HomeEntertainmentFilmAdebayo ဟာ ဘာကြောင့် Peacemaker အိမ်မှာ ဒိုင်ယာရီစာအုပ် ထားခဲ့ရတာလဲ?

Adebayo ဟာ ဘာကြောင့် Peacemaker အိမ်မှာ ဒိုင်ယာရီစာအုပ် ထားခဲ့ရတာလဲ?

Peacemaker ဇာတ်လမ်းတွဲ အပိုင်း(၅)ထဲမှာတော့ Adebayo ဟာ Peacemaker ရဲ့ အိမ်မှာ ဒိုင်ယာရီစာအုပ် ထားခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ သူမဟာ ဘာကြောင့် ဒီလိုလုပ်ခဲ့တယ်ဆိုတာ သေချာမသိရသေးပေမယ့်လည်း သေချာတာကတော့ ဒီအချက်ဟာ Peacemaker အတွက် အန္တရာယ်ရှိလာမှာပဲ ဖြစ်ပါတယ်။ ဒီကိစ္စကိုတော့ Amanda Waller က Adebayo ကို တာဝန်ပေးထားတာဖြစ်ပြီး ဘာကြောင့် ဒီလိုလုပ်ခိုင်းရတာလည်း ဆိုတာကိုတော့ အောက်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

ယခုအချိန်အထိတော့ ဒီအချက်နဲ့ ပတ်သက်ပြီး ဘာကိုမှ အတည်ပြုမထားသေးပေမယ့်လည်း Amanda Waller ဟာ ဒီဒိုင်ယာရီစာအုပ်ကို အသုံးပြုပြီး ဖြစ်ပျက်သမျှတွေအတွက် Peacemaker ကို လွှဲချဖို့ စီစဉ်ထားတယ်လို့ ယူဆရပါတယ်။

photo via screenrant

Amanda Waller ဟာ ကောင်းကျိူးတစ်ခုခုသာ ရမယ်ဆိုရင် သူ့ရဲ့လက်အောက်ငယ်သားတွေကို သတ်ပစ်ဖို့တောင် ဝန်မလေးတတ်ဘူးဆိုတာ The Suicide Squad ထဲမှာလည်း မြင်တွေ့ခဲ့ရပြီး ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ သူမရဲ့ အစီအစဉ်ဟာ ဘာတွေပဲ ဖြစ်နေပါစေ။ Butterfly ပရောဂျက်ကြောင့် ဖြစ်လာသမျှကို Peacemaker ဆီ လွှဲချဖို့အတွက် ကြံစည်ထားတယ်လို့ ယူဆရပါတယ်။

Peacemaker တစ်ယောက်တည်းတင် မဟုတ်ဘဲ သူ့ရဲ့သမီးဖြစ်တဲ့ Adebayo ကလွဲရင် တခြားအဖွဲ့ဝင်တွေကိုလည်း အလားတူပဲ ပြုလုပ်နိုင်ချေ ရှိပါတယ်။ Butterfly ပရောဂျက်ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ကမ္ဘာပေါ်ကို ကျူးကျော်နေတဲ့ ဂြိုဟ်သားတွေကို Peacemaker က သတ်ပစ်ဖို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Chris ဟာ ဒီပရောဂျက်အတွက် လူပေါင်းများစွာကို သတ်ပစ်ဖို့ လိုအပ်နေပါတယ်။

photo via screenrant

အဲ့ဒီလူတွေအများကြီးထဲမှာ နယ်ပယ်အရပ်ရပ်က အရေးကြီး ပုဂ္ဂိုလ်တွေလည်း ပါဝင်နေမှာ ဖြစ်ပြီး အပိုင်း(၃)ထဲမှာ ဆိုရင်လည်း လွှတ်တောင်အမတ်ကိုတောင် သတ်ပစ်ခဲ့ရပါတယ်။ အများပြည်သူနဲ့ တခြားအစိုးရအဖွဲ့အစည်းတွေအတွက်ဆိုရင်တော့ ဒီလိုလုပ်ရပ်တွေအတွက် ဖြေရှင်းချက် လိုအပ်နေမှာ ဖြစ်ပြီး Waller ဟာ ဒီကိစ္စတွေကို သူ့ဆီ အမှုပတ်မလာအောင် The Suicide Squad ထဲမှာ ပြုလုပ်ခဲ့တဲ့အတိုင်းပဲ Peacemaker ကို လွှဲချသွားမယ်လို့ ယူဆရပါတယ်။

လာမယ့် ကြာသပတေးနေ့မှာ ဆိုရင်တော့ အပိုင်း(၆) ထွက်ရှိလာတော့မှာ ဖြစ်ပြီး ပရိသတ်တွေ သိချင်နေတဲ့ တချို့မေးခွန်းရဲ့ အဖြေတွေကို ရရှိသွားမယ်လို့ ယူဆရပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular