HomeEntertainmentFilmရုံတင်ရက်(၈)လ Delay သွားတဲ့ Spider-Man: Across The Spider-Verse

ရုံတင်ရက်(၈)လ Delay သွားတဲ့ Spider-Man: Across The Spider-Verse

ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ Spider-Man: Across The Spider-Verse Part-1 ကတော့ မူလ ရုံတင်ရက်ထက် အချိန်(၈)လ နောက်ဆုတ်သွားပြီ ဖြစ်ပြီး ၂၀၂၃ ခုနှစ် ဇွန်လမှ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ Sony နဲ့ Marvel တို့ ပူးပေါင်းဖန်တီးခဲ့တဲ့ Spider-Man: No Way Home ထဲမှာ Spider-Man သုံးယောက်ကို မြင်တွေ့ခဲ့ရပေမယ့်လည်း ၂၀၁၈ ခုနှစ်ကတည်းက Sony ဟာ Spider-Man: Into the Spider-Verse ထဲမှာ Spider-Man ဗားရှင်းမျိူးစုံကို ပြသခဲ့တာ ဖြစ်ပါတယ်။

photo via screenrant

ဒီ Animation ထဲမှာတော့ Miles Morales ရဲ့ Multiverse တခွင် စွန့်စားမှုတွေကို ထပ်မံမြင်တွေ့ရမှာ ဖြစ်ပါတယ်။ အသံသရုပ်ဆောင်တွေကတော့ Shameik Moore ၊ Oscar Isaac ၊ Hailee Steinfeld နဲ့ Jake Johnson တို့ ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒီ Animation ကိုတော့ ၂၀၂၀ ခုနှစ်မှာ စတင်ဖန်တီးခဲ့တာ ဖြစ်ပြီး မူလတုန်းကတော့ ယခုနှစ် အောက်တိုဘာလထဲမှာ ရုံတင်ပြသဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

ယခုအချိန်မှာတော့ ဒီ Animation ဟာ သတ်မှတ်ထားတဲ့ ရက်ထက် (၈)လ နောက်ဆုတ်သွားပြီး ၂၀၂၃ ခုနှစ် ဇွန်လ (၂)ရက်နေ့ကျမှသာ ရုံတင်တော့မယ်လို့ Sony က ကြေညာလိုက်ပါတယ်။ ဒါ့အပြင် Spider-Man: Across the Spider-Verse Part II ကိုတော့ ၂၀၂၄ ခုနှစ် မတ်လ (၂၉)ရက်နေ့မှာ ရုံတင်သွားမယ်လို့ပါ တပါတည်း ကြေညာထားပါတယ်။

photo via screenrant

ယခုအချိန်အထိတော့ Sony ဟာ ဒီ Animation ကို ဘာကြောင့် ရုံတင်ရက် နောက်ဆုတ်လိုက်တယ်ဆိုတာ မကြေညာသေးပေမယ့်လည်း Production ပိုင်းနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတစ်ခုခုကြောင့် ဖြစ်နိုင်ပါတယ်။ ပထမကားတုန်းက အသုံးပြုခဲ့တဲ့ Animation Style ဟာ ဖန်တီးဖို့ အလွန်အချိန်ယူရတယ်လို့ သိရပါတယ်။ ဒီ Animation ထဲမှာတော့ Universe တစ်ခုအတွက် မတူညီတဲ့ Animation Style တွေကို အသုံးပြုသွားမှာ ဖြစ်တာကြောင့် ယခုလိုမျိူး ပိုပြီး အချိန်လိုအပ်နေတာ ဖြစ်ပါလိမ့်မယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular