HomeCelebs Update NewsInternationalမကောင်းတဲ့ရှိုးကို ဖျက်သိမ်းမှာဖြစ်ပြီး သူမကိုငွေနဲ့ဝယ်လို့ မရပါဘူးလို့ ပြောလာတဲ့ Adele

မကောင်းတဲ့ရှိုးကို ဖျက်သိမ်းမှာဖြစ်ပြီး သူမကိုငွေနဲ့ဝယ်လို့ မရပါဘူးလို့ ပြောလာတဲ့ Adele

Adele ကတော့ Las Vegas မြို့မှာ ပြုလုပ်မယ့် သူမရဲ့ဖျော်ဖြေပွဲတွေကို ဖျက်သိမ်းခဲ့တာနဲ့ ပတ်သက်ပြီး သူမရဲ့ခံစားချက်နဲ့ ခံယူချက်တွေကို ပြောပြလာပါတယ်။ ဒီအကြောင်းကိုတော့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ BBC Radio 4 ရဲ့ Desert Island Discs အစီအစဉ်ကို လာရောက်ခဲ့တုန်းက ပြောသွားတာ ဖြစ်ပါတယ်။

Adele ကတော့ ယခုနှစ်အစောပိုင်းတုန်းက Las Vegas မှာ ပြုလုပ်ကျင်းပဖို့ စီစဉ်ထားတဲ့ သူမရဲ့ရှိုးပွဲတွေကို အချိန်နီးကပ်တော့မှ ဖျက်သိမ်းဖို့ ကြေညာခဲ့ရတဲ့အကြောင်းကို ပြောပြထားတာ ဖြစ်ပါတယ်။

Photo: adele/ Instagram

“လူတိုင်းရဲ့ စိတ်ပျက်မှုတွေကို ကျွန်မ ခံစားမိပါတယ်။ လူတွေကို စိတ်ပျက်အောင် လုပ်မိတဲ့အတွက် ကျွန်မလည်း စိတ်မကောင်းဖြစ်ရတာပါပဲ။ ပြီးတော့ စိုးလည်းစိုးရိမ်မိပါတယ်။ ကျွန်မသေသေချာချာ စိတ်ကိုစုစည်းပြီး ဖြစ်အောင်လုပ်နိုင်မယ်လို့တော့ ထင်ခဲ့တာပါပဲ။ ဒါပေမယ့် ကျွန်မ မလုပ်နိုင်ခဲ့ပါဘူး။ အဲဒါကြောင့် ဒီဆုံးဖြတ်ချက်အတိုင်းပဲ ဆက်လုပ်ခဲ့တာပါ … ” လို့ ပွဲဖျက်သိမ်းခဲ့တဲ့အပေါ် သူမရဲ့ခံစားချက်ကို ပြောထားပါတယ်။

အသက်(၃၄)နှစ်အရွယ် ရှိပြီဖြစ်တဲ့ Adele ကတော့ ရှိုးပွဲတွေ ပြုလုပ်တာဟာ ပိုက်ဆံကြောင့် အဓိကမဟုတ်ဘူးလို့ ဆိုထားပြီး စီစဉ်ထားတဲ့ ရှိုးကိုက မကောင်းတာကြောင့် ဖျက်သိမ်းခဲ့တာပါလို့လည်း ရှင်းပြထားပါတယ်။

Photo: adele/ Instagram

“ကျွန်မကို ဝယ်လို့မရဘူးလေ။ ကျွန်မကို ဘာနဲ့မှ လာဝယ်ယူလို့ မရပါဘူး။ ကျွန်မ ရှိုးပွဲတစ်ခုကို မဖြစ်မနေ လုပ်ရမှာကြောင့် ဆိုပြီးတော့လည်း မလုပ်ပါဘူး။ ဒါမှမဟုတ် လူတွေ စိတ်ပျက်၊ ငြိုငြင်သွားမှာ ကြောက်ပြီးတော့လည်း မလုပ်ပါဘူး။ ဒါမှမဟုတ်လည်း ငွေတွေအများကြီး ဆုံးရှုံးရမှာ ကြောက်ရုံနဲ့လည်း မလုပ်ပါဘူး …” လို့ Adele က ဆိုပါတယ်။

ဒါ့အပြင် ယခုနှစ် ဇန်နဝါရီလမှာ Las Vegas က ရှိုးတွေကို ဖျက်သိမ်းလိုက်တဲ့အတွက် မညှာမတာ ဝေဖန်ခံခဲ့ရတဲ့အကြောင်းကိုလည်း ပြောပြထားပါတယ်။

“နှစ်လ၊ သုံးလလောက် တော်တော်ဆိုးဝါးတဲ့ အခြေအနေကို ကျော်ဖြတ်ခဲ့ရပါတယ်။ ဒါပေမယ့် မတတ်နိုင်ဘူးလေ။ ဒါတွေပြီးသွားဖို့ စောင့်ဆိုင်းပြီး ကိုယ့်ဘာသာ စိတ်မကောင်းဖြစ်ရတာပဲပေါ့။ ဒီရှိုးတွေအတွက် စိတ်မကောင်းတွေဖြစ်ပြီး အပြစ်ရှိတဲ့စိတ်ကို တွန်းလှန်ရတာပေါ့။ ဒါပေမယ့် တော်တော်လေးတော့ ဆိုးဝါးကြမ်းတမ်းပါတယ် …” လို့ ပြောပြထားပါတယ်။

Photo: adele/ Instagram

ဒါတင်မက ရှိုးနဲ့ပတ်သက်ပြီး ပရိသတ်တွေအပေါ် အခြေအနေ ပြောပြတဲ့အကြောင်းကိုလည်း ရှင်းပြထားပါသေးတယ်။

“ရတာပေါ့။ ကျွန်မ TikTok တို့၊ Instagram တို့မှာ နေ့တိုင်း live တွေလွှင့်ပြီး ကျွန်မ ဒီကိစ္စကို လုပ်နေပါတယ်၊ ဖြေရှင်းနေပါတယ်ဆိုပြီး ပြောနေလို့တော့ ရတာပေါ့။ တကယ်လည်း ဒီကိစ္စတွေကို ဖြေရှင်းနေတာပဲလေ။ ဒါပေမယ့် ဘာ update မှ အသစ်ပြောပြဖို့ မရှိတဲ့အခြေအနေမှာ ကျွန်မ ဘာ update မှ ပေးနေမှာ မဟုတ်ဘူးလေ။ အဲဒီလိုလုပ်ရင် ပိုပြီးစိတ်ပျက်စရာပဲ ဖြစ်သွားမှာမဟုတ်လား …” လို့ Adele က ဆိုထားပါတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular