HomeEntertainmentFilmDisney+ ကနေ ပြသသွားမယ့် Agatha Harkness ရဲ့ Spin-Off ဇာတ်လမ်းတွဲ

Disney+ ကနေ ပြသသွားမယ့် Agatha Harkness ရဲ့ Spin-Off ဇာတ်လမ်းတွဲ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Marvel စတူဒီယိုဟာ WandaVision ထဲမှာ ပါဝင်ခဲ့တဲ့ Agatha Harkness ရဲ့ Spin-Off ဇာတ်လမ်းတွဲကို ရိုက်ကူးဖို့အတွက် ပြင်ဆင်နေပြီလို့ သိရပါတယ်။ WandaVision ဟာ MCU ရဲ့ ပထမဆုံးဇာတ်လမ်းတွဲ တစ်ခုဖြစ်ပြီး Endgame ရုပ်ရှင်အပြီးမှာ Wanda နဲ့ Vision တို့ နှစ်ယောက် ဘာတွေဆက်ဖြစ်ကြလည်း ဆိုတာကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ အဲ့ဒီဇာတ်လမ်းတွဲထဲမှာတော့ Agatha Harkness ဟာ ဗီလိန်အနေနဲ့ ပါဝင်ခဲ့ပြီး ပရိသတ်တွေရဲ့ ကြိုက်နှစ်သက်မှုကိုလည်း ရရှိခဲ့ပါတယ်။ Agatha နေရာမှာတော့ Kathryn Hahn က ပါဝင်သရုပ်ဆောင်ထားပြီး သူမရဲ့သရုပ်ဆောင်မှုဟာ Emmy ဆုပေးပွဲမှာ စံကာတင်စာရင်းဝင်ခဲ့ပါတယ်။

photo via screenrant

WandaVision ဇာတ်လမ်းတွဲဟာ MCU ရဲ့ ပထမဆုံးဇာတ်လမ်းတွဲ ဆိုပေမယ့်လည်း ရုပ်ရှင်ဝေဖန်ရေးသမားတွေရော ပရိသတ်တွေကပါ အကြိုက်တွေ့ခဲ့ပြီး Emmy ဆု (၂၃) ဆုအတွက် စံကာတင်စာရင်းဝင်ခဲ့တဲ့ ဇာတ်လမ်းတွဲ တစ်ခုလည်း ဖြစ်ပါတယ်။ Emmy ဆု (၂၃) ဆုအတွက် စံကာတင်စာရင်းထဲမှာတော့ Outstanding Sci-Fi/Fantasy Costumes ၊ Outstanding Production Design နဲ့ Agatha All Along သီချင်းတို့အတွက် Emmy ဆု (၃) ဆုကို ရယူနိုင်ခဲ့ပါတယ်။

Variety သတင်းဌာနရဲ့ ဖော်ပြချက်အရ ဆိုရင်တော့ Marvel နဲ့ Disney တို့ဟာ Agatha Harkness ရဲ့ Spin-Off ဇာတ်လမ်းတွဲကို ရိုက်ကူးဖို့အတွက် ပြင်ဆင်နေပြီလို့ သိရပါတယ်။ အခုမှ ရိုက်ကူးရေးတောင် မစတင်ရသေးတာကြောင့် ဇာတ်လမ်းအကြောင်းအရာတွေကိုတော့ မသိရသေးဘဲ “Dark Comedy” ဇာတ်လမ်းအမျိူးအစား ဖြစ်မယ်လို့တော့ သိရပါတယ်။ ဒီဇာတ်လမ်းတွဲကိုလည်း WandaVision ဇာတ်လမ်းတွဲအတွက် ခေါင်းဆောင်ဇာတ်ညွှန်းရေးဆရာနေရာမှာ ပါဝင်ခဲ့တဲ့ Jac Schaeffer ကပဲ ဇာတ်ညွှန်းရေးဆရာနဲ့ Executive Producer နေရာမှာ ပါဝင်သွားမယ်လို့လည်း သိရပါတယ်။

photo via screenrant

အပေါ်မှာ ဖော်ပြထားသလိုပဲ ဒီဇာတ်လမ်းတွဲရဲ့ ဇာတ်လမ်းအကြောင်းအရာကို မသိရသေးတာကြောင့် ဘယ်လိုပုံစံမျိူး မြင်တွေ့ရမလည်း ဆိုတာ မသေချာသေးပါဘူး။ ဒါပေမယ့်လည်း Agatha ဟာ (၁၇) ရာစုကတည်းက တည်ရှိနေတဲ့ စုန်းမတစ်ယောက် ဖြစ်တာကြောင့် သူမရဲ့ Origin အပါအဝင် နောက်ကြောင်းတွေကို ရိုက်ပြနိုင်သလို WandaVision ဇာတ်လမ်းအပြီးမှာ ဇာတ်အိမ်တည်ပြီး Agatha က Wanda ရဲ့ ထိန်းချုပ်မှုအောက်က လွတ်အောင် ကြိုးစားပုံကိုလည်း မြင်တွေ့ရနိုင်ပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ အနည်းဆုံး ၂၀၂၃ ခုနှစ်လောက်မှ ထွက်ရှိလာမယ်လို့ ခန့်မှန်းထားပါတယ်။

Legos

Source: Screenrant

(Zawgyi Version)

Marvel စတူဒီယိုဟာ WandaVision ထဲမွာ ပါဝင္ခဲ့တဲ့ Agatha Harkness ရဲ႕ Spin-Off ဇာတ္လမ္းတြဲကို ႐ိုက္ကူးဖို႔အတြက္ ျပင္ဆင္ေနၿပီလို႔ သိရပါတယ္။ WandaVision ဟာ MCU ရဲ႕ ပထမဆုံးဇာတ္လမ္းတြဲ တစ္ခုျဖစ္ၿပီး Endgame ႐ုပ္ရွင္အၿပီးမွာ Wanda နဲ႔ Vision တို႔ ႏွစ္ေယာက္ ဘာေတြဆက္ျဖစ္ၾကလည္း ဆိုတာကို ႐ိုက္ကူးထားတာပဲ ျဖစ္ပါတယ္။ အဲ့ဒီဇာတ္လမ္းတြဲထဲမွာေတာ့ Agatha Harkness ဟာ ဗီလိန္အေနနဲ႔ ပါဝင္ခဲ့ၿပီး ပရိသတ္ေတြရဲ႕ ႀကိဳက္ႏွစ္သက္မႈကိုလည္း ရရွိခဲ့ပါတယ္။ Agatha ေနရာမွာေတာ့ Kathryn Hahn က ပါဝင္သ႐ုပ္ေဆာင္ထားၿပီး သူမရဲ႕သ႐ုပ္ေဆာင္မႈဟာ Emmy ဆုေပးပြဲမွာ စံကာတင္စာရင္းဝင္ခဲ့ပါတယ္။

photo via screenrant

WandaVision ဇာတ္လမ္းတြဲဟာ MCU ရဲ႕ ပထမဆုံးဇာတ္လမ္းတြဲ ဆိုေပမယ့္လည္း ႐ုပ္ရွင္ေဝဖန္ေရးသမားေတြေရာ ပရိသတ္ေတြကပါ အႀကိဳက္ေတြ႕ခဲ့ၿပီး Emmy ဆု (၂၃) ဆုအတြက္ စံကာတင္စာရင္းဝင္ခဲ့တဲ့ ဇာတ္လမ္းတြဲ တစ္ခုလည္း ျဖစ္ပါတယ္။ Emmy ဆု (၂၃) ဆုအတြက္ စံကာတင္စာရင္းထဲမွာေတာ့ Outstanding Sci-Fi/Fantasy Costumes ၊ Outstanding Production Design နဲ႔ Agatha All Along သီခ်င္းတို႔အတြက္ Emmy ဆု (၃) ဆုကို ရယူႏိုင္ခဲ့ပါတယ္။

Variety သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ ဆိုရင္ေတာ့ Marvel နဲ႔ Disney တို႔ဟာ Agatha Harkness ရဲ႕ Spin-Off ဇာတ္လမ္းတြဲကို ႐ိုက္ကူးဖို႔အတြက္ ျပင္ဆင္ေနၿပီလို႔ သိရပါတယ္။ အခုမွ ႐ိုက္ကူးေရးေတာင္ မစတင္ရေသးတာေၾကာင့္ ဇာတ္လမ္းအေၾကာင္းအရာေတြကိုေတာ့ မသိရေသးဘဲ “Dark Comedy” ဇာတ္လမ္းအမ်ိဴးအစား ျဖစ္မယ္လို႔ေတာ့ သိရပါတယ္။ ဒီဇာတ္လမ္းတြဲကိုလည္း WandaVision ဇာတ္လမ္းတြဲအတြက္ ေခါင္းေဆာင္ဇာတ္ၫႊန္းေရးဆရာေနရာမွာ ပါဝင္ခဲ့တဲ့ Jac Schaeffer ကပဲ ဇာတ္ၫႊန္းေရးဆရာနဲ႔ Executive Producer ေနရာမွာ ပါဝင္သြားမယ္လို႔လည္း သိရပါတယ္။

photo via screenrant

အေပၚမွာ ေဖာ္ျပထားသလိုပဲ ဒီဇာတ္လမ္းတြဲရဲ႕ ဇာတ္လမ္းအေၾကာင္းအရာကို မသိရေသးတာေၾကာင့္ ဘယ္လိုပုံစံမ်ိဴး ျမင္ေတြ႕ရမလည္း ဆိုတာ မေသခ်ာေသးပါဘူး။ ဒါေပမယ့္လည္း Agatha ဟာ (၁၇) ရာစုကတည္းက တည္ရွိေနတဲ့ စုန္းမတစ္ေယာက္ ျဖစ္တာေၾကာင့္ သူမရဲ႕ Origin အပါအဝင္ ေနာက္ေၾကာင္းေတြကို ႐ိုက္ျပႏိုင္သလို WandaVision ဇာတ္လမ္းအၿပီးမွာ ဇာတ္အိမ္တည္ၿပီး Agatha က Wanda ရဲ႕ ထိန္းခ်ဳပ္မႈေအာက္က လြတ္ေအာင္ ႀကိဳးစားပုံကိုလည္း ျမင္ေတြ႕ရႏိုင္ပါတယ္။ ဒီဇာတ္လမ္းတြဲကေတာ့ အနည္းဆုံး ၂၀၂၃ ခုႏွစ္ေလာက္မွ ထြက္ရွိလာမယ္လို႔ ခန႔္မွန္းထားပါတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular