ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။
Lady Gaga ကတော့ ဂီတ၊ ရုပ်ရှင်နဲ့ တီဗွီဇာတ်လမ်းတွဲတွေအထိ လက်စွမ်းပြထားပြီး စွယ်စုံရ အနုပညာရှင်တစ်ယောက် ဖြစ်ကြောင်း သက်သေပြထားသူမို့ ယခုလည်း တိုကျိုအိုလံပစ်ပြိုင်ပွဲမှာတောင် ဝင်ပြိုင်နေပြီလားလို့ သူမရဲ့အချစ်တော် ပရိသတ်တွေက ထင်မှတ်မှားနေရပါတယ်။
![](https://sanyitwine.com/wp-content/uploads/2021/07/d3.png)
တကယ်တော့ အသက်(၃၅)နှစ်အရွယ် ဂရမ်မီ(၁၂)ဆုရ အဆိုတော် Lady Gaga ဟာ တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်နေတာ မဟုတ်ပါဘူး။ ယခုကျင်းပနေတဲ့ တိုကျိုအိုလံပစ် အားကစားပြိုင်ပွဲကြီးမှာတော့ ဂျော်ဒန်နိုင်ငံက ဝင်ရောက်ယှဉ်ပြိုင်တဲ့ တိုက်ကွမ်ဒိုအသင်းမှာ Lady Gaga နဲ့ ရုပ်ချင်း တော်တော်လေး ဆင်တူတဲ့ အားကစားမယ်တစ်ယောက် ပါဝင်နေတာ ဖြစ်ပါတယ်။
![](https://sanyitwine.com/wp-content/uploads/2021/07/d.png)
အဆိုပါ ဂျော်ဒန်နိုင်ငံသူ တိုက်ကွမ်ဒို အားကစားမယ်ကတော့ အသက်(၂၆)နှစ် ရှိပြီဖြစ်ကာ အမည်ကတော့ Julyana Al-Sadeq လို့ ခေါ်ပါတယ်။ သူမကို ပရိသတ်တွေ သတိထားမိစေခဲ့တာကတော့ တွစ်တာစာမျက်နှာမှာ ရှိတဲ့ Gaga Daily ဆိုတဲ့ fan account တစ်ခုကြောင့်ပါပဲ။ “Lady Gaga က ဘာလို့ အိုလံပစ်မှာ ရောက်နေရတာလဲ? ” ဆိုတဲ့ ကပ်ပရှင်နဲ့ ပြိုင်ပွဲဝင် Julyana ရဲ့ ပုံကို တင်လိုက်တာမှာ Gaga ရဲ့ ပရိသတ်အများအပြားကလည်း ကွန်းမန့်တွေပေးပြီး ဝင်ရောက် စနောက်နေကြတာ တွေ့ရပါတယ်။
![](https://sanyitwine.com/wp-content/uploads/2021/07/d1.png)
အဲဒီနောက်မှာတော့ ဒီအားကစားမယ်ရဲ့ ပြိုင်ပွဲဝင်ရုပ်ပုံတွေဟာ တွစ်တာစာမျက်နှာအနှံ့မှာ ပြန့်နှံ့သွားပြီး ပရိသတ်အများအပြားဟာ Lady Gaga တစ်ယောက် အားကစားဘက်ကိုပါ လိုင်းပြောင်းသွားပြီလို့ ဆိုကာ စနောက်နေကြပါတယ်။
Glasgow
Source: people
(Zawgyi Version)
Lady Gaga ကေတာ့ ဂီတ၊ ႐ုပ္ရွင္နဲ႔ တီဗြီဇာတ္လမ္းတြဲေတြအထိ လက္စြမ္းျပထားၿပီး စြယ္စုံရ အႏုပညာရွင္တစ္ေယာက္ ျဖစ္ေၾကာင္း သက္ေသျပထားသူမို႔ ယခုလည္း တိုက်ိဳအိုလံပစ္ၿပိဳင္ပြဲမွာေတာင္ ဝင္ၿပိဳင္ေနၿပီလားလို႔ သူမရဲ႕အခ်စ္ေတာ္ ပရိသတ္ေတြက ထင္မွတ္မွားေနရပါတယ္။
![](https://sanyitwine.com/wp-content/uploads/2021/07/d3.png)
တကယ္ေတာ့ အသက္(၃၅)ႏွစ္အ႐ြယ္ ဂရမ္မီ(၁၂)ဆုရ အဆိုေတာ္ Lady Gaga ဟာ တိုက်ိဳအိုလံပစ္ၿပိဳင္ပြဲမွာ ဝင္ေရာက္ ယွဥ္ၿပိဳင္ေနတာ မဟုတ္ပါဘူး။ ယခုက်င္းပေနတဲ့ တိုက်ိဳအိုလံပစ္ အားကစားၿပိဳင္ပြဲႀကီးမွာေတာ့ ေဂ်ာ္ဒန္ႏိုင္ငံက ဝင္ေရာက္ယွဥ္ၿပိဳင္တဲ့ တိုက္ကြမ္ဒိုအသင္းမွာ Lady Gaga နဲ႔ ႐ုပ္ခ်င္း ေတာ္ေတာ္ေလး ဆင္တူတဲ့ အားကစားမယ္တစ္ေယာက္ ပါဝင္ေနတာ ျဖစ္ပါတယ္။
![](https://sanyitwine.com/wp-content/uploads/2021/07/d.png)
အဆိုပါ ေဂ်ာ္ဒန္ႏိုင္ငံသူ တိုက္ကြမ္ဒို အားကစားမယ္ကေတာ့ အသက္(၂၆)ႏွစ္ ရွိၿပီျဖစ္ကာ အမည္ကေတာ့ Julyana Al-Sadeq လို႔ ေခၚပါတယ္။ သူမကို ပရိသတ္ေတြ သတိထားမိေစခဲ့တာကေတာ့ တြစ္တာစာမ်က္ႏွာမွာ ရွိတဲ့ Gaga Daily ဆိုတဲ့ fan account တစ္ခုေၾကာင့္ပါပဲ။ “Lady Gaga က ဘာလို႔ အိုလံပစ္မွာ ေရာက္ေနရတာလဲ? ” ဆိုတဲ့ ကပ္ပရွင္နဲ႔ ၿပိဳင္ပြဲဝင္ Julyana ရဲ႕ ပုံကို တင္လိုက္တာမွာ Gaga ရဲ႕ ပရိသတ္အမ်ားအျပားကလည္း ကြန္းမန႔္ေတြေပးၿပီး ဝင္ေရာက္ စေနာက္ေနၾကတာ ေတြ႕ရပါတယ္။
![](https://sanyitwine.com/wp-content/uploads/2021/07/d1.png)
အဲဒီေနာက္မွာေတာ့ ဒီအားကစားမယ္ရဲ႕ ၿပိဳင္ပြဲဝင္႐ုပ္ပုံေတြဟာ တြစ္တာစာမ်က္ႏွာအႏွံ႔မွာ ျပန႔္ႏွံ႔သြားၿပီး ပရိသတ္အမ်ားအျပားဟာ Lady Gaga တစ္ေယာက္ အားကစားဘက္ကိုပါ လိုင္းေျပာင္းသြားၿပီလို႔ ဆိုကာ စေနာက္ေနၾကပါတယ္။
Glasgow
Source: people