HomeEntertainmentFilmCoraline ဇာတ်ကားနောက်ကွယ်က စိတ်ဝင်စားစရာအချက်များ 

Coraline ဇာတ်ကားနောက်ကွယ်က စိတ်ဝင်စားစရာအချက်များ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Coraline ဟာ ၂၀၀၉ ခုနှစ်တုန်းက ထွက်ခဲ့ပြီး IMDb (7.7) ရထားတဲ့ animated movie တစ်ခု ဖြစ်ပါတယ်။ ဒီဇာတ်လမ်းဟာ Neil Gaiman ရေးသားထားပြီးတော့ ဒါရိုက်တာဖြစ်သူ Henry Selick ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဇာတ်လမ်းကလည်း sci-fi ၊ horror ဆန်ဆန် ရိုက်ကူးထားတာကြောင့် ပရိသတ်တွေ တော်တော်များများ အကြိုက်တွေ့ခဲ့ကြပါတယ်။ အဲ့ဒါကြောင့် ဒီတစ်ခါမှာတော့ ဒီဇာတ်လမ်းအကြောင်း သင်မသိလောက်သေးတဲ့ အရာတွေကို ဖော်ပြပေးချင်ပါတယ်။

အစကတော့ Live Action အဖြစ် ရိုက်ကူးဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။
photo via cbr

ဒီဇာတ်လမ်းကို စတင်ပုံဖော်ဖို့အတွက် စီစဉ်ကြတဲ့အချိန်တုန်းက Dakota Fanning ဦးဆောင်သရုပ်ဆောင်ပြီးတော့ Live Action အဖြစ်နဲ့ ပုံဖော်ဖို့အတွက် စီစဉ်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ဒီဇာတ်လမ်းထဲက ကြောင်နဲ့ စက်ကပ်ထဲက ကြွက်တို့လို ဇာတ်ကောင်တွေကိုတော့ Live Action အဖြစ်နဲ့ဆိုရင် သဘာဝကျအောင် ရိုက်ကူးဖို့ဆိုတာ သိပ်ပြီးတော့ မလွယ်ကူပါဘူး။

အဲ့ဒါကြောင့်ပဲ နောက်ပိုင်းမှာတော့ ဒါရိုက်တာ Henry Selick ဟာ အတွေးပြောင်းခဲ့ပြီး stop-motion animated movie အနေနဲ့ ဖန်တီးပုံဖော်ခဲ့ပါတယ်။ Animated movie အဖြစ် ဖန်တီးလိုက်တဲ့အချိန်မှာလည်း Dakota Fanning ဟာ Coraline နေရာမှာ အသံသရုပ်ဆောင် ခဲ့ပါတယ်။

ဇာတ်လမ်းထဲမှာ အသုံးပြုခဲ့တဲ့ ရုပ်သေးတွေကို လေလံတင်ခဲ့ပါသေးတယ်။
photo via cbr

Coraline ဇာတ်လမ်းဟာ Laika Entertainment က ထုတ်လုပ်ခဲ့တာ ဖြစ်ပြီးတော့ ၂၀၁၅ ခုနှစ်တုန်းက ရိုက်ကွင်းမှာ အသုံးပြုခဲ့တဲ့ ရုပ်သေးတွေကို လေလံတင်ခဲ့ပါတယ်။ သူတို့ဟာ အဲ့ဒီရုပ်သေးတွေအပြင် ရိုက်ကွင်းမှာ အသုံးပြုခဲ့တဲ့ ဆက်တင်တွေကိုလည်း လေလံတင်ခဲ့ပါတယ်။

အဲ့ဒီလေလံပွဲမှာ Laika Entertainment ဟာ ပိုက်ဆံတော်တော်လေး ရသွားခဲ့ပြီးတော့ Coraline ရဲ့ evil ဗားရှင်းအမေ ရုပ်သေးဆိုရင် ဒေါ်လာ ငါးသောင်း ရခဲ့တဲ့အပြင် Coraline ဆွယ်တာအပြာလေး ဝတ်ထားတဲ့ ရုပ်သေးကတော့ ဒေါ်လာ နှစ်သောင်း ရရှိခဲ့ပါတယ်။ တစ်ခြားအရုပ်တွေကို ရောင်းရခဲ့တဲ့ ပိုက်ဆံတွေကို ဖော်ပြခဲ့ခြင်း မရှိပါဘူး။

ဆက်တင်များ
photo via cbr

ဒီ animated movie ကို ကြည့်ဖူးတဲ့သူတိုင်းဟာ ဒီဇာတ်လမ်း ကောင်းတယ်ဆိုတာကို သိကြမှာပါ။ အခုလိုမျိူး စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းတစ်ခုကို ဖန်တီးဖို့အတွက် ဇာတ်ညွှန်းနဲ့ သရုပ်ဆောင်တွေကလည်း အရေးကြီးသလို ဆက်တင်တွေကလည်း အရေးကြီးတဲ့ နေရာမှာ ပါဝင်နေပါတယ်။ ဒီဇာတ်လမ်းက Coraline နေထိုင်တဲ့ ကမ္ဘာနဲ့ တစ်ခြားကမ္ဘာတို့ဖြစ်တဲ့ ဆက်တင်နှစ်ခုမှာ ရိုက်ကူးထားပါတယ်။

သူမနေထိုင်တဲ့ ကမ္ဘာမှာ သုံးထားတဲ့ ဆက်တင်တွေဟာ အရောင်ခပ်မှိုင်းမှိုင်းတွေ သုံးထားတဲ့အပြင် ဆက်တင်တွေကလည်း ခပ်ပြားပြားပုံစံမျိူး အသုံးပြုထားတာကြောင့် မြင်ရတာနဲ့ နေချင်စဖွယ်မဖြစ်အောင် ဖန်တီးထားပါတယ်။ တစ်ခြားကမ္ဘာမှာ သုံးထားတဲ့ ဆက်တင်တွေကတော့ တောက်ပတဲ့အရောင်တွေနဲ့ ဆက်တင်တွေကလည်း ဖောင်းကြွပုံစံမျိူးတွေ အသုံးပြုထားတာကြောင့် အသက်ဝင်နေပြီးတော့ နေချင်စဖွယ်ဖြစ်အောင် ဖန်တီးထားပါတယ်။ အခုလိုဆက်တင်တွေကို သေချာအသုံးပြုထားတာကြောင့် ဒီဇာတ်လမ်းရဲ့ အနှစ်ရသာက ပိုပြီးတော့ ပေါ်လွင်စေတာ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းဟာ ပရိသတ်တွေဆီကို ရောက်လာဖို့အတွက် လေးနှစ်တောင် ကြာခဲ့ပါတယ်။
photo via cbr

ပုံမှန် animated movie တွေကို ဖန်တီးတဲ့အချိန်နဲ့ stop-motion animated movie တွေကို ဖန်တီးတဲ့အချိန်ဟာ မတူညီဘဲ stop-motion က အချိန်တွေအများကြီး ပိုပေးရပါတယ်။ ဒါ့အပြင် ဒီဇာတ်လမ်းဟာ အစတုန်းက စာအုပ်ဖြစ်တာကြောင့် စာမျက်နှာတွေပေါ်ကနေ တီဗီဖန်သားပြင်ထက်ကို ရောက်လာဖို့ဆိုတာလည်း လွယ်တာတော့ မဟုတ်ပါဘူး။

တစ်ခြား ပြင်ဆင်တဲ့အချိန်တွေ မပါဘဲ ရိုက်ကူးရေးတစ်ခုတည်းကိုတောင် တစ်နှစ်နဲ့ရှစ်လလောက်ကြာမှ ရိုက်ကူးရေး ပြီးဆုံးခဲ့တာ ဖြစ်ပါတယ်။ တစ်ခြားပြင်ဆင်တဲ့အချိန်တွေကိုပါ ထည့်တွက်လိုက်ရင်တော့ လေးနှစ်လောက် ကြာမြင့်ခဲ့ပါတယ်။ ဒါ့အပြင် stop-motion ကိုကြိုက်နှစ်သက်တဲ့သူတွေဆိုရင် အဲ့လိုဇာတ်လမ်းတွေဟာ သိပ်အများကြီးမထွက်တာကို သိကြမှာပါ။ အကြောင်းကတော့ stop-motion ရိုက်ကူးမယ်ဆိုရင် အခုလိုမျိူး အချိန်အရမ်းပေးရလို့ပဲ ဖြစ်ပါတယ်။

ထူးခြားတဲ့ သီအိုရီ
photo via cbr

ပရိသတ်တွေက စဉ်းစားထားတဲ့ တစ်ချို့သီအိုရီတွေဆိုရင် ဖန်တီးသူတွေကိုတောင် အံ့အားသင့်စေနိုင်ပြီးတော့ အဲ့လိုသီအိုရီတွေကို အတည်ပြုလိုက်တာမျိူးတွေလည်း ရှိပါတယ်။ တစ်ခြားဇာတ်လမ်းတွေလိုမျိူး Coraline ဇာတ်လမ်းအတွက်လည်း သီအိုရီတွေရှိကြပြီးတော့ အဲ့ဒီထဲက စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တစ်ခုကို ဖော်ပြပေးချင်ပါတယ်။

အဲ့ဒါကတော့ Stephen King ရဲ့ဝတ္ထုဖြစ်တဲ့ It ထဲက Pennywise နဲ့ Coraline ထဲက evil ဗားရှင်းအမေတို့က တစ်ယောက်တည်းပါ ဆိုတာပဲ ဖြစ်ပါတယ်။ အကြောင်းကတော့ Pennywise ဟာ ကလေးတွေကို သူ့ရဲ့ပိုင်နက်ထဲ လာဖို့အတွက် ဖြားယောင်းလှည့်စားတတ်သလို evil ဗားရှင်းအမေကလည်း အဲ့ဒီနည်းအတိုင်းပဲ ပြုလုပ်ခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့နှစ်ယောက်လုံးရဲ့ တကယ့်ပုံစံအမှန်ကတော့ ပင့်ကူအကြီးကြီးလိုပုံစံမျိူး ဖြစ်နေတာကလည်း တူနေခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီသီအိုရီက စိတ်ဝင်စားဖို့တော့ ကောင်းပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Coraline ဟာ ၂၀၀၉ ခုႏွစ္တုန္းက ထြက္ခဲ့ၿပီး IMDb (7.7) ရထားတဲ့ animated movie တစ္ခု ျဖစ္ပါတယ္။ ဒီဇာတ္လမ္းဟာ Neil Gaiman ေရးသားထားၿပီးေတာ့ ဒါ႐ိုက္တာျဖစ္သူ Henry Selick ႐ိုက္ကူးခဲ့တာ ျဖစ္ပါတယ္။ ဒါ့အျပင္ ဇာတ္လမ္းကလည္း sci-fi ၊ horror ဆန္ဆန္ ႐ိုက္ကူးထားတာေၾကာင့္ ပရိသတ္ေတြ ေတာ္ေတာ္မ်ားမ်ား အႀကိဳက္ေတြ႕ခဲ့ၾကပါတယ္။ အဲ့ဒါေၾကာင့္ ဒီတစ္ခါမွာေတာ့ ဒီဇာတ္လမ္းအေၾကာင္း သင္မသိေလာက္ေသးတဲ့ အရာေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

အစကေတာ့ Live Action အျဖစ္ ႐ိုက္ကူးဖို႔ စီစဥ္ခဲ့တာ ျဖစ္ပါတယ္။
photo via cbr

ဒီဇာတ္လမ္းကို စတင္ပုံေဖာ္ဖို႔အတြက္ စီစဥ္ၾကတဲ့အခ်ိန္တုန္းက Dakota Fanning ဦးေဆာင္သ႐ုပ္ေဆာင္ၿပီးေတာ့ Live Action အျဖစ္နဲ႔ ပုံေဖာ္ဖို႔အတြက္ စီစဥ္ခဲ့ၾကပါတယ္။ ဒါေပမယ့္လည္း ဒီဇာတ္လမ္းထဲက ေၾကာင္နဲ႔ စက္ကပ္ထဲက ႂကြက္တို႔လို ဇာတ္ေကာင္ေတြကိုေတာ့ Live Action အျဖစ္နဲ႔ဆိုရင္ သဘာဝက်ေအာင္ ႐ိုက္ကူးဖို႔ဆိုတာ သိပ္ၿပီးေတာ့ မလြယ္ကူပါဘူး။

အဲ့ဒါေၾကာင့္ပဲ ေနာက္ပိုင္းမွာေတာ့ ဒါ႐ိုက္တာ Henry Selick ဟာ အေတြးေျပာင္းခဲ့ၿပီး stop-motion animated movie အေနနဲ႔ ဖန္တီးပုံေဖာ္ခဲ့ပါတယ္။ Animated movie အျဖစ္ ဖန္တီးလိုက္တဲ့အခ်ိန္မွာလည္း Dakota Fanning ဟာ Coraline ေနရာမွာ အသံသ႐ုပ္ေဆာင္ ခဲ့ပါတယ္။

ဇာတ္လမ္းထဲမွာ အသုံးျပဳခဲ့တဲ့ ႐ုပ္ေသးေတြကို ေလလံတင္ခဲ့ပါေသးတယ္။
photo via cbr

Coraline ဇာတ္လမ္းဟာ Laika Entertainment ကထုတ္လုပ္ခဲ့တာ ျဖစ္ၿပီးေတာ့ ၂၀၁၅ ခုႏွစ္တုန္းက ႐ိုက္ကြင္းမွာ အသုံးျပဳခဲ့တဲ့ ႐ုပ္ေသးေတြကို ေလလံတင္ခဲ့ပါတယ္။ သူတို႔ဟာ အဲ့ဒီ႐ုပ္ေသးေတြအျပင္ ႐ိုက္ကြင္းမွာ အသုံးျပဳခဲ့တဲ့ ဆက္တင္ေတြကိုလည္း ေလလံတင္ခဲ့ပါတယ္။

အဲ့ဒီေလလံပြဲမွာ Laika Entertainment ဟာ ပိုက္ဆံေတာ္ေတာ္ေလး ရသြားခဲ့ၿပီးေတာ့ Coraline ရဲ႕ evil ဗားရွင္းအေမ ႐ုပ္ေသးဆိုရင္ ေဒၚလာ ငါးေသာင္း ရခဲ့တဲ့အျပင္ Coraline ဆြယ္တာအျပာေလး ဝတ္ထားတဲ့ ႐ုပ္ေသးကေတာ့ ေဒၚလာ ႏွစ္ေသာင္း ရရွိခဲ့ပါတယ္။ တစ္ျခားအ႐ုပ္ေတြကို ေရာင္းရခဲ့တဲ့ ပိုက္ဆံေတြကို ေဖာ္ျပခဲ့ျခင္း မရွိပါဘူး။

ဆက္တင္မ်ား
photo via cbr

ဒီ animated movie ကို ၾကည့္ဖူးတဲ့သူတိုင္းဟာ ဒီဇာတ္လမ္း ေကာင္းတယ္ဆိုတာကို သိၾကမွာပါ။ အခုလိုမ်ိဴး စိတ္ဝင္စားဖို႔ေကာင္းတဲ့ ဇာတ္လမ္းတစ္ခုကို ဖန္တီးဖို႔အတြက္ ဇာတ္ၫႊန္းနဲ႔ သ႐ုပ္ေဆာင္ေတြကလည္း အေရးႀကီးသလို ဆက္တင္ေတြကလည္း အေရးႀကီးတဲ့ ေနရာမွာ ပါဝင္ေနပါတယ္။ ဒီဇာတ္လမ္းက Coraline ေနထိုင္တဲ့ ကမာၻနဲ႔ တစ္ျခားကမာၻတို႔ျဖစ္တဲ့ ဆက္တင္ႏွစ္ခုမွာ ႐ိုက္ကူးထားပါတယ္။

သူမေနထိုင္တဲ့ ကမာၻမွာ သုံးထားတဲ့ ဆက္တင္ေတြဟာ အေရာင္ခပ္မႈိင္းမႈိင္းေတြ သုံးထားတဲ့အျပင္ ဆက္တင္ေတြကလည္း ခပ္ျပားျပားပုံစံမ်ိဴး အသုံးျပဳထားတာေၾကာင့္ ျမင္ရတာနဲ႔ ေနခ်င္စဖြယ္မျဖစ္ေအာင္ ဖန္တီးထားပါတယ္။ တစ္ျခားကမာၻမွာ သုံးထားတဲ့ ဆက္တင္ေတြကေတာ့ ေတာက္ပတဲ့အေရာင္ေတြနဲ႔ ဆက္တင္ေတြကလည္း ေဖာင္းႂကြပုံစံမ်ိဴးေတြ အသုံးျပဳထားတာေၾကာင့္ အသက္ဝင္ေနၿပီးေတာ့ ေနခ်င္စဖြယ္ျဖစ္ေအာင္ ဖန္တီးထားပါတယ္။ အခုလိုဆက္တင္ေတြကို ေသခ်ာအသုံးျပဳထားတာေၾကာင့္ ဒီဇာတ္လမ္းရဲ႕ အႏွစ္ရသာက ပိုၿပီးေတာ့ ေပၚလြင္ေစတာ ျဖစ္ပါတယ္။

ဒီဇာတ္လမ္းဟာ ပရိသတ္ေတြဆီကို ေရာက္လာဖို႔အတြက္ ေလးႏွစ္ေတာင္ ၾကာခဲ့ပါတယ္။
photo via cbr

ပုံမွန္ animated movie ေတြကို ဖန္တီးတဲ့အခ်ိန္နဲ႔ stop-motion animated movie ေတြကို ဖန္တီးတဲ့အခ်ိန္ဟာ မတူညီဘဲ stop-motion က အခ်ိန္ေတြအမ်ားႀကီး ပိုေပးရပါတယ္။ ဒါ့အျပင္ ဒီဇာတ္လမ္းဟာ အစတုန္းက စာအုပ္ျဖစ္တာေၾကာင့္ စာမ်က္ႏွာေတြေပၚကေန တီဗီဖန္သားျပင္ထက္ကို ေရာက္လာဖို႔ဆိုတာလည္း လြယ္တာေတာ့ မဟုတ္ပါဘူး။

တစ္ျခား ျပင္ဆင္တဲ့အခ်ိန္ေတြ မပါဘဲ ႐ိုက္ကူးေရးတစ္ခုတည္းကိုေတာင္ တစ္ႏွစ္နဲ႔ရွစ္လေလာက္ၾကာမွ ႐ိုက္ကူးေရး ၿပီးဆုံးခဲ့တာ ျဖစ္ပါတယ္။ တစ္ျခားျပင္ဆင္တဲ့အခ်ိန္ေတြကိုပါ ထည့္တြက္လိုက္ရင္ေတာ့ ေလးႏွစ္ေလာက္ ၾကာျမင့္ခဲ့ပါတယ္။ ဒါ့အျပင္ stop-motion ကိုႀကိဳက္ႏွစ္သက္တဲ့သူေတြဆိုရင္ အဲ့လိုဇာတ္လမ္းေတြဟာ သိပ္အမ်ားႀကီးမထြက္တာကို သိၾကမွာပါ။ အေၾကာင္းကေတာ့ stop-motion ႐ိုက္ကူးမယ္ဆိုရင္ အခုလိုမ်ိဴး အခ်ိန္အရမ္းေပးရလို႔ပဲ ျဖစ္ပါတယ္။

ထူးျခားတဲ့ သီအိုရီ
photo via cbr

ပရိသတ္ေတြက စဥ္းစားထားတဲ့ တစ္ခ်ိဳ႕သီအိုရီေတြဆိုရင္ ဖန္တီးသူေတြကိုေတာင္ အံ့အားသင့္ေစႏိုင္ၿပီးေတာ့ အဲ့လိုသီအိုရီေတြကို အတည္ျပဳလိုက္တာမ်ိဴးေတြလည္း ရွိပါတယ္။ တစ္ျခားဇာတ္လမ္းေတြလိုမ်ိဴး Coraline ဇာတ္လမ္းအတြက္လည္း သီအိုရီေတြရွိၾကၿပီးေတာ့ အဲ့ဒီထဲက စိတ္ဝင္စားဖို႔ေကာင္းတဲ့ အခ်က္တစ္ခုကို ေဖာ္ျပေပးခ်င္ပါတယ္။

အဲ့ဒါကေတာ့ Stephen King ရဲ႕ဝတၳဳျဖစ္တဲ့ It ထဲက Pennywise နဲ႔ Coraline ထဲက evil ဗားရွင္းအေမတို႔က တစ္ေယာက္တည္းပါ ဆိုတာပဲ ျဖစ္ပါတယ္။ အေၾကာင္းကေတာ့ Pennywise ဟာ ကေလးေတြကို သူ႔ရဲ႕ပိုင္နက္ထဲ လာဖို႔အတြက္ ျဖားေယာင္းလွည့္စားတတ္သလို evil ဗားရွင္းအေမကလည္း အဲ့ဒီနည္းအတိုင္းပဲ ျပဳလုပ္ခဲ့တာကို ေတြ႕ရမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ သူတို႔ႏွစ္ေယာက္လုံးရဲ႕ တကယ့္ပုံစံအမွန္ကေတာ့ ပင့္ကူအႀကီးႀကီးလိုပုံစံမ်ိဴး ျဖစ္ေနတာကလည္း တူေနခဲ့ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ဒီသီအိုရီက စိတ္ဝင္စားဖို႔ေတာ့ ေကာင္းပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular