HomeCelebs Update NewsInternationalအိမ်ထောင်ရေး ဖောက်ပြန်တယ်လို့ စွပ်စွဲခံလိုက်ရတဲ့ အဆိုတော် Adam Levine

အိမ်ထောင်ရေး ဖောက်ပြန်တယ်လို့ စွပ်စွဲခံလိုက်ရတဲ့ အဆိုတော် Adam Levine

နာမည်ကျော် Maroon 5 အဖွဲ့ရဲ့ frontman လည်းဖြစ်၊ vocalist လည်း ဖြစ်တဲ့ Adam Levine ဟာ အင်စတာဂရမ် မော်ဒယ်လ်တစ်ယောက်နဲ့ ဖောက်ပြန်ခဲ့တယ်လို့ စွပ်စွဲခံလိုက်ရပါတယ်။

ဖြစ်ပုံကတော့ ပြီးခဲ့တဲ့ တနင်္လာနေ့ကပဲ အင်စတာဂရမ် မော်ဒယ်လ် Sumner Stroh ဟာ သူမနဲ့ Adam Levine တို့ဟာ တစ်နှစ်ကြာ relationship တစ်ခု ရှိခဲ့တယ်လို့ TikTok မှာ ဗွီဒီယိုတင်ပြီး ပြောလာတာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ဖောက်ပြန်မှုကတော့ ဘယ်အချိန်၊ ဘယ်နေရာမှာ ဖြစ်ပျက်ခဲ့တယ်လို့ မပြောထားပေမယ့် Adam ဘက်က သူမဆီ ပို့လာတဲ့ မက်ဆေ့ချ် screenshot တွေကိုတော့ အဆိုပါဗွီဒီယိုထဲမှာ ပြသထားပါတယ်။

Photo: behatiprinsloo/ Instagram

ဒီကိစ္စနဲ့ ပတ်သက်ပြီး နှစ်ပေါင်းများစွာ တည်ဆောက်လာတဲ့ Adam ရဲ့ အိမ်ထောင်ရေးမှာတော့ သေချာပေါက် ထိခိုက်မှုတွေ ဖြစ်လာပါတယ်။ Adam ဟာ နာမည်ကျော် Victoria’s Secret မော်ဒယ်လ် Behati Prinsloo နဲ့ အိမ်ထောင်သက် ရှစ်နှစ်ကြာ ရှိနေပြီဖြစ်ပြီး ကလေးနှစ်ယောက် ရရှိထားသလို လက်ရှိမှာတော့ တတိယမြောက် ကိုယ်ဝန်ကို လွယ်ထားရတာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း ဒီလိုလူသိရှင်ကြား ဖောက်ပြန်တဲ့အကြောင်းကို အခိုင်အမာ ဖော်ထုတ်ခံရတဲ့အတွက် Behati တစ်ယောက်ကတော့ သူမရဲ့ခင်ပွန်းကို အလွန်စိတ်ဆိုး ဒေါသထွက်နေတယ်လို့ သိရပါတယ်။ ဒီစွပ်စွဲမှုနဲ့ ပတ်သက်ပြီး Adam ဘက်ကတော့ ငြင်းဆိုထားပါတယ်။ Adam ကတော့ အဆိုပါမော်ဒယ်လ်နဲ့ မဖောက်ပြန်ခဲ့ဘူးလို့ ပြန်လည်ခုခံ ပြောကြားထားပြီး သူ့ဘက်က စည်းကျော်မိခဲ့တယ်လို့တော့ ဝန်ခံထားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မနေ့က အင်္ဂါနေ့မှာတော့ Adam မှာ သူ့ရဲ့အင်စတာဂရမ်မှာ ပို့စ်တင်ပြီး ရှင်းလင်းထားပါတယ်။

Photo: behatiprinsloo/ Instagram

“အခုအချိန်မှာ ကျွန်တော့်အကြောင်းကို အများကြီးပြောနေကြလို့ ရှင်းပြချင်ပါတယ်။ ကျွန်တော်က စကားပြောရင် ဘယ်သူနဲ့မဆို အမြဲတမ်း အပြောအဆိုမတတ်ပါဘူး။ ပေါက်ကရတွေ လျှောက်ပြောတတ်ပါတယ်။ တချို့ကိစ္စတွေမှာဆိုရင် မသင့်တော်တာမျိုးတွေအထိ ရှိတတ်ပါတယ်။ ဒါကြောင့်လည်း ဒီကိစ္စကို ဆင်ခြင်ဖို့ ကျွန်တော့်မိသားစုနဲ့ တိုင်ပင်ဆွေးနွေးပြီးပါပြီ …”

“ကျွန်တော် မဖောက်ပြန်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်‌တော် စည်းကျော်ခဲ့မိတာတော့ ရှိပါတယ်။ အဲဒီအချိန်ကတော့ ကျွန်တော့်ဘဝရဲ့ နောင်တရစရာအကောင်းဆုံး အချိန်ပါပဲ။ ဒီကမ္ဘာပေါ်မှာ ဂရုစိုက်စရာဆိုလို့ ကျွန်တော့်ဇနီးနဲ့ မိသားစုပဲ ရှိပါတယ်…”

Photo: behatiprinsloo/ Instagram

“အဲဒီလို ကိုယ့်အတွက် အရေးကြီးဆုံးအရာကိုမှ ဆုံးရှုံးသွားစေမယ့် အဆင်အခြင်မဲ့ အပြုအမူမျိုးကို လုပ်ခဲ့မိတဲ့ ကျွန်တော်ဟာ တကယ့် အမှားကြီးမှားခဲ့တာပါ။ ကျွန်တော် ဒါမျိုးနောက်ထပ် မလုပ်တော့ပါဘူး။ ကျွန်တော် အပြည့်အဝ တာဝန်ခံပါတယ်။ ကျွန်တော်တို့ ဒါကို ကျော်ဖြတ်နိုင်မှာပါ။ ကျွန်တော့်မိသားစုနဲ့လည်း အတူတူ ကျော်ဖြတ်နိုင်မှာပါ …” လို့ Adam က သူ့ရဲ့အင်စတာဂရမ်မှာ ပြောထားပါတယ်။

သို့သော်လည်း အခုလို ငြင်းဆိုပြီးနောက် နာရီပိုင်းအကြာမှာပဲ နောက်ထပ် အမျိုးသမီးတွေက Adam Levine ဟာ သူတို့ဆီကိုလည်း flirt တဲ့ မက်ဆေ့ချ်တွေ ပို့ဖူးတဲ့အကြောင်း လူသိရှင်ကြား ပြောလာကြပြန်ပါတယ်။ အဲဒီလို ပြောလာတဲ့အထဲမှာတော့ Maryka ဆိုတဲ့ အမျိုးသမီးဟာသပညာရှင်တစ်ယောက်လည်း ပါဝင်သလို Alyson Rosef ဆိုတဲ့ အမျိုးသမီးတစ်ယောက်လည်း ပါဝင်ပါတယ်။ ဒါ့အပြင် Adam ရဲ့ ယောဂဆရာမဟောင်း Alanna Zabel ကလည်း Behati နဲ့ လက်မထပ်ခင် အချိန်တုန်းက Adam တစ်ယောက် သူမဆီပို့ဖူးတဲ့ flirt မက်ဆေ့ချ်တွေကို ဖော်ထုတ်ပြသလာပါသေးတယ်။

Vancouver

Source: people/ hollywoodlife

 

RELATED ARTICLES

Most Popular