HomeCelebs Update NewsInternationalခင္ပြန္းေဟာင္းနဲ႔ လမ္းခြဲၿပီးငါးလအၾကာမွာ Rapper Skepta နဲ႔ တြဲေနၿပီဆိုတဲ့ Adele

ခင္ပြန္းေဟာင္းနဲ႔ လမ္းခြဲၿပီးငါးလအၾကာမွာ Rapper Skepta နဲ႔ တြဲေနၿပီဆိုတဲ့ Adele

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

Adele ကေတာ့ ခင္ပြန္းသည္ Simon နဲ႔ ကြဲကြာၿပီးေနာက္မွာ ပူေဆြး၀မ္းနည္းေနတဲ့ အမ်ိဳးသမီးမဟုတ္ေတာ့ပါဘူး။ အခ်စ္သစ္ရွာၿပီး ဘ၀ရဲ႕လတ္ဆတ္မႈကို ခံစားတဲ့ အေျခအေနကို ျပန္လည္ေရာက္ရိွေနၿပီလို႔ ေျပာရေတာ့မွာပါ။ ဒါေၾကာင့္လည္း ၿဗိတိန္ rapper နဲ႔ record producer တစ္ေယာက္ျဖစ္တဲ့ Skepta နဲ႔ တြဲေနၿပီဆိုတဲ့ သတင္းေတြ ထြက္လာခဲ့တာ ျဖစ္ပါတယ္။

Adele ဟာ ခင္ပြန္းေဟာင္း Simon Konecki နဲ႔ ဧၿပီလမွာ စတင္ခြဲေနခဲ့တာျဖစ္ၿပီး အခုဆိုရင္ ကြာရွင္းခြင့္အတြက္ တရား၀င္ စာရြက္စာတမ္းေတြ တင္ထားၿပီးၿပီလို႔ သိရပါတယ္။ တစ္ဖက္မွာလည္း အခ်စ္သစ္နဲ႔ ဘ၀ကို ေရွ႕ဆက္ေလွ်ာက္လွမ္းေတာ့မယ့္ အေျခအေနေတြကို ျမင္ေနၾကရပါတယ္။ ယူေကသတင္းစာတိုက္ႀကီးတစ္ခုျဖစ္တဲ့ The Sun သတင္းဌာနရဲ႕ အဆိုအရ အသက္(၃၁)ႏွစ္အရြယ္ရိွၿပီျဖစ္တဲ့ Adele ဟာ အသက္(၃၇)ႏွစ္အရြယ္ Rapper Skepta နဲ႔ ခ်စ္ႀကိဳးသြယ္ေနၿပီလို႔ သိရပါတယ္။

Photo: adele/ Instagram

Adele နဲ႔ Skepta တို႔ႏွစ္ေယာက္ဟာ လန္ဒန္ေျမာက္ပိုင္း၊ ေတာ့တင္ဟန္ၿမိဳ႕ဇာတိက ႀကီးျပင္းလာသူေတြလည္း ျဖစ္ပါတယ္။ ႏွစ္ေယာက္သားဟာ Simon နဲ႔ ခြဲေနကတည္းက အဆက္အသြယ္မျပတ္ ရိွေနခဲ့ၿပီး အခုအခ်ိန္မွာေတာ့ အဲ့ဒီ့ထက္ပိုတဲ့ အဆင့္တစ္ခုကို တက္လွမ္းေနၾကၿပီလို႔ ထင္ရပါတယ္။

အတြင္းသတင္းတစ္ခုရဲ႕ ေျပာျပခ်က္ကေတာ့ “သူတို႔ႏွစ္ေယာက္လုံးက ကိုယ္စီ ခ်စ္သူေတြနဲ႔ ခြဲခြာရခ်ိန္ကတည္းက တစ္ေယာက္အတြက္တစ္ေယာက္ ရိွေနေပးခဲ့ၾကတာပါ။ သူတို႔ႏွစ္ေယာက္မွာ တကယ့္ကို နီးစပ္တဲ့ ဆက္ဆံေရးတစ္ခု ရိွပါတယ္။ တကယ္ကို ထူးျခားတဲ့ ပတ္သက္မႈမ်ိဳးပါ။ ႏွစ္ေယာက္အတူတူ အခ်ိန္ကုန္ဆုံးတာေတြကလည္း ပိုၿပီးမ်ားလာပါတယ္။ သူတို႔ရဲ႕ သူငယ္ခ်င္းေတြကေတာ့ ႏွစ္ေယာက္သားဟာ တစ္ေန႔ေန႔မွာ တကယ္လိုက္ဖက္တဲ့ ေမာင္ႏွံေလးတစ္စုံ ျဖစ္လာလိမ့္မယ္လို႔ ေမွ်ာ္လင့္ေနၾကပါတယ္” လို႔ သိရပါတယ္။ ဒါ့အျပင္ ႏွစ္ေယာက္သား လြန္ခဲ့တဲ့ ရက္သတၱပတ္အနည္းငယ္ကလည္း Skepta ရဲ႕ (၃၇)ႏွစ္ေျမာက္ေမြးေန႔ကို လန္ဒန္မွာ အတူတူက်င္းပဆင္ႏႊဲခ့ဲၾကေသးတယ္လို႔ သိရပါတယ္။

Photo: adele/ Instagram

Adele မွာေတာ့ ခင္ပြန္းေဟာင္း Simon နဲ႔ရတဲ့ Angelo လို႔ေခၚတဲ့ (၇)ႏွစ္အရြယ္ သားေလးတစ္ေယာက္ရိွၿပီး  Skepta ကေတာ့ ၿပီးခဲ့တဲ့ႏွစ္ ႏို၀င္ဘာလကမွ သမီးေလးတစ္ေယာက္ ရထားတဲ့ ဖခင္တစ္ဦး ျဖစ္ပါတယ္။ Skepta ဟာ ကေလးရဲ႕မိခင္ ဘယ္သူဆိုတာကိုေတာ့ အခုထက္ထိ ထုတ္ေဖာ္ေျပာၾကားျခင္း မရိွေသးပါဘူး။ သို႔ေပမယ့္ အမ်ားစုကေတာ့ ၂၀၁၈ခုႏွစ္ ၾသဂုတ္လမွာ လမ္းခြဲခဲ့တဲ့ နာမည္ေက်ာ္ေမာ္ဒယ္လ္ Naomi Campbell နဲ႔ရတဲ့ ကေလးလို႔ ထင္ေၾကးေပးခဲ့ၾကပါတယ္။

Adele ကေတာ့ သူမရဲ႕ပုဂၢိဳလ္ေရးဘ၀အေၾကာင္းေတြနဲ႔ ပတ္သက္ရင္ အင္မတန္ လွ်ိဳ႕၀ွက္ထားတတ္သူျဖစ္ၿပီး လူသိရွင္ၾကား ထုတ္ေျပာရတာေတြကို သိပ္မႏွစ္သက္သူလည္း ျဖစ္ပါတယ္။ ခင္ပြန္းေဟာင္း Simon နဲ႔တုန္းကလည္း ငါးႏွစ္ၾကာ ခ်စ္သူအျဖစ္ လက္တြဲခဲ့ၿပီးမွ ၂၀၁၆ခုႏွစ္မွာ လက္ထပ္ခဲ့ၾကတာျဖစ္ေပမယ့္ လက္ထပ္သြားေၾကာင္းကိုေတာ့ ၂၀၁၇ခုႏွစ္ေရာက္မွ ၾသစေတ်းလ်ႏိုင္ငံ၊ ဘရစ္ဘိန္းၿမိဳ႕က ေဖ်ာ္ေျဖပြဲတစ္ခုမွာ ထုတ္ေျပာသြားခဲ့သူ ျဖစ္ပါတယ္။

LaNina

Ref: hollywoodlife

(ဆံရစ္ဝိုင္းမီဒီယာစာမ်က္ႏွာေပၚတြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔ကိုယ္က်ိဳးအတြက္ ကူးယူသုံးစြဲျခင္း မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

(Unicode Version)

Adele ကတော့ ခင်ပွန်းသည် Simon နဲ့ ကွဲကွာပြီးနောက်မှာ ပူဆွေးဝမ်းနည်းနေတဲ့ အမျိုးသမီးမဟုတ်တော့ပါဘူး။ အချစ်သစ်ရှာပြီး ဘဝရဲ့လတ်ဆတ်မှုကို ခံစားတဲ့ အခြေအနေကို ပြန်လည်ရောက်ရှိနေပြီလို့ ပြောရတော့မှာပါ။ ဒါကြောင့်လည်း ဗြိတိန် rapper နဲ့ record producer တစ်ယောက်ဖြစ်တဲ့ Skepta နဲ့ တွဲနေပြီဆိုတဲ့ သတင်းတွေ ထွက်လာခဲ့တာ ဖြစ်ပါတယ်။

Adele ဟာ ခင်ပွန်းဟောင်း Simon Konecki နဲ့ ဧပြီလမှာ စတင်ခွဲနေခဲ့တာဖြစ်ပြီး အခုဆိုရင် ကွာရှင်းခွင့်အတွက် တရားဝင် စာရွက်စာတမ်းတွေ တင်ထားပြီးပြီလို့ သိရပါတယ်။ တစ်ဖက်မှာလည်း အချစ်သစ်နဲ့ ဘဝကို ရှေ့ဆက်လျှောက်လှမ်းတော့မယ့် အခြေအနေတွေကို မြင်နေကြရပါတယ်။ ယူကေသတင်းစာတိုက်ကြီးတစ်ခုဖြစ်တဲ့ The Sun သတင်းဌာနရဲ့ အဆိုအရ အသက်(၃၁)နှစ်အရွယ်ရှိပြီဖြစ်တဲ့ Adele ဟာ အသက်(၃၇)နှစ်အရွယ် Rapper Skepta နဲ့ ချစ်ကြိုးသွယ်နေပြီလို့ သိရပါတယ်။

Photo: adele/ Instagram

Adele နဲ့ Skepta တို့နှစ်ယောက်ဟာ လန်ဒန်မြောက်ပိုင်း၊ တော့တင်ဟန်မြို့ဇာတိက ကြီးပြင်းလာသူတွေလည်း ဖြစ်ပါတယ်။ နှစ်ယောက်သားဟာ Simon နဲ့ ခွဲနေကတည်းက အဆက်အသွယ်မပြတ် ရှိနေခဲ့ပြီး အခုအချိန်မှာတော့ အဲ့ဒီ့ထက်ပိုတဲ့ အဆင့်တစ်ခုကို တက်လှမ်းနေကြပြီလို့ ထင်ရပါတယ်။

အတွင်းသတင်းတစ်ခုရဲ့ ပြောပြချက်ကတော့ “သူတို့နှစ်ယောက်လုံးက ကိုယ်စီ ချစ်သူတွေနဲ့ ခွဲခွာရချိန်ကတည်းက တစ်ယောက်အတွက်တစ်ယောက် ရှိနေပေးခဲ့ကြတာပါ။ သူတို့နှစ်ယောက်မှာ တကယ့်ကို နီးစပ်တဲ့ ဆက်ဆံရေးတစ်ခု ရှိပါတယ်။ တကယ်ကို ထူးခြားတဲ့ ပတ်သက်မှုမျိုးပါ။ နှစ်ယောက်အတူတူ အချိန်ကုန်ဆုံးတာတွေကလည်း ပိုပြီးများလာပါတယ်။ သူတို့ရဲ့ သူငယ်ချင်းတွေကတော့ နှစ်ယောက်သားဟာ တစ်နေ့နေ့မှာ တကယ်လိုက်ဖက်တဲ့ မောင်နှံလေးတစ်စုံ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်” လို့ သိရပါတယ်။ ဒါ့အပြင် နှစ်ယောက်သား လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်ကလည်း Skepta ရဲ့ (၃၇)နှစ်မြောက်မွေးနေ့ကို လန်ဒန်မှာ အတူတူကျင်းပဆင်နွှဲခဲ့ကြသေးတယ်လို့ သိရပါတယ်။

Photo: adele/ Instagram

Adele မှာတော့ ခင်ပွန်းဟောင်း Simon နဲ့ရတဲ့ Angelo လို့ခေါ်တဲ့ (၇)နှစ်အရွယ် သားလေးတစ်ယောက်ရှိပြီး  Skepta ကတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကမှ သမီးလေးတစ်ယောက် ရထားတဲ့ ဖခင်တစ်ဦး ဖြစ်ပါတယ်။ Skepta ဟာ ကလေးရဲ့မိခင် ဘယ်သူဆိုတာကိုတော့ အခုထက်ထိ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။ သို့ပေမယ့် အများစုကတော့ ၂၀၁၈ခုနှစ် သြဂုတ်လမှာ လမ်းခွဲခဲ့တဲ့ နာမည်ကျော်မော်ဒယ်လ် Naomi Campbell နဲ့ရတဲ့ ကလေးလို့ ထင်ကြေးပေးခဲ့ကြပါတယ်။

Adele ကတော့ သူမရဲ့ပုဂ္ဂိုလ်ရေးဘဝအကြောင်းတွေနဲ့ ပတ်သက်ရင် အင်မတန် လျှို့ဝှက်ထားတတ်သူဖြစ်ပြီး လူသိရှင်ကြား ထုတ်ပြောရတာတွေကို သိပ်မနှစ်သက်သူလည်း ဖြစ်ပါတယ်။ ခင်ပွန်းဟောင်း Simon နဲ့တုန်းကလည်း ငါးနှစ်ကြာ ချစ်သူအဖြစ် လက်တွဲခဲ့ပြီးမှ ၂၀၁၆ခုနှစ်မှာ လက်ထပ်ခဲ့ကြတာဖြစ်ပေမယ့် လက်ထပ်သွားကြောင်းကိုတော့ ၂၀၁၇ခုနှစ်ရောက်မှ သြစတျေးလျနိုင်ငံ၊ ဘရစ်ဘိန်းမြို့က ဖျော်ဖြေပွဲတစ်ခုမှာ ထုတ်ပြောသွားခဲ့သူ ဖြစ်ပါတယ်။

LaNina

Ref: hollywoodlife

(ဆံရစ်ဝိုင်းမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကိုယ်ကျိုးအတွက် ကူးယူသုံးစွဲခြင်း မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular