HomeEntertainmentFilmDC ဇာတ်ကောင်တွေကို ဗားရှင်းမျိုးစုံနဲ့ မြင်တွေ့ရမယ့် The Flash ရုပ်ရှင်ဇာတ်ကားသစ်

DC ဇာတ်ကောင်တွေကို ဗားရှင်းမျိုးစုံနဲ့ မြင်တွေ့ရမယ့် The Flash ရုပ်ရှင်ဇာတ်ကားသစ်

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

၂၀၂၂ ခုနှစ်မှာ ထွက်လာမယ့် The Flash ဇာတ်ကားအကြောင်းကို အခုချိန်မှာတော့ အနည်းငယ်သိလိုက်ရပါတယ်။ အဲ့ဒီဇာတ်ကားရဲ့ အကြောင်းကတော့ Flashpoint ကောမစ်စီးရီးကို အခြေခံပြီး ရိုက်ကူးသွားမှာ ဖြစ်ပြီးတော့ DC ပရိသတ်တွေ တော်တော်များများ မြင်တွေ့ချင်နေကြတဲ့ ရုပ်ရှင်တစ်ကားလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇာတ်ကားထဲမှာ ဗားရှင်းအမျိူးမျိူးနဲ့ DC ဇာတ်ကောင်တွေကို မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ Flash ဟာ တစ်ခြား timeline တစ်ခုကို အချိန်ခရီးသွားမှာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် အဲ့ဒီ timeline အသစ်ထဲမှာ စူပါ,ပါဝါမရှိတဲ့ Barry ကိုလည်း တွေ့နိုင်သလို Jay Garrick နဲ့ Kid Flash တို့လို Flash ရဲ့တစ်ခြားဗားရှင်းတွေကိုလည်း တွေ့နိုင်ချေရှိတဲ့အပြင် စူပါ,ပါဝါတွေ ရထားတဲ့ သူကိုယ်တိုင်ကိုလည်း တွေ့နိုင်ချေ ရှိပါသေးတယ်။

ဒါ့အပြင် “Barry ဟာ တစ်ခြား timeline တစ်ခုကို အချိန်ခရီးသွားပြီးတော့ DC ဇာတ်ကောင်တွေရဲ့ ဗားရှင်းအမျိူးမျိူးကို တွေ့ရမှာပါ” ဆိုပြီးတော့ Vanity Fair သတင်းဌာနကနေ ဖော်ပြခဲ့ပါသေးတယ်။ အဲ့ဒါကြောင့် Flashpoint ဇာတ်လမ်းအရဆိုရင် အဲ့ဒီ timeline က Batman ဟာ Thomas Wayne ဖြစ်နေပြီးတော့ Wonder Woman နဲ့ Aquaman တို့ကလည်း ချစ်သူတွေကနေ ရန်သူဖြစ်သွားကြပြီးတော့ သူတို့ရဲ့မျိူးနွယ်စု နှစ်ခုလုံးဟာ စစ်တိုက်ကြတာကို တွေ့ရမှာ ဖြစ်ပါတယ်။

photo via screenrant

ဇာတ်လမ်းကတော့ ကောမစ်ထဲကအတိုင်းဆိုရင် အကုန်သိနေပြီးသားဆိုပေမယ့်လည်း ပါဝင်သရုပ်ဆောင်မယ့် သူတွေကိုတော့ သိပ်ပြီး မသိရသေးပါဘူး။ သိရသလောက်ကတော့ ၁၉၈၉ ခုနှစ်က ထွက်ခဲ့တဲ့ Batman ဇာတ်ကားထဲမှာ သရုပ်ဆောင်ထားတဲ့ Michael Keaton ဟာ ဒီကားထဲမှာ Batman အနေနဲ့ ပြန်လည်ပါဝင်မယ်လို့ အတည်ပြုခဲ့ပါတယ်။ ဒါ့အပြင် Ben Affleck ဟာလည်း Batman အဖြစ်နဲ့ ပြန်လည်ပါဝင်လာမှာ ဖြစ်ပြီးတော့ ဒီကားထဲမှာ Thomas Wayne ရဲ့ Batman နဲ့ Bruce Wayne ရဲ့ Batman တို့ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

အခုလို multiverse သဘောတရားကိုတော့ CW မှာ ထုတ်လွှင့်ပြသနေတဲ့ Arrowverse ထဲမှာလည်း ပြသခဲ့ဖူးပါတယ်။ အဲ့လို multiverse တွေကို ပြသရင်းနဲ့ DC ရဲ့ အကြီးမားဆုံး crossover လို့ ပြောလို့ရတဲ့ Crisis on Infinite Earths ထဲမှာလည်း ဒီကားထဲမှာ Flash နေရာက သရုပ်ဆောင်မယ့် Ezra Miller ဟာ ပါဝင်ခဲ့ဖူးပါတယ်။

အပေါ်မှာ ပြောခဲ့သလို ပါဝင်သရုပ်ဆောင်မယ့်သူတွေကိုတော့ သိပ်ပြီး မသိရသေးပေမယ့်လည်း ဒီကားထဲမှာ ကိုယ်သိပြီးသား ဇာတ်ကောင်တွေကို မတူညီတဲ့ပုံစံတွေနဲ့ မြင်တွေ့ရမှာ ဖြစ်ပြီးတော့ တော်တော်လေးကို ကြည့်လို့ကောင်းမယ့် ဇာတ်ကားတစ်ကား ဖြစ်လာမှာ သေချာပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

၂၀၂၂ ခုႏွစ္မွာ ထြက္လာမယ့္ The Flash ဇာတ္ကားအေၾကာင္းကို အခုခ်ိန္မွာေတာ့ အနည္းငယ္သိလိုက္ရပါတယ္။ အဲ့ဒီဇာတ္ကားရဲ႕ အေၾကာင္းကေတာ့ Flashpoint ေကာမစ္စီးရီးကို အေျခခံၿပီး ႐ိုက္ကူးသြားမွာ ျဖစ္ၿပီးေတာ့ DC ပရိသတ္ေတြ ေတာ္ေတာ္မ်ားမ်ား ျမင္ေတြ႕ခ်င္ေနၾကတဲ့ ႐ုပ္ရွင္တစ္ကားလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ ဒီဇာတ္ကားထဲမွာ ဗားရွင္းအမ်ိဴးမ်ိဴးနဲ႔ DC ဇာတ္ေကာင္ေတြကို ျမင္ေတြ႕ၾကရမွာ ျဖစ္ပါတယ္။

ဇာတ္လမ္းကေတာ့ Flash ဟာ တစ္ျခား timeline တစ္ခုကို အခ်ိန္ခရီးသြားမွာ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ အဲ့ဒီ timeline အသစ္ထဲမွာ စူပါ,ပါဝါမရွိတဲ့ Barry ကိုလည္း ေတြ႕ႏိုင္သလို Jay Garrick နဲ႔ Kid Flash တို႔လို Flash ရဲ႕တစ္ျခားဗားရွင္းေတြကိုလည္း ေတြ႕ႏိုင္ေခ်ရွိတဲ့အျပင္ စူပါ,ပါဝါေတြ ရထားတဲ့ သူကိုယ္တိုင္ကိုလည္း ေတြ႕ႏိုင္ေခ် ရွိပါေသးတယ္။

ဒါ့အျပင္ “Barry ဟာ တစ္ျခား timeline တစ္ခုကို အခ်ိန္ခရီးသြားၿပီးေတာ့ DC ဇာတ္ေကာင္ေတြရဲ႕ ဗားရွင္းအမ်ိဴးမ်ိဴးကို ေတြ႕ရမွာပါ” ဆိုၿပီးေတာ့ Vanity Fair သတင္းဌာနကေန ေဖာ္ျပခဲ့ပါေသးတယ္။ အဲ့ဒါေၾကာင့္ Flashpoint ဇာတ္လမ္းအရဆိုရင္ အဲ့ဒီ timeline က Batman ဟာ Thomas Wayne ျဖစ္ေနၿပီးေတာ့ Wonder Woman နဲ႔ Aquaman တို႔ကလည္း ခ်စ္သူေတြကေန ရန္သူျဖစ္သြားၾကၿပီးေတာ့ သူတို႔ရဲ႕မ်ိဴးႏြယ္စု ႏွစ္ခုလုံးဟာ စစ္တိုက္ၾကတာကို ေတြ႕ရမွာ ျဖစ္ပါတယ္။

photo via screenrant

ဇာတ္လမ္းကေတာ့ ေကာမစ္ထဲကအတိုင္းဆိုရင္ အကုန္သိေနၿပီးသားဆိုေပမယ့္လည္း ပါဝင္သ႐ုပ္ေဆာင္မယ့္ သူေတြကိုေတာ့ သိပ္ၿပီး မသိရေသးပါဘူး။ သိရသေလာက္ကေတာ့ ၁၉၈၉ ခုႏွစ္က ထြက္ခဲ့တဲ့ Batman ဇာတ္ကားထဲမွာ သ႐ုပ္ေဆာင္ထားတဲ့ Michael Keaton ဟာ ဒီကားထဲမွာ Batman အေနနဲ႔ ျပန္လည္ပါဝင္မယ္လို႔ အတည္ျပဳခဲ့ပါတယ္။ ဒါ့အျပင္ Ben Affleck ဟာလည္း Batman အျဖစ္နဲ႔ ျပန္လည္ပါဝင္လာမွာ ျဖစ္ၿပီးေတာ့ ဒီကားထဲမွာ Thomas Wayne ရဲ႕ Batman နဲ႔ Bruce Wayne ရဲ႕ Batman တို႔ကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။

အခုလို multiverse သေဘာတရားကိုေတာ့ CW မွာ ထုတ္လႊင့္ျပသေနတဲ့ Arrowverse ထဲမွာလည္း ျပသခဲ့ဖူးပါတယ္။ အဲ့လို multiverse ေတြကို ျပသရင္းနဲ႔ DC ရဲ႕ အႀကီးမားဆုံး crossover လို႔ ေျပာလို႔ရတဲ့ Crisis on Infinite Earths ထဲမွာလည္း ဒီကားထဲမွာ Flash ေနရာက သ႐ုပ္ေဆာင္မယ့္ Ezra Miller ဟာ ပါဝင္ခဲ့ဖူးပါတယ္။

အေပၚမွာ ေျပာခဲ့သလို ပါဝင္သ႐ုပ္ေဆာင္မယ့္သူေတြကိုေတာ့ သိပ္ၿပီး မသိရေသးေပမယ့္လည္း ဒီကားထဲမွာ ကိုယ္သိၿပီးသား ဇာတ္ေကာင္ေတြကို မတူညီတဲ့ပုံစံေတြနဲ႔ ျမင္ေတြ႕ရမွာ ျဖစ္ၿပီးေတာ့ ေတာ္ေတာ္ေလးကို ၾကည့္လို႔ေကာင္းမယ့္ ဇာတ္ကားတစ္ကား ျဖစ္လာမွာ ေသခ်ာပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular