HomeCelebs Update NewsInternationalAquaman 2 ထဲမှာ Mera အနေနဲ့ ပြန်လည်ပါဝင်လာမယ်လို့ အတည်ပြုလိုက်တဲ့ Amber Heard

Aquaman 2 ထဲမှာ Mera အနေနဲ့ ပြန်လည်ပါဝင်လာမယ်လို့ အတည်ပြုလိုက်တဲ့ Amber Heard

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Amber Heard ဟာ Aquaman 2 ထဲမှာ Mera အနေနဲ့ ပြန်လည်ပါဝင်လာမယ့်အကြောင်း အတည်ပြုလိုက်ပါတယ်။ သူမဟာ Aquaman ထဲမှာလည်း Mera အနေနဲ့ ပါဝင်ခဲ့ပြီး အဲ့ဒီရုပ်ရှင်ဟာလည်း ပရိသတ်တွေကြားထဲမှာ အတော်လေး အောင်မြင်ခဲ့ပါတယ်။ နောက်ထပ် အသစ်ထွက်ရှိလာမယ့် Aquaman 2 ကိုတော့ ၂၀၂၂ခုနှစ် ဒီဇင်ဘာလထဲမှာ ရုံတင်သွားမယ်လို့ သိရပါတယ်။

Amber Heard ဟာ လက်ရှိအချိန်မှာတော့ သူမရဲ့ ခင်ပွန်းဟောင်းဖြစ်တဲ့ Johnny Depp နဲ့ အမှုတွေ ရင်ဆိုင်နေရပြီး Johnny Depp ရဲ့ ပရိသတ်အများစုဟာ သူမကို Aquaman 2 ကနေ ထုတ်ပယ်စေချင်နေကြပါတယ်။ အဲ့ဒါကြောင့်ပဲ Amber Heard ကို Aquaman 2 ထဲက ထုတ်ပေးဖို့အတွက် လက်မှတ်ထိုးပြီး တောင်းဆိုနေကြသူတွေဟာ အခုချိန်ဆိုရင် လူပေါင်းတစ်သန်းကျော်သွားပြီ ဖြစ်ပါတယ်။ အခုလိုမျိုး လူတေွအများကြီးက ဝိုင်းဝန်းတောင်းဆိုနေကြပေမယ့်လည်း သူမဟာ Aquaman 2 ထဲမှာ Mera အနေနဲ့ ပြန်လည်ပါဝင်လာမယ်ဆိုပြီးတော့ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

photo via screenrant

Amber Heard ဟာ Entertainment Weekly နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးထဲမှာ Mera နေရာမှာ သရုပ်ဆောင် ပြောင်းလဲသွားနိုင်တယ်ဆိုတဲ့ သတင်းတွေဟာ အမှားတွေ ဖြစ်ကြောင်း ပြောပြလိုက်ပါတယ်။ ဒါ့အပြင် သရုပ်ဆောင်ပြောင်းမယ်ဆိုတဲ့ သတင်းတွေနဲ့ အွန်လိုင်းပေါ်က တောင်းဆိုမှုတွေဟာလည်း အခြေအမြစ် မရှိပါဘူး ဆိုပြီးတော့ ပြောခဲ့ပါတယ်။ အဲ့ဒီနောက် Aquaman နဲ့ Mera တို့ရဲ့ ဆက်ဆံရေးကို ပိုပြီးနက်နက်နဲနဲ ဖော်ပြသွားမယ့် ဒီရုပ်ရှင်ကို ရိုက်ကူးဖို့အတွက်လည်း အင်မတန် စိတ်လှုပ်ရှားနေတယ်လို့ ပြောပြထားပါတယ်။

သူမ ပြောခဲ့တဲ့ စကားအပြည့်အစုံကတော့ “ပရိသတ်တွေ အများကြီးက ချစ်ပေးကြပြီး ကြိုက်နှစ်သက်ကြတဲ့ Aquaman ရုပ်ရှင်မှာ သရုပ်ဆောင်ရမှာကို အရမ်းစိတ်လှုပ်ရှားနေပါတယ်။ အဲ့ဒါကြောင့် ကျွန်မတို့ဟာ Aquaman နဲ့ Mera တို့အဖြစ် ပြန်လည်ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပိုက်ဆံပေးပြီး ဖြန့်ဝေထားတဲ့ သတင်းအမှားတွေနဲ့ အွန်လိုင်းပေါ်က ဆန္ဒထုတ်ဖော်မှုတွေဟာလည်း တကယ်တော့ အခြေအမြစ် မရှိပါဘူး။ Aquaman နဲ့ Aquaman 2 တို့ကို ဖြစ်ပေါ်လာအောင် ပရိသတ်တွေကပဲ ဖန်တီးသွားတာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မကတော့ နောက်ထပ်နှစ်သစ်ကို စတင်ဖို့အတွက် စိတ်လှုပ်ရှားနေပါပြီ… ” ဆိုပြီးတော့ ပြောခဲ့ပါတယ်။

photo via amberheard/instagram

ဖြစ်ပုံကတော့ Johnny Depp ဟာ သူ့ကို “မိန်းမရိုက်နှက်သူ” လို့ ခေါင်းစဉ်တပ်ပြီး ဆောင်းပါးရေးခဲ့တဲ့ The Sun သတင်းစာကို အသရေဖျက်မှုနဲ့ တရားစွဲဆိုခဲ့ပေမယ့် The Sun ဘက်က ဖြစ်ရပ်(၁၄)ခုမှာ အများစုကို သက်သေ အခိုင်အမာ ပြနိုင်ခဲ့တဲ့အတွက် Depp ဟာ ဗြိတိန်ဗဟိုတရားရုံးချုပ်မှာ အမှုရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ ဒီကိစ္စရဲ့ နောက်ဆက်တွဲအနေနဲ့ Warner Bros. ကလည်း Depp ကို Fantastic Beasts 3 ကနေ နှုတ်ထွက်ခိုင်းခဲ့တာ ဖြစ်ပါတယ်။

အကြောင်းကတော့ Depp နဲ့ Amber တို့ရဲ့ အိမ်ထောင်ရေးဟာ အဆိပ်သင့်နေခဲ့ပြီး တစ်နှစ်ကျော်သာရှိတဲ့ အိမ်ထောင်ရေးမှာ ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ လမ်းခွဲခဲ့ရလို့ပါပဲ။ ကွာရှင်းဖို့အတွက် Depp ဟာ Amber ကို နစ်နာကြေး ဒေါ်လာ(၇)သန်း ပေးခဲ့ပြီး အစပိုင်းမှာ ပြေငြိမ်းမလို ဖြစ်ခဲ့ပေမယ့် ၂၀၁၈ခုနှစ်မှာတော့ Amber ဟာ Washington Post သတင်းစာမှာ ဆောင်းပါးတစ်စောင် ရေးသားခဲ့ပြီး အိမ်တွင်းအကြမ်းဖက်မှုရဲ့ သားကောင်လို့ သူမကိုယ်သူမ ရည်ညွှန်းရေးသားခဲ့ရာက ပြဿနာတွေ စတင်ပါတယ်။

Phoot: occult_menfashion_official/ Instagram

Amber ရေးသားခဲ့တဲ့ ဆောင်းပါးထဲမှာ Depp ရဲ့ နာမည်တစ်လုံးတစ်လေမှ မပါဝင်ခဲ့ပေမယ့် အဲ့ဒီ့ဆောင်းပါးပေါ် မူတည်ပြီး The Sun ကလည်း “မိန်းမ ရိုက်နှက်သူ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးထပ်မံ ရေးသားခဲ့ပါတယ်။ Depp ဘက်ကလည်း Amber ရဲ့ဆောင်းပါးဟာ သူ့ကို ရည်ညွှန်းရေးသားတယ်ဆိုပြီး ယူအက်စ်မှာ ဒေါ်လာသန်း(၅၀)တန် အမှုတစ်ခုကို Amber ကို စွဲဆိုထားပါတယ်။ အဲ့ဒီ့အမှုဟာ လက်ရှိမှာ ရင်ဆိုင်နေရဆဲဖြစ်ပြီး ၂၀၂၁ခုနှစ်မှာ ကြားနာမယ်လို့ သိရပါတယ်။ သို့ပေမယ့် The Sun နဲ့ အမှုမှာ ရှုံးနိမ့်ခဲ့တဲ့ Depp အတွက် ဒီအမှုမှာလည်း အားနည်းနေပြီဖြစ်တယ်လို့ ဗြိတိန်တရားရုံးချုပ်က တရားသူကြီး Nicol က မှတ်ချက်ပေးထားပါတယ်။

အခုလိုမျိူး Amber Heard က Mera နေရာမှာပဲ ဆက်လက် သရုပ်ဆောင်သွားမယ်ဆိုတဲ့ သတင်းဟာ Johnny Depp ရဲ့ ပရိသတ်တွေကိုတော့ မကျေမနပ် ဖြစ်စေခဲ့ပါတယ်။ Mera ဇာတ်ကောင်နေရာမှာ အစားထိုးဖို့အတွက် မင်းသမီး Emilia Clarke ဟာလည်း အလွန်ပေါ်ပြူလာ ဖြစ်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း အခုချိန်မှာတော့ သရုပ်ဆောင် မပြောင်းလဲသွားဘဲ Amber Heard ပဲ သရုပ်ဆောင်သွားမယ်ဆိုတာကို သိလိုက်ရပြီး Aquaman 2 ကိုတော့ ဘယ်လိုမျိူး မြင်တွေ့ရမလည်းဆိုတာ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

Amber Heard ဟာ Aquaman 2 ထဲမွာ Mera အေနနဲ႔ ျပန္လည္ပါဝင္လာမယ့္အေၾကာင္း အတည္ျပဳလိုက္ပါတယ္။ သူမဟာ Aquaman ထဲမွာလည္း Mera အေနနဲ႔ ပါဝင္ခဲ့ၿပီး အဲ့ဒီ႐ုပ္ရွင္ဟာလည္း ပရိသတ္ေတြၾကားထဲမွာ အေတာ္ေလး ေအာင္ျမင္ခဲ့ပါတယ္။ ေနာက္ထပ္ အသစ္ထြက္ရွိလာမယ့္ Aquaman 2 ကိုေတာ့ ၂၀၂၂ခုႏွစ္ ဒီဇင္ဘာလထဲမွာ ႐ုံတင္သြားမယ္လို႔ သိရပါတယ္။

Amber Heard ဟာ လက္ရွိအခ်ိန္မွာေတာ့ သူမရဲ႕ ခင္ပြန္းေဟာင္းျဖစ္တဲ့ Johnny Depp နဲ႔ အမႈေတြ ရင္ဆိုင္ေနရၿပီး Johnny Depp ရဲ႕ ပရိသတ္အမ်ားစုဟာ သူမကို Aquaman 2 ကေန ထုတ္ပယ္ေစခ်င္ေနၾကပါတယ္။ အဲ့ဒါေၾကာင့္ပဲ Amber Heard ကို Aquaman 2 ထဲက ထုတ္ေပးဖို႔အတြက္ လက္မွတ္ထိုးၿပီး ေတာင္းဆိုေနၾကသူေတြဟာ အခုခ်ိန္ဆိုရင္ လူေပါင္းတစ္သန္းေက်ာ္သြားၿပီ ျဖစ္ပါတယ္။ အခုလိုမ်ိဳး လူေတြအမ်ားႀကီးက ဝိုင္းဝန္းေတာင္းဆိုေနၾကေပမယ့္လည္း သူမဟာ Aquaman 2 ထဲမွာ Mera အေနနဲ႔ ျပန္လည္ပါဝင္လာမယ္ဆိုၿပီးေတာ့ အတည္ျပဳလိုက္တာ ျဖစ္ပါတယ္။

photo via screenrant

Amber Heard ဟာ Entertainment Weekly နဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးထဲမွာ Mera ေနရာမွာ သ႐ုပ္ေဆာင္ ေျပာင္းလဲသြားႏိုင္တယ္ဆိုတဲ့ သတင္းေတြဟာ အမွားေတြ ျဖစ္ေၾကာင္း ေျပာျပလိုက္ပါတယ္။ ဒါ့အျပင္ သ႐ုပ္ေဆာင္ေျပာင္းမယ္ဆိုတဲ့ သတင္းေတြနဲ႔ အြန္လိုင္းေပၚက ေတာင္းဆိုမႈေတြဟာလည္း အေျခအျမစ္ မရွိပါဘူး ဆိုၿပီးေတာ့ ေျပာခဲ့ပါတယ္။ အဲ့ဒီေနာက္ Aquaman နဲ႔ Mera တို႔ရဲ႕ ဆက္ဆံေရးကို ပိုၿပီးနက္နက္နဲနဲ ေဖာ္ျပသြားမယ့္ ဒီ႐ုပ္ရွင္ကို ႐ိုက္ကူးဖို႔အတြက္လည္း အင္မတန္ စိတ္လႈပ္ရွားေနတယ္လို႔ ေျပာျပထားပါတယ္။

သူမ ေျပာခဲ့တဲ့ စကားအျပည့္အစုံကေတာ့ “ပရိသတ္ေတြ အမ်ားႀကီးက ခ်စ္ေပးၾကၿပီး ႀကိဳက္ႏွစ္သက္ၾကတဲ့ Aquaman ႐ုပ္ရွင္မွာ သ႐ုပ္ေဆာင္ရမွာကို အရမ္းစိတ္လႈပ္ရွားေနပါတယ္။ အဲ့ဒါေၾကာင့္ ကြၽန္မတို႔ဟာ Aquaman နဲ႔ Mera တို႔အျဖစ္ ျပန္လည္ပါဝင္လာမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ ပိုက္ဆံေပးၿပီး ျဖန႔္ေဝထားတဲ့ သတင္းအမွားေတြနဲ႔ အြန္လိုင္းေပၚက ဆႏၵထုတ္ေဖာ္မႈေတြဟာလည္း တကယ္ေတာ့ အေျခအျမစ္ မရွိပါဘူး။ Aquaman နဲ႔ Aquaman 2 တို႔ကို ျဖစ္ေပၚလာေအာင္ ပရိသတ္ေတြကပဲ ဖန္တီးသြားတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ကြၽန္မကေတာ့ ေနာက္ထပ္ႏွစ္သစ္ကို စတင္ဖို႔အတြက္ စိတ္လႈပ္ရွားေနပါၿပီ… ” ဆိုၿပီးေတာ့ ေျပာခဲ့ပါတယ္။

photo via amberheard/instagram

ျဖစ္ပုံကေတာ့ Johnny Depp ဟာ သူ႔ကို “မိန္းမ႐ိုက္ႏွက္သူ” လို႔ ေခါင္းစဥ္တပ္ၿပီး ေဆာင္းပါးေရးခဲ့တဲ့ The Sun သတင္းစာကို အသေရဖ်က္မႈနဲ႔ တရားစြဲဆိုခဲ့ေပမယ့္ The Sun ဘက္က ျဖစ္ရပ္(၁၄)ခုမွာ အမ်ားစုကို သက္ေသ အခိုင္အမာ ျပႏိုင္ခဲ့တဲ့အတြက္ Depp ဟာ ၿဗိတိန္ဗဟိုတရား႐ုံးခ်ဳပ္မွာ အမႈရႈံးနိမ့္ခဲ့ရတာ ျဖစ္ပါတယ္။ ဒီကိစၥရဲ႕ ေနာက္ဆက္တြဲအေနနဲ႔ Warner Bros. ကလည္း Depp ကို Fantastic Beasts 3 ကေန ႏႈတ္ထြက္ခိုင္းခဲ့တာ ျဖစ္ပါတယ္။

အေၾကာင္းကေတာ့ Depp နဲ႔ Amber တို႔ရဲ႕ အိမ္ေထာင္ေရးဟာ အဆိပ္သင့္ေနခဲ့ၿပီး တစ္ႏွစ္ေက်ာ္သာရွိတဲ့ အိမ္ေထာင္ေရးမွာ ျပႆနာေပါင္း ေသာင္းေျခာက္ေထာင္နဲ႔ လမ္းခြဲခဲ့ရလို႔ပါပဲ။ ကြာရွင္းဖို႔အတြက္ Depp ဟာ Amber ကို နစ္နာေၾကး ေဒၚလာ(၇)သန္း ေပးခဲ့ၿပီး အစပိုင္းမွာ ေျပၿငိမ္းမလို ျဖစ္ခဲ့ေပမယ့္ ၂၀၁၈ခုႏွစ္မွာေတာ့ Amber ဟာ Washington Post သတင္းစာမွာ ေဆာင္းပါးတစ္ေစာင္ ေရးသားခဲ့ၿပီး အိမ္တြင္းအၾကမ္းဖက္မႈရဲ႕ သားေကာင္လို႔ သူမကိုယ္သူမ ရည္ၫႊန္းေရးသားခဲ့ရာက ျပႆနာေတြ စတင္ပါတယ္။

Phoot: occult_menfashion_official/ Instagram

Amber ေရးသားခဲ့တဲ့ ေဆာင္းပါးထဲမွာ Depp ရဲ႕ နာမည္တစ္လုံးတစ္ေလမွ မပါဝင္ခဲ့ေပမယ့္ အဲ့ဒီ့ေဆာင္းပါးေပၚ မူတည္ၿပီး The Sun ကလည္း “မိန္းမ ႐ိုက္ႏွက္သူ” ဆိုတဲ့ ေခါင္းစဥ္နဲ႔ ေဆာင္းပါးထပ္မံ ေရးသားခဲ့ပါတယ္။ Depp ဘက္ကလည္း Amber ရဲ႕ေဆာင္းပါးဟာ သူ႔ကို ရည္ၫႊန္းေရးသားတယ္ဆိုၿပီး ယူအက္စ္မွာ ေဒၚလာသန္း(၅၀)တန္ အမႈတစ္ခုကို Amber ကို စြဲဆိုထားပါတယ္။ အဲ့ဒီ့အမႈဟာ လက္ရွိမွာ ရင္ဆိုင္ေနရဆဲျဖစ္ၿပီး ၂၀၂၁ခုႏွစ္မွာ ၾကားနာမယ္လို႔ သိရပါတယ္။ သို႔ေပမယ့္ The Sun နဲ႔ အမႈမွာ ရႈံးနိမ့္ခဲ့တဲ့ Depp အတြက္ ဒီအမႈမွာလည္း အားနည္းေနၿပီျဖစ္တယ္လို႔ ၿဗိတိန္တရား႐ုံးခ်ဳပ္က တရားသူႀကီး Nicol က မွတ္ခ်က္ေပးထားပါတယ္။

အခုလိုမ်ိဴး Amber Heard က Mera ေနရာမွာပဲ ဆက္လက္ သ႐ုပ္ေဆာင္သြားမယ္ဆိုတဲ့ သတင္းဟာ Johnny Depp ရဲ႕ ပရိသတ္ေတြကိုေတာ့ မေက်မနပ္ ျဖစ္ေစခဲ့ပါတယ္။ Mera ဇာတ္ေကာင္ေနရာမွာ အစားထိုးဖို႔အတြက္ မင္းသမီး Emilia Clarke ဟာလည္း အလြန္ေပၚျပဴလာ ျဖစ္ခဲ့ပါေသးတယ္။ ဒါေပမယ့္လည္း အခုခ်ိန္မွာေတာ့ သ႐ုပ္ေဆာင္ မေျပာင္းလဲသြားဘဲ Amber Heard ပဲ သ႐ုပ္ေဆာင္သြားမယ္ဆိုတာကို သိလိုက္ရၿပီး Aquaman 2 ကိုေတာ့ ဘယ္လိုမ်ိဴး ျမင္ေတြ႕ရမလည္းဆိုတာ စိတ္ဝင္စားစရာပဲ ျဖစ္ပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular