HomeEntertainmentFilmလူကြီးတစ်ယောက်အနေနဲ့ ကြည့်ရင် ပိုပြီး အဆင်ပြေမယ့် animated movie များ

လူကြီးတစ်ယောက်အနေနဲ့ ကြည့်ရင် ပိုပြီး အဆင်ပြေမယ့် animated movie များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Animated movie လို့ပြောလိုက်တာနဲ့ လူတွေတော်တော်များများဟာ ကလေးတွေကြည့်တဲ့ ဇာတ်လမ်းတွေဆိုပြီး တွေးတတ်ကြပါတယ်။ ဒါပေမဲ့လည်း တစ်ချို့ animated movie တွေဟာ လူကြီးတွေအနေနဲ့ ကြည့်ရင် ပိုပြီး သင့်တော်တာမျိုးတွေ ရှိကြပြီးတော့ တစ်ချို့ဇာတ်လမ်းတွေဆိုရင် လူတွေရဲ့စိတ်ထဲက မကောင်းတဲ့အခြမ်းတွေကို ဖော်ပြထားတာမျိုးလည်း ရှိပါတယ်။ အဲ့ဒါကြောင့် လူကြီးအနေနဲ့ ကြည့်ရင်ပိုပြီးတော့ ဇာတ်လမ်းရဲ့ အနှစ်သာရကို နားလည်နိုင်တဲ့ animated movie တွေကို ဖော်ပြပေးချင်ပါတယ်။

(7) Heavy Metal
photo via screenrant

ဒီကားကတော့ ၁၉၈၁ ခုနှစ်မှာ ထွက်ခဲ့တာဖြစ်ပြီး IMDb (6.7) ရထားပါတယ်။ ဒါ့အပြင် ဒီကားဟာ အာရ်ရိပ်တက် ဖြစ်တဲ့အပြင် ကလေးတွေနဲ့ မသင့်တော်တဲ့ ဇာတ်ဝင်ခန်းတွေ အများကြီးပါနေတာကြောင့် ဒီကားဟာ လူကြီးတွေအတွက်သာ သင့်တော်ပါလိမ့်မယ်။ ဇာတ်လမ်းထဲမှာ အပိုင်း(၅) ပိုင်းပါပြီးတော့ တောက်ပနေတဲ့ အစိမ်းရောင် အလုံးကြီးဟာ ကောင်မလေးတစ်ယောက်ကို ကြောက်စရာဖြစ်ရပ်တွေနဲ့ ကြုံတွေ့ရအောင် ပြုလုပ်နေပြီး ဒုက္ခပေးနေခဲ့ပါတယ်။

(6) Animal Farm
photo via screenrant

ဒီကားကတော့ ၁၉၅၄ ခုနှစ်မှာ ထွက်ခဲ့ပြီး IMDb (7.2) ရထားပါတယ်။ ဇာတ်လမ်းကတော့ တိရစ္ဆာန်မွေးမြူရေးခြံတစ်ခုရဲ့ ပိုင်ရှင်တွေနဲ့ တိရိစ္ဆာန်တွေကြားထဲက ပြဿနာတွေနဲ့ တိရစာ္ဆန်တွေရဲ့ တော်လှန်ကြပုံကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီကားဟာ ၁၉၅၀ နှောင်းပိုင်းမှာ ထွက်ခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်တုန်းက ကွန်မြူနစ်စနစ်ကို ကန့်ကွက်နေကြတဲ့ အချိန်ဖြစ်တာကြောင့် ဒီကားထဲမှာလည်း အဲ့ဒီလိုမျိုး နိုင်ငံရေးသဘောတရားတွေ ပါဝင်နေပါတယ်။ အဲ့ဒါကြောင့် ဇာတ်လမ်းကပေးချင်တဲ့ အနှစ်သာရကို လူကြီးတစ်ယောက်အနေနဲ့ဆိုရင် ပိုပြီးတော့ ခံစားနိုင်မှာ ဖြစ်ပါတယ်။

(5) Watership Down
photo via screenrant

ဒီဇာတ်လမ်းကတော့ ၁၉၇၈ ခုနှစ်က ထွက်ခဲ့ပြီးတော့ IMDb (7.6) ရထားပါတယ်။ ဇာတ်လမ်းကတော့ ယုန်လေးတွေဟာ သူ့တို့ရဲ့အိမ်ကို စွန့်ခွာပြီးတော့ အိမ်အသစ်ကို ရှာဖို့အတွက် စွန့်စားရေး ခရီးထွက်လာခဲ့ပါတယ်။ ဇာတ်လမ်းက တော်တော်လေး ရိုးရှင်းတယ်လို့ ထင်ရပေမယ့်လည်း နောက်ပိုင်းမှာတော့ အဲ့ဒီယုန်လေးတွေဟာ သဘာဝတရားကြီးရဲ့ ရက်စက်မှုတွေနဲ့ တစ်ခြားယုန်တွေရဲ့ ရက်ရက်စက်စက် သတ်ဖြတ်မှုတွေကို ကြုံတွေ့ရပါတော့တယ်။ အဲ့ဒါကြောင့် ဒီကားဟာ တိရိစ္ဆာန်တွေနဲ့ သဘာဝတရားကြီးရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အကျင့်စရိုက်တွေကို ဖော်ပြထားပြီးတော့ သွေးထွက်သံယိုတွေလည်း ပါတာကြောင့် ကလေးငယ်ကြည့်ရှုဖို့အတွက် မသင့်တော်ပါဘူး။

(4) The Secret Of NIMH
photo via screenrant

ဒီကားကတော့ ၁၉၈၂ ခုနှစ်မှာ ထွက်ခဲ့တာဖြစ်ပြီး IMDb (7.6) ရထားပါတယ်။ လယ်သမားတွေမလာခင်မှာ Mrs. Brisby နဲ့သူ့ရဲ့သားလေးဟာ လယ်ကွင်းထဲမှာရှိတဲ့ သူ့တို့အိမ်ကနေ ထွက်သွားဖို့အတွက် ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့လည်း သူ့ရဲ့သားလေးဟာ ဖျားနေတာကြောင့် မထွက်ခွာနိုင်ခဲ့ပါဘူး။ အဲ့ဒါကြောင့်ပဲ သူမရဲ့အနီးနားမှာနေကြတဲ့ သိပ္ပံစမ်းသပ်ချက်တစ်ခုကြောင့် ဉာဏ်ရည်ပိုကောင်းသွားတဲ့ တစ်ခြားကြွက်တွေကို အကူအညီတောင်းခဲ့ပါတယ်။ ဒါပေမဲ့လည်း နောက်မှာတော့ သူမဟာ တစ်ခြားကြွက်တွေနဲ့ ပြဿနာဖြစ်ခဲ့ပြီးတော့ သူမရဲ့သားလေးကို ကယ်ဖို့အတွက် အစီအစဉ်ဟာ အခက်အခဲတွေမျိုးစုံ ရှိလာပါတော့တယ်။

(3) Loving Vincent
photo via screenrant

ဒီဇာတ်လမ်းကတော့ ၂၀၁၇ ခုနှစ်မှာ ထွက်ခဲ့ပြီးတော့ IMDb (7.8) ရထားပါတယ်။ ဇာတ်လမ်းကတော့ ကမ္ဘာကျော် ပန်းချီဆရာတစ်ယောက်ဖြစ်တဲ့ Vincent van Gogh အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပြီး ဒီဇာတ်ကားတစ်ကားလုံးဟာ ပန်းချီကားတွေနဲ့ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းတစ်ခုလုံး စိတ်ဝင်စားဖွယ်ကြည့်ရမှာ ဖြစ်ပြီး ပန်းချီဆရာတစ်ယောက်ရဲ့ သဘာဝ ၊ အခက်အခဲတွေနဲ့ လူတွေရဲ့ သဘောသဘာဝတွေကို ရိုက်ပြထားတာကိုလည်း တွေ့ရမှာပါ။

(2) The Fantastic Mr. Fox
photo via screenrant

ဒီကားကတော့ ၂၀၀၉ ခုနှစ်မှာ ထွက်ခဲ့ပြီးတော့ IMDb (7.9) ရရှိထားပါတယ်။ Mr Fox ဟာ မြေခွေးတစ်ကောင်ဖြစ်ပြီး သူ့ရဲ့တိရိစာ္ဆန်ဗီဇကို မလွန်ဆန်နိုင်ဘဲ ပစ္စည်းတွေကို ခိုးနေခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ လယ်သမားသုံးယောက်ဟာ Mr Fox နဲ့ သူ့ရဲ့မျိုးနွယ်တွေအကုန်လုံးကို သတ်ပစ်ဖို့အတွက် ဆုံးဖြတ်တာကို သိလိုက်ရတဲ့အချိန်မှာ သူဟာ ဘယ်လိုမျိုး လွတ်မြောက်အောင်လုပ်မလည်းဆိုတာနဲ့ သူတစ်ယောက်တည်းပဲ ကိုယ်လွတ်ရုံးမှာလား တစ်ခြားသူတွေကိုရော ကယ်တင်ဦးမှာလားဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဒီကားကတော့ ကလေးတွေလည်း ကြည့်လို့ရပေမယ့်လည်း လူကြီးအနေနဲ့ ကြည့်ရင်တော့ ပိုပြီးတော့ ဇာတ်လမ်းရဲ့အနှစ်သာရကို ခံစားနိုင်မှာပါ။

(1) Persepolis
photo via screenrant

ဒီဇာတ်လမ်းကတော့ ၂၀၀၇ ခုနှစ်မှာ ထွက်ခဲ့ပြီး IMDb (8.0) ရထားပါတယ်။ အီရန်နိုင်ငံမှာဖြစ်ခဲ့တဲ့ တော်လှန်ရေးအကြောင်းကို ရေးသားထားတဲ့ ဝတ္တုကို အခြေခံပြီး ရိုက်ထားတာ ဖြစ်ပါတယ်။ Marjane ဆိုတဲ့မိန်းကလေးဟာ အဲ့ဒီတော်လှန်ရေးကာလကြီးမှာ ကြီးပြင်းလာပြီးတော့ တစ်ခြားသူတွေနဲ့ အယူအဆမတူတာတွေကြောင့် ဒုက္ခရောက်ခဲ့ပြီးတော့ ခွဲခြားဆက်ဆံခဲ့ရပါတယ်။ ဒီကားဟာလည်း နိုင်ငံရေးအကြောင်းအရာတွေ ပါတာကြောင့် ကလေးတွေအနေနဲ့ ကြည့်မယ်ဆိုရင် ဇာတ်လမ်းရဲ့ အဓိပ္ပာယ်ကို အပြည့်အဝနားလည်မှာ မဟုတ်ပါဘူး။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi version)

Animated movie လို႔ေျပာလိုက္တာနဲ႔ လူေတြေတာ္ေတာ္မ်ားမ်ားဟာ ကေလးေတြၾကည့္တဲ့ ဇာတ္လမ္းေတြဆိုၿပီး ေတြးတတ္ၾကပါတယ္။ ဒါေပမဲ့လည္း တစ္ခ်ိဳ႕ animated movie ေတြဟာ လူႀကီးေတြအေနနဲ႔ ၾကည့္ရင္ ပိုၿပီး သင့္ေတာ္တာမ်ိဳးေတြ ရွိၾကၿပီးေတာ့ တစ္ခ်ိဳ႕ဇာတ္လမ္းေတြဆိုရင္ လူေတြရဲ႕စိတ္ထဲက မေကာင္းတဲ့အျခမ္းေတြကို ေဖာ္ျပထားတာမ်ိဳးလည္း ရွိပါတယ္။ အဲ့ဒါေၾကာင့္ လူႀကီးအေနနဲ႔ ၾကည့္ရင္ပိုၿပီးေတာ့ ဇာတ္လမ္းရဲ႕ အႏွစ္သာရကို နားလည္ႏိုင္တဲ့ animated movie ေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(7) Heavy Metal
photo via screenrant

ဒီကားကေတာ့ ၁၉၈၁ ခုႏွစ္မွာ ထြက္ခဲ့တာျဖစ္ၿပီး IMDb (6.7) ရထားပါတယ္။ ဒါ့အျပင္ ဒီကားဟာ အာရ္ရိပ္တက္ ျဖစ္တဲ့အျပင္ ကေလးေတြနဲ႔ မသင့္ေတာ္တဲ့ ဇာတ္ဝင္ခန္းေတြ အမ်ားႀကီးပါေနတာေၾကာင့္ ဒီကားဟာ လူႀကီးေတြအတြက္သာ သင့္ေတာ္ပါလိမ့္မယ္။ ဇာတ္လမ္းထဲမွာ အပိုင္း(၅) ပိုင္းပါၿပီးေတာ့ ေတာက္ပေနတဲ့ အစိမ္းေရာင္ အလုံးႀကီးဟာ ေကာင္မေလးတစ္ေယာက္ကို ေၾကာက္စရာျဖစ္ရပ္ေတြနဲ႔ ႀကဳံေတြ႕ရေအာင္ ျပဳလုပ္ေနၿပီး ဒုကၡေပးေနခဲ့ပါတယ္။

(6) Animal Farm
photo via screenrant

ဒီကားကေတာ့ ၁၉၅၄ ခုႏွစ္မွာ ထြက္ခဲ့ၿပီး IMDb (7.2) ရထားပါတယ္။ ဇာတ္လမ္းကေတာ့ တိရစာၦန္ေမြးျမဴေရးၿခံတစ္ခုရဲ႕ ပိုင္ရွင္ေတြနဲ႔ တိရိစာၦန္ေတြၾကားထဲက ျပႆနာေတြနဲ႔ တိရစာၦန္ေတြရဲ႕ ေတာ္လွန္ၾကပုံကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ ဒီကားဟာ ၁၉၅၀ ေႏွာင္းပိုင္းမွာ ထြက္ခဲ့တာျဖစ္ၿပီး အဲ့ဒီအခ်ိန္တုန္းက ကြန္ျမဴနစ္စနစ္ကို ကန႔္ကြက္ေနၾကတဲ့ အခ်ိန္ျဖစ္တာေၾကာင့္ ဒီကားထဲမွာလည္း အဲ့ဒီလိုမ်ိဳး ႏိုင္ငံေရးသေဘာတရားေတြ ပါဝင္ေနပါတယ္။ အဲ့ဒါေၾကာင့္ ဇာတ္လမ္းကေပးခ်င္တဲ့ အႏွစ္သာရကို လူႀကီးတစ္ေယာက္အေနနဲ႔ဆိုရင္ ပိုၿပီးေတာ့ ခံစားႏိုင္မွာ ျဖစ္ပါတယ္။

(5) Watership Down
photo via screenrant

ဒီဇာတ္လမ္းကေတာ့ ၁၉၇၈ ခုႏွစ္က ထြက္ခဲ့ၿပီးေတာ့ IMDb (7.6) ရထားပါတယ္။ ဇာတ္လမ္းကေတာ့ ယုန္ေလးေတြဟာ သူ႔တို႔ရဲ႕အိမ္ကို စြန႔္ခြာၿပီးေတာ့ အိမ္အသစ္ကို ရွာဖို႔အတြက္ စြန႔္စားေရး ခရီးထြက္လာခဲ့ပါတယ္။ ဇာတ္လမ္းက ေတာ္ေတာ္ေလး ႐ိုးရွင္းတယ္လို႔ ထင္ရေပမယ့္လည္း ေနာက္ပိုင္းမွာေတာ့ အဲ့ဒီယုန္ေလးေတြဟာ သဘာဝတရားႀကီးရဲ႕ ရက္စက္မႈေတြနဲ႔ တစ္ျခားယုန္ေတြရဲ႕ ရက္ရက္စက္စက္ သတ္ျဖတ္မႈေတြကို ႀကဳံေတြ႕ရပါေတာ့တယ္။ အဲ့ဒါေၾကာင့္ ဒီကားဟာ တိရိစာၦန္ေတြနဲ႔ သဘာဝတရားႀကီးရဲ႕ ရက္စက္ၾကမ္းၾကဳတ္တဲ့ အက်င့္စ႐ိုက္ေတြကို ေဖာ္ျပထားၿပီးေတာ့ ေသြးထြက္သံယိုေတြလည္း ပါတာေၾကာင့္ ကေလးငယ္ၾကည့္ရႈဖို႔အတြက္ မသင့္ေတာ္ပါဘူး။

(4) The Secret Of NIMH
photo via screenrant

ဒီကားကေတာ့ ၁၉၈၂ ခုႏွစ္မွာ ထြက္ခဲ့တာျဖစ္ၿပီး IMDb (7.6) ရထားပါတယ္။ လယ္သမားေတြမလာခင္မွာ Mrs. Brisby နဲ႔သူ႔ရဲ႕သားေလးဟာ လယ္ကြင္းထဲမွာရွိတဲ့ သူ႔တို႔အိမ္ကေန ထြက္သြားဖို႔အတြက္ ျဖစ္လာခဲ့ပါတယ္။ ဒါေပမဲ့လည္း သူ႔ရဲ႕သားေလးဟာ ဖ်ားေနတာေၾကာင့္ မထြက္ခြာႏိုင္ခဲ့ပါဘူး။ အဲ့ဒါေၾကာင့္ပဲ သူမရဲ႕အနီးနားမွာေနၾကတဲ့ သိပၸံစမ္းသပ္ခ်က္တစ္ခုေၾကာင့္ ဉာဏ္ရည္ပိုေကာင္းသြားတဲ့ တစ္ျခားႂကြက္ေတြကို အကူအညီေတာင္းခဲ့ပါတယ္။ ဒါေပမဲ့လည္း ေနာက္မွာေတာ့ သူမဟာ တစ္ျခားႂကြက္ေတြနဲ႔ ျပႆနာျဖစ္ခဲ့ၿပီးေတာ့ သူမရဲ႕သားေလးကို ကယ္ဖို႔အတြက္ အစီအစဥ္ဟာ အခက္အခဲေတြမ်ိဳးစုံ ရွိလာပါေတာ့တယ္။

(3) Loving Vincent
photo via screenrant

ဒီဇာတ္လမ္းကေတာ့ ၂၀၁၇ ခုႏွစ္မွာ ထြက္ခဲ့ၿပီးေတာ့ IMDb (7.8) ရထားပါတယ္။ ဇာတ္လမ္းကေတာ့ ကမာၻေက်ာ္ ပန္းခ်ီဆရာတစ္ေယာက္ျဖစ္တဲ့ Vincent van Gogh အေၾကာင္းကို ႐ိုက္ကူးထားတာ ျဖစ္ၿပီး ဒီဇာတ္ကားတစ္ကားလုံးဟာ ပန္းခ်ီကားေတြနဲ႔ ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ ဇာတ္လမ္းတစ္ခုလုံး စိတ္ဝင္စားဖြယ္ၾကည့္ရမွာ ျဖစ္ၿပီး ပန္းခ်ီဆရာတစ္ေယာက္ရဲ႕ သဘာဝ ၊ အခက္အခဲေတြနဲ႔ လူေတြရဲ႕ သေဘာသဘာဝေတြကို ႐ိုက္ျပထားတာကိုလည္း ေတြ႕ရမွာပါ။

(2) The Fantastic Mr. Fox
photo via screenrant

ဒီကားကေတာ့ ၂၀၀၉ ခုႏွစ္မွာ ထြက္ခဲ့ၿပီးေတာ့ IMDb (7.9) ရရွိထားပါတယ္။ Mr Fox ဟာ ေျမေခြးတစ္ေကာင္ျဖစ္ၿပီး သူ႔ရဲ႕တိရိစာၦန္ဗီဇကို မလြန္ဆန္ႏိုင္ဘဲ ပစၥည္းေတြကို ခိုးေနခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ လယ္သမားသုံးေယာက္ဟာ Mr Fox နဲ႔ သူ႔ရဲ႕မ်ိဳးႏြယ္ေတြအကုန္လုံးကို သတ္ပစ္ဖို႔အတြက္ ဆုံးျဖတ္တာကို သိလိုက္ရတဲ့အခ်ိန္မွာ သူဟာ ဘယ္လိုမ်ိဳး လြတ္ေျမာက္ေအာင္လုပ္မလည္းဆိုတာနဲ႔ သူတစ္ေယာက္တည္းပဲ ကိုယ္လြတ္႐ုံးမွာလား တစ္ျခားသူေတြကိုေရာ ကယ္တင္ဦးမွာလားဆိုတာကို ၾကည့္ရႈရမွာ ျဖစ္ပါတယ္။ ဒီကားကေတာ့ ကေလးေတြလည္း ၾကည့္လို႔ရေပမယ့္လည္း လူႀကီးအေနနဲ႔ ၾကည့္ရင္ေတာ့ ပိုၿပီးေတာ့ ဇာတ္လမ္းရဲ႕အႏွစ္သာရကို ခံစားႏိုင္မွာပါ။

(1) Persepolis
photo via screenrant

ဒီဇာတ္လမ္းကေတာ့ ၂၀၀၇ ခုႏွစ္မွာ ထြက္ခဲ့ၿပီး IMDb (8.0) ရထားပါတယ္။ အီရန္ႏိုင္ငံမွာျဖစ္ခဲ့တဲ့ ေတာ္လွန္ေရးအေၾကာင္းကို ေရးသားထားတဲ့ ဝတၱဳကို အေျခခံၿပီး ႐ိုက္ထားတာ ျဖစ္ပါတယ္။ Marjane ဆိုတဲ့မိန္းကေလးဟာ အဲ့ဒီေတာ္လွန္ေရးကာလႀကီးမွာ ႀကီးျပင္းလာၿပီးေတာ့ တစ္ျခားသူေတြနဲ႔ အယူအဆမတူတာေတြေၾကာင့္ ဒုကၡေရာက္ခဲ့ၿပီးေတာ့ ခြဲျခားဆက္ဆံခဲ့ရပါတယ္။ ဒီကားဟာလည္း ႏိုင္ငံေရးအေၾကာင္းအရာေတြ ပါတာေၾကာင့္ ကေလးေတြအေနနဲ႔ ၾကည့္မယ္ဆိုရင္ ဇာတ္လမ္းရဲ႕ အဓိပၸာယ္ကို အျပည့္အဝနားလည္မွာ မဟုတ္ပါဘူး။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular