HomeEntertainmentFilmConjuring ရုပ်ရှင်နောက်ကွယ်က လူသိပ်မသိသေးတဲ့ အချက်ငါးချက်

Conjuring ရုပ်ရှင်နောက်ကွယ်က လူသိပ်မသိသေးတဲ့ အချက်ငါးချက်

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Horror ပရိသတ်တွေကြားမှာ The Conjuring ရုပ်ရှင်ဆိုရင် မသိသူရှိမယ် မထင်ပါဘူး။ ကျွန်တော်တို့က entertainment အနေနဲ့သာ ကြည့်ခဲ့ပေမဲ့ ဒီရုပ်ရှင်ရဲ့ နောက်ကွယ်မှာ ကျွန်တော်တို့မသိသေးတဲ့ အကြောင်းတွေ အများကြီးရှိပါသေးတယ်။ ရိုက်ကွင်းထဲမှာ အခက်အခဲတွေလည်း ကြုံခဲ့ရသလို မယုံနိုင်စရာ ဖြစ်ရပ်တွေလည်း ဖြစ်ခဲ့ပါတယ်။ ရုပ်ရှင်တုန်းကလည်း လူတွေ စိတ်ဝင်စားခဲ့ကြသလို ရိုက်ကွင်းနောက်ကွယ်က ဖြစ်ရပ်တွေကလည်း စိတ်ဝင်စားဖို့ကောင်းနေတာကြောင့် Conjuring ရုပ်ရှင်ရဲ့နောက်ကွယ်က လူသိပ်မသိသေးတဲ့ အချက်ငါးချက်ကို တင်ဆက်ပေးလိုက်ပါတယ်။

(5) သရုပ်ဆောင် Farmiga နဲ့  Wilson တို့ဟာ တကယ့် Lorraine Warren နဲ့ တွေ့ဆုံခဲ့ခြင်း
photo via screenrant

ရုပ်ရှင်ထဲမှာ Warren ဇနီးမောင်နှံအဖြစ် သရုပ်ဆောင်ထားကြတဲ့ Farmiga နဲ့  Wilson တို့ဟာ ရုပ်ရှင်မရိုက်ကူးခင်မှာ တကယ့် Lorraine Warren နဲ့ သုံးရက်ကြာအောင် တွေ့ပြီး နေထိုင်ခဲ့ပါတယ်။ သူတို့ သရုပ်ဆောင်ရမယ့် ဇာတ်ရုပ်ကို ပီပြင်အောင်နဲ့ အပြင်မှာ တကယ်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေအကြောင်း ပိုပြီးသိရအောင် သွားနေခဲ့တာ ဖြစ်ပါတယ်။ Lorraine Warren နေရာမှာ သရုပ်ဆောင်ရမဲ့ Vera Farmiga ကလည်း စကားပြောပုံဆိုပုံ၊ လမ်းလျှောက်ပုံတွေကအစ တကယ့် အပြင်လောက,က Lorraine Warren နဲ့တူအောင် သုံးရက်ကြာ တွေ့ဆုံမှုအတွင်းမှာ အကောင်းဆုံး ကြိုးစားခဲ့ပါတယ်။

(4) Conjuring ထဲက အိမ်ကြီးရဲ့ ပိုင်ရှင်တွေက ရုပ်ရှင်ထုတ်လုပ်သူတွေကို တရားစွဲခဲ့ခြင်း
photo via screenrant

Conjuring ထဲက အဖြစ်အပျက်တွေဟာ အပြင်မှာ တကယ်ဖြစ်ခဲ့တယ် ဆိုတာ သိကြမယ် ထင်ပါတယ်။ ဒါကြောင့်လည်း Conjuring ဖြစ်ရပ် တကယ်ဖြစ်ခဲ့တဲ့ အိမ်ကြီးရဲ့ ပိုင်ရှင်တွေဖြစ်တဲ့ Norma Sutcliffe နဲ့ Gerald Helfrich တို့ဟာ Conjuring ရဲ့ ဒါရိုက်တာဖြစ်တဲ့ James Wan နဲ့ Warner Bros studio တို့ကို တရားစွဲခဲ့တာ ဖြစ်ပါတယ်။ အိမ်ကြီးရှင် Norma Sutcliffe နဲ့ Gerald Helfrich တို့ဟာ သူတို့အိမ်က အဲ့ဒီအဖြစ်အပျက်တွေ ဖြစ်ခဲ့တဲ့ နေရာဆိုတာ မသိဘဲ လွန်ခဲ့တဲ့ (၁၆)နှစ်တည်းက ဝယ်ယူပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေထိုင်ခဲ့ကြတာပါ။ ဒါပေမယ့် Conjuring 1 ထွက်လာအပြီးမှာပဲ သူတို့နေတဲ့အိမ်ဟာ ခရီးသွားတွေ စိတ်ဝင်စားတဲ့နေရာတစ်ခု ဖြစ်နေမှန်း သိခဲ့ကြရပါတယ်။ လူတွေရဲ့ စိတ်ဝင်စားမှုတွေနဲ့အတူ အိမ်ထဲကို ဖောက်ထွင်းဝင်ရောက်တာတွေ၊ ဖျက်ဆီးခံရတာတွေ၊ မကောင်းဆိုးဝါး အစီအရင်တွေ လာလုပ်တာတွေကို ခံစားခဲ့ကြရပါတယ်။

(3) ရုံတင်မပြသခင်မှာ ဘုန်းတော်ကြီးတွေ ပင့်ပြီး မန်းမှုတ်ခဲ့ရခြင်း
photo via screenrant

ဖိလစ်ပိုင်နိုင်ငံမှာတော့ Conjuring ဇာတ်ကားကို ရုံမတင်ခင်မှာ ဘုန်းတော်ကြီးတွေ အရင် ပင့်ပြီး မန်းမှုတ်ခဲ့ရတဲ့အထိတောင် လုပ်ခဲ့ရပါတယ်။ Horror ကားအတော်များများဟာ ကြည့်နေရင်းနဲ့ မူးလဲတာတို့၊ သတိလစ်တာတို့လိုမျိုး နည်းတွေနဲ့ သူတို့ရုပ်ရှင်တွေကို မားကတ်တင်းလုပ်နေကျပါ။ ဒါပေမဲ့ ဖိလစ်ပိုင်မှာကတော့ ဒီ့ထက်ပိုတဲ့ အကြောင်းပြချက်တွေ ရှိနေခဲ့တယ်လို့ ပြောသံဆိုသံတွေ ထွက်ပေါ်ခဲ့ပါတယ်။

(2) တကယ့် Lorraine Warren က ဧည့်သည်သရုပ်ဆောင်အဖြစ်နဲ့ ပါဝင်ခဲ့ခြင်း
photo via imdb

Conjuring ကားအစမှာ သရဲပူးတဲ့အကြောင်းကို Ed Warren က ကျောက်သင်ပုန်းပေါ်မှာ ရှင်းပြနေတဲ့ အခန်းကို မှတ်မိကြမယ် ထင်ပါတယ်။ အဲ့ဒီအခန်းမှာ အောက်ကပရိသတ်နေရာမှာ ရှေ့ဆုံးကထိုင်နေတဲ့ အဘွားကြီးက တကယ့် Lorraine Warren အစစ် ဖြစ်ပါတယ်။ သေသေချာချာ သိချင်ရင်တော့ ပြန်ကြည့်ကြည့်ဖို့ တိုက်တွန်းပါတယ်။

(1) ရုပ်ရှင်ရိုက်ကူးနေစဉ်အတွင်း ထူးဆန်းတဲ့ဖြစ်ရပ်များ ဖြစ်ခဲ့ခြင်း
photo via screenrant

Conjuring ရုပ်ရှင် ရိုက်ကူးနေစဉ်အတွင်းမှာလည်း ရုပ်ရှင်အဖွဲ့သားတွေကြားမှာ ထူးဆန်းတဲ့ အဖြစ်အပျက်တွေ ဖြစ်ခဲ့ပါသေးတယ်။ ဒါရိုက်တာ James Wan ရဲ့ ပြောကြားချက်အရ သူ ဇာတ်ညွှန်းထိုင်ရေးနေတဲ့ ညတစ်ညမှာ သူမွေးထားတဲ့ ခွေးလေးက အခန်းရဲ့ တစ်ခြားတစ်ဘက် ဘာမှမရှိတဲ့နေရာကို ကြည့်ပြီး စူးစူးဝါးဝါး ဟောင်နေခဲ့တယ်လို့ ဆိုပါတယ်။ ကျန်ရုပ်ရှင်အဖွဲ့သားတွေကလည်း Lorraine Warren နဲ့ ဖုန်းမက်ဆေ့ချ်ပို့နေရင်းက ဖုန်းထဲက ထူးဆန်းတဲ့အသံတွေ ထွက်လာပြီး နောက်ဆုံး ဖုန်းအားလုံး တစ်ပြိုင်နက်တည်း ပိတ်သွားတဲ့အထိ ဖြစ်ခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။

ဒါတွေကတော့ Conjuring ရုပ်ရှင်နောက်ကွယ်က လူသိပ်မသိသေးတဲ့ အချက်ငါးချက်ပါ။ စာဖတ်သူတို့ရော ဒီရုပ်ရှင်ကို ကြည့်အပြီး ထူးခြားတဲ့အရာတွေ ကြုံဖူးခဲ့သေးလားဆိုတာ ပြန်လည်မျှဝေခဲ့ပါဦး။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Horror ပရိသတ္ေတြၾကားမွာ The Conjuring ႐ုပ္ရွင္ဆိုရင္ မသိသူရွိမယ္ မထင္ပါဘူး။ ကြၽန္ေတာ္တို႔က entertainment အေနနဲ႔သာ ၾကည့္ခဲ့ေပမဲ့ ဒီ႐ုပ္ရွင္ရဲ႕ ေနာက္ကြယ္မွာ ကြၽန္ေတာ္တို႔မသိေသးတဲ့ အေၾကာင္းေတြ အမ်ားႀကီးရွိပါေသးတယ္။ ႐ိုက္ကြင္းထဲမွာ အခက္အခဲေတြလည္း ႀကဳံခဲ့ရသလို မယုံႏိုင္စရာ ျဖစ္ရပ္ေတြလည္း ျဖစ္ခဲ့ပါတယ္။ ႐ုပ္ရွင္တုန္းကလည္း လူေတြ စိတ္ဝင္စားခဲ့ၾကသလို ႐ိုက္ကြင္းေနာက္ကြယ္က ျဖစ္ရပ္ေတြကလည္း စိတ္ဝင္စားဖို႔ေကာင္းေနတာေၾကာင့္ Conjuring ႐ုပ္ရွင္ရဲ႕ေနာက္ကြယ္က လူသိပ္မသိေသးတဲ့ အခ်က္ငါးခ်က္ကို တင္ဆက္ေပးလိုက္ပါတယ္။

(5) သ႐ုပ္ေဆာင္ Farmiga နဲ႔  Wilson တို႔ဟာ တကယ့္ Lorraine Warren နဲ႔ ေတြ႕ဆုံခဲ့ျခင္း
photo via screenrant

႐ုပ္ရွင္ထဲမွာ Warren ဇနီးေမာင္ႏွံအျဖစ္ သ႐ုပ္ေဆာင္ထားၾကတဲ့ Farmiga နဲ႔  Wilson တို႔ဟာ ႐ုပ္ရွင္မ႐ိုက္ကူးခင္မွာ တကယ့္ Lorraine Warren နဲ႔ သုံးရက္ၾကာေအာင္ ေတြ႕ၿပီး ေနထိုင္ခဲ့ပါတယ္။ သူတို႔ သ႐ုပ္ေဆာင္ရမယ့္ ဇာတ္႐ုပ္ကို ပီျပင္ေအာင္နဲ႔ အျပင္မွာ တကယ္ျဖစ္ခဲ့တဲ့ အျဖစ္အပ်က္ေတြအေၾကာင္း ပိုၿပီးသိရေအာင္ သြားေနခဲ့တာ ျဖစ္ပါတယ္။ Lorraine Warren ေနရာမွာ သ႐ုပ္ေဆာင္ရမဲ့ Vera Farmiga ကလည္း စကားေျပာပုံဆိုပုံ၊ လမ္းေလွ်ာက္ပုံေတြကအစ တကယ့္ အျပင္ေလာက,က Lorraine Warren နဲ႔တူေအာင္ သုံးရက္ၾကာ ေတြ႕ဆုံမႈအတြင္းမွာ အေကာင္းဆုံး ႀကိဳးစားခဲ့ပါတယ္။

(4) Conjuring ထဲက အိမ္ႀကီးရဲ႕ ပိုင္ရွင္ေတြက ႐ုပ္ရွင္ထုတ္လုပ္သူေတြကို တရားစြဲခဲ့ျခင္း
photo via screenrant

Conjuring ထဲက အျဖစ္အပ်က္ေတြဟာ အျပင္မွာ တကယ္ျဖစ္ခဲ့တယ္ ဆိုတာ သိၾကမယ္ ထင္ပါတယ္။ ဒါေၾကာင့္လည္း Conjuring ျဖစ္ရပ္ တကယ္ျဖစ္ခဲ့တဲ့ အိမ္ႀကီးရဲ႕ ပိုင္ရွင္ေတြျဖစ္တဲ့ Norma Sutcliffe နဲ႔ Gerald Helfrich တို႔ဟာ Conjuring ရဲ႕ ဒါ႐ိုက္တာျဖစ္တဲ့ James Wan နဲ႔ Warner Bros studio တို႔ကို တရားစြဲခဲ့တာ ျဖစ္ပါတယ္။ အိမ္ႀကီးရွင္ Norma Sutcliffe နဲ႔ Gerald Helfrich တို႔ဟာ သူတို႔အိမ္က အဲ့ဒီအျဖစ္အပ်က္ေတြ ျဖစ္ခဲ့တဲ့ ေနရာဆိုတာ မသိဘဲ လြန္ခဲ့တဲ့ (၁၆)ႏွစ္တည္းက ဝယ္ယူၿပီး ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ ေနထိုင္ခဲ့ၾကတာပါ။ ဒါေပမယ့္ Conjuring 1 ထြက္လာအၿပီးမွာပဲ သူတို႔ေနတဲ့အိမ္ဟာ ခရီးသြားေတြ စိတ္ဝင္စားတဲ့ေနရာတစ္ခု ျဖစ္ေနမွန္း သိခဲ့ၾကရပါတယ္။ လူေတြရဲ႕ စိတ္ဝင္စားမႈေတြနဲ႔အတူ အိမ္ထဲကို ေဖာက္ထြင္းဝင္ေရာက္တာေတြ၊ ဖ်က္ဆီးခံရတာေတြ၊ မေကာင္းဆိုးဝါး အစီအရင္ေတြ လာလုပ္တာေတြကို ခံစားခဲ့ၾကရပါတယ္။

(3) ႐ုံတင္မျပသခင္မွာ ဘုန္းေတာ္ႀကီးေတြ ပင့္ၿပီး မန္းမႈတ္ခဲ့ရျခင္း
photo via screenrant

ဖိလစ္ပိုင္ႏိုင္ငံမွာေတာ့ Conjuring ဇာတ္ကားကို ႐ုံမတင္ခင္မွာ ဘုန္းေတာ္ႀကီးေတြ အရင္ ပင့္ၿပီး မန္းမႈတ္ခဲ့ရတဲ့အထိေတာင္ လုပ္ခဲ့ရပါတယ္။ Horror ကားအေတာ္မ်ားမ်ားဟာ ၾကည့္ေနရင္းနဲ႔ မူးလဲတာတို႔၊ သတိလစ္တာတို႔လိုမ်ိဳး နည္းေတြနဲ႔ သူတို႔႐ုပ္ရွင္ေတြကို မားကတ္တင္းလုပ္ေနက်ပါ။ ဒါေပမဲ့ ဖိလစ္ပိုင္မွာကေတာ့ ဒီ့ထက္ပိုတဲ့ အေၾကာင္းျပခ်က္ေတြ ရွိေနခဲ့တယ္လို႔ ေျပာသံဆိုသံေတြ ထြက္ေပၚခဲ့ပါတယ္။

(2) တကယ့္ Lorraine Warren က ဧည့္သည္သ႐ုပ္ေဆာင္အျဖစ္နဲ႔ ပါဝင္ခဲ့ျခင္း
photo via imdb

Conjuring ကားအစမွာ သရဲပူးတဲ့အေၾကာင္းကို Ed Warren က ေက်ာက္သင္ပုန္းေပၚမွာ ရွင္းျပေနတဲ့ အခန္းကို မွတ္မိၾကမယ္ ထင္ပါတယ္။ အဲ့ဒီအခန္းမွာ ေအာက္ကပရိသတ္ေနရာမွာ ေရွ႕ဆုံးကထိုင္ေနတဲ့ အဘြားႀကီးက တကယ့္ Lorraine Warren အစစ္ ျဖစ္ပါတယ္။ ေသေသခ်ာခ်ာ သိခ်င္ရင္ေတာ့ ျပန္ၾကည့္ၾကည့္ဖို႔ တိုက္တြန္းပါတယ္။

(1) ႐ုပ္ရွင္႐ိုက္ကူးေနစဥ္အတြင္း ထူးဆန္းတဲ့ျဖစ္ရပ္မ်ား ျဖစ္ခဲ့ျခင္း
photo via screenrant

Conjuring ႐ုပ္ရွင္ ႐ိုက္ကူးေနစဥ္အတြင္းမွာလည္း ႐ုပ္ရွင္အဖြဲ႕သားေတြၾကားမွာ ထူးဆန္းတဲ့ အျဖစ္အပ်က္ေတြ ျဖစ္ခဲ့ပါေသးတယ္။ ဒါ႐ိုက္တာ James Wan ရဲ႕ ေျပာၾကားခ်က္အရ သူ ဇာတ္ၫႊန္းထိုင္ေရးေနတဲ့ ညတစ္ညမွာ သူေမြးထားတဲ့ ေခြးေလးက အခန္းရဲ႕ တစ္ျခားတစ္ဘက္ ဘာမွမရွိတဲ့ေနရာကို ၾကည့္ၿပီး စူးစူးဝါးဝါး ေဟာင္ေနခဲ့တယ္လို႔ ဆိုပါတယ္။ က်န္႐ုပ္ရွင္အဖြဲ႕သားေတြကလည္း Lorraine Warren နဲ႔ ဖုန္းမက္ေဆ့ခ်္ပို႔ေနရင္းက ဖုန္းထဲက ထူးဆန္းတဲ့အသံေတြ ထြက္လာၿပီး ေနာက္ဆုံး ဖုန္းအားလုံး တစ္ၿပိဳင္နက္တည္း ပိတ္သြားတဲ့အထိ ျဖစ္ခဲ့တယ္လို႔ ေျပာျပခဲ့ပါတယ္။

ဒါေတြကေတာ့ Conjuring ႐ုပ္ရွင္ေနာက္ကြယ္က လူသိပ္မသိေသးတဲ့ အခ်က္ငါးခ်က္ပါ။ စာဖတ္သူတို႔ေရာ ဒီ႐ုပ္ရွင္ကို ၾကည့္အၿပီး ထူးျခားတဲ့အရာေတြ ႀကဳံဖူးခဲ့ေသးလားဆိုတာ ျပန္လည္မွ်ေဝခဲ့ပါဦး။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular