HomeCelebs Update NewsInternationalCeline Dion စားထားတဲ့ ပီကေကို အိမ်မှာဘောင်ကွပ်ပြီး သိမ်းထားတဲ့ Adele 

Celine Dion စားထားတဲ့ ပီကေကို အိမ်မှာဘောင်ကွပ်ပြီး သိမ်းထားတဲ့ Adele 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Adele ဟာ မကြာသေးခင်ကပဲ Vogue မဂ္ဂဇင်းနဲ့ “73 Questions” ဆိုတဲ့ အမေးအဖြေ အစီအစဉ်လေးမှာ ပါဝင်ခဲ့ပါတယ်။ အဆိုပါ အစီအစဉ်ကိုတော့ လော့စ်အိန်ဂျလိစ်မှာရှိတဲ့ သူမရဲ့နေအိမ်မှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး ဗွီဒီယိုထဲမှာ သူမနေအိမ်ကိုလည်း ပရိသတ်တွေဆီ အနည်းငယ် လှစ်ဟပြခဲ့ပါသေးတယ်။

အသက်(၃၃)နှစ်အရွယ် ရှိပြီဖြစ်တဲ့ အဆိုတော် Adele ဟာ သူမရဲ့ (၉.၅)သန်းတန် နေအိမ်ကြီးထဲမှာ အမေးအဖြေ ပြုလုပ်ရင်း အံ့အားသင့်စရာတစ်ခုကိုလည်း ထုတ်ပြခဲ့ပါသေးတယ်။ အဲဒါကတော့ နာမည်ကျော်အဆိုတော် Celine Dion စားထားတဲ့ ပီကေတစ်ခုကို ဘောင်သွင်းပြီး အိမ်မှာ အမှတ်တရ ထားထားတာပဲ ဖြစ်ပါတယ်။

Photo: officialadelefanpage/ Instagram

အသက်(၅၃)နှစ်အရွယ် ရှိပြီဖြစ်တဲ့ Celine Dion ရဲ့ စားပြီးသား ပီကေက သူမဆီမှာ ရောက်နေရတဲ့အကြောင်းကိုလည်း သူမက ရှင်းပြထားပါသေးတယ်။

“ကျွန်မရဲ့ သူငယ်ချင်း James Corden ပေါ့။ သူနဲ့ carpool karaoke လည်း လုပ်ဖူးတယ်လေ။ အဲ့မှာ သူက Celine နဲ့လည်း carpool karaoke ရိုက်ရတော့ ကျွန်မက Celine ကို အသည်းအသန် အရူးအမူး ကြိုက်တာ သူ သိတယ်လေ။ အဲဒါနဲ့ Celine စားပြီးသား ပီကေကို စာရွက်တစ်ခုပေါ် ထွေးခိုင်းပြီး ကျွန်မအတွက် ဘောင်လေးကွပ်ပြီး ပေးလာတာ။ ဒါလေးက ကျွန်မရဲ့ ဂုဏ်အယူရဆုံး ပိုင်ဆိုင်မှုတစ်ခုပဲ … ” လို့ Adele က ဆိုပါတယ်။

Photo: officialadelefanpage/ Instagram

Celine Dion ဟာ ဂန္ထဝင်စာရင်းဝင် အဆိုတော်တစ်ယောက် ဖြစ်တာမို့ ကမ္ဘာအနှံ့အပြားမှာ သူမရဲ့ ပရိသတ်တွေ သန်းပေါင်းများစွာ ရှိနေသလိုပဲ အနုပညာရှင်အချင်းချင်းမှာလည်း သူမကို လေးစားနှစ်သက်သူတွေ အမြောက်အများ ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။

အဆိုပါ အမေးအဖြေ ဗွီဒီယိုအတွင်းမှာ Adele ရဲ့ နေအိမ်ကိုလည်း မြင်တွေ့ခွင့် ရခဲ့သလို သူမရဲ့ ရင်းနှီးဖော်ရွေတဲ့ စိတ်ရင်းလေးကိုလည်း မြင်တွေ့ခွင့်ရခဲ့ပါတယ်။ သူမဟာ အင်တာဗျူးသူကိုတောင် ကော်ဖီဖျော်တိုက်ခဲ့ပြီး ပြုံးရွှင်ဖော်ရွေစွာနဲ့ အင်တာဗျူးကို အဆုံးသတ်ခဲ့ပါတယ်။

Adele ဟာ ဂီတလောကမှ အနားယူနေခဲ့တာ ခြောက်နှစ်ခန့် ရှိနေပြီ ဖြစ်ပြီး မကြာခင်မှာပဲ သူမရဲ့ အယ်လ်ဘမ်သစ် “30” ဟာ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ သူမရဲ့ ပြောပြချက်အရ ဒီအယ်လ်ဘမ်သစ်ဟာ သူမဘဝရဲ့ ပုဂ္ဂိုလ်ရေးအဆန်ဆုံး သီချင်းတွေ ပါဝင်မယ်လို့ သိရပါတယ်။

Glasgow

Source: hollywoodlife

(Zawgyi Version)

Adele ဟာ မၾကာေသးခင္ကပဲ Vogue မဂၢဇင္းနဲ႔ “73 Questions” ဆိုတဲ့ အေမးအေၿဖ အစီအစဥ္ေလးမွာ ပါဝင္ခဲ့ပါတယ္။ အဆိုပါ အစီအစဥ္ကိုေတာ့ ေလာ့စ္အိန္ဂ်လိစ္မွာရွိတဲ့ သူမရဲ့ေနအိမ္မွာ ျပဳလုပ္ခဲ့တာ ျဖစ္ၿပီး ဗြီဒီယိုထဲမွာ သူမေနအိမ္ကိုလည္း ပရိသတ္ေတြဆီ အနည္းငယ္ လွစ္ဟျပခဲ့ပါေသးတယ္။

အသက္(၃၃)ႏွစ္အရြယ္ ရွိၿပီျဖစ္တဲ့ အဆိုေတာ္ Adele ဟာ သူမရဲ့ (၉.၅)သန္းတန္ ေနအိမ္ႀကီးထဲမွာ အေမးအေၿဖ ျပဳလုပ္ရင္း အံ့အားသင့္စရာတစ္ခုကိုလည္း ထုတ္ျပခဲ့ပါေသးတယ္။ အဲဒါကေတာ့ နာမည္ေက်ာ္အဆိုေတာ္ Celine Dion စားထားတဲ့ ပီေကတစ္ခုကို ေဘာင္သြင္းၿပီး အိမ္မွာ အမွတ္တရ ထားထားတာပဲ ျဖစ္ပါတယ္။

Photo: officialadelefanpage/ Instagram

အသက္(၅၃)ႏွစ္အရြယ္ ရွိၿပီျဖစ္တဲ့ Celine Dion ရဲ့ စားၿပီးသား ပီေကက သူမဆီမွာ ေရာက္ေနရတဲ့အေၾကာင္းကိုလည္း သူမက ရွင္းျပထားပါေသးတယ္။

“ကၽြန္မရဲ့ သူငယ္ခ်င္း James Corden ေပါ့။ သူနဲ႔ carpool karaoke လည္း လုပ္ဖူးတယ္ေလ။ အဲ့မွာ သူက Celine နဲ႔လည္း carpool karaoke ရိုက္ရေတာ့ ကၽြန္မက Celine ကို အသည္းအသန္ အ႐ူးအမူး ႀကိဳက္တာ သူ သိတယ္ေလ။ အဲဒါနဲ႔ Celine စားၿပီးသား ပီေကကို စာရြက္တစ္ခုေပၚ ေထြးခိုင္းၿပီး ကၽြန္မအတြက္ ေဘာင္ေလးကြပ္ၿပီး ေပးလာတာ။ ဒါေလးက ကၽြန္မရဲ့ ဂုဏ္အယူရဆုံး ပိုင္ဆိုင္မွုတစ္ခုပဲ … ” လို႔ Adele က ဆိုပါတယ္။

Photo: officialadelefanpage/ Instagram

Celine Dion ဟာ ဂႏၴဝင္စာရင္းဝင္ အဆိုေတာ္တစ္ေယာက္ ျဖစ္တာမို႔ ကမၻာအႏွံ့အျပားမွာ သူမရဲ့ ပရိသတ္ေတြ သန္းေပါင္းမ်ားစြာ ရွိေနသလိုပဲ အႏုပညာရွင္အခ်င္းခ်င္းမွာလည္း သူမကို ေလးစားႏွစ္သက္သူေတြ အေျမာက္အမ်ား ပိုင္ဆိုင္ထားတာ ျဖစ္ပါတယ္။

အဆိုပါ အေမးအေၿဖ ဗြီဒီယိုအတြင္းမွာ Adele ရဲ့ ေနအိမ္ကိုလည္း ျမင္ေတြ႕ခြင့္ ရခဲ့သလို သူမရဲ့ ရင္းႏွီးေဖာ္ေရြတဲ့ စိတ္ရင္းေလးကိုလည္း ျမင္ေတြ႕ခြင့္ရခဲ့ပါတယ္။ သူမဟာ အင္တာဗ်ဴးသူကိုေတာင္ ေကာ္ဖီေဖ်ာ္တိုက္ခဲ့ၿပီး ျပဳံးရႊင္ေဖာ္ေရြစြာနဲ႔ အင္တာဗ်ဴးကို အဆုံးသတ္ခဲ့ပါတယ္။

Adele ဟာ ဂီတေလာကမွ အနားယူေနခဲ့တာ ေျခာက္ႏွစ္ခန႔္ ရွိေနၿပီ ျဖစ္ၿပီး မၾကာခင္မွာပဲ သူမရဲ့ အယ္လ္ဘမ္သစ္ “30” ဟာ ထြက္ရွိလာေတာ့မွာ ျဖစ္ပါတယ္။ သူမရဲ့ ေျပာျပခ်က္အရ ဒီအယ္လ္ဘမ္သစ္ဟာ သူမဘဝရဲ့ ပုဂၢိဳလ္ေရးအဆန္ဆုံး သီခ်င္းေတြ ပါဝင္မယ္လို႔ သိရပါတယ္။

Glasgow

Source: hollywoodlife

RELATED ARTICLES

Most Popular