HomeEntertainmentFilmသားသမီးတွေရဲ့ တိုက်တွန်းမှုကြောင့် နာမည်ကြီးဇာတ်ကောင်တွေကို သရုပ်ဆောင်ခဲ့ကြသူများ

သားသမီးတွေရဲ့ တိုက်တွန်းမှုကြောင့် နာမည်ကြီးဇာတ်ကောင်တွေကို သရုပ်ဆောင်ခဲ့ကြသူများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ဟောလိဝုဒ်က သရုပ်ဆောင်တွေဟာ တခါတလေကျရင် သူတို့ရိုက်ကူးနေကျ ရုပ်ရှင်ပုံစံတွေက ခွဲထွက်ပြီး မိသားစုနဲ့ ကြည့်ရှုလို့ သင့်တော်တဲ့ ရုပ်ရှင်အမျိုးအစားတွေကို ရိုက်ကူးလေ့ရှိပါတယ်။ သရုပ်ဆောင်တစ်ယောက်အနေနဲ့ ဇာတ်ကောင်တစ်ခုမှာ သရုပ်ဆောင်ဖို့ အကြောင်းပြချက်များစွာ ရှိတတ်ကြပြီး တချို့ကတော့ သူတို့ရဲ့ကလေးတွေကြောင့် ဇာတ်ကောင်တွေကို လက်ခံ သရုပ်ဆောင်ကြတာလည်း ရှိပါတယ်။ ဒီတစ်ခါမှာတော့ သူတို့ကလေးတွေရဲ့ တောင်းဆိုမှုကြောင့် ဟောလိဝုဒ်သရုပ်ဆောင်တွေ ရွေးချယ်ခဲ့တဲ့ ဇာတ်ကောင်တွေအကြောင်း ဖော်ပြသွားမှာ ဖြစ်ပါတယ်။

(1) Ryan Reynolds (Detective Pikachu)
photo via screenrant

Ryan Reynolds ဟာ ရုပ်ရှင်တွေများစွာ ရိုက်ကူးခဲ့ပြီး သူ ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်အများစုဟာ Deadpool နဲ့ Hitman’s Bodyguard တို့လို R-Rated ရုပ်ရှင်တွေ ဖြစ်တာကြောင့် ကလေးတွေအတွက် ကြည့်ရှုဖို့ မသင့်တော်ပါဘူး။ Ryan ဟာ ပုဂ္ဂိုလ်ရေးဘဝမှာတော့ Blake Lively နဲ့ လက်ထပ်ထားပြီး ကလေးသုံးယောက် ရရှိထားပါတယ်။ ဒါကြောင့်လည်း သူ့ဇာတ်ကားကို သူ့ရဲ့ကလေးတွေကို ကြည့်ရှုစေချင်တာကြောင့် Detective Pikachu ထဲမှာ အသံသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

(2) Viggo Mortensen (Lord of the Rings)
photo via screenrant

Viggo ဟာ Lord of the Rings Trilogy ထဲမှာ Aragorn နေရာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ မူလကတော့ သူဟာ ဒီဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ဖို့ လုံးဝစိတ်မကူးထားပါဘူး။ ဒါ့အပြင် သူဟာ ဒီရုပ်ရှင်ကို ရိုက်ကူးမယ့် နောက်ဆုံးအချိန်မှ သရုပ်ဆောင်ဖို့ သဘောတူခဲ့တာလို့ အင်တာဗျူးတစ်ခုမှာ ပြောပြခဲ့ပါတယ်။ Viggo ဟာ Lord of the Rings စာအုပ်တွေကို လုံးဝ မဖတ်ဖူးပေမယ့်လည်း သူ့ရဲ့သားဖြစ်သူကတော့ ဒီစာအုပ်တွေရဲ့ ပရိသတ်တစ်ယောက် ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Viggo ရဲ့သားဟာ သူ့ကို ဒီဇာတ်ကောင်နေရာမှာ ပါဝင်ဖို့ နားချခဲ့တာ ဖြစ်ပါတယ်။

(3) Michael Sheen (Twilight)
photo via screenrant

Michael Sheen ကတော့ Twilight ဇာတ်လမ်းထဲမှာ Aro ဆိုတဲ့ ဗီလိန်နေရာက ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ အစတုန်းကတော့ သူဟာ ဒီဇာတ်လမ်းနဲ့ မရင်းနှီးပေမယ့် သူ့ရဲ့သမီးလေးကတော့ ဒီဝတ္ထုရဲ့ ပရိသတ်တစ်ယောက် ဖြစ်ပါတယ်။ Michael ဟာ ဒီဇာတ်ကောင်နေရာမှာ ပါဝင်ဖို့ ကမ်းလှမ်းခံထားရကြောင်း သမီးဖြစ်သူကို ပြောပြလိုက်တဲ့အချိန်မှာတော့ သူ့သမီးလေးဟာ အလွန်ပျော်ရွှင်သွားပါတော့တယ်။ ဒါကြောင့်ပဲ Michael ဟာ သူ့သမီးလေးကို ပျော်ရွှင်စေချင်တာကြောင့် ဒီဇာတ်ကောင်နေရာမှာ ပါဝင်ဖို့ သဘောတူခဲ့တာဖြစ်ပါတယ်။ ဒီလိုနဲ့ Michael ဟာ ရုပ်ရှင်မရိုက်ခင် ဒီဝတ္ထုကို ဖတ်ရှုရင်းနဲ့ သူကိုယ်တိုင်ပါ ဒီဇာတ်လမ်းရဲ့ ပရိသတ် ဖြစ်သွားပါတော့တယ်။

(4) Julianne Moore (Hunger Games)
photo via screenrant

နာမည်ကျော် မင်းသမီး Julianne Moore ကိုလည်း Hunger Games Franchise ထဲမှာ ပါဝင်ဖို့ သူမရဲ့ကလေးတွေက တိုက်တွန်းခဲ့ကြတာ ဖြစ်ပါတယ်။ သူမရဲ့ သားဖြစ်သူ Caleb ဟာ Hunger Games ဝတ္ထုရဲ့ ပရိသတ် ဖြစ်ပြီး သူမရဲ့သမီးဖြစ်သူ Liv ကတော့ ဒီဝတ္ထုကို ဖတ်ကြည့်ဖို့ သူမကို တိုက်တွန်းခဲ့ပါတယ်။ Julianne ဟာ ဒီဝတ္ထုကို ဖတ်ရှုပြီးနောက်မှာတော့ ကိုယ်တိုင် ကြိုက်နှစ်သက်သွားပြီး President Coin အဖြစ် ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

(5) Jamie Foxx (The Amazing Spider-Man 2)
photo via screenrant

Jamie Foxx ရဲ့ သမီးဖြစ်သူကတော့ Spider-Man ရဲ့ အမာခံ ပရိသတ်တစ်ယောက် ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Jamie ဟာ The Amazing Spider-Man 2 ထဲမှာ ပါဝင်ခွင့်ရလာတဲ့အချိန်မှာ အခွင့်အရေးကို လက်လွှတ်မခံခဲ့ပါဘူး။ သူဟာ Electro ဆိုတဲ့ ဗီလိန်နေရာမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ရိုက်ကူးရေးလုပ်နေစဉ် ကာလမှာတော့ Spider-Man နဲ့ တိုက်ခိုက်ရတော့မယ်ဆိုပြီး သူ့ရဲ့သမီးကို ရိုက်ကွင်းပေါ်တောင် ခေါ်သွားခဲ့ပါသေးတယ်။

(6) Kate Winslet (Divergent)
photo via screenrant

တခါတရံကျရင် သရုပ်ဆောင်တွေဟာ သူတို့ရဲ့ကလေးတွေအမြင်မှာ “မိုက်တယ်” ဆိုပြီး ဖြစ်သွားဖို့အတွက်လည်း ရုပ်ရှင်တွေမှာ ပါဝင်လေ့ရှိပါတယ်။ Kate ကလည်း Titanic ကလွဲရင် လူငယ်တွေကြားမှာ အလွန်ခေတ်စားနေတဲ့ Franchise တွေမှာ သိပ်မပါဝင်ဖူးပါဘူး။ ခေတ်စားနေတဲ့ ဝတ္ထုဇာတ်လမ်းကနေ ရုပ်ရှင်အဖြစ် ပြန်လည်ဖန်တီးတာဟာ လူငယ်တွေကြားမှာတော့ ခေတ်စားပါတယ်။ ဒါ့အပြင် သူမရဲ့ကလေးနှစ်ယောက်လုံးက ဒီဇာတ်လမ်းကို ကြိုက်နှစ်သက်တာကြောင့် Kate ဟာ ဒီ Franchise ထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

(7) Garry Oldman (Harry Potter)
photo via screenrant

Garry Oldman ဟာ Harry Potter Franchise ထဲမှာ မပါဝင်ခင်ကတည်းက နာမည်ကြီးရုပ်ရှင်တွေမှာ ပါဝင်ခဲ့သူ ဖြစ်ပေမယ့်လည်း သူ့ရဲ့ကလေးတွေကတော့ အဲ့ဒီရုပ်ရှင်တွေကို စိတ်မဝင်စားကြပါဘူး။ ဒါကြောင့်ပဲ သူဟာ Kate Winslet လိုပဲ သူ့ကလေးတွေရဲ့ အာရုံစိုက်မှုကို ရရှိဖို့အတွက် Harry Potter ထဲမှာ Sirius Black ဇာတ်ကောင်နေရာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

(8) Cate Blanchett (Thor: Ragnarok)
photo via screenrant

နာမည်ကျော် မင်းသမီး Cate Blanchett ဟာ MCU လို စူပါဟီးရိုး ဇာတ်လမ်းတွေနဲ့ ရင်းနှီးသူတစ်ယောက် မဟုတ်ပါဘူး။ သူမဟာ Thor: Ragnarok ထဲမှာ Hela အဖြစ် ပါဝင်ခဲ့တဲ့ အဓိကအကြောင်းရင်းကတော့ သူမရဲ့ကလေးတွေက MCU ရုပ်ရှင်တွေရဲ့ အမာခံပရိသတ်တွေ ဖြစ်တာကြောင့်ပါပဲ။ Cate အတွက် ဒီဇာတ်ကောင်နေရာမှာ ပါဝင်ပြီး ဒါရိုက်တာ Taika Waititi ၊ Chris Hemsworth တို့နဲ့ အလုပ်အတူ တွဲလုပ်ရတာ စိတ်ဝင်စားဖို့ကောင်းသလို ဒီဇာတ်ကောင်ကြောင့်ပဲ သူမရဲ့ကလေးတွေနဲ့ ပိုပြီးတော့ နီးစပ်မှုတွေ ရှိလာတယ်လို့ ပြောပြဖူးပါတယ်။

ဒါကတော့ သားသမီးတွေကြောင့် နာမည်ကြီးဇာတ်ကောင်တချို့ကို လက်ခံရိုက်ကူးခဲ့တဲ့ ဟောလိဝုဒ်သရုပ်ဆောင်တွေပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ စိတ်ထဲပေါ်လာတဲ့ အလားတူ အကြောင်းအရာမျိုးတွေ ရှိရင်လည်း မျှဝေခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

ေဟာလိဝုဒ္က သ႐ုပ္ေဆာင္ေတြဟာ တခါတေလက်ရင္ သူတို႔႐ိုက္ကူးေနက် ႐ုပ္ရွင္ပုံစံေတြက ခြဲထြက္ၿပီး မိသားစုနဲ႔ ၾကည့္ရႈလို႔ သင့္ေတာ္တဲ့ ႐ုပ္ရွင္အမ်ိဳးအစားေတြကို ႐ိုက္ကူးေလ့ရွိပါတယ္။ သ႐ုပ္ေဆာင္တစ္ေယာက္အေနနဲ႔ ဇာတ္ေကာင္တစ္ခုမွာ သ႐ုပ္ေဆာင္ဖို႔ အေၾကာင္းျပခ်က္မ်ားစြာ ရွိတတ္ၾကၿပီး တခ်ိဳ႕ကေတာ့ သူတို႔ရဲ႕ကေလးေတြေၾကာင့္ ဇာတ္ေကာင္ေတြကို လက္ခံ သ႐ုပ္ေဆာင္ၾကတာလည္း ရွိပါတယ္။ ဒီတစ္ခါမွာေတာ့ သူတို႔ကေလးေတြရဲ႕ ေတာင္းဆိုမႈေၾကာင့္ ေဟာလိဝုဒ္သ႐ုပ္ေဆာင္ေတြ ေ႐ြးခ်ယ္ခဲ့တဲ့ ဇာတ္ေကာင္ေတြအေၾကာင္း ေဖာ္ျပသြားမွာ ျဖစ္ပါတယ္။

(1) Ryan Reynolds (Detective Pikachu)
photo via screenrant

Ryan Reynolds ဟာ ႐ုပ္ရွင္ေတြမ်ားစြာ ႐ိုက္ကူးခဲ့ၿပီး သူ ႐ိုက္ကူးခဲ့တဲ့ ႐ုပ္ရွင္အမ်ားစုဟာ Deadpool နဲ႔ Hitman’s Bodyguard တို႔လို R-Rated ႐ုပ္ရွင္ေတြ ျဖစ္တာေၾကာင့္ ကေလးေတြအတြက္ ၾကည့္ရႈဖို႔ မသင့္ေတာ္ပါဘူး။ Ryan ဟာ ပုဂၢိဳလ္ေရးဘဝမွာေတာ့ Blake Lively နဲ႔ လက္ထပ္ထားၿပီး ကေလးသုံးေယာက္ ရရွိထားပါတယ္။ ဒါေၾကာင့္လည္း သူ႔ဇာတ္ကားကို သူ႔ရဲ႕ကေလးေတြကို ၾကည့္ရႈေစခ်င္တာေၾကာင့္ Detective Pikachu ထဲမွာ အသံသ႐ုပ္ေဆာင္အျဖစ္ ပါဝင္ခဲ့တာ ျဖစ္ပါတယ္။

(2) Viggo Mortensen (Lord of the Rings)
photo via screenrant

Viggo ဟာ Lord of the Rings Trilogy ထဲမွာ Aragorn ေနရာမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ပါတယ္။ မူလကေတာ့ သူဟာ ဒီဇာတ္ေကာင္ေနရာမွာ သ႐ုပ္ေဆာင္ဖို႔ လုံးဝစိတ္မကူးထားပါဘူး။ ဒါ့အျပင္ သူဟာ ဒီ႐ုပ္ရွင္ကို ႐ိုက္ကူးမယ့္ ေနာက္ဆုံးအခ်ိန္မွ သ႐ုပ္ေဆာင္ဖို႔ သေဘာတူခဲ့တာလို႔ အင္တာဗ်ဴးတစ္ခုမွာ ေျပာျပခဲ့ပါတယ္။ Viggo ဟာ Lord of the Rings စာအုပ္ေတြကို လုံးဝ မဖတ္ဖူးေပမယ့္လည္း သူ႔ရဲ႕သားျဖစ္သူကေတာ့ ဒီစာအုပ္ေတြရဲ႕ ပရိသတ္တစ္ေယာက္ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ Viggo ရဲ႕သားဟာ သူ႔ကို ဒီဇာတ္ေကာင္ေနရာမွာ ပါဝင္ဖို႔ နားခ်ခဲ့တာ ျဖစ္ပါတယ္။

(3) Michael Sheen (Twilight)
photo via screenrant

Michael Sheen ကေတာ့ Twilight ဇာတ္လမ္းထဲမွာ Aro ဆိုတဲ့ ဗီလိန္ေနရာက ပါဝင္သ႐ုပ္ေဆာင္ခဲ့ပါတယ္။ အစတုန္းကေတာ့ သူဟာ ဒီဇာတ္လမ္းနဲ႔ မရင္းႏွီးေပမယ့္ သူ႔ရဲ႕သမီးေလးကေတာ့ ဒီဝတၳဳရဲ႕ ပရိသတ္တစ္ေယာက္ ျဖစ္ပါတယ္။ Michael ဟာ ဒီဇာတ္ေကာင္ေနရာမွာ ပါဝင္ဖို႔ ကမ္းလွမ္းခံထားရေၾကာင္း သမီးျဖစ္သူကို ေျပာျပလိုက္တဲ့အခ်ိန္မွာေတာ့ သူ႔သမီးေလးဟာ အလြန္ေပ်ာ္႐ႊင္သြားပါေတာ့တယ္။ ဒါေၾကာင့္ပဲ Michael ဟာ သူ႔သမီးေလးကို ေပ်ာ္႐ႊင္ေစခ်င္တာေၾကာင့္ ဒီဇာတ္ေကာင္ေနရာမွာ ပါဝင္ဖို႔ သေဘာတူခဲ့တာျဖစ္ပါတယ္။ ဒီလိုနဲ႔ Michael ဟာ ႐ုပ္ရွင္မ႐ိုက္ခင္ ဒီဝတၳဳကို ဖတ္ရႈရင္းနဲ႔ သူကိုယ္တိုင္ပါ ဒီဇာတ္လမ္းရဲ႕ ပရိသတ္ ျဖစ္သြားပါေတာ့တယ္။

(4) Julianne Moore (Hunger Games)
photo via screenrant

နာမည္ေက်ာ္ မင္းသမီး Julianne Moore ကိုလည္း Hunger Games Franchise ထဲမွာ ပါဝင္ဖို႔ သူမရဲ႕ကေလးေတြက တိုက္တြန္းခဲ့ၾကတာ ျဖစ္ပါတယ္။ သူမရဲ႕ သားျဖစ္သူ Caleb ဟာ Hunger Games ဝတၳဳရဲ႕ ပရိသတ္ ျဖစ္ၿပီး သူမရဲ႕သမီးျဖစ္သူ Liv ကေတာ့ ဒီဝတၳဳကို ဖတ္ၾကည့္ဖို႔ သူမကို တိုက္တြန္းခဲ့ပါတယ္။ Julianne ဟာ ဒီဝတၳဳကို ဖတ္ရႈၿပီးေနာက္မွာေတာ့ ကိုယ္တိုင္ ႀကိဳက္ႏွစ္သက္သြားၿပီး President Coin အျဖစ္ ပါဝင္ခဲ့တာ ျဖစ္ပါတယ္။

(5) Jamie Foxx (The Amazing Spider-Man 2)
photo via screenrant

Jamie Foxx ရဲ႕ သမီးျဖစ္သူကေတာ့ Spider-Man ရဲ႕ အမာခံ ပရိသတ္တစ္ေယာက္ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ Jamie ဟာ The Amazing Spider-Man 2 ထဲမွာ ပါဝင္ခြင့္ရလာတဲ့အခ်ိန္မွာ အခြင့္အေရးကို လက္လႊတ္မခံခဲ့ပါဘူး။ သူဟာ Electro ဆိုတဲ့ ဗီလိန္ေနရာမွာ ပါဝင္ခဲ့တာ ျဖစ္ပါတယ္။ ႐ိုက္ကူးေရးလုပ္ေနစဥ္ ကာလမွာေတာ့ Spider-Man နဲ႔ တိုက္ခိုက္ရေတာ့မယ္ဆိုၿပီး သူ႔ရဲ႕သမီးကို ႐ိုက္ကြင္းေပၚေတာင္ ေခၚသြားခဲ့ပါေသးတယ္။

(6) Kate Winslet (Divergent)
photo via screenrant

တခါတရံက်ရင္ သ႐ုပ္ေဆာင္ေတြဟာ သူတို႔ရဲ႕ကေလးေတြအျမင္မွာ “မိုက္တယ္” ဆိုၿပီး ျဖစ္သြားဖို႔အတြက္လည္း ႐ုပ္ရွင္ေတြမွာ ပါဝင္ေလ့ရွိပါတယ္။ Kate ကလည္း Titanic ကလြဲရင္ လူငယ္ေတြၾကားမွာ အလြန္ေခတ္စားေနတဲ့ Franchise ေတြမွာ သိပ္မပါဝင္ဖူးပါဘူး။ ေခတ္စားေနတဲ့ ဝတၳဳဇာတ္လမ္းကေန ႐ုပ္ရွင္အျဖစ္ ျပန္လည္ဖန္တီးတာဟာ လူငယ္ေတြၾကားမွာေတာ့ ေခတ္စားပါတယ္။ ဒါ့အျပင္ သူမရဲ႕ကေလးႏွစ္ေယာက္လုံးက ဒီဇာတ္လမ္းကို ႀကိဳက္ႏွစ္သက္တာေၾကာင့္ Kate ဟာ ဒီ Franchise ထဲမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့တာ ျဖစ္ပါတယ္။

(7) Garry Oldman (Harry Potter)
photo via screenrant

Garry Oldman ဟာ Harry Potter Franchise ထဲမွာ မပါဝင္ခင္ကတည္းက နာမည္ႀကီး႐ုပ္ရွင္ေတြမွာ ပါဝင္ခဲ့သူ ျဖစ္ေပမယ့္လည္း သူ႔ရဲ႕ကေလးေတြကေတာ့ အဲ့ဒီ႐ုပ္ရွင္ေတြကို စိတ္မဝင္စားၾကပါဘူး။ ဒါေၾကာင့္ပဲ သူဟာ Kate Winslet လိုပဲ သူ႔ကေလးေတြရဲ႕ အာ႐ုံစိုက္မႈကို ရရွိဖို႔အတြက္ Harry Potter ထဲမွာ Sirius Black ဇာတ္ေကာင္ေနရာမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ပါတယ္။

(8) Cate Blanchett (Thor: Ragnarok)
photo via screenrant

နာမည္ေက်ာ္ မင္းသမီး Cate Blanchett ဟာ MCU လို စူပါဟီး႐ိုး ဇာတ္လမ္းေတြနဲ႔ ရင္းႏွီးသူတစ္ေယာက္ မဟုတ္ပါဘူး။ သူမဟာ Thor: Ragnarok ထဲမွာ Hela အျဖစ္ ပါဝင္ခဲ့တဲ့ အဓိကအေၾကာင္းရင္းကေတာ့ သူမရဲ႕ကေလးေတြက MCU ႐ုပ္ရွင္ေတြရဲ႕ အမာခံပရိသတ္ေတြ ျဖစ္တာေၾကာင့္ပါပဲ။ Cate အတြက္ ဒီဇာတ္ေကာင္ေနရာမွာ ပါဝင္ၿပီး ဒါ႐ိုက္တာ Taika Waititi ၊ Chris Hemsworth တို႔နဲ႔ အလုပ္အတူ တြဲလုပ္ရတာ စိတ္ဝင္စားဖို႔ေကာင္းသလို ဒီဇာတ္ေကာင္ေၾကာင့္ပဲ သူမရဲ႕ကေလးေတြနဲ႔ ပိုၿပီးေတာ့ နီးစပ္မႈေတြ ရွိလာတယ္လို႔ ေျပာျပဖူးပါတယ္။

ဒါကေတာ့ သားသမီးေတြေၾကာင့္ နာမည္ႀကီးဇာတ္ေကာင္တခ်ိဳ႕ကို လက္ခံ႐ိုက္ကူးခဲ့တဲ့ ေဟာလိဝုဒ္သ႐ုပ္ေဆာင္ေတြပဲ ျဖစ္ပါတယ္။ စာဖတ္သူတို႔ စိတ္ထဲေပၚလာတဲ့ အလားတူ အေၾကာင္းအရာမ်ိဳးေတြ ရွိရင္လည္း မွ်ေဝခဲ့ပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မၽွ ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)(Zawgyi Version)

RELATED ARTICLES

Most Popular