HomeEntertainmentFilmHulk ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ဖို့အတွက် လျာထား၊ ကမ်းလှမ်းခံခဲ့ရသူများ

Hulk ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ဖို့အတွက် လျာထား၊ ကမ်းလှမ်းခံခဲ့ရသူများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

အခုချိန်မှာ စူပါဟီးရိုးရုပ်ရှင်တွေဟာ အလွန် နာမည်ကြီး၊ အောင်မြင်လာပြီး MCU ကလည်း စူပါဟီးရိုးရုပ်ရှင်တွေရဲ့ အဓိကကျတဲ့နေရာမှာ ပါဝင်လာပါတယ်။ ဒီလိုအောင်မြင်လာတာနဲ့အမျှ စူပါဟီးရိုးဇာတ်ကောင်တွေ နေရာမှာ သရုပ်ဆောင်ခဲ့သူတွေကလည်း ပိုပြီးတော့ ကျယ်ပြန့်တဲ့ အောင်မြင်မှုတွေ ရရှိလာကြပါတယ်။ ဒါပေမယ့်လည်း တစ်ခြားသော ရုပ်ရှင်တွေလိုပဲ နာမည်ကြီး စူပါဟီးရိုးဇာတ်ကောင်တွေနေရာမှာ သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံခဲ့ရပေမယ့်လည်း သရုပ်မဆောင်ဘဲ ငြင်းပယ်ခဲ့သူတွေလည်း ရှိပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ Hulk နေရာမှာ သရုပ်ဆောင်ဖို့အတွက် ကမ်းလှမ်းခံခဲ့ရသူတွေနဲ့ လျာထားခံခဲ့ရသူတွေကို ဖော်ပြပေးချင်ပါတယ်။

Eric Bana
photo via screenrant

ထုတ်လုပ်သူတွေဟာ The Incredible Hulk ကို ရိုက်ကူးဖို့ စီစဉ်နေတဲ့ အချိန်တုန်းက လုံးဝ အသစ်က ပြန်ရိုက်ရမလား၊ ဒါမှမဟုတ် ၂၀၀၃ခုနှစ်က ထွက်ရှိခဲ့တဲ့ Hulk ရုပ်ရှင်မှာ သရုပ်ဆောင်ထားတဲ့ Eric Bana နဲ့ပဲ ဆက်ပြီး ရိုက်သွားမလား ဆိုတာကို မသေချာခဲ့ပါဘူး။ အဲ့ဒါကြောင့် Eric Bana ကို Hulk နေရာမှာ ထပ်မံသရုပ်ဆောင်ဖို့အတွက် ကမ်းလှမ်းခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း Eric Bana ဟာ စတူဒီယိုနဲ့ ရုပ်ရှင်ကားတွေ အများကြီး စာချုပ်မချုပ်ချင်တာကြောင့် ငြင်းပယ်ခဲ့ပါတယ်။

Liev Schreiber
photo via screenrant

The Incredible Hulk ထဲမှာ Edward Norton ကို မရွေးချယ်ခင်တုန်းက Marvel ဟာ Liev Schreiber ကိုလည်း Hulk နေရာမှာ သရုပ်ဆောင်ခိုင်းဖို့ စဉ်းစားခဲ့ပါတယ်။ အကယ်၍သာ Liev သာ သရုပ်ဆောင်ဖို့အတွက် သဘောတူခဲ့မယ်ဆိုရင် သူ့ရဲ့နာမည်ကြီး Ray Donovan ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်ဖြစ်မှာ မဟုတ်တော့ပါဘူး။

David Duchovny
photo via screenrant

David Duchovny ဟာလည်း The Incredible Hulk ထဲမှာ Edward Norton မတိုင်ခင် သရုပ်ဆောင်ဖို့အတွက် စဉ်းစားခဲ့သူစာရင်းထဲမှာ ပါဝင်ပါတယ်။ သူကတော့ The X-Files တို့လို နာမည်ကြီးဇာတ်လမ်းတွဲတွေထဲမှာ သရုပ်ဆောင်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ Marvel ဟာ သူ့ကို Hulk ဇာတ်ကောင်အတွက် စဉ်းစားရုံပဲ စဉ်းစားခဲ့တာဖြစ်ပြီး သရုပ်ဆောင်ဖို့အတွက်တော့ မကမ်းလှမ်းခဲ့ပါဘူး။

Dominic Purcell
photo via screenrant

Dominic ကတော့ Blade: Trinity ထဲမှာ Marvel ရဲ့ ဒရာကူလာ ဗားရှင်းနေရာမှာ သရုပ်ဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။ သူဟာလည်း Bruce Banner နေရာမှာ သရုပ်ဆောင်ဖို့အတွက် စဉ်းစားခံခဲ့ရပါတယ်။ သို့ပေမယ့် Hulk နေရာမှာ တကယ်ကြီး သရုပ်ဆောင်ခွင့် မရခဲ့ပေမယ့်လည်း CW ရဲ့ နာမည်ကြီး ဇာတ်လမ်းတွဲတွေဖြစ်တဲ့ DC’s Legends of Tomorrow နဲ့ Flash တို့ထဲမှာ ပါဝင်ခွင့်ရခဲ့ပါတယ်။

Joaquin Phoenix
photo via screenrant

Joaquin ဟာလည်း Bruce Banner နေရာမှာ သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံခဲ့ရသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူဟာ Hulk ဇာတ်ကောင်တစ်ခုတည်းအတွက် နောက်ထပ်ဇာတ်ကားတွေကိုပါ စာချူပ်ချုပ်ရမှာ မကြိုက်တာကြောင့် ငြင်းပယ်ခဲ့ပါတယ်။ ဒါ့အပြင် နောက်ပိုင်းမှာလည်း Marvel ဟာ Doctor Strange နေရာမှာ သရုပ်ဆောင်ဖို့ ကမ်းလှမ်းခဲ့ပါသေးတယ်။ အဲ့ဒီ့တုန်းကလည်း တူညီတဲ့ အကြောင်းပြချက်နဲ့ပဲ ငြင်းပယ်ခဲ့ပါတယ်။ ဒီလိုတွေ ငြင်းပယ်ခဲ့ပေမယ့်လည်း Joker နေရာမှာ သရုပ်ဆောင်ဖို့ သဘောတူခဲ့တဲ့ အကြောင်းရင်းကတော့ အဲ့ဒီရုပ်ရှင်တစ်ကားတည်းပဲ ဖြစ်ပြီး နောက်ထပ် ဇာတ်လမ်းအဆက်တွေအတွက် စာချူပ်ချူပ်စရာ မလိုတာကြောင့်ပဲ ဖြစ်ပါတယ်။

ဒါကတော့ Bruce Banner တစ်ဖြစ်လည်း Hulk ဇာတ်ကောင်အတွက် သရုပ်ဆောင် ရွေးချယ်ရာမှာ လျာထားခံခဲ့ရသူတွေနဲ့ ကမ်းလှမ်းခံခဲ့ရသူတွေ ဖြစ်ပါတယ်။ ဘယ်တစ်ယောက်က Hulk ဇာတ်ကောင်နဲ့ လိုက်ဖက်မလည်းဆိုတဲ့ စာဖတ်သူတို့ရဲ့ ထင်မြင်ချက်တွေကိုလည်း ပြောပြခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

အခုခ်ိန္မွာ စူပါဟီး႐ိုး႐ုပ္ရွင္ေတြဟာ အလြန္ နာမည္ႀကီး၊ ေအာင္ျမင္လာၿပီး MCU ကလည္း စူပါဟီး႐ိုး႐ုပ္ရွင္ေတြရဲ႕ အဓိကက်တဲ့ေနရာမွာ ပါဝင္လာပါတယ္။ ဒီလိုေအာင္ျမင္လာတာနဲ႔အမွ် စူပါဟီး႐ိုးဇာတ္ေကာင္ေတြ ေနရာမွာ သ႐ုပ္ေဆာင္ခဲ့သူေတြကလည္း ပိုၿပီးေတာ့ က်ယ္ျပန႔္တဲ့ ေအာင္ျမင္မႈေတြ ရရွိလာၾကပါတယ္။ ဒါေပမယ့္လည္း တစ္ျခားေသာ ႐ုပ္ရွင္ေတြလိုပဲ နာမည္ႀကီး စူပါဟီး႐ိုးဇာတ္ေကာင္ေတြေနရာမွာ သ႐ုပ္ေဆာင္ဖို႔ ကမ္းလွမ္းခံခဲ့ရေပမယ့္လည္း သ႐ုပ္မေဆာင္ဘဲ ျငင္းပယ္ခဲ့သူေတြလည္း ရွိပါတယ္။ ဒါေၾကာင့္ ဒီတစ္ခါမွာေတာ့ Hulk ေနရာမွာ သ႐ုပ္ေဆာင္ဖို႔အတြက္ ကမ္းလွမ္းခံခဲ့ရသူေတြနဲ႔ လ်ာထားခံခဲ့ရသူေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

Eric Bana
photo via screenrant

ထုတ္လုပ္သူေတြဟာ The Incredible Hulk ကို ႐ိုက္ကူးဖို႔ စီစဥ္ေနတဲ့ အခ်ိန္တုန္းက လုံးဝ အသစ္က ျပန္႐ိုက္ရမလား၊ ဒါမွမဟုတ္ ၂၀၀၃ခုႏွစ္က ထြက္ရွိခဲ့တဲ့ Hulk ႐ုပ္ရွင္မွာ သ႐ုပ္ေဆာင္ထားတဲ့ Eric Bana နဲ႔ပဲ ဆက္ၿပီး ႐ိုက္သြားမလား ဆိုတာကို မေသခ်ာခဲ့ပါဘူး။ အဲ့ဒါေၾကာင့္ Eric Bana ကို Hulk ေနရာမွာ ထပ္မံသ႐ုပ္ေဆာင္ဖို႔အတြက္ ကမ္းလွမ္းခဲ့ပါေသးတယ္။ ဒါေပမယ့္လည္း Eric Bana ဟာ စတူဒီယိုနဲ႔ ႐ုပ္ရွင္ကားေတြ အမ်ားႀကီး စာခ်ဳပ္မခ်ဳပ္ခ်င္တာေၾကာင့္ ျငင္းပယ္ခဲ့ပါတယ္။

Liev Schreiber
photo via screenrant

The Incredible Hulk ထဲမွာ Edward Norton ကို မေ႐ြးခ်ယ္ခင္တုန္းက Marvel ဟာ Liev Schreiber ကိုလည္း Hulk ေနရာမွာ သ႐ုပ္ေဆာင္ခိုင္းဖို႔ စဥ္းစားခဲ့ပါတယ္။ အကယ္၍သာ Liev သာ သ႐ုပ္ေဆာင္ဖို႔အတြက္ သေဘာတူခဲ့မယ္ဆိုရင္ သူ႔ရဲ႕နာမည္ႀကီး Ray Donovan ဇာတ္လမ္းတြဲမွာ သ႐ုပ္ေဆာင္ျဖစ္မွာ မဟုတ္ေတာ့ပါဘူး။

David Duchovny
photo via screenrant

David Duchovny ဟာလည္း The Incredible Hulk ထဲမွာ Edward Norton မတိုင္ခင္ သ႐ုပ္ေဆာင္ဖို႔အတြက္ စဥ္းစားခဲ့သူစာရင္းထဲမွာ ပါဝင္ပါတယ္။ သူကေတာ့ The X-Files တို႔လို နာမည္ႀကီးဇာတ္လမ္းတြဲေတြထဲမွာ သ႐ုပ္ေဆာင္ခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ Marvel ဟာ သူ႔ကို Hulk ဇာတ္ေကာင္အတြက္ စဥ္းစား႐ုံပဲ စဥ္းစားခဲ့တာျဖစ္ၿပီး သ႐ုပ္ေဆာင္ဖို႔အတြက္ေတာ့ မကမ္းလွမ္းခဲ့ပါဘူး။

Dominic Purcell
photo via screenrant

Dominic ကေတာ့ Blade: Trinity ထဲမွာ Marvel ရဲ႕ ဒရာကူလာ ဗားရွင္းေနရာမွာ သ႐ုပ္ေဆာင္ခဲ့ဖူးသူ ျဖစ္ပါတယ္။ သူဟာလည္း Bruce Banner ေနရာမွာ သ႐ုပ္ေဆာင္ဖို႔အတြက္ စဥ္းစားခံခဲ့ရပါတယ္။ သို႔ေပမယ့္ Hulk ေနရာမွာ တကယ္ႀကီး သ႐ုပ္ေဆာင္ခြင့္ မရခဲ့ေပမယ့္လည္း CW ရဲ႕ နာမည္ႀကီး ဇာတ္လမ္းတြဲေတြျဖစ္တဲ့ DC’s Legends of Tomorrow နဲ႔ Flash တို႔ထဲမွာ ပါဝင္ခြင့္ရခဲ့ပါတယ္။

Joaquin Phoenix
photo via screenrant

Joaquin ဟာလည္း Bruce Banner ေနရာမွာ သ႐ုပ္ေဆာင္ဖို႔ ကမ္းလွမ္းခံခဲ့ရသူ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း သူဟာ Hulk ဇာတ္ေကာင္တစ္ခုတည္းအတြက္ ေနာက္ထပ္ဇာတ္ကားေတြကိုပါ စာခ်ဴပ္ခ်ဳပ္ရမွာ မႀကိဳက္တာေၾကာင့္ ျငင္းပယ္ခဲ့ပါတယ္။ ဒါ့အျပင္ ေနာက္ပိုင္းမွာလည္း Marvel ဟာ Doctor Strange ေနရာမွာ သ႐ုပ္ေဆာင္ဖို႔ ကမ္းလွမ္းခဲ့ပါေသးတယ္။ အဲ့ဒီ့တုန္းကလည္း တူညီတဲ့ အေၾကာင္းျပခ်က္နဲ႔ပဲ ျငင္းပယ္ခဲ့ပါတယ္။ ဒီလိုေတြ ျငင္းပယ္ခဲ့ေပမယ့္လည္း Joker ေနရာမွာ သ႐ုပ္ေဆာင္ဖို႔ သေဘာတူခဲ့တဲ့ အေၾကာင္းရင္းကေတာ့ အဲ့ဒီ႐ုပ္ရွင္တစ္ကားတည္းပဲ ျဖစ္ၿပီး ေနာက္ထပ္ ဇာတ္လမ္းအဆက္ေတြအတြက္ စာခ်ဴပ္ခ်ဴပ္စရာ မလိုတာေၾကာင့္ပဲ ျဖစ္ပါတယ္။

ဒါကေတာ့ Bruce Banner တစ္ျဖစ္လည္း Hulk ဇာတ္ေကာင္အတြက္ သ႐ုပ္ေဆာင္ ေ႐ြးခ်ယ္ရာမွာ လ်ာထားခံခဲ့ရသူေတြနဲ႔ ကမ္းလွမ္းခံခဲ့ရသူေတြ ျဖစ္ပါတယ္။ ဘယ္တစ္ေယာက္က Hulk ဇာတ္ေကာင္နဲ႔ လိုက္ဖက္မလည္းဆိုတဲ့ စာဖတ္သူတို႔ရဲ႕ ထင္ျမင္ခ်က္ေတြကိုလည္း ေျပာျပခဲ့ပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular