HomeCharacterGuardians of the Galaxy Vol.3 ထဲမှာ ပါဝင်လာမယ့် Adam Warlock ရဲ့ Origin နဲ့...

Guardians of the Galaxy Vol.3 ထဲမှာ ပါဝင်လာမယ့် Adam Warlock ရဲ့ Origin နဲ့ စွမ်းအားများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

၂၀၂၃ ခုနှစ်မှာ ထွက်ရှိလာမယ့် Guardians of the Galaxy Vol. 3 ထဲမှာတော့ ဇာတ်ကောင်အသစ်ဖြစ်တဲ့ Adam Warlock စတင်ပါဝင်လာတော့မှာ ဖြစ်ပါတယ်။

Adam Warlock နေရာမှာတော့ Will Poulter က ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Guardians of the Galaxy Vol. 2 ရဲ့ Credit Scene ထဲမှာတော့ ရွှေရောင်ခေါင်းတလားကြီးတစ်ခုကို တွေ့ရှိခဲ့ရပြီး အဲ့ဒီထဲမှာတော့ Adam Warlock ရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ မကြာခင်မှာ မြင်တွေ့ရတော့မယ့် Adam Warlock ရဲ့ ကောမစ် Origin နဲ့ စွမ်းအားတွေကို ဖော်ပြပေးချင်ပါတယ်။

ကောမစ် Origin
photo via screenrant

သူဟာ Adam Warlock ဖြစ်မလာခင်တုန်းကတော့ Fantastic Four ကောမစ်ထဲမှာ HIM ဆိုတဲ့ နာမည်နဲ့ စတင်ပါဝင်လာခဲ့ပါတယ်။ Enclave ဆိုတဲ့ သိပ္ပံပညာရှင်တစ်စုက သူ့ကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ သူဟာ အချုပ်အနှောင်တွေက လွတ်လာပြီးနောက်မှာတော့ သူ့လမ်းသူလျှောက်ရင်းနဲ့ Lady Sif ကို သိမ်းပိုက်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါကြောင့်ပဲ သူဟာ Thor နဲ့ တိုက်ပွဲတွေ ဖြစ်ပြီး ရှုံးနိမ့်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ သူ့ကိုယ်သူ နားလည်နိုင်ဖို့နဲ့ သူ့ဘဝအတွက် ရည်ရွယ်ချက်တွေကို ရှာဖွေခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ သူဟာ High Evolutionary နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက် High Evolutionary ဟာ သူ့ကို Soul Stone ပေးအပ်ခဲ့ပြီး Warlock လို့ နာမည်ပေးကာ စွန့်စားခန်းတွေများစွာကို ကြုံတွေ့စေခဲ့ပါတယ်။ အဲ့ဒီအချိန်အတွင်းမှာတော့ ကလေးတစ်စုဟာ သူ့ကို ကိုယ့်ကျင့်တရားနဲ့ လူသားဆန်မှုတွေကို သင်ပေးခဲ့ပြီး အဲ့ဒီကလေးတွေနဲ့ ရင်းနှီးသွားပါတယ်။ သူ့ဆီမှာ ရှိနေတဲ့ Soul Stone ဟာ ရန်သူတွေရဲ့ အသက်ဓာတ်တွေကို စုပ်ယူနေတာကြောင့် Soul Stone ကို ထိန်းချုပ်နိုင်ဖို့လည်း ကြိုးစားခဲ့ရပါတယ်။ သူဟာ Man-Beast ဆိုတဲ့ ဗီလိန်ကို အနိုင်ယူပြီးနောက်မှာတော့ သူ့ရဲ့အဓိကရန်သူ ဖြစ်တဲ့ Thanos နဲ့ ဇာတ်လမ်း စတင်ပါတော့တယ်။

သူဟာ Avengers တွေနဲ့လည်း ပူးပေါင်းခဲ့သေးပြီး Avengers တွေကို ကယ်တင်ဖို့အတွက် သူ့ကိုယ်သူ အနစ်နာခံ စတေးခဲ့ပါတယ်။ ဒါပေမယ့်လည်း သူဟာ သေဆုံးသွားတာ မဟုတ်ဘဲ Soul Stone ထဲက Pocket Dimension ဖြစ်တဲ့ Soulworld ထဲမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ နေထိုင်နေပါတယ်။ နှစ်တွေကြာမြင့်သွားတဲ့ အချိန်မှာတော့ Marvel ဟာ သူ့ကို ပြန်လည်အသက်သွင်းခဲ့ပြီး Infinity Gauntlet ၊ Infinity Crusade နဲ့ Infinity War တို့လို ကောမစ်တွေမှာ Thanos နဲ့ အဓိကရင်ဆိုင်ရမယ့် ဇာတ်ကောင်အနေနဲ့ ပြန်လည်ပါဝင်လာခဲ့ပါတယ်။ အဲ့ဒီထဲမှာတော့ သူဟာ Thanos ကို အနိုင်ယူဖို့အတွက် တခြားဟီးရိုးတွေကို ဦးဆောင်ခဲ့ပြီး Infinity Stone တွေအပြည့်ရှိတဲ့ Gauntlet ကိုပါ Thanos ဆီက ရယူခဲ့ပါတယ်။

စွမ်းအားများ
photo via screenrant

Adam Warlock ဟာလည်း အလွန်စွမ်းအားကြီးတဲ့ ဇာတ်ကောင်တစ်ယောက် ဖြစ်တာကြောင့် Marvel ရဲ့ စွမ်းအားအကြီးဆုံး ဇာတ်ကောင်တွေထဲမှာ ပါဝင်ပါတယ်။ သူဟာ Thor လို ဇာတ်ကောင်မျိူးနဲ့တောင် ယှဉ်ပြိုင် တိုက်ခိုက်နိုင်ပါတယ်။

ဒါပေမယ့်လည်း သူဟာ ခွန်အားအရာမှာတော့ Thor ၊ Hercules နဲ့ Hulk တို့လောက် မသန်မာပါဘူး။ ဒါကြောင့်ပဲ သူဟာ Cosmic Forces တွေကို အသုံးပြုပြီး သူ့ရဲ့ ခွန်အားကို မြှင့်တင်နိုင်သလို လေပေါ်ပျံတာနဲ့ လက်ကနေ Energy တွေ ပစ်လွှတ်နိုင်ပါတယ်။ ဒါ့အပြင် သေနိုင်လောက်တဲ့ ဒဏ်ရာတွေ ရသွားရင်တောင် ပိုးအိမ်လိုအရာမျိူး ဖန်တီးပြီး နားနေလိုက်ရင် ဒဏ်ရာပျောက်ကင်းနိုင်စွမ်း ရှိပါတယ်။

သူဟာ ကောမစ်ထဲမှာ နှစ် (၅၀)လောက် ပြောင်းလဲမှုတွေ ကြုံတွေ့ခဲ့ရတာကြောင့် တခြားစွမ်းအားတွေလည်း ရရှိခဲ့ပါသေးတယ်။ Teleportation ၊ Transmutation ၊ Quantum Magic အပြင် Metaphysical Energy တွေကို အသုံးပြုပြီး မှော်ပညာတွေကိုလည်း အသုံးပြုနိုင်ပါသေးတယ်။ သူ့ရဲ့ စွမ်းအားအကြီးဆုံး လက်နက်ကတော့ အပေါ်မှာဖော်ပြထားသလိုပဲ ရန်သူတွေရဲ့ အသက်ဓာတ်တွေကို စုပ်ယူနိုင်တဲ့ Soul Stone ပဲ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

၂၀၂၃ ခုႏွစ္မွာ ထြက္ရွိလာမယ့္ Guardians of the Galaxy Vol. 3 ထဲမွာေတာ့ ဇာတ္ေကာင္အသစ္ျဖစ္တဲ့ Adam Warlock စတင္ပါဝင္လာေတာ့မွာ ျဖစ္ပါတယ္။

Adam Warlock ေနရာမွာေတာ့ Will Poulter က ပါဝင္သ႐ုပ္ေဆာင္သြားမယ္လို႔ သိရပါတယ္။ ၂၀၁၇ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Guardians of the Galaxy Vol. 2 ရဲ့ Credit Scene ထဲမွာေတာ့ ေရႊေရာင္ေခါင္းတလားႀကီးတစ္ခုကို ေတြ႕ရွိခဲ့ရၿပီး အဲ့ဒီထဲမွာေတာ့ Adam Warlock ရွိေနတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ ဒီတစ္ခါမွာေတာ့ မၾကာခင္မွာ ျမင္ေတြ႕ရေတာ့မယ့္ Adam Warlock ရဲ့ ေကာမစ္ Origin နဲ႔ စြမ္းအားေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

ေကာမစ္ Origin
photo via screenrant

သူဟာ Adam Warlock ျဖစ္မလာခင္တုန္းကေတာ့ Fantastic Four ေကာမစ္ထဲမွာ HIM ဆိုတဲ့ နာမည္နဲ႔ စတင္ပါဝင္လာခဲ့ပါတယ္။ Enclave ဆိုတဲ့ သိပၸံပညာရွင္တစ္စုက သူ႔ကို ဖန္တီးခဲ့တာ ျဖစ္ပါတယ္။ သူဟာ အခ်ဳပ္အေႏွာင္ေတြက လြတ္လာၿပီးေနာက္မွာေတာ့ သူ႔လမ္းသူေလၽွာက္ရင္းနဲ႔ Lady Sif ကို သိမ္းပိုက္ဖို႔ ႀကိဳးစားခဲ့ပါေသးတယ္။ ဒါေၾကာင့္ပဲ သူဟာ Thor နဲ႔ တိုက္ပြဲေတြ ျဖစ္ၿပီး ရွုံးနိမ့္ခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူဟာ သူ႔ကိုယ္သူ နားလည္နိုင္ဖို႔နဲ႔ သူ႔ဘဝအတြက္ ရည္ရြယ္ခ်က္ေတြကို ရွာေဖြခဲ့ပါတယ္။

ေနာက္ပိုင္းမွာေတာ့ သူဟာ High Evolutionary နဲ႔ ေတြ႕ဆုံခဲ့ပါတယ္။ အဲဒီေနာက္ High Evolutionary ဟာ သူ႔ကို Soul Stone ေပးအပ္ခဲ့ၿပီး Warlock လို႔ နာမည္ေပးကာ စြန႔္စားခန္းေတြမ်ားစြာကို ၾကဳံေတြ႕ေစခဲ့ပါတယ္။ အဲ့ဒီအခ်ိန္အတြင္းမွာေတာ့ ကေလးတစ္စုဟာ သူ႔ကို ကိုယ့္က်င့္တရားနဲ႔ လူသားဆန္မွုေတြကို သင္ေပးခဲ့ၿပီး အဲ့ဒီကေလးေတြနဲ႔ ရင္းႏွီးသြားပါတယ္။ သူ႔ဆီမွာ ရွိေနတဲ့ Soul Stone ဟာ ရန္သူေတြရဲ့ အသက္ဓာတ္ေတြကို စုပ္ယူေနတာေၾကာင့္ Soul Stone ကို ထိန္းခ်ဳပ္နိုင္ဖို႔လည္း ႀကိဳးစားခဲ့ရပါတယ္။ သူဟာ Man-Beast ဆိုတဲ့ ဗီလိန္ကို အနိုင္ယူၿပီးေနာက္မွာေတာ့ သူ႔ရဲ့အဓိကရန္သူ ျဖစ္တဲ့ Thanos နဲ႔ ဇာတ္လမ္း စတင္ပါေတာ့တယ္။

သူဟာ Avengers ေတြနဲ႔လည္း ပူးေပါင္းခဲ့ေသးၿပီး Avengers ေတြကို ကယ္တင္ဖို႔အတြက္ သူ႔ကိုယ္သူ အနစ္နာခံ စေတးခဲ့ပါတယ္။ ဒါေပမယ့္လည္း သူဟာ ေသဆုံးသြားတာ မဟုတ္ဘဲ Soul Stone ထဲက Pocket Dimension ျဖစ္တဲ့ Soulworld ထဲမွာ ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ ေနထိုင္ေနပါတယ္။ ႏွစ္ေတြၾကာျမင့္သြားတဲ့ အခ်ိန္မွာေတာ့ Marvel ဟာ သူ႔ကို ျပန္လည္အသက္သြင္းခဲ့ၿပီး Infinity Gauntlet ၊ Infinity Crusade နဲ႔ Infinity War တို႔လို ေကာမစ္ေတြမွာ Thanos နဲ႔ အဓိကရင္ဆိုင္ရမယ့္ ဇာတ္ေကာင္အေနနဲ႔ ျပန္လည္ပါဝင္လာခဲ့ပါတယ္။ အဲ့ဒီထဲမွာေတာ့ သူဟာ Thanos ကို အနိုင္ယူဖို႔အတြက္ တျခားဟီးရိုးေတြကို ဦးေဆာင္ခဲ့ၿပီး Infinity Stone ေတြအျပည့္ရွိတဲ့ Gauntlet ကိုပါ Thanos ဆီက ရယူခဲ့ပါတယ္။

စြမ္းအားမ်ား
photo via screenrant

Adam Warlock ဟာလည္း အလြန္စြမ္းအားႀကီးတဲ့ ဇာတ္ေကာင္တစ္ေယာက္ ျဖစ္တာေၾကာင့္ Marvel ရဲ့ စြမ္းအားအႀကီးဆုံး ဇာတ္ေကာင္ေတြထဲမွာ ပါဝင္ပါတယ္။ သူဟာ Thor လို ဇာတ္ေကာင္မ်ိဴးနဲ႔ေတာင္ ယွဥ္ၿပိဳင္ တိုက္ခိုက္နိုင္ပါတယ္။

ဒါေပမယ့္လည္း သူဟာ ခြန္အားအရာမွာေတာ့ Thor ၊ Hercules နဲ႔ Hulk တို႔ေလာက္ မသန္မာပါဘူး။ ဒါေၾကာင့္ပဲ သူဟာ Cosmic Forces ေတြကို အသုံးျပဳၿပီး သူ႔ရဲ့ ခြန္အားကို ျမႇင့္တင္နိုင္သလို ေလေပၚပ်ံတာနဲ႔ လက္ကေန Energy ေတြ ပစ္လႊတ္နိုင္ပါတယ္။ ဒါ့အျပင္ ေသနိုင္ေလာက္တဲ့ ဒဏ္ရာေတြ ရသြားရင္ေတာင္ ပိုးအိမ္လိုအရာမ်ိဴး ဖန္တီးၿပီး နားေနလိုက္ရင္ ဒဏ္ရာေပ်ာက္ကင္းနိုင္စြမ္း ရွိပါတယ္။

သူဟာ ေကာမစ္ထဲမွာ ႏွစ္ (၅၀)ေလာက္ ေျပာင္းလဲမွုေတြ ၾကဳံေတြ႕ခဲ့ရတာေၾကာင့္ တျခားစြမ္းအားေတြလည္း ရရွိခဲ့ပါေသးတယ္။ Teleportation ၊ Transmutation ၊ Quantum Magic အျပင္ Metaphysical Energy ေတြကို အသုံးျပဳၿပီး ေမွာ္ပညာေတြကိုလည္း အသုံးျပဳနိုင္ပါေသးတယ္။ သူ႔ရဲ့ စြမ္းအားအႀကီးဆုံး လက္နက္ကေတာ့ အေပၚမွာေဖာ္ျပထားသလိုပဲ ရန္သူေတြရဲ့ အသက္ဓာတ္ေတြကို စုပ္ယူနိုင္တဲ့ Soul Stone ပဲ ျဖစ္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular