး Jennifer Carpenter ျဖစ္ပါတယ္။ ဒီဇာတ္ကားဟာလည္း ႐ိုက္ကြင္းေပၚမွာ ထူးဆန္းတဲ့ျဖစ္ရပ္ေတြ ျဖစ္ခဲ့ပါေသးတယ္။ ဒါ့အျပင္ ဒီဇာတ္ကားရဲ႕ မင္းသမီးျဖစ္သူဟာ ဇာတ္ကားကို စ႐ိုက္တဲ့ အခ်ိန္ကစၿပီး ညတိုင္းမွာ သူ႔ရဲ႕ ေရဒီယိုက အလိုလိုေနရင္း ပြင့္ေနၿပီး သြားပိတ္လိုက္ရင္လည္း ျပန္ျပန္ပြင့္ေနပါတယ္လို႔ ေျပာျပထားပါတယ္။

Poltergeist (1982)
photo via screenrant

ဒီဇာတ္ကားကေတာ့ ၁၉၈၂ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး က်ိန္စာမိေနတဲ့ ႐ုပ္ရွင္ဇာတ္ကားလို႔ နာမည္ႀကီးပါတယ္။ ဒီဇာတ္ကားမွာ ပါဝင္ထားတဲ့လူ ေတာ္ေတာ္မ်ားမ်ားဟာ ႐ုပ္ရွင္ထြက္ၿပီးတာနဲ႔ ဇာတ္ကားထဲက ကံဆိုးတဲ့မိသားစုလိုပဲ ဝမ္းနည္းစရာေကာင္းတဲ့ အဆုံးသတ္ေတြနဲ႔ ႀကဳံေတြ႕ခဲ့ရပါတယ္။ မင္းသမီးေနရာမွာ သ႐ုပ္ေဆာင္ထားတဲ့ Dominique Dunne ဟာ ဇာတ္ကားထြက္ၿပီး လအနည္းငယ္အၾကာမွာပဲ သူ႔ရည္းစားက ျပန္သတ္လို႔ ကြယ္လြန္သြားခဲ့ရပါတယ္။ ကေလးသ႐ုပ္ေဆာင္အျဖစ္ ပါဝင္ထားတဲ့ Heather O’Rourke ကလည္း ဇာတ္ကားထြက္အၿပီး ႏွစ္အနည္းငယ္အၾကာ အသက္(၁၂)ႏွစ္အ႐ြယ္မွာပဲ ႐ုတ္တရက္ ႏွလုံးရပ္ကာ ေသဆုံးခဲ့ပါတယ္။ ဒီကားရဲ႕အဆက္ ေနာက္ထပ္ႏွစ္ကားမွာ သ႐ုပ္ေဆာင္ထားတဲ့ သ႐ုပ္ေဆာင္ေတြဟာလည္း ခြဲစိတ္မႈေၾကာင့္နဲ႔ ေရာဂါေၾကာင့္ဆိုၿပီး အသီးသီး ေသဆုံးသြားခဲ့ၾကပါေသးတယ္။

ဒါကေတာ့ ေၾကာက္စရာ horror ဇာတ္ကားေတြရဲ႕ ေနာက္ကြယ္က ၾကက္သီးထစရာ က်ိန္စာသင့္မႈေတြနဲ႔ ေျခာက္လွန႔္မႈေတြ ျဖစ္ပါတယ္။ အမွန္တကယ္ က်ိန္စာသင့္သည္ျဖစ္ေစ၊ တိုက္ဆိုင္သည္ျဖစ္ေစ ေက်ာခ်မ္းစရာေကာင္းတာကေတာ့ အမွန္ပါပဲ။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular