HomeCelebs Update NewsInternationalJohn Travolta ရဲ့ဇနီးသည် မင်းသမီးကြီး Kelly Preston အသက်(၅၇)မှာကွယ်လွန်

John Travolta ရဲ့ဇနီးသည် မင်းသမီးကြီး Kelly Preston အသက်(၅၇)မှာကွယ်လွန်

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော်မင်းသားကြီး John Travolta ရဲ့ဇနီးသည် သရုပ်ဆောင် မင်းသမီးကြီး Kelly Preston ဟာ အသက်(၅၇)နှစ်အရွယ်မှာ ရင်သားကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။

မင်းသမီးကြီးဟာ ပြီးခဲ့တဲ့ ဇူလိုင်လ(၁၂)ရက်နေ့က ကွယ်လွန်သွားခဲ့တာဖြစ်ပြီး ရင်သားကင်ဆာရောဂါကို တိုးတိုးတိတ်တိတ် ကြိတ်ပြီး ကုသ၊ ရင်ဆိုင်နေခဲ့တာ နှစ်နှစ်ခန့် ရှိခဲ့ပြီလည်း ဖြစ်ပါတယ်။ မင်းသမီးကြီး ကွယ်လွန်သွားတဲ့သတင်းကိုတော့ ပြောရေးဆိုခွင့်ရ ကိုယ်စားလှယ်က People မဂ္ဂဇင်းကို အတည်ပြု ပြောကြားထားပါတယ်။

Photo: therealkellypreston/ Instagram

“သူမဟာ သူမရဲ့ရောဂါအခြေအနေကို သိုသိုသိပ်သိပ်လေးပဲ ထားပြီး ဆေးကုသမှု ခံယူခဲ့သူပါ။ သူမနဲ့အနီးစပ်ဆုံး မိသားစုနဲ့ မိတ်ဆွေတွေအားလုံးကလည်း သူမကို ဝိုင်းဝန်းအားပေးခဲ့ကြပါတယ်။ သူမဟာ လှပပြီး ထွန်းလင်းတဲ့ စိတ်ဝိဉာဉ်ကို ပိုင်ဆိုင်သူပီပီ သူများတကာတွေအတွက် အလေးအနက်ထား စဉ်းစား၊ ဂရုစိုက်ပေးတတ်သူဖြစ်ပြီး သူ့လက်နဲ့ ထိသမျှအရာတိုင်းကို သက်ဝင်လှပလာအောင် ဖန်တီးနိုင်စွမ်းရှိသူလည်း ဖြစ်ပါတယ်။ သူမရဲ့မိသားစုကတော့ အခုလိုအချိန်မှာ privacy လိုအပ်နေတာကြောင့် အားလုံးကို နားလည်ပေးဖို့လည်း တောင်းဆိုထားပါတယ်…” လို့ အဆိုပါ ကိုယ်စားလှယ်က ပြောကြားထားပါတယ်။

ဒီဖြစ်ရပ်အပေါ် မင်းသားကြီး John Travolta ကတော့ လွန်စွာကြေကွဲဝမ်းနည်းနေပါတယ်။ မင်းသမီးကြီးရဲ့ ကွယ်လွန်သွားတဲ့သတင်းနဲ့ ကြေကွဲမှုကို ဖော်ပြဖို့ John Travolta ဟာ သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ ဝမ်းနည်းမှတ်တမ်း ပို့စ်တစ်ခု တင်ထားပါသေးတယ်။

Photo: johntravolata/ Instagram

“ကျွန်တော့်ရဲ့ဇနီးချော Kelly ဟာ သူ့ရဲ့နှစ်နှစ်ကြာ ရင်သားကင်ဆာတိုက်ပွဲမှာ ရှုံးနိမ့်သွားခဲ့ပြီဆိုတဲ့အကြောင်းကို ကြေကွဲဝမ်းနည်းစွာနဲ့ပဲ အသိပေးလိုက်ရပါတယ်ဗျာ။ ချစ်ခင်သူတွေရဲ့ အားပေးမှုနဲ့ ချစ်ခြင်းမေတ္တာတွေကြောင့် သူမဟာ ဒီရောဂါဆိုးကြီးကို သတ္တိရှိရှိ၊ ရဲရဲဝံ့ဝံ့ပဲ ရင်ဆိုင်တိုက်ခိုက်သွားပါတယ် …

Kelly ရဲ့ အချစ်နဲ့ဘဝကို ကျွန်တော်အမြဲတမ်း အမှတ်ရနေမှာပါ။ မိခင်ဆုံးရှုံးသွားတဲ့ ကျွန်တော့်ရဲ့ကလေးတွေအတွက် အချိန်ပေးဖြစ်မှာမို့ ဒီအတောအတွင်း ကျွန်တော့်ဆီက ဘာသတင်းမှ မကြားရရင်လည်း ခွင့်လွှတ်ပေးကြပါ။ ဒါပေမယ့် ခင်ဗျားတို့ရဲ့ ချစ်ခြင်းမေတ္တာနဲ့ တောင်းဆုပြုနေတဲ့ ဆန္ဒမွန်တွေကို ကျွန်တော်တို့အားလုံး ဒဏ်ရာတွေကို ကုစားနေရင်း ခံစားရရှိတယ်ဆိုတာကိုတော့ သိပေးကြပါ…” လို့ John Travolta က သူ့ရဲ့အင်စတာဂရမ်မှာ မိန်းမဖြစ်သူ Kelly ရဲ့ဓာတ်ပုံလေးကို တင်ရင်း ရေးသားထားတာ ဖြစ်ပါတယ်။

Photo: therealkellypreston/ Instagram

Kelly နဲ့ John တို့ဟာ ၁၉၈၇ခုနှစ်က ထွက်ရှိခဲ့တဲ့ The Experts ရုပ်ရှင်ကို ရိုက်ကူးရင်း ဆုံဆည်းခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ၁၉၉၁ခုနှစ်တည်းက လက်ထပ်ခဲ့ကြတာဖြစ်လို့ အိမ်ထောင်သက် (၂၉)နှစ်ရှိခဲ့ပြီ ဖြစ်ပါတယ်။ မင်းသားကြီးနဲ့ မင်းသမီးကြီးတို့မှာ ကလေးသုံးယောက် ထွန်းကားထားပါတယ်။ Ella ဆိုတဲ့ အသက်(၂၀)နှစ်အရွယ် သမီးတစ်ယောက်၊ Benjamin ဆိုတဲ့ (၉)နှစ်အရွယ် သားလေးတစ်ယောက်နဲ့ Jett ဆိုတဲ့ သားတစ်ယောက်ကို မွေးဖွားထားကြတာပါ။ သို့ပေမယ့် စိတ်မကောင်းစရာနဲ့ပဲ Jett ဟာ အသက်(၁၆)နှစ်အရွယ်မှာ အတက်ရောဂါနဲ့ ရေချိုးခန်းထဲမှာ လဲကျရာကနေ bathtub နဲ့ ခေါင်းနဲ့ဆောင့်မိပြီး ကွယ်လွန်သွားခဲ့ပြီး ဖြစ်ပါတယ်။

မင်းသမီးကြီး Kelly Preston ဟာ ဇာတ်လမ်းတွဲများစွာနဲ့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးထားခဲ့သူ ဖြစ်ပါတယ်။ သူမရဲ့ထင်ရှားတဲ့ ရုပ်ရှင်ဇာတ်ကားတွေထဲက အချို့ကတော့ Mischief ၊ Twins နဲ့ Jerry Magurie တို့ ဖြစ်ပါတယ်။

LaNina

Source: hollywoodlife

(Zawgyi Version)

နာမည္ေက်ာ္မင္းသားႀကီး John Travolta ရဲ႕ဇနီးသည္ သ႐ုပ္ေဆာင္ မင္းသမီးႀကီး Kelly Preston ဟာ အသက္(၅၇)ႏွစ္အ႐ြယ္မွာ ရင္သားကင္ဆာေရာဂါနဲ႔ ကြယ္လြန္သြားခဲ့ၿပီ ျဖစ္ပါတယ္။

မင္းသမီးႀကီးဟာ ၿပီးခဲ့တဲ့ ဇူလိုင္လ(၁၂)ရက္ေန႔က ကြယ္လြန္သြားခဲ့တာျဖစ္ၿပီး ရင္သားကင္ဆာေရာဂါကို တိုးတိုးတိတ္တိတ္ ႀကိတ္ၿပီး ကုသ၊ ရင္ဆိုင္ေနခဲ့တာ ႏွစ္ႏွစ္ခန႔္ ရွိခဲ့ၿပီလည္း ျဖစ္ပါတယ္။ မင္းသမီးႀကီး ကြယ္လြန္သြားတဲ့သတင္းကိုေတာ့ ေျပာေရးဆိုခြင့္ရ ကိုယ္စားလွယ္က People မဂၢဇင္းကို အတည္ျပဳ ေျပာၾကားထားပါတယ္။

Photo: therealkellypreston/ Instagram

“သူမဟာ သူမရဲ႕ေရာဂါအေျခအေနကို သိုသိုသိပ္သိပ္ေလးပဲ ထားၿပီး ေဆးကုသမႈ ခံယူခဲ့သူပါ။ သူမနဲ႔အနီးစပ္ဆုံး မိသားစုနဲ႔ မိတ္ေဆြေတြအားလုံးကလည္း သူမကို ဝိုင္းဝန္းအားေပးခဲ့ၾကပါတယ္။ သူမဟာ လွပၿပီး ထြန္းလင္းတဲ့ စိတ္ဝိဉာဥ္ကို ပိုင္ဆိုင္သူပီပီ သူမ်ားတကာေတြအတြက္ အေလးအနက္ထား စဥ္းစား၊ ဂ႐ုစိုက္ေပးတတ္သူျဖစ္ၿပီး သူ႔လက္နဲ႔ ထိသမွ်အရာတိုင္းကို သက္ဝင္လွပလာေအာင္ ဖန္တီးႏိုင္စြမ္းရွိသူလည္း ျဖစ္ပါတယ္။ သူမရဲ႕မိသားစုကေတာ့ အခုလိုအခ်ိန္မွာ privacy လိုအပ္ေနတာေၾကာင့္ အားလုံးကို နားလည္ေပးဖို႔လည္း ေတာင္းဆိုထားပါတယ္…” လို႔ အဆိုပါ ကိုယ္စားလွယ္က ေျပာၾကားထားပါတယ္။

ဒီျဖစ္ရပ္အေပၚ မင္းသားႀကီး John Travolta ကေတာ့ လြန္စြာေၾကကြဲဝမ္းနည္းေနပါတယ္။ မင္းသမီးႀကီးရဲ႕ ကြယ္လြန္သြားတဲ့သတင္းနဲ႔ ေၾကကြဲမႈကို ေဖာ္ျပဖို႔ John Travolta ဟာ သူ႔ရဲ႕အင္စတာဂရမ္အေကာင့္မွာ ဝမ္းနည္းမွတ္တမ္း ပို႔စ္တစ္ခု တင္ထားပါေသးတယ္။

Photo: johntravolata/ Instagram

“ကြၽန္ေတာ့္ရဲ႕ဇနီးေခ်ာ Kelly ဟာ သူ႔ရဲ႕ႏွစ္ႏွစ္ၾကာ ရင္သားကင္ဆာတိုက္ပြဲမွာ ရႈံးနိမ့္သြားခဲ့ၿပီဆိုတဲ့အေၾကာင္းကို ေၾကကြဲဝမ္းနည္းစြာနဲ႔ပဲ အသိေပးလိုက္ရပါတယ္ဗ်ာ။ ခ်စ္ခင္သူေတြရဲ႕ အားေပးမႈနဲ႔ ခ်စ္ျခင္းေမတၱာေတြေၾကာင့္ သူမဟာ ဒီေရာဂါဆိုးႀကီးကို သတၱိရွိရွိ၊ ရဲရဲဝံ့ဝံ့ပဲ ရင္ဆိုင္တိုက္ခိုက္သြားပါတယ္ …

Kelly ရဲ႕ အခ်စ္နဲ႔ဘဝကို ကြၽန္ေတာ္အၿမဲတမ္း အမွတ္ရေနမွာပါ။ မိခင္ဆုံးရႈံးသြားတဲ့ ကြၽန္ေတာ့္ရဲ႕ကေလးေတြအတြက္ အခ်ိန္ေပးျဖစ္မွာမို႔ ဒီအေတာအတြင္း ကြၽန္ေတာ့္ဆီက ဘာသတင္းမွ မၾကားရရင္လည္း ခြင့္လႊတ္ေပးၾကပါ။ ဒါေပမယ့္ ခင္ဗ်ားတို႔ရဲ႕ ခ်စ္ျခင္းေမတၱာနဲ႔ ေတာင္းဆုျပဳေနတဲ့ ဆႏၵမြန္ေတြကို ကြၽန္ေတာ္တို႔အားလုံး ဒဏ္ရာေတြကို ကုစားေနရင္း ခံစားရရွိတယ္ဆိုတာကိုေတာ့ သိေပးၾကပါ…” လို႔ John Travolta က သူ႔ရဲ႕အင္စတာဂရမ္မွာ မိန္းမျဖစ္သူ Kelly ရဲ႕ဓာတ္ပုံေလးကို တင္ရင္း ေရးသားထားတာ ျဖစ္ပါတယ္။

Photo: therealkellypreston/ Instagram

Kelly နဲ႔ John တို႔ဟာ ၁၉၈၇ခုႏွစ္က ထြက္ရွိခဲ့တဲ့ The Experts ႐ုပ္ရွင္ကို ႐ိုက္ကူးရင္း ဆုံဆည္းခဲ့ၾကတာ ျဖစ္ပါတယ္။ သူတို႔ႏွစ္ဦးဟာ ၁၉၉၁ခုႏွစ္တည္းက လက္ထပ္ခဲ့ၾကတာျဖစ္လို႔ အိမ္ေထာင္သက္ (၂၉)ႏွစ္ရွိခဲ့ၿပီ ျဖစ္ပါတယ္။ မင္းသားႀကီးနဲ႔ မင္းသမီးႀကီးတို႔မွာ ကေလးသုံးေယာက္ ထြန္းကားထားပါတယ္။ Ella ဆိုတဲ့ အသက္(၂၀)ႏွစ္အ႐ြယ္ သမီးတစ္ေယာက္၊ Benjamin ဆိုတဲ့ (၉)ႏွစ္အ႐ြယ္ သားေလးတစ္ေယာက္နဲ႔ Jett ဆိုတဲ့ သားတစ္ေယာက္ကို ေမြးဖြားထားၾကတာပါ။ သို႔ေပမယ့္ စိတ္မေကာင္းစရာနဲ႔ပဲ Jett ဟာ အသက္(၁၆)ႏွစ္အ႐ြယ္မွာ အတက္ေရာဂါနဲ႔ ေရခ်ိဳးခန္းထဲမွာ လဲက်ရာကေန bathtub နဲ႔ ေခါင္းနဲ႔ေဆာင့္မိၿပီး ကြယ္လြန္သြားခဲ့ၿပီး ျဖစ္ပါတယ္။

မင္းသမီးႀကီး Kelly Preston ဟာ ဇာတ္လမ္းတြဲမ်ားစြာနဲ႔ ႐ုပ္ရွင္ဇာတ္ကားေပါင္းမ်ားစြာကို ႐ိုက္ကူးထားခဲ့သူ ျဖစ္ပါတယ္။ သူမရဲ႕ထင္ရွားတဲ့ ႐ုပ္ရွင္ဇာတ္ကားေတြထဲက အခ်ိဳ႕ကေတာ့ Mischief ၊ Twins နဲ႔ Jerry Magurie တို႔ ျဖစ္ပါတယ္။

LaNina

Source: hollywoodlife

 

 

RELATED ARTICLES

Most Popular