HomeCharacterBatman ရဲ့မဟာရန်သူတော်ကြီး Bane အကြောင်း စိတ်ဝင်စားစရာအချက်များ 

Batman ရဲ့မဟာရန်သူတော်ကြီး Bane အကြောင်း စိတ်ဝင်စားစရာအချက်များ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Bane ဟာ Batman ရဲ့အန္တရာယ်အများဆုံး ဗီလိန်တွေထဲကတစ်ယောက် ဖြစ်ပြီးတော့ Batman ရဲ့ခါးကို ချိုးပစ်နိုင်တဲ့အထိ လုပ်ဆောင်နိုင်ခဲ့သူ ဖြစ်ပါတယ်။ Bane ဟာ ၁၉၉၃ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Vengeance of Bane #1 ဆိုတဲ့ကောမစ်နဲ့ ပထမဦးဆုံး DC comics ထဲကို ဝင်ရောက်လာခဲ့ပါတယ်။ သူဟာ ဗီလိန်တွေထဲမှာ နာမည်ကြီးဖြစ်ပြီး ပရိသတ်တွေအများကြီး ပိုင်ဆိုင်ထားသူတစ်ယောက် ဖြစ်တာကြောင့် သူနဲ့ပတ်သက်လို့ စာဖတ်သူတို့ မသိလောက်သေးတဲ့ အချက်တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

သူဟာ ထောင်ထဲမှာပဲမွေးပြီး ကြီးပြင်းလာခဲ့တာပါ။
photo via cbr

Bane ဟာ လူ့လောကကြီးထဲကို စတင်ဝင်ရောက်လာတဲ့အချိန်ကတည်းက ထောင်ထဲရောက်နေခဲ့သူ ဖြစ်ပါတယ်။ သူဟာ Peña Duro ထောင်ထဲမှာပဲ မွေးဖွားခဲ့ပြီးတော့ ကြီးပြင်းလာခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့အမေဟာ သူ့ကိုမွေးပြီးပြီးချင်းမှာပဲ သေဆုံးသွားပြီးတော့ သူ့အဖေကလည်း သူ့ကိုစွန့်ပစ်သွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့သူဟာ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်သားတွေရဲ့လက်ထဲမှာ ကြီးပြင်းလာခဲ့ပါတယ်။

ဒီလိုနဲ့ တဖြည်းဖြည်း အသက်ကြီးလာတဲ့အချိန်မှာတော့ သူဟာ အဲ့ဒီထောင်ထဲမှာ အကြမ်းတမ်းဆုံး လူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ အကယ်၍ သူဟာ ဒီလိုကံကြမ္မာဆိုးကြီးကို မကြုံတွေ့ခဲ့ရဘဲ ပုံမှန်ကလေးဘဝကိုပဲ ရခဲ့မယ်ဆိုရင် အခုလိုမျိုး စူပါဗီလိန်တစ်ယောက် ဖြစ်လာမှာ မဟုတ်ပါဘူး။

Super Solider ပရိုဂရမ်
photo via cbr

Bane ဟာ သာမန်လူတွေထက် လူကောင်ပိုကြီးပြီး သန်မာနေရတာဟာ super soldier ပရိုဂရမ်ကြောင့်လည်း ပါပါတယ်။ တစ်ရက်မှာတော့ ထောင်စောင့်ဟာ သူ့ကို Venom ဆိုတဲ့ဆေးရည်တွေနဲ့ စမ်းသပ်မယ့် ပရိုဂရမ်တစ်ခုမှာ ပါဝင်ဖို့အတွက် တွန်းအားပေးခဲ့ပါတယ်။ အဲ့ဒီပရိုဂရမ်ဟာ မအောင်မြင်သေးတဲ့ ပရိုဂရမ်တစ်ခုဖြစ်ပြီးတော့ အရင်ကစမ်းသပ်ခဲ့ဖူးတဲ့ လူတွေအကုန်လုံးဟာ အသက်ဆုံးရှုံးသွားခဲ့ပြီး ဖြစ်ပါတယ်။

ဒါပေမဲ့လည်း Bane ကို စမ်းသပ်တဲ့အချိန်မှာတော့ အဲ့ဒီ Venom ဆေးရည်ဟာ သူ့ကိုအသက်ဆုံးရှုံးလုနီးနီး ဖြစ်စေခဲ့ပြီးမှ ကံကောင်းစွာနဲ့ အသက်ရှင်သန်နိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ သာမန်လူတွေထက် အဆပေါင်းများစွာ သန်မာတဲ့ လူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

သူဟာ Gotham မြို့ရဲ့ မြေအောက်လောကကို အုပ်စိုးတဲ့သူတစ်ယောက် ဖြစ်ခဲ့ဖူးပါတယ်။
photo via cbr

သူဟာ Batman ကိုအနိုင်ယူပြီး Batman အဖြစ်ကနေ ခဏတာ အနားယူအောင် လုပ်နိုင်လိုက်တာကြောင့် Gotham မြို့ရဲ့ ဒုစရိုက်သမားတွေကြားထဲမှာ တော်တော်လေး နာမည်ကြီးသွားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူဟာ Gotham မြို့ရဲ့မြေအောက်လောကကို အုပ်စိုးတဲ့သူတစ်ယောက် ဖြစ်လာပါတယ်။ ဒါတင်မက Batman ရဲ့ခါးကိုချိုးပြီး အနိုင်ယူနိုင်ခဲ့တာကြောင့် တစ်ခြားဗီလိန်တွေကလည်း သူ့ကိုစိန်မခေါ်ရဲခဲ့ပါဘူး။

အဲ့ဒီနောက်ပိုင်းမှာတော့ Azrael လို့ခေါ်တဲ့ ပိုပြီးကြမ်းတမ်းတဲ့ သူတစ်ယောက်နဲ့ တိုက်ခိုက်မှုတွေဖြစ်ကြပြီး ရှုံးသွားတာကြောင့် ထောင်ထဲမှာ အဖမ်းခံခဲ့ရပါတယ်။ ဒါပေမဲ့လည်း အဲ့ဒီထောင်ဟာ သူ့ကိုကြာကြာမထိန်းထားနိုင်ဘဲ ထောင်ဖောက်ပြီး လွတ်မြောက်သွားခဲ့ပါတယ်။

သူ့ကို ကြာကြာထိန်းချုပ်ထားနိုင်တဲ့ထောင် မရှိပါဘူး။
photo via cbr

Bane ရဲ့ အံ့ဩစရာအစွမ်းတွေထဲက တစ်ခုကတော့ ဘယ်လိုထောင်မျိုးကိုမဆို ဖောက်ပြေးနိုင်တာပါပဲ။ သူဟာ ပထမဆုံးမှာတော့ Peña Duro ဆိုတဲ့ ထောင်ကနေ ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Valley နဲ့တိုက်ခိုက်ကြပြီးတော့ ရှုံးသွားတာကြောင့် Blackgate ထောင်မှာ အကျဉ်းကျသွားခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီ့အခါတုန်းကလည်း ထပ်မံပြီး ထောင်ဖောက်ပြေးနိုင်ခဲ့ပါတယ်။

Secret Six ဆိုတဲ့ ကောမစ်ရဲ့အဆုံးသတ်နားလောက်မှာ သူဟာ နောက်ထပ်တစ်ကြိမ်ထပ်ပြီး အဖမ်းခံခဲ့ရပါတယ်။ ဒီတစ်ခါမှာလည်း ထုံးစံအတိုင်းပဲ အဲ့ဒီ့ထောင်ဟာ သူ့ကိုကြာကြာမထိန်းချုပ်နိုင်ဘဲ ထွက်ပြေးလွတ်မြောက်သွားပြန်ပါတယ်။ ဒါ့အပြင် Forever Evil ဆိုတဲ့ ကောမစ်ထဲမှာဆိုရင် သူဟာ တစ်ခြားထောင်သားတွေကို လွှတ်ပေးခဲ့ပါတယ်။ အဲ့ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် သူ့ကိုကြာကြာထိန်းချုပ်နိုင်တဲ့ ထောင်ဆိုတာ မရှိဘူးလို့ ပြောလို့ရပါတယ်။

Ra’s Al Ghul ရဲ့ ဆက်ခံသူနေရာကို ရခဲ့ဖူးပါတယ်။
photo via cbr

Bane ဟာ Batman နဲ့ ဖြစ်ခဲ့တဲ့တိုက်ပွဲအပြီးမှာတော့ သူ့ရဲ့အဖေအရင်းကို ရှာဖို့အတွက် Gotham ကနေ ထွက်ခွာလာခဲ့ပါတယ်။ အဲ့ဒီ့နောက်မှာတော့ သူ့အဖေကို ရှာဖွေနေရင်းနဲ့ ရောမကိုရောက်သွားခဲ့ပါတယ်။ အဲ့ဒီမှာ Talia al Ghul နဲ့တွေ့သွားပြီး သူ့ရဲ့အရည်အချင်းတွေကြောင့်ပဲ Talia al Ghul ရဲ့အဖေဖြစ်သူ Ra’s Al Ghul ဟာ သူ့ကို အထင်ကြီးသွားခဲ့ပါတယ်။

အဲ့ဒါတွေကြောင့် သူဟာ Ra’s Al Ghul ရဲ့ ဆက်ခံသူနေရာကို ရသွားခဲ့ပြီးတော့ Talia ကို လက်ထပ်ခွင့်ရသွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ နောက်ထပ်တစ်ကြိမ် Batman နဲ့ ထပ်ပြီး တိုက်ခိုက်ခဲ့ကြပါတယ်။ ဒီတစ်ခါမှာတော့ Batman ဟာအနိုင်ရသွားတာကြောင့် Bane ဟာ သူ့ရဲ့ဆက်ခံသူနေရာကို ဆုံးရှုံးသွားခဲ့ပါတယ်။ အဲ့ဒီအဖြစ်အပျက်ကြောင့်ပဲ Bane ဟာ Ra’s Al Ghul ရဲ့ Lazarus ရေအိုင်တွေကို ဖျက်ဆီးဖို့ ကြိုးစားခဲ့ပါတယ်။

အကြီးမားဆုံးအားနည်းချက်
photo via cbr

Bane ဟာ သူ့ကိုပိုပြီးသန်မာစေခဲ့တဲ့ Venom ဆေးရည်တွေကို အင်မတန် စွဲလမ်းသွားပြီးတော့ အဲ့ဒါကပဲ သူ့ရဲ့အကြီးမားဆုံး အားနည်းချက်တစ်ခု ဖြစ်လာစေခဲ့ပါတယ်။ Venom ဆေးရည်ဟာ အသုံးပြုသူရဲ့ ခွန်အားနဲ့ အရွယ်အစားကို အဆမတန် ကြီးမားစေပေမယ့်လည်း အလွန်အကျွံ စွဲလမ်းမှုကို ဖြစ်စေပါတယ်။

အဲ့ဒါကြောင့်ပဲ Bane ဟာ သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ အဲ့ဒီဆေးရည်တွေ အမြဲရှိနေစေဖို့အတွက် သူ့ရဲ့ခန္ဓာကိုယ်ကို ပိုက်တွေနဲ့ဆက်သွယ်ပြီး ဆေးရည်တွေကို ထည့်သွင်းနေခဲ့တာ ဖြစ်ပါတယ်။ တိုက်ပွဲအတွင်းမှာ သူ့ရန်သူရဲ့ တိုက်ခိုက်မှုတွေကြောင့် အဲ့ဒီပိုက်တွေ ပျက်စီးသွားပြီး သူ့ရဲ့ခန္ဓာကိုယ်ထဲကို ဆေးရည်တွေမဝင်နိုင်တော့တဲ့အခါမှာဆိုရင် သူဟာ အဆမတန်တဲ့ နာကျင်မှုတွေကို ခံစားရလေ့ ရှိပါတယ်။ အဲ့ဒါကြောင့်ပဲ သူ့ကိုအနိုင်ယူဖို့အတွက် သိပ်ကိုလွယ်ကူသွားပါတော့တယ်။

Batman ကို အနိုင်ယူခဲ့ဖူးပါတယ်။
photo via cbr

Bane ဟာ Arkham မှာရှိတဲ့ ဒုစရိုက်သမားတွေအကုန်လုံးကို ထောင်ထဲကနေ လွှတ်ပေးလိုက်တာကြောင့် Batman ဟာ အဲ့ဒီဒုစရိုက်သမားတွေကို ပြန်ပြီးဖမ်းရပါတော့တယ်။ အဲ့ဒီဒုစရိုက်သမားတွေအကုန်လုံးကို ဖမ်းမိဖို့အတွက် (၃)လလောက် အချိန်ပေးလိုက်ရပြီး Batman ကို တော်တော်လေး အလုပ်ရှုပ်စေခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူတို့နှစ်ယောက်ရဲ့ တိုက်ပွဲဖြစ်ကြပြီးတော့ သမိုင်းတွင်စေတဲ့ ဖြစ်ရပ်ကြီးတစ်ခု ဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒါကတော့ Bane ဟာ Batman ရဲ့ ခါးကိုချိုးပြီးတော့ အနိုင်ယူလိုက်တာပဲ ဖြစ်ပါတယ်။ အဲ့ဒီဒဏ်ရာတွေကြောင့် Bruce ဟာလည်း Batman အဖြစ်ကနေ ခဏတာ အနားယူခဲ့ရပါသေးတယ်။ Batman နဲ့တစ်ယောက်ချင်းချတဲ့ တိုက်ပွဲမှာ အနိုင်ရခဲ့ဖူးတဲ့ ဗီလိန်တွေဟာ အနည်းငယ်သာရှိပြီး Bane ဟာလည်း အဲ့ဒီထဲကတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ဒီဖြစ်ရပ်ဟာ Batman အတွက် အကြီးမားဆုံး ကျရှုံးမှုတစ်ခု ဖြစ်ခဲ့ပါသေးတယ်။

ဒါကတော့ Batman ရဲ့ မဟာရန်သူတော်တွေထဲက တစ်ယောက်ဖြစ်တဲ့ Bane နဲ့ ပတ်သက်လို့ စိတ်ဝင်စားဖို့ကောင်းမယ့် အချက်အချို့ကို ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။ ဖတ်ရတာ နှစ်သက်တယ်ဆိုရင် မိတ်ဆွေတွေလည်း ဖတ်နိုင်အောင် ရှဲသွားပေးပါဦး။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Bane ဟာ Batman ရဲ႕အႏၲရာယ္အမ်ားဆုံး ဗီလိန္ေတြထဲကတစ္ေယာက္ ျဖစ္ၿပီးေတာ့ Batman ရဲ႕ခါးကို ခ်ိဳးပစ္ႏိုင္တဲ့အထိ လုပ္ေဆာင္ႏိုင္ခဲ့သူ ျဖစ္ပါတယ္။ Bane ဟာ ၁၉၉၃ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Vengeance of Bane #1 ဆိုတဲ့ေကာမစ္နဲ႔ ပထမဦးဆုံး DC comics ထဲကို ဝင္ေရာက္လာခဲ့ပါတယ္။ သူဟာ ဗီလိန္ေတြထဲမွာ နာမည္ႀကီးျဖစ္ၿပီး ပရိသတ္ေတြအမ်ားႀကီး ပိုင္ဆိုင္ထားသူတစ္ေယာက္ ျဖစ္တာေၾကာင့္ သူနဲ႔ပတ္သက္လို႔ စာဖတ္သူတို႔ မသိေလာက္ေသးတဲ့ အခ်က္တစ္ခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ပါတယ္။

သူဟာ ေထာင္ထဲမွာပဲေမြးၿပီး ႀကီးျပင္းလာခဲ့တာပါ။
photo via cbr

Bane ဟာ လူ႔ေလာကႀကီးထဲကို စတင္ဝင္ေရာက္လာတဲ့အခ်ိန္ကတည္းက ေထာင္ထဲေရာက္ေနခဲ့သူ ျဖစ္ပါတယ္။ သူဟာ Peña Duro ေထာင္ထဲမွာပဲ ေမြးဖြားခဲ့ၿပီးေတာ့ ႀကီးျပင္းလာခဲ့တာ ျဖစ္ပါတယ္။ သူ႔ရဲ႕အေမဟာ သူ႔ကိုေမြးၿပီးၿပီးခ်င္းမွာပဲ ေသဆုံးသြားၿပီးေတာ့ သူ႔အေဖကလည္း သူ႔ကိုစြန႔္ပစ္သြားခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့သူဟာ ရက္စက္ၾကမ္းၾကဳတ္တဲ့ ရာဇဝတ္သားေတြရဲ႕လက္ထဲမွာ ႀကီးျပင္းလာခဲ့ပါတယ္။

ဒီလိုနဲ႔ တျဖည္းျဖည္း အသက္ႀကီးလာတဲ့အခ်ိန္မွာေတာ့ သူဟာ အဲ့ဒီေထာင္ထဲမွာ အၾကမ္းတမ္းဆုံး လူတစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။ အကယ္၍ သူဟာ ဒီလိုကံၾကမၼာဆိုးႀကီးကို မႀကဳံေတြ႕ခဲ့ရဘဲ ပုံမွန္ကေလးဘဝကိုပဲ ရခဲ့မယ္ဆိုရင္ အခုလိုမ်ိဳး စူပါဗီလိန္တစ္ေယာက္ ျဖစ္လာမွာ မဟုတ္ပါဘူး။

Super Solider ပ႐ိုဂရမ္
photo via cbr

Bane ဟာ သာမန္လူေတြထက္ လူေကာင္ပိုႀကီးၿပီး သန္မာေနရတာဟာ super soldier ပ႐ိုဂရမ္ေၾကာင့္လည္း ပါပါတယ္။ တစ္ရက္မွာေတာ့ ေထာင္ေစာင့္ဟာ သူ႔ကို Venom ဆိုတဲ့ေဆးရည္ေတြနဲ႔ စမ္းသပ္မယ့္ ပ႐ိုဂရမ္တစ္ခုမွာ ပါဝင္ဖို႔အတြက္ တြန္းအားေပးခဲ့ပါတယ္။ အဲ့ဒီပ႐ိုဂရမ္ဟာ မေအာင္ျမင္ေသးတဲ့ ပ႐ိုဂရမ္တစ္ခုျဖစ္ၿပီးေတာ့ အရင္ကစမ္းသပ္ခဲ့ဖူးတဲ့ လူေတြအကုန္လုံးဟာ အသက္ဆုံးရႈံးသြားခဲ့ၿပီး ျဖစ္ပါတယ္။

ဒါေပမဲ့လည္း Bane ကို စမ္းသပ္တဲ့အခ်ိန္မွာေတာ့ အဲ့ဒီ Venom ေဆးရည္ဟာ သူ႔ကိုအသက္ဆုံးရႈံးလုနီးနီး ျဖစ္ေစခဲ့ၿပီးမွ ကံေကာင္းစြာနဲ႔ အသက္ရွင္သန္ႏိုင္ခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူဟာ သာမန္လူေတြထက္ အဆေပါင္းမ်ားစြာ သန္မာတဲ့ လူတစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။

သူဟာ Gotham ၿမိဳ႕ရဲ႕ ေျမေအာက္ေလာကကို အုပ္စိုးတဲ့သူတစ္ေယာက္ ျဖစ္ခဲ့ဖူးပါတယ္။
photo via cbr

သူဟာ Batman ကိုအႏိုင္ယူၿပီး Batman အျဖစ္ကေန ခဏတာ အနားယူေအာင္ လုပ္ႏိုင္လိုက္တာေၾကာင့္ Gotham ၿမိဳ႕ရဲ႕ ဒုစ႐ိုက္သမားေတြၾကားထဲမွာ ေတာ္ေတာ္ေလး နာမည္ႀကီးသြားခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ သူဟာ Gotham ၿမိဳ႕ရဲ႕ေျမေအာက္ေလာကကို အုပ္စိုးတဲ့သူတစ္ေယာက္ ျဖစ္လာပါတယ္။ ဒါတင္မက Batman ရဲ႕ခါးကိုခ်ိဳးၿပီး အႏိုင္ယူႏိုင္ခဲ့တာေၾကာင့္ တစ္ျခားဗီလိန္ေတြကလည္း သူ႔ကိုစိန္မေခၚရဲခဲ့ပါဘူး။

အဲ့ဒီေနာက္ပိုင္းမွာေတာ့ Azrael လို႔ေခၚတဲ့ ပိုၿပီးၾကမ္းတမ္းတဲ့ သူတစ္ေယာက္နဲ႔ တိုက္ခိုက္မႈေတြျဖစ္ၾကၿပီး ရႈံးသြားတာေၾကာင့္ ေထာင္ထဲမွာ အဖမ္းခံခဲ့ရပါတယ္။ ဒါေပမဲ့လည္း အဲ့ဒီေထာင္ဟာ သူ႔ကိုၾကာၾကာမထိန္းထားႏိုင္ဘဲ ေထာင္ေဖာက္ၿပီး လြတ္ေျမာက္သြားခဲ့ပါတယ္။

သူ႔ကို ၾကာၾကာထိန္းခ်ဳပ္ထားႏိုင္တဲ့ေထာင္ မရွိပါဘူး။
photo via cbr

Bane ရဲ႕ အံ့ဩစရာအစြမ္းေတြထဲက တစ္ခုကေတာ့ ဘယ္လိုေထာင္မ်ိဳးကိုမဆို ေဖာက္ေျပးႏိုင္တာပါပဲ။ သူဟာ ပထမဆုံးမွာေတာ့ Peña Duro ဆိုတဲ့ ေထာင္ကေန ထြက္ေျပးလြတ္ေျမာက္ခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ Valley နဲ႔တိုက္ခိုက္ၾကၿပီးေတာ့ ရႈံးသြားတာေၾကာင့္ Blackgate ေထာင္မွာ အက်ဥ္းက်သြားခဲ့ပါတယ္။ ဒါေပမယ့္ အဲ့ဒီ့အခါတုန္းကလည္း ထပ္မံၿပီး ေထာင္ေဖာက္ေျပးႏိုင္ခဲ့ပါတယ္။

Secret Six ဆိုတဲ့ ေကာမစ္ရဲ႕အဆုံးသတ္နားေလာက္မွာ သူဟာ ေနာက္ထပ္တစ္ႀကိမ္ထပ္ၿပီး အဖမ္းခံခဲ့ရပါတယ္။ ဒီတစ္ခါမွာလည္း ထုံးစံအတိုင္းပဲ အဲ့ဒီ့ေထာင္ဟာ သူ႔ကိုၾကာၾကာမထိန္းခ်ဳပ္ႏိုင္ဘဲ ထြက္ေျပးလြတ္ေျမာက္သြားျပန္ပါတယ္။ ဒါ့အျပင္ Forever Evil ဆိုတဲ့ ေကာမစ္ထဲမွာဆိုရင္ သူဟာ တစ္ျခားေထာင္သားေတြကို လႊတ္ေပးခဲ့ပါတယ္။ အဲ့ဒီအခ်က္ေတြကို ၾကည့္ျခင္းအားျဖင့္ သူ႔ကိုၾကာၾကာထိန္းခ်ဳပ္ႏိုင္တဲ့ ေထာင္ဆိုတာ မရွိဘူးလို႔ ေျပာလို႔ရပါတယ္။

Ra’s Al Ghul ရဲ႕ ဆက္ခံသူေနရာကို ရခဲ့ဖူးပါတယ္။
photo via cbr

Bane ဟာ Batman နဲ႔ ျဖစ္ခဲ့တဲ့တိုက္ပြဲအၿပီးမွာေတာ့ သူ႔ရဲ႕အေဖအရင္းကို ရွာဖို႔အတြက္ Gotham ကေန ထြက္ခြာလာခဲ့ပါတယ္။ အဲ့ဒီ့ေနာက္မွာေတာ့ သူ႔အေဖကို ရွာေဖြေနရင္းနဲ႔ ေရာမကိုေရာက္သြားခဲ့ပါတယ္။ အဲ့ဒီမွာ Talia al Ghul နဲ႔ေတြ႕သြားၿပီး သူ႔ရဲ႕အရည္အခ်င္းေတြေၾကာင့္ပဲ Talia al Ghul ရဲ႕အေဖျဖစ္သူ Ra’s Al Ghul ဟာ သူ႔ကို အထင္ႀကီးသြားခဲ့ပါတယ္။

အဲ့ဒါေတြေၾကာင့္ သူဟာ Ra’s Al Ghul ရဲ႕ ဆက္ခံသူေနရာကို ရသြားခဲ့ၿပီးေတာ့ Talia ကို လက္ထပ္ခြင့္ရသြားခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ ေနာက္ထပ္တစ္ႀကိမ္ Batman နဲ႔ ထပ္ၿပီး တိုက္ခိုက္ခဲ့ၾကပါတယ္။ ဒီတစ္ခါမွာေတာ့ Batman ဟာအႏိုင္ရသြားတာေၾကာင့္ Bane ဟာ သူ႔ရဲ႕ဆက္ခံသူေနရာကို ဆုံးရႈံးသြားခဲ့ပါတယ္။ အဲ့ဒီအျဖစ္အပ်က္ေၾကာင့္ပဲ Bane ဟာ Ra’s Al Ghul ရဲ႕ Lazarus ေရအိုင္ေတြကို ဖ်က္ဆီးဖို႔ ႀကိဳးစားခဲ့ပါတယ္။

အႀကီးမားဆုံးအားနည္းခ်က္
photo via cbr

Bane ဟာ သူ႔ကိုပိုၿပီးသန္မာေစခဲ့တဲ့ Venom ေဆးရည္ေတြကို အင္မတန္ စြဲလမ္းသြားၿပီးေတာ့ အဲ့ဒါကပဲ သူ႔ရဲ႕အႀကီးမားဆုံး အားနည္းခ်က္တစ္ခု ျဖစ္လာေစခဲ့ပါတယ္။ Venom ေဆးရည္ဟာ အသုံးျပဳသူရဲ႕ ခြန္အားနဲ႔ အ႐ြယ္အစားကို အဆမတန္ ႀကီးမားေစေပမယ့္လည္း အလြန္အကြၽံ စြဲလမ္းမႈကို ျဖစ္ေစပါတယ္။

အဲ့ဒါေၾကာင့္ပဲ Bane ဟာ သူ႔ရဲ႕ခႏၶာကိုယ္ထဲမွာ အဲ့ဒီေဆးရည္ေတြ အၿမဲရွိေနေစဖို႔အတြက္ သူ႔ရဲ႕ခႏၶာကိုယ္ကို ပိုက္ေတြနဲ႔ဆက္သြယ္ၿပီး ေဆးရည္ေတြကို ထည့္သြင္းေနခဲ့တာ ျဖစ္ပါတယ္။ တိုက္ပြဲအတြင္းမွာ သူ႔ရန္သူရဲ႕ တိုက္ခိုက္မႈေတြေၾကာင့္ အဲ့ဒီပိုက္ေတြ ပ်က္စီးသြားၿပီး သူ႔ရဲ႕ခႏၶာကိုယ္ထဲကို ေဆးရည္ေတြမဝင္ႏိုင္ေတာ့တဲ့အခါမွာဆိုရင္ သူဟာ အဆမတန္တဲ့ နာက်င္မႈေတြကို ခံစားရေလ့ ရွိပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူ႔ကိုအႏိုင္ယူဖို႔အတြက္ သိပ္ကိုလြယ္ကူသြားပါေတာ့တယ္။

Batman ကို အႏိုင္ယူခဲ့ဖူးပါတယ္။
photo via cbr

Bane ဟာ Arkham မွာရွိတဲ့ ဒုစ႐ိုက္သမားေတြအကုန္လုံးကို ေထာင္ထဲကေန လႊတ္ေပးလိုက္တာေၾကာင့္ Batman ဟာ အဲ့ဒီဒုစ႐ိုက္သမားေတြကို ျပန္ၿပီးဖမ္းရပါေတာ့တယ္။ အဲ့ဒီဒုစ႐ိုက္သမားေတြအကုန္လုံးကို ဖမ္းမိဖို႔အတြက္ (၃)လေလာက္ အခ်ိန္ေပးလိုက္ရၿပီး Batman ကို ေတာ္ေတာ္ေလး အလုပ္ရႈပ္ေစခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူတို႔ႏွစ္ေယာက္ရဲ႕ တိုက္ပြဲျဖစ္ၾကၿပီးေတာ့ သမိုင္းတြင္ေစတဲ့ ျဖစ္ရပ္ႀကီးတစ္ခု ျဖစ္ပြားခဲ့ပါတယ္။

အဲ့ဒါကေတာ့ Bane ဟာ Batman ရဲ႕ ခါးကိုခ်ိဳးၿပီးေတာ့ အႏိုင္ယူလိုက္တာပဲ ျဖစ္ပါတယ္။ အဲ့ဒီဒဏ္ရာေတြေၾကာင့္ Bruce ဟာလည္း Batman အျဖစ္ကေန ခဏတာ အနားယူခဲ့ရပါေသးတယ္။ Batman နဲ႔တစ္ေယာက္ခ်င္းခ်တဲ့ တိုက္ပြဲမွာ အႏိုင္ရခဲ့ဖူးတဲ့ ဗီလိန္ေတြဟာ အနည္းငယ္သာရွိၿပီး Bane ဟာလည္း အဲ့ဒီထဲကတစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။ ဒါ့အျပင္ ဒီျဖစ္ရပ္ဟာ Batman အတြက္ အႀကီးမားဆုံး က်ရႈံးမႈတစ္ခု ျဖစ္ခဲ့ပါေသးတယ္။

ဒါကေတာ့ Batman ရဲ႕ မဟာရန္သူေတာ္ေတြထဲက တစ္ေယာက္ျဖစ္တဲ့ Bane နဲ႔ ပတ္သက္လို႔ စိတ္ဝင္စားဖို႔ေကာင္းမယ့္ အခ်က္အခ်ိဳ႕ကို ေဖာ္ျပေပးခဲ့တာ ျဖစ္ပါတယ္။ ဖတ္ရတာ ႏွစ္သက္တယ္ဆိုရင္ မိတ္ေဆြေတြလည္း ဖတ္ႏိုင္ေအာင္ ရွဲသြားေပးပါဦး။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular