HomeEntertainmentFilmအတူတွဲသရုပ်ဆောင်ခဲ့ပေမယ့် ရန်စွယ်နဲ့ငေါငေါ ဖြစ်ခဲ့ရတဲ့ သရုပ်ဆောင်များ

အတူတွဲသရုပ်ဆောင်ခဲ့ပေမယ့် ရန်စွယ်နဲ့ငေါငေါ ဖြစ်ခဲ့ရတဲ့ သရုပ်ဆောင်များ

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ရှုပါ။

နာမည္ႀကီးရုပ္ရွင္ဇာတ္လမ္းေတြကို လူေတြ ႏွစ္ၿခိဳက္ေစတာကေတာ့ ပါ၀င္ထားတဲ့ ဇာတ္ေကာင္ေတြနဲ႔ သူတို႔ရဲ႕သရုပ္ေဆာင္ခ်က္ေတြ၊ ဇာတ္ေကာင္ေတြၾကားက ပတ္သက္ဆက္ႏြယ္မႈေတြေၾကာင့္ပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ ဇာတ္ေကာင္ေတြၾကားက ရင္းႏွီးေႏြးေထြးမႈဟာ ျပင္ပက တကယ့္ဆက္ဆံေရးနဲ႔ေတာ့ အၿမဲတမ္း ထပ္တူမက်ႏိုင္ပါဘူး။ ဇာတ္လမ္းထဲမွာ ခ်စ္ၾကည္ေႏြးေထြးၿပီး ရင္းႏွီးတဲ့ ဇာတ္ေကာင္ေတြဟာ ျပင္ပဘ၀ ရိုက္ကြင္းေပၚမွာေတာ့ တေစာင္းေစးနဲ႔ မ်က္ေခ်းဆိုသလို အဆင္မေျပတာမ်ိဳး ျဖစ္တတ္ပါတယ္။ ရုပ္ရွင္တစ္ကားထဲမွာ တူတူသရုပ္ေဆာင္ရင္း တစ္ေယာက္နဲ႔တစ္ေယာက္ မ်က္ႏွာခ်င္းဆိုင္လို႔မရေအာင္ ျဖစ္သြားၾကသူေတြကေတာ့ …

Claire Danes နဲ႔ Leonardo DiCaprio
Photo: brainberries.co

Romeo နဲ႔ Juliet အျဖစ္ သရုပ္ေဆာင္ခဲ့ၾကတဲ့ သူတို႔ႏွစ္ေယာက္ဟာ အမ်ားအျမင္မွာ ရိုမန္႔တစ္အဆန္ဆုံး ဇာတ္ေကာင္ေတြအျဖစ္ သရုပ္ေဆာင္ခဲ့ၾကေပမယ့္ အျပင္လက္ေတြ႕မွာေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ မတည့္ၾကပါဘူး။ ရိုက္ကြင္းေပၚက ရုပ္ရွင္အဖြဲ႕သားေတြကို လိုက္ၿပီးစ,ေနာက္ေလ့ရိွတဲ့ Leonardo ရဲ႕ အက်င့္ကို Claire က သည္းမခံႏိုင္တာေၾကာင့္ပဲ ျဖစ္ပါတယ္။ Leonardo ကေတာ့ Claire ဟာ ထစ္ခနဲရိွ ကၽြဲၿမီးတိုတတ္တဲ့စိတ္ရိွတယ္လို႔ ဆိုပါတယ္။

Gillian Anderson နဲ႔ David Duchovny
Photo: brainberries.co

နာမည္ေက်ာ္ The X-Files ဇာတ္လမ္းတြဲထဲမွာ တူတူသရုပ္ေဆာင္ခဲ့တဲ့ သူတို႔ႏွစ္ေယာက္ဟာ ဘယ္အခ်ိန္တည္းကစၿပီး ဘယ္လိုအေၾကာင္းေၾကာင့္ ဟန္မေဆာင္ႏိုင္ေလာက္ေအာင္ မုန္းတီးသြားၾကလည္းဆိုတာ ဘယ္သူမွ ေသေသခ်ာခ်ာ မသိၾကပါဘူး။ ၂၀၀၈ခုႏွစ္မွာေတာ့ ရင္းႏွီးကၽြမ္း၀င္မႈဟာ အားလုံးရဲ႕ေရေသာက္ျမစ္ပဲလို႔ David က ေျပာခဲ့ပါတယ္။ သူတို႔ဟာ တစ္ေယာက္နဲ႔တစ္ေယာက္ သညး္မခံႏိုင္ေလာက္ေအာင္ ျဖစ္ခဲ့ၾကေပမယ့္  ၂၀၁၆ခုႏွစ္ FOX က The X-Files ရဲ႕ ေနာက္ဆက္တြဲဇာတ္လမ္း ဆက္ရိုက္မယ္လို႔ ေၾကျငာလိုက္ခ်ိန္မွာေတာ့ ျပန္ၿပီး အဆင္ေျပၾကသြားပုံရတယ္လို႔ မီဒီယာေတြက ဆိုၾကပါတယ္။

Tom Hardy နဲ႔ Shia LaBeouf
Photo: brainberries.co

နာမည္ေက်ာ္ မင္းသားႏွစ္လက္ဟာ Lawless ရုပ္ရွင္ဇာတ္ကားကို ရိုက္ကူးေနရင္း အခ်င္းမ်ားခဲ့ၾကတာပါ။ အေၾကာင္းကေတာ့ Shia LaBeouf က ရိုက္ကြင္းထဲမွာ အရက္ေတြ ခိုးထည့္ထားတာကို ေတြ႕သြားလို႔ပဲ ျဖစ္ပါတယ္။ အဲ့ဒီ့ကိစၥနဲ႔ ႏွစ္ေယာက္သား စကားမ်ားရန္ျဖစ္ၾကၿပီး Shia က Tom Hardy ကို မ်က္ႏွာကို ပိတ္ထိုးလိုက္တာေၾကာင့္ သတိလစ္သြားတဲ့အထိ ျဖစ္ခဲ့ရပါတယ္။

The Rock နဲ႔ Vin Diesel
Photo: brainberries.co

Dwayne Johnson တစ္ျဖစ္လဲ The Rock လို႔ ေက်ာ္ၾကားတဲ့ အက္ရွင္မင္းသားႀကီးဟာ အေကာင္းျမင္စိတ္ရိွသူလို႔ နာမည္ေက်ာ္သူတစ္ေယာက္ပါ။ ဒါေပမယ့္လည္း သူ႔ရဲ႕ပရိသတ္ေတြကပါ အ့ံၾသသြားရတဲ့ ဖြင့္ဟခ်က္တစ္ခုကို ဧၿပီလ ၂၀၁၇ ခုႏွစ္မွာ သူ႔ရဲ႕ IG အေကာင့္မွာ ေရးတင္လိုက္ပါတယ္။ The Fate of the Furious ဇာတ္ကားရိုက္ကူးစဥ္က လုပ္ငန္းပိုင္းဆိုင္ရာမွာ ကိုယ္က်င့္သိကၡာနဲ႔ ပတ္သက္လို႔ The Rock က Vin Diesel ကို ေဒါသတႀကီး ျပစ္တင္ေ၀ဖန္ခဲ့တာ ျဖစ္ပါတယ္။

သူေရးထားခဲ့တာကေတာ့ “တခ်ိဳ႕လူေတြက ပေရာ္ဖက္ရွင္နယ္ဆန္ဆန္ ေယာက္်ားပီပီသသ မားမားမတ္မတ္ ထရပ္ၾကတဲ့အခ်ိန္မွာ တခ်ိဳ႕ကေတာ့ မိွန္းေနၾကတယ္။ အဲ့လိုမရပ္တည္ႏိုင္တဲ့လူေတြကေတာ့ ဘာမွမလုပ္ႏိုင္၊မကိုင္ႏိုင္တဲ့ လူ႔ေပါက္ပန္းေတြပဲ။ သရဲေဘာေၾကာင္ၿပီး အျဖစ္မရိွတဲ့ စက္ဆုပ္စရာလူေတြ…”လို႔ အဓိပၸါယ္ရပါတယ္။

Xei

(ဆံရစ္ဝိုင္းမီဒီယာစာမ်က္ႏွာေပၚတြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔ကိုယ္က်ိဳးအတြက္ ကူးယူသုံးစြဲျခင္း မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

(Unicode Version)

နာမည်ကြီးရုပ်ရှင်ဇာတ်လမ်းတွေကို လူတွေ နှစ်ခြိုက်စေတာကတော့ ပါဝင်ထားတဲ့ ဇာတ်ကောင်တွေနဲ့ သူတို့ရဲ့သရုပ်ဆောင်ချက်တွေ၊ ဇာတ်ကောင်တွေကြားက ပတ်သက်ဆက်နွယ်မှုတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဇာတ်ကောင်တွေကြားက ရင်းနှီးနွေးထွေးမှုဟာ ပြင်ပက တကယ့်ဆက်ဆံရေးနဲ့တော့ အမြဲတမ်း ထပ်တူမကျနိုင်ပါဘူး။ ဇာတ်လမ်းထဲမှာ ချစ်ကြည်နွေးထွေးပြီး ရင်းနှီးတဲ့ ဇာတ်ကောင်တွေဟာ ပြင်ပဘ၀ ရိုက်ကွင်းပေါ်မှာတော့ တစောင်းစေးနဲ့ မျက်ချေးဆိုသလို အဆင်မပြေတာမျိုး ဖြစ်တတ်ပါတယ်။ ရုပ်ရှင်တစ်ကားထဲမှာ တူတူသရုပ်ဆောင်ရင်း တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင်လို့မရအောင် ဖြစ်သွားကြသူတွေကတော့ …

Claire Danes နဲ့ Leonardo DiCaprio
Photo: brainberries.co

Romeo နဲ့ Juliet အဖြစ် သရုပ်ဆောင်ခဲ့ကြတဲ့ သူတို့နှစ်ယောက်ဟာ အများအမြင်မှာ ရိုမန့်တစ်အဆန်ဆုံး ဇာတ်ကောင်တွေအဖြစ် သရုပ်ဆောင်ခဲ့ကြပေမယ့် အပြင်လက်တွေ့မှာတော့ တစ်ယောက်နဲ့တစ်ယောက် မတည့်ကြပါဘူး။ ရိုက်ကွင်းပေါ်က ရုပ်ရှင်အဖွဲ့သားတွေကို လိုက်ပြီးစ,နောက်လေ့ရှိတဲ့ Leonardo ရဲ့ အကျင့်ကို Claire က သည်းမခံနိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။ Leonardo ကတော့ Claire ဟာ ထစ်ခနဲရှိ ကျွဲမြီးတိုတတ်တဲ့စိတ်ရှိတယ်လို့ ဆိုပါတယ်။

Gillian Anderson နဲ့ David Duchovny
Photo: brainberries.co

နာမည်ကျော် The X-Files ဇာတ်လမ်းတွဲထဲမှာ တူတူသရုပ်ဆောင်ခဲ့တဲ့ သူတို့နှစ်ယောက်ဟာ ဘယ်အချိန်တည်းကစပြီး ဘယ်လိုအကြောင်းကြောင့် ဟန်မဆောင်နိုင်လောက်အောင် မုန်းတီးသွားကြလည်းဆိုတာ ဘယ်သူမှ သေသေချာချာ မသိကြပါဘူး။ ၂၀၀၈ခုနှစ်မှာတော့ ရင်းနှီးကျွမ်းဝင်မှုဟာ အားလုံးရဲ့ရေသောက်မြစ်ပဲလို့ David က ပြောခဲ့ပါတယ်။ သူတို့ဟာ တစ်ယောက်နဲ့တစ်ယောက် သည်းမခံနိုင်လောက်အောင် ဖြစ်ခဲ့ကြပေမယ့်  ၂၀၁၆ခုနှစ် FOX က The X-Files ရဲ့ နောက်ဆက်တွဲဇာတ်လမ်း ဆက်ရိုက်မယ်လို့ ကြေငြာလိုက်ချိန်မှာတော့ ပြန်ပြီး အဆင်ပြေကြသွားပုံရတယ်လို့ မီဒီယာတွေက ဆိုကြပါတယ်။

Tom Hardy နဲ့ Shia LaBeouf
Photo: brainberries.co

နာမည်ကျော် မင်းသားနှစ်လက်ဟာ Lawless ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးနေရင်း အချင်းများခဲ့ကြတာပါ။ အကြောင်းကတော့ Shia LaBeouf က ရိုက်ကွင်းထဲမှာ အရက်တွေ ခိုးထည့်ထားတာကို တွေ့သွားလို့ပဲ ဖြစ်ပါတယ်။ အဲ့ဒီ့ကိစ္စနဲ့ နှစ်ယောက်သား စကားများရန်ဖြစ်ကြပြီး Shia က Tom Hardy ကို မျက်နှာကို ပိတ်ထိုးလိုက်တာကြောင့် သတိလစ်သွားတဲ့အထိ ဖြစ်ခဲ့ရပါတယ်။

The Rock နဲ့ Vin Diesel
Photo: brainberries.co

Dwayne Johnson တစ်ဖြစ်လဲ The Rock လို့ ကျော်ကြားတဲ့ အက်ရှင်မင်းသားကြီးဟာ အကောင်းမြင်စိတ်ရှိသူလို့ နာမည်ကျော်သူတစ်ယောက်ပါ။ ဒါပေမယ့်လည်း သူ့ရဲ့ပရိသတ်တွေကပါ အံ့သြသွားရတဲ့ ဖွင့်ဟချက်တစ်ခုကို ဧပြီလ ၂၀၁၇ ခုနှစ်မှာ သူ့ရဲ့ IG အကောင့်မှာ ရေးတင်လိုက်ပါတယ်။ The Fate of the Furious ဇာတ်ကားရိုက်ကူးစဉ်က လုပ်ငန်းပိုင်းဆိုင်ရာမှာ ကိုယ်ကျင့်သိက္ခာနဲ့ ပတ်သက်လို့ The Rock က Vin Diesel ကို ဒေါသတကြီး ပြစ်တင်ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

သူရေးထားခဲ့တာကတော့ “တချို့လူတွေက ပရော်ဖက်ရှင်နယ်ဆန်ဆန် ယောက်ျားပီပီသသ မားမားမတ်မတ် ထရပ်ကြတဲ့အချိန်မှာ တချို့ကတော့ မှိန်းနေကြတယ်။ အဲ့လိုမရပ်တည်နိုင်တဲ့လူတွေကတော့ ဘာမှမလုပ်နိုင်၊မကိုင်နိုင်တဲ့ လူ့ပေါက်ပန်းတွေပဲ။ သရဲဘောကြောင်ပြီး အဖြစ်မရှိတဲ့ စက်ဆုပ်စရာလူတွေ…”လို့ အဓိပ္ပါယ်ရပါတယ်။

Xei

(ဆံရစ်ဝိုင်းမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကိုယ်ကျိုးအတွက် ကူးယူသုံးစွဲခြင်း မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular