ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။
Universal စတူဒီယိုဟာ သိပ်မကြာခင်တုန်းက Sing 2 အတွက် ပိုစတာကို ထုတ်လုပ်ပေးခဲ့ပြီး အဲ့ဒီပိုစတာထဲမှာတော့ နာမည်ကြီး အဆိုတော်တွေဖြစ်တဲ့ Halsey ၊ Bono နဲ့ Pharrell Williams တို့ပါ အသစ်ပါဝင်လာမယ်လို့ သိလိုက်ရပါတယ်။ Sing ဟာ ၂၀၁၆ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ animation တစ်ခု ဖြစ်ပြီး ရွှေကမ္ဘာလုံးဆုနှစ်ဆုအတွက် စံကာတင်စာရင်း ဝင်ခဲ့ပါတယ်။ ဒီ animation ဟာလည်း အောင်မြင်ခဲ့တာကြောင့် သိပ်မကြာခင်တုန်းကပဲ Sequel ထွက်လာမယ် ဆိုပြီးတော့ အတည်ပြုခဲ့ပါတယ်။
Sing 2 မှာ ပါဝင်လာမယ့် သရုပ်ဆောင်အသစ်တွေကိုတော့ Rolling Stone သတင်းဌာနက ဖော်ပြခဲ့ပြီး ပိုစတာအသစ်ကိုလည်း ပြသသွားခဲ့ပါတယ်။ အသစ်ပါဝင်လာမယ့် သရုပ်ဆောင်ထဲမှာတော့ နာမည်ကြီး အဆိုတော်တွေဖြစ်တဲ့ Halsey ၊ Bono နဲ့ Pharrell Williams တို့က ပါဝင်လာမယ်လို့ သိရပါတယ်။ ဒါ့အပြင် Bobby Cannavale ၊ Letitia Wright ၊ Eric Andre နဲ့ Chelsea Peretti တို့ကလည်း နောက်ထပ် ဇာတ်ကောင်သစ်တွေနေရာမှာ ပါဝင်လာမယ်လို့ သိရပါတယ်။ Sing 2 ထဲမှာတော့ Buster နဲ့ သူ့ရဲ့သူငယ်ချင်းတွေဟာ Crystal Tower ပြဇာတ်ရုံမှာ နောက်ထပ်ရှိုးပွဲတစ်ခု ဖန်တီးဖို့ ကြိုးစားကြတာကို မြင်တွေ့ရမှာပါ။
Sing 2 ကတော့ လောလောဆယ်မှာ ၂၀၂၁ ဒီဇင်ဘာမှာ ထွက်ရှိလာမယ်လို့ သိရပါတယ်။ ပထမဇာတ်လမ်းတုန်းကလည်း ကောင်းမွန်တဲ့ ဝေဖန်မှုတွေနဲ့ ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့ပါတယ်။ အသစ်ထွက်လာမယ့် ဇာတ်လမ်းကလည်း နာမည်ကြီး သရုပ်ဆောင်တွေ ပါဝင်ထားသလို ပရိသတ်တွေကလည်း အများကြီး မျှော်လင့်ထားကြပါတယ်။ အဲ့ဒါကြောင့် Sing 2 မှာတော့ ဘယ်လိုဇာတ်လမ်းတွေကို မြင်တွေ့ရမလည်း ဆိုတာတော့ စောင့်ကြည့်ရမှာပါ။
Legos
Source : Screenrant
(Zawgyi Version)
Universal စတူဒီယိုဟာ သိပ္မၾကာခင္တုန္းက Sing 2 အတြက္ ပိုစတာကို ထုတ္လုပ္ေပးခဲ့ၿပီး အဲ့ဒီပိုစတာထဲမွာေတာ့ နာမည္ႀကီး အဆိုေတာ္ေတြျဖစ္တဲ့ Halsey ၊ Bono နဲ႔ Pharrell Williams တို႔ပါ အသစ္ပါဝင္လာမယ္လို႔ သိလိုက္ရပါတယ္။ Sing ဟာ ၂၀၁၆ ခုႏွစ္တုန္းက ထြက္ခဲ့တဲ့ animation တစ္ခု ျဖစ္ၿပီး ေ႐ႊကမာၻလုံးဆုႏွစ္ဆုအတြက္ စံကာတင္စာရင္း ဝင္ခဲ့ပါတယ္။ ဒီ animation ဟာလည္း ေအာင္ျမင္ခဲ့တာေၾကာင့္ သိပ္မၾကာခင္တုန္းကပဲ Sequel ထြက္လာမယ္ ဆိုၿပီးေတာ့ အတည္ျပဳခဲ့ပါတယ္။
Sing 2 မွာ ပါဝင္လာမယ့္ သ႐ုပ္ေဆာင္အသစ္ေတြကိုေတာ့ Rolling Stone သတင္းဌာနက ေဖာ္ျပခဲ့ၿပီး ပိုစတာအသစ္ကိုလည္း ျပသသြားခဲ့ပါတယ္။ အသစ္ပါဝင္လာမယ့္ သ႐ုပ္ေဆာင္ထဲမွာေတာ့ နာမည္ႀကီး အဆိုေတာ္ေတြျဖစ္တဲ့ Halsey ၊ Bono နဲ႔ Pharrell Williams တို႔က ပါဝင္လာမယ္လို႔ သိရပါတယ္။ ဒါ့အျပင္ Bobby Cannavale ၊ Letitia Wright ၊ Eric Andre နဲ႔ Chelsea Peretti တို႔ကလည္း ေနာက္ထပ္ ဇာတ္ေကာင္သစ္ေတြေနရာမွာ ပါဝင္လာမယ္လို႔ သိရပါတယ္။ Sing 2 ထဲမွာေတာ့ Buster နဲ႔ သူ႔ရဲ႕သူငယ္ခ်င္းေတြဟာ Crystal Tower ျပဇာတ္႐ုံမွာ ေနာက္ထပ္ရႈိးပြဲတစ္ခု ဖန္တီးဖို႔ ႀကိဳးစားၾကတာကို ျမင္ေတြ႕ရမွာပါ။
Sing 2 ကေတာ့ ေလာေလာဆယ္မွာ ၂၀၂၁ ဒီဇင္ဘာမွာ ထြက္ရွိလာမယ္လို႔ သိရပါတယ္။ ပထမဇာတ္လမ္းတုန္းကလည္း ေကာင္းမြန္တဲ့ ေဝဖန္မႈေတြနဲ႔ ပရိသတ္ေတြၾကားမွာ ေရပန္းစားခဲ့ပါတယ္။ အသစ္ထြက္လာမယ့္ ဇာတ္လမ္းကလည္း နာမည္ႀကီး သ႐ုပ္ေဆာင္ေတြ ပါဝင္ထားသလို ပရိသတ္ေတြကလည္း အမ်ားႀကီး ေမွ်ာ္လင့္ထားၾကပါတယ္။ အဲ့ဒါေၾကာင့္ Sing 2 မွာေတာ့ ဘယ္လိုဇာတ္လမ္းေတြကို ျမင္ေတြ႕ရမလည္း ဆိုတာေတာ့ ေစာင့္ၾကည့္ရမွာပါ။
Legos
Source : Screenrant