HomeCelebs Update NewsInternationalခင္ပြန္းသည္ Simon နဲ႔ တရား၀င္ကြာရွင္းခြင့္ ေလွ်ာက္ထားလိုက္ၿပီဆိုတဲ့ Adele

ခင္ပြန္းသည္ Simon နဲ႔ တရား၀င္ကြာရွင္းခြင့္ ေလွ်ာက္ထားလိုက္ၿပီဆိုတဲ့ Adele

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

အဆိုေတာ္ Adele ဟာ ခ်စ္သူနဲ႔ ခုႏွစ္ႏွစ္ၾကာ ထူေထာင္လာတဲ့ သံေယာဇဥ္ႀကိဳးကို တကယ္ျဖတ္ေတာက္ဖို႔ ဆုံးျဖတ္လိုက္ပါၿပီ။ Hollywoodlife ၀က္ဘ္ဆိုဒ္ရဲ႕ ေဖာ္ျပခ်က္အရ ခင္ပြန္းသည္ Simon Konecki နဲ႔ ကြာရွင္းခြင့္ကို တရားရုံးမွာ တရား၀င္ေလွ်ာက္ထားလိုက္ၿပီလို႔ သိရပါတယ္။

အသက္(၃၁)ႏွစ္အရြယ္ ရိွၿပီျဖစ္တဲ့ Adele ဟာ အသက္(၄၅)ႏွစ္အရြယ္ရိွ ခင္ပြန္းသည္ Simon Konecki နဲ႔ ႏွစ္ဦးသေဘာတူ ခြဲေနၿပီး ငါးလခန္႕အၾကာမွာ အခုလို အၿပီးသတ္လိုက္ဖို႔ ဆုံးျဖတ္ခ်က္ခ်ခဲ့တာ ျဖစ္ပါတယ္။ ဒါဟာ အိမ္ေထာင္သက္ ႏွစ္ႏွစ္နဲ႔ ခ်စ္သူသက္တမ္း ခုႏွစ္ႏွစ္တာကာလကို လုံး၀အဆုံးသတ္လိုက္တာလည္း ျဖစ္ပါတယ္။

သူတို႔ႏွစ္ေယာက္မွာ Angelo Adkins လို႔ အမည္ရတဲ့ ေျခာက္ႏွစ္အရြယ္ သားေလးတစ္ေယာက္လည္း ရိွပါတယ္။ ဒီသားေလးကိုေတာ့ ႏွစ္ေယာက္ခြဲေနမယ္လို႔ ဆုံးျဖတ္လိုက္ကတည္းက အတူတူ ျပဳစုပ်ိဳးေထာင္မယ္လို႔ သေဘာတူထားၾကၿပီးသားပါ။ အစပိုင္းကေတာ့ သူတို႔ႏွစ္ေယာက္ ခြဲေနေနေပမယ့္ ျပန္အဆင္ေျပၿပီး ေပါင္းထုပ္သြားၾကမယ္လို႔ အမ်ားက ယူဆထားၾကပါတယ္။ သို႔ေပမယ့္လည္း အခုေတာ့ အားလုံးဟာ အဆုံးသတ္သြားခဲ့ၿပီလို႔ ေျပာရေတာ့မွာပါ။

Copyright @adele IG

သူတို႔ႏွစ္ေယာက္ကို ေ၀းကြာေစတဲ့ အဓိကအေၾကာင္းရင္းကေတာ့ မတူညီတဲ့ ဘ၀ေနထိုင္မႈႏွစ္ခုနဲ႔ Adele ရဲ႕ ေအာင္ျမင္ေက်ာ္ၾကားလြန္းတဲ့ အဆိုေတာ္ဘ၀ေၾကာင့္ပဲ ျဖစ္ပါတယ္။ နီးစပ္တဲ့ အတြင္းသတင္းတစ္ခုကေတာ့ “Adele ဟာ တကယ္ ခ်ီးမြမ္းစရာေကာင္းတဲ့ မိခင္တစ္ေယာက္ပါ။ ဘယ္ေလာက္အလုပ္မ်ားမ်ား ကေလးကို အတတ္ႏိုင္ဆုံး ခ်စ္ေပးရွာပါတယ္။ ဒါေပမယ့္ Simon အတြက္ကက်ေတာ့ တျဖည္းျဖည္းနဲ႔ သူက အိမ္မွာေနေပးၿပီး ကေလးထိန္းေပးေနရတဲ့ ဘ၀မ်ိဳး ျဖစ္လာေတာ့ စိတ္ထိခိုက္လာပုံ ရပါတယ္” လို႔ ေျပာျပထားပါတယ္။

ဆက္လက္ၿပီး “Adele ဟာ သိပ္ကိုသီးသန္႔ဆန္ဆန္ ေနတတ္တ့ဲသူပါ။ သူ႔ရဲ႕ပုဂၢိဳလ္ေရးအေၾကာင္းေတြကို ေတာ္ရုံတန္ရုံနဲ႔ ေျပာျပေလ့ မရိွပါဘူး။ ဒါေပမယ့္ သူ႔ရဲ႕အလုပ္က အခ်ိန္ေတြအကုန္လုံးနီးပါးကို ယူထားေတာ့ သူ႔အတြက္ အေတာ္ေလး ခက္ခဲပါတယ္။ အလုပ္နဲ႔ကိုယ္ပိုင္ဘ၀ကို အတတ္ႏိုင္ဆုံး ဟန္ခ်က္ညီေအာင္ ႀကိဳးစားေပမယ့္ နာနီေတြနဲ႔ သူ႔ရဲ႕ခင္ပြန္း Simon အေပၚမွာ အမ်ားႀကီး အားကိုးအားထားျပဳရရွာပါတယ္။ သူ႔ရဲ႕သားေလးကိုလည္း သိပ္ခ်စ္ပါတယ္” လို႔ အတြင္းသတင္းက ရွင္းျပထားပါတယ္။

Copyright @adele IG

Simon က အိမ္မွာပဲေနၿပီး ပုံမွန္ေန႔စဥ္ဘ၀ေလးကို ျဖတ္သန္းရတဲ့ ဘ၀မ်ိဳးကို လိုခ်င္ပုံရေပမယ့္ Adele ကေတာ့ သူမရဲ႕ေဖ်ာ္ေျဖပြဲေတြေၾကာင့္ ေနရာအႏံွ႔ကို ခရီးေတြ ထြက္ေနရသူပါ။ ဒါ့အျပင္ သားေလးကို သိပ္ခ်စ္တတ္တဲ့ မိခင္ျဖစ္တာေၾကာင့္ ကေလးကိုပါ သြားေလရာေခၚသြားေနရတာကလည္း Simon နဲ႔ သေဘာထားခ်င္း မတိုက္ဆိုင္တဲ့ကိစၥ ျဖစ္လာပုံ ရပါတယ္။

LaNina

(ဆံရစ္၀ိုင္းမီဒီယာစာမ်က္ႏွာေပၚတြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ မရရိွဘဲ မိမိတို႔ကိုယ္က်ိဳးအတြက္ ကူးယူသုံးစြဲျခင္း မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

(Unicode Version)

အဆိုတော် Adele ဟာ ချစ်သူနဲ့ ခုနှစ်နှစ်ကြာ ထူထောင်လာတဲ့ သံယောဇဉ်ကြိုးကို တကယ်ဖြတ်တောက်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ Hollywoodlife ဝက်ဘ်ဆိုဒ်ရဲ့ ဖော်ပြချက်အရ ခင်ပွန်းသည် Simon Konecki နဲ့ ကွာရှင်းခွင့်ကို တရားရုံးမှာ တရားဝင်လျှောက်ထားလိုက်ပြီလို့ သိရပါတယ်။

အသက်(၃၁)နှစ်အရွယ် ရှိပြီဖြစ်တဲ့ Adele ဟာ အသက်(၄၅)နှစ်အရွယ်ရှိ ခင်ပွန်းသည် Simon Konecki နဲ့ နှစ်ဦးသဘောတူ ခွဲနေပြီး ငါးလခန့်အကြာမှာ အခုလို အပြီးသတ်လိုက်ဖို့ ဆုံးဖြတ်ချက်ချခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ အိမ်ထောင်သက် နှစ်နှစ်နဲ့ ချစ်သူသက်တမ်း ခုနှစ်နှစ်တာကာလကို လုံးဝအဆုံးသတ်လိုက်တာလည်း ဖြစ်ပါတယ်။

သူတို့နှစ်ယောက်မှာ Angelo Adkins လို့ အမည်ရတဲ့ ခြောက်နှစ်အရွယ် သားလေးတစ်ယောက်လည်း ရှိပါတယ်။ ဒီသားလေးကိုတော့ နှစ်ယောက်ခွဲနေမယ်လို့ ဆုံးဖြတ်လိုက်ကတည်းက အတူတူ ပြုစုပျိုးထောင်မယ်လို့ သဘောတူထားကြပြီးသားပါ။ အစပိုင်းကတော့ သူတို့နှစ်ယောက် ခွဲနေနေပေမယ့် ပြန်အဆင်ပြေပြီး ပေါင်းထုပ်သွားကြမယ်လို့ အများက ယူဆထားကြပါတယ်။ သို့ပေမယ့်လည်း အခုတော့ အားလုံးဟာ အဆုံးသတ်သွားခဲ့ပြီလို့ ပြောရတော့မှာပါ။

Copyright @adele IG

သူတို့နှစ်ယောက်ကို ဝေးကွာစေတဲ့ အဓိကအကြောင်းရင်းကတော့ မတူညီတဲ့ ဘဝနေထိုင်မှုနှစ်ခုနဲ့ Adele ရဲ့ အောင်မြင်ကျော်ကြားလွန်းတဲ့ အဆိုတော်ဘဝကြောင့်ပဲ ဖြစ်ပါတယ်။ နီးစပ်တဲ့ အတွင်းသတင်းတစ်ခုကတော့ “Adele ဟာ တကယ် ချီးမွမ်းစရာကောင်းတဲ့ မိခင်တစ်ယောက်ပါ။ ဘယ်လောက်အလုပ်များများ ကလေးကို အတတ်နိုင်ဆုံး ချစ်ပေးရှာပါတယ်။ ဒါပေမယ့် Simon အတွက်ကကျတော့ တဖြည်းဖြည်းနဲ့ သူက အိမ်မှာနေပေးပြီး ကလေးထိန်းပေးနေရတဲ့ ဘဝမျိုး ဖြစ်လာတော့ စိတ်ထိခိုက်လာပုံ ရပါတယ်” လို့ ပြောပြထားပါတယ်။

ဆက်လက်ပြီး “Adele ဟာ သိပ်ကိုသီးသန့်ဆန်ဆန် နေတတ်တဲ့သူပါ။ သူ့ရဲ့ပုဂ္ဂိုလ်ရေးအကြောင်းတွေကို တော်ရုံတန်ရုံနဲ့ ပြောပြလေ့ မရှိပါဘူး။ ဒါပေမယ့် သူ့ရဲ့အလုပ်က အချိန်တွေအကုန်လုံးနီးပါးကို ယူထားတော့ သူ့အတွက် အတော်လေး ခက်ခဲပါတယ်။ အလုပ်နဲ့ကိုယ်ပိုင်ဘဝကို အတတ်နိုင်ဆုံး ဟန်ချက်ညီအောင် ကြိုးစားပေမယ့် နာနီတွေနဲ့ သူ့ရဲ့ခင်ပွန်း Simon အပေါ်မှာ အများကြီး အားကိုးအားထားပြုရရှာပါတယ်။ သူ့ရဲ့သားလေးကိုလည်း သိပ်ချစ်ပါတယ်” လို့ အတွင်းသတင်းက ရှင်းပြထားပါတယ်။

Copyright @adele IG

Simon က အိမ်မှာပဲနေပြီး ပုံမှန်နေ့စဉ်ဘဝလေးကို ဖြတ်သန်းရတဲ့ ဘဝမျိုးကို လိုချင်ပုံရပေမယ့် Adele ကတော့ သူမရဲ့ဖျော်ဖြေပွဲတွေကြောင့် နေရာအနံှ့ကို ခရီးတွေ ထွက်နေရသူပါ။ ဒါ့အပြင် သားလေးကို သိပ်ချစ်တတ်တဲ့ မိခင်ဖြစ်တာကြောင့် ကလေးကိုပါ သွားလေရာခေါ်သွားနေရတာကလည်း Simon နဲ့ သဘောထားချင်း မတိုက်ဆိုင်တဲ့ကိစ္စ ဖြစ်လာပုံ ရပါတယ်။

LaNina

(ဆံရစ်ဝိုင်းမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကိုယ်ကျိုးအတွက် ကူးယူသုံးစွဲခြင်း မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular