HomeEntertainmentFilmAge of Ultron ထဲမှာ Scarlet Witch ပြခဲ့တဲ့ပုံရိပ်တွေထဲက တကယ်ဖြစ်လာတဲ့အရာများ

Age of Ultron ထဲမှာ Scarlet Witch ပြခဲ့တဲ့ပုံရိပ်တွေထဲက တကယ်ဖြစ်လာတဲ့အရာများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

MCU ဟာ ၂၀၀၈ခုနှစ်မှာ Iron Man နဲ့ စတင်ရိုက်ကူးခဲ့ပြီး ၂၀၁၉ခုနှစ်မှာ Spider Man: Far From Home နဲ့ phase 3 ကို ဇာတ်သိမ်းခဲ့ပါတယ်။ အဲ့ဒီကြားထဲမှာ ဇာတ်ကားတွေ အများကြီး ရှိခဲ့ပြီး Avengers: Age of Ultron ထဲမှာတော့ Avenger အဖွဲ့သားတွေဟာ Scarlet Witch ရဲ့အစွမ်းကြောင့် သူတို့ရဲ့အကြောက်ဆုံး ပုံရိပ်တွေနဲ့ တစ်ခြားပုံရိပ်တွေကို မြင်တွေ့ခဲ့ရပါတယ်။ သူတို့မြင်ရတဲ့ ပုံရိပ်တွေထဲမှာ တကယ်ဖြစ်လာခဲ့တဲ့ ဖြစ်ရပ်တွေလည်း ရှိတာကြောင့် ဘယ်လိုဖြစ်ရပ်တွေဟာ သူတို့မြင်ခဲ့တဲ့အတိုင်း ဖြစ်ခဲ့တာလည်းဆိုတာ ကြည့်ရလိုက်အောင်။

Captain America ရဲ့ဒိုင်းကွဲသွားခြင်း
photo via screenrant

Tony Stark ဟာ HYDRA အခြေစိုက်စခန်းမှာရှိတဲ့ scepter နားကို ချဉ်းကပ်သွားတဲ့အချိန်မှာ Wanda ဟာ သူ့ရဲ့အကြောက်ဆုံးပုံရိပ်တွေကို ပြပြီးတော့ တားဆီးခဲ့ပါတယ်။ အဲ့ဒီပုံရိပ်တွေကတော့ သူ့မိတ်ဆွေတွေရဲ့ သေဆုံးမှုတွေဖြစ်ပြီး မြင်ခဲ့ရတဲ့ ပုံရိပ်တွေထဲမှာ Captain America လည်း အပါအဝင်ဖြစ်ပြီး သူ့ရဲ့ဘေးမှာတော့ ဒိုင်းဟာ ထက်ခြမ်းကွဲနေခဲ့ပါတယ်။

ဒီအချက်ဟာ ပရိသတ်တွေတော်တော်များများကို စိတ်လှုပ်ရှားစေခဲ့ပါတယ်။ အဲ့ဒီဒိုင်းဟာ ဗိုင်ဘရေနီယမ်နဲ့ လုပ်ထားတာဖြစ်လို့ အခုလိုမျိုး ထက်ခြမ်းကွဲသွားအောင် ဘယ်လိုအရာက လုပ်နိုင်တာလည်းဆိုတာကို လူတိုင်းက စိတ်ဝင်စားခဲ့ပါတယ်။ အဲ့ဒီမေးခွန်းရဲ့အဖြေဟာ Avengers: Endgame ထွက်လာတဲ့အခါမှာတော့ ရှင်းသွားခဲ့ပါတယ်။ Cap ဟာ တိုက်ခိုက်နေရင်းနဲ့ Thanos ရဲ့ဓားနဲ့ အခုတ်ခံရပြီးတော့ သူ့ရဲ့ဒိုင်းဟာ လုံးဝကို ကွဲထွက်သွားခဲ့ပါတယ်။ ဒါကတော့ Tony မြင်ခဲ့တဲ့ ပုံရိပ်တွေထဲက တကယ်ဖြစ်လာတဲ့ အဖြစ်အပျက် ဖြစ်ပြီးတော့ သူမြင်ခဲ့သလို ဒိုင်းကကွဲသွားပေမယ့် Cap ကတော့ မသေဆုံးခဲ့ပါဘူး။

Natasha ရဲ့သေဆုံးမှု
photo via screenrant

အပေါ်မှာ ရေးခဲ့သလိုမျိုးပဲ Tony ဟာ သူ့ရဲ့မိတ်ဆွေတွေ သေကြေပျက်စီးကြတာကို မြင်ခဲ့ရတဲ့အထဲမှာ Natasha ရဲ့ သေဆုံးမှုလည်း အပါအဝင် ဖြစ်ပါတယ်။ အဲ့ဒီအခန်းကို ပြတဲ့အချိန်မှာ တစ်ခြားအခန်းတွေလို ခဏလေးပြသွားတာ မဟုတ်ဘဲ သေချာကို အနီးကပ် ရိုက်ပြသွားခဲ့ပါတယ်။ ဒါ့အပြင် အဲ့ဒီတုန်းက မြင်လိုက်ရတဲ့ပုံစံနဲ့ Endgame ထဲမှာ မြင်လိုက်ရတဲ့ပုံစံဟာလည်း တော်တော်လေးကို တူနေခဲ့ပါတယ်။

Natasha ဟာ soul stone ကို ရဖို့အတွက် သူ့ကိုယ်သူ စွန့်လွှတ်အနစ်နာခံခဲ့သူတစ်ယောက်ဖြစ်ပြီးတော့ Thanos နဲ့ မတိုက်ခင်မှာ သေဆုံးသွားတဲ့ ပထမဦးဆုံး Avengers အဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အသစ်ထွက်မယ့် Black Widow ဆိုလိုရုပ်ရှင်ကားထဲမှာတော့ သူမကို နောက်ထပ်တစ်ကြိမ် ထပ်ပြီးတော့ မြင်ခွင့်ရဦးမှာ ဖြစ်ပါတယ်။ အဲ့ဒီရုပ်ရှင်ကားဟာ သူမရဲ့အတိတ်ကို ရိုက်ပြသွားမှာ ဖြစ်ပြီးတော့ တစ်ခြား ဇာတ်ကောင်အသစ်တွေလည်း ထပ်ပြီး မြင်တွေ့ကြရဦးမှာ ဖြစ်ပါတယ်။

ဂြိုဟ်သားတွေရဲ့ အကြီးစား ကျူးကျော်တိုက်ခိုက်မှု
photo via screenrant

Tony မြင်ခဲ့တဲ့ ပုံရိပ်တွေထဲမှာ သူ့ရဲ့မိတ်ဆွေတွေ သေကြေပျက်စီးရတဲ့ အကြောင်းအရင်းဟာ ဂြိုဟ်သားတွေက ကမ္ဘာပေါ်ကို ကျူးကျော်လာပြီးတော့ တိုက်ခိုက်တာကြောင့် ဖြစ်လာရတာပါ။ ဒီကျူးကျော်တိုက်ခိုက်မှုဟာ The Avengers ထဲက ကျူးကျော်တိုက်ခိုက်မှုထက်ကို အများကြီး ပိုပြီးကြီးမားပါတယ်။

အဲ့ဒီမြင်ကွင်းကတော့ Avengers: Endgame ထွက်လာတဲ့အခါမှာ တကယ်ကို ဖြစ်ပျက်ခဲ့ပါတယ်။ Thanos ဟာ Chitauri ၊ Outrider နဲ့ Sakaaran တို့လို ဂြိုဟ်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ သူ့ရဲ့စစ်တပ်နဲ့အတူ ကမ္ဘာမြေကို ကျူးကျော်ပြီးတော့ တိုက်ခိုက်ခဲ့ပါတယ်။ ဒါ့အပြင် သူမြင်ခဲ့တဲ့ ပုံရိပ်တွေဟာ Avenger အဖွဲ့တစ်ခုတည်း အန္တရာယ်ရှိနေတာ မဟုတ်ဘဲနဲ့ တစ်ကမ္ဘာလုံးဟာ အန္တရာယ်ကျရောက်နေတဲ့ အခြေအနေမျိုး ဖြစ်နေတာကလည်း Endgame ထဲက ပုံရိပ်တွေနဲ့ တစ်ထပ်တည်းကျနေခဲ့ပါတယ်။

Captain America နဲ့ Peggy Carter
photo via screenrant

Avengers: Age of Ultron ထဲမှာ Wanda ဟာ Tony တစ်ယောက်တည်းကို အဲ့လိုမျိုး တားဆီးခဲ့တာ မဟုတ်ဘဲနဲ့ တစ်ခြားအဖွဲ့ဝင်တွေကိုလည်း တားဆီးခဲ့ပါတယ်။ Cap ဟာ Wanda ရဲ့တားဆီးခြင်းကို ခံလိုက်ရတဲ့အချိန်မှာတော့ စစ်ပွဲကြီးပြီးသွားတာကြောင့် သူ့ရဲ့ ရဲဖော်ရဲဖက်တွေနဲ့ ပျော်ပွဲရွင်ပွဲကျင်းပနေတဲ့ ပုံရိပ်တွေကို မြင်လိုက်ရပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ Peggy နဲ့အတူတူ ရိုမန့်တစ်ဆန်ဆန် ကနေတာကို မြင်ခဲ့ရပါတယ်။

အဲ့ဒီပုံရိပ်တွေဟာ Cap ရဲ့ဘဝမှာ အလိုချင်ဆုံးအရာတစ်ခုဖြစ်ခဲ့ပြီးတော့ ဘယ်တုန်းကမှ မပိုင်ဆိုင်ခဲ့တဲ့ အရာဆိုရင်လည်း ဟုတ်ပါတယ်။ ဒါပေမဲ့ သူမြင်ခဲ့တဲ့ အဲ့ဒီပုံရိပ်တွေဟာ Avengers: Endgame ထဲမှာတော့ တကယ်ဖြစ်လာခဲ့ပါတယ်။ Infinity Stone တွေကို သက်ဆိုင်တဲ့နေရာတွေမှာ ပြန်ထားဖို့အတွက် အတိတ်ကို အချိန်ခရီးသွားတဲ့အခါမှာတော့ Cap ဟာ သူအလိုချင်ဆုံး ဘဝတစ်ခုကို ပိုင်ဆိုင်ခဲ့ရပြီးတော့ သူမြင်ခဲ့တဲ့ ပုံရိပ်တွေဟာ အမှန်တကယ် ဖြစ်လာခဲ့ပါတယ်။

Thor ရဲ့ စွမ်းအားအစစ်အမှန်
photo via screenrant

တစ်ခြားအဖွဲ့ဝင်တွေလိုပဲ Thor ဟာလည်း ပုံရိပ်အချို့ကို မြင်တွေ့ခဲ့ရပါတယ်။ အဲ့ဒါကတော့ သူဟာ Mjolnir ကနေတစ်ဆင့် မဟုတ်ဘဲနဲ့ သူ့ရဲ့ခန္ဓာကိုယ်မှာ လျှပ်စီးတွေဟာ ထွက်နေခဲ့ပါတယ်။ အဲ့ဒီဖြစ်ရပ်ကတော့ Thor: Ragnarok ထဲမှာ Hela ဟာ သူ့ရဲ့တူကို ဖျက်ဆီးလိုက်ပြီးတဲ့အချိန်မှာ တကယ်ဖြစ်လာခဲ့ပါတယ်။

ယခင်က Thor ဟာ သူ့ရဲ့စွမ်းအားတွေကို Mjolnir ကနေတစ်ဆင့် အသုံးပြုခဲ့တာ ဖြစ်ပြီးတော့ သာမန်အတိုင်းဆိုရင် သူ့ရဲ့စွမ်းအားကို အများကြီး ထုတ်မသုံးနိုင်ခဲ့ပါဘူး။ နောက်ပိုင်း Stormbreaker ကို လက်နက်အဖြစ်နဲ့ အသုံးပြုခဲ့တဲ့အခါမှာတော့ အရင်ကထက်ပိုပြီး အစွမ်းထက်လာခဲ့ပါတယ်။

Asgard ရဲ့ပျက်စီးခြင်း
photo via screenrant

Thor မြင်တွေ့ခဲ့ရတဲ့ ပုံရိပ်တွေထဲမှာ သူ့ကိုယ်မှာ လျှပ်စီးတွေ စီးဆင်းနေတဲ့ ပုံရိပ်တစ်ခုတည်းမဟုတ်ဘဲ Asgard ရဲ့ပျက်စီးမှုကိုလည်း မြင်တွေ့ခဲ့ရပါသေးတယ်။ အဲ့ဒီပုံရိပ်တွေထဲမှာတော့ Heimdall ဟာ Asgard ရဲ့ပြည်သူတွေအကုန်လုံးက သူ့ကြောင့်ပဲ သေကြေပျက်စီးကြလိမ့်မယ်လို့ ပြောခဲ့ပြီး Asgard ရဲ့ပျက်စီးမှုကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ အဆိုပါပုံရိပ်တွေဟာ Thor: Ragnarok ထဲမှာ တကယ်ဖြစ်လာခဲ့ပါတယ်။ အဲ့ဒါကတော့ Thor ဟာ Hela ကိုအနိုင်ယူဖို့အတွက် Surtur ကို လွှတ်ပေးပြီးတော့ Asgard ကို ဖျက်ဆီးခွင့်ပေးခဲ့ပါတယ်။

အဲ့ဒါကြောင့်ပဲ Thor ဟာ ပြည်သူတွေအကုန်လုံးကို Grandmaster ရဲ့အာကာသယာဉ်ပေါ်မှာ တင်ပြီးတော့ ကမ္ဘာပေါ်မှာ နေထိုင်ဖို့အတွက် ခရီးထွက်လာခဲ့ပါတယ်။ ဒါပေမဲ့လည်း  Avengers: Infinity War ရဲ့အစမှာ သူတို့ဟာ Thanos နဲ့ ထိပ်တိုက်တွေ့ခဲ့ကြပြီးတော့ Heimdall နဲ့ Loki တို့အပါအဝင် Asgard ပြည်သူတွေရဲ့ လူဦးရေတစ်ဝက်ဟာ အသတ်ခံလိုက်ရပါတယ်။ အသက်ရှင်သန်သူတွေကတော့ ကမ္ဘာပေါ်ကို ရောက်အောင် လာနိုင်ခဲ့ပြီးတော့ New Asgard ကိုတည်ထောင်ခဲ့တဲ့အပြင် Valkyrie ဟာလည်း New Asgard ရဲ့ခေါင်းဆောင်အသစ် ဖြစ်လာခဲ့ပါတယ်။

ဒါကတော့ Age of Ultron ထဲမှာ Scarlet Witch ရဲ့အစွမ်းနဲ့ မြင်စေခဲ့တဲ့ပုံရိပ်တွေထဲက တကယ်ဖြစ်ပျက်လာခဲ့တဲ့ ဖြစ်ရပ်တွေအကြောင်းပဲ ဖြစ်ပါတယ်။ ဒီအကြောင်းတွေကို ဖတ်ပြီး Avengers အဖွဲ့သားတွေနဲ့ ပတ်သက်တဲ့ ခံစားချက်တစ်စုံတစ်ရာ ဖြစ်စေခဲ့တယ်ဆိုရင်လည်း မျှဝေခဲ့ပါဦး။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi version)

MCU ဟာ ၂၀၀၈ခုႏွစ္မွာ Iron Man နဲ႔ စတင္႐ိုက္ကူးခဲ့ၿပီး ၂၀၁၉ခုႏွစ္မွာ Spider Man: Far From Home နဲ႔ phase 3 ကို ဇာတ္သိမ္းခဲ့ပါတယ္။ အဲ့ဒီၾကားထဲမွာ ဇာတ္ကားေတြ အမ်ားႀကီး ရွိခဲ့ၿပီး Avengers: Age of Ultron ထဲမွာေတာ့ Avenger အဖြဲ႕သားေတြဟာ Scarlet Witch ရဲ႕အစြမ္းေၾကာင့္ သူတို႔ရဲ႕အေၾကာက္ဆုံး ပုံရိပ္ေတြနဲ႔ တစ္ျခားပုံရိပ္ေတြကို ျမင္ေတြ႕ခဲ့ရပါတယ္။ သူတို႔ျမင္ရတဲ့ ပုံရိပ္ေတြထဲမွာ တကယ္ျဖစ္လာခဲ့တဲ့ ျဖစ္ရပ္ေတြလည္း ရွိတာေၾကာင့္ ဘယ္လိုျဖစ္ရပ္ေတြဟာ သူတို႔ျမင္ခဲ့တဲ့အတိုင္း ျဖစ္ခဲ့တာလည္းဆိုတာ ၾကည့္ရလိုက္ေအာင္။

Captain America ရဲ႕ဒိုင္းကြဲသြားျခင္း
photo via screenrant

Tony Stark ဟာ HYDRA အေျခစိုက္စခန္းမွာရွိတဲ့ scepter နားကို ခ်ဥ္းကပ္သြားတဲ့အခ်ိန္မွာ Wanda ဟာ သူ႔ရဲ႕အေၾကာက္ဆုံးပုံရိပ္ေတြကို ျပၿပီးေတာ့ တားဆီးခဲ့ပါတယ္။ အဲ့ဒီပုံရိပ္ေတြကေတာ့ သူ႔မိတ္ေဆြေတြရဲ႕ ေသဆုံးမႈေတြျဖစ္ၿပီး ျမင္ခဲ့ရတဲ့ ပုံရိပ္ေတြထဲမွာ Captain America လည္း အပါအဝင္ျဖစ္ၿပီး သူ႔ရဲ႕ေဘးမွာေတာ့ ဒိုင္းဟာ ထက္ျခမ္းကြဲေနခဲ့ပါတယ္။

ဒီအခ်က္ဟာ ပရိသတ္ေတြေတာ္ေတာ္မ်ားမ်ားကို စိတ္လႈပ္ရွားေစခဲ့ပါတယ္။ အဲ့ဒီဒိုင္းဟာ ဗိုင္ဘေရနီယမ္နဲ႔ လုပ္ထားတာျဖစ္လို႔ အခုလိုမ်ိဳး ထက္ျခမ္းကြဲသြားေအာင္ ဘယ္လိုအရာက လုပ္ႏိုင္တာလည္းဆိုတာကို လူတိုင္းက စိတ္ဝင္စားခဲ့ပါတယ္။ အဲ့ဒီေမးခြန္းရဲ႕အေျဖဟာ Avengers: Endgame ထြက္လာတဲ့အခါမွာေတာ့ ရွင္းသြားခဲ့ပါတယ္။ Cap ဟာ တိုက္ခိုက္ေနရင္းနဲ႔ Thanos ရဲ႕ဓားနဲ႔ အခုတ္ခံရၿပီးေတာ့ သူ႔ရဲ႕ဒိုင္းဟာ လုံးဝကို ကြဲထြက္သြားခဲ့ပါတယ္။ ဒါကေတာ့ Tony ျမင္ခဲ့တဲ့ ပုံရိပ္ေတြထဲက တကယ္ျဖစ္လာတဲ့ အျဖစ္အပ်က္ ျဖစ္ၿပီးေတာ့ သူျမင္ခဲ့သလို ဒိုင္းကကြဲသြားေပမယ့္ Cap ကေတာ့ မေသဆုံးခဲ့ပါဘူး။

Natasha ရဲ႕ေသဆုံးမႈ
photo via screenrant

အေပၚမွာ ေရးခဲ့သလိုမ်ိဳးပဲ Tony ဟာ သူ႔ရဲ႕မိတ္ေဆြေတြ ေသေၾကပ်က္စီးၾကတာကို ျမင္ခဲ့ရတဲ့အထဲမွာ Natasha ရဲ႕ ေသဆုံးမႈလည္း အပါအဝင္ ျဖစ္ပါတယ္။ အဲ့ဒီအခန္းကို ျပတဲ့အခ်ိန္မွာ တစ္ျခားအခန္းေတြလို ခဏေလးျပသြားတာ မဟုတ္ဘဲ ေသခ်ာကို အနီးကပ္ ႐ိုက္ျပသြားခဲ့ပါတယ္။ ဒါ့အျပင္ အဲ့ဒီတုန္းက ျမင္လိုက္ရတဲ့ပုံစံနဲ႔ Endgame ထဲမွာ ျမင္လိုက္ရတဲ့ပုံစံဟာလည္း ေတာ္ေတာ္ေလးကို တူေနခဲ့ပါတယ္။

Natasha ဟာ soul stone ကို ရဖို႔အတြက္ သူ႔ကိုယ္သူ စြန႔္လႊတ္အနစ္နာခံခဲ့သူတစ္ေယာက္ျဖစ္ၿပီးေတာ့ Thanos နဲ႔ မတိုက္ခင္မွာ ေသဆုံးသြားတဲ့ ပထမဦးဆုံး Avengers အဖြဲ႕ဝင္တစ္ေယာက္လည္း ျဖစ္ပါတယ္။ ဒါေပမဲ့လည္း အသစ္ထြက္မယ့္ Black Widow ဆိုလို႐ုပ္ရွင္ကားထဲမွာေတာ့ သူမကို ေနာက္ထပ္တစ္ႀကိမ္ ထပ္ၿပီးေတာ့ ျမင္ခြင့္ရဦးမွာ ျဖစ္ပါတယ္။ အဲ့ဒီ႐ုပ္ရွင္ကားဟာ သူမရဲ႕အတိတ္ကို ႐ိုက္ျပသြားမွာ ျဖစ္ၿပီးေတာ့ တစ္ျခား ဇာတ္ေကာင္အသစ္ေတြလည္း ထပ္ၿပီး ျမင္ေတြ႕ၾကရဦးမွာ ျဖစ္ပါတယ္။

ၿဂိဳဟ္သားေတြရဲ႕ အႀကီးစား က်ဴးေက်ာ္တိုက္ခိုက္မႈ
photo via screenrant

Tony ျမင္ခဲ့တဲ့ ပုံရိပ္ေတြထဲမွာ သူ႔ရဲ႕မိတ္ေဆြေတြ ေသေၾကပ်က္စီးရတဲ့ အေၾကာင္းအရင္းဟာ ၿဂိဳဟ္သားေတြက ကမာၻေပၚကို က်ဴးေက်ာ္လာၿပီးေတာ့ တိုက္ခိုက္တာေၾကာင့္ ျဖစ္လာရတာပါ။ ဒီက်ဴးေက်ာ္တိုက္ခိုက္မႈဟာ The Avengers ထဲက က်ဴးေက်ာ္တိုက္ခိုက္မႈထက္ကို အမ်ားႀကီး ပိုၿပီးႀကီးမားပါတယ္။

အဲ့ဒီျမင္ကြင္းကေတာ့ Avengers: Endgame ထြက္လာတဲ့အခါမွာ တကယ္ကို ျဖစ္ပ်က္ခဲ့ပါတယ္။ Thanos ဟာ Chitauri ၊ Outrider နဲ႔ Sakaaran တို႔လို ၿဂိဳဟ္သားေတြနဲ႔ ဖြဲ႕စည္းထားတဲ့ သူ႔ရဲ႕စစ္တပ္နဲ႔အတူ ကမာၻေျမကို က်ဴးေက်ာ္ၿပီးေတာ့ တိုက္ခိုက္ခဲ့ပါတယ္။ ဒါ့အျပင္ သူျမင္ခဲ့တဲ့ ပုံရိပ္ေတြဟာ Avenger အဖြဲ႕တစ္ခုတည္း အႏၲရာယ္ရွိေနတာ မဟုတ္ဘဲနဲ႔ တစ္ကမာၻလုံးဟာ အႏၲရာယ္က်ေရာက္ေနတဲ့ အေျခအေနမ်ိဳး ျဖစ္ေနတာကလည္း Endgame ထဲက ပုံရိပ္ေတြနဲ႔ တစ္ထပ္တည္းက်ေနခဲ့ပါတယ္။

Captain America နဲ႔ Peggy Carter
photo via screenrant

Avengers: Age of Ultron ထဲမွာ Wanda ဟာ Tony တစ္ေယာက္တည္းကို အဲ့လိုမ်ိဳး တားဆီးခဲ့တာ မဟုတ္ဘဲနဲ႔ တစ္ျခားအဖြဲ႕ဝင္ေတြကိုလည္း တားဆီးခဲ့ပါတယ္။ Cap ဟာ Wanda ရဲ႕တားဆီးျခင္းကို ခံလိုက္ရတဲ့အခ်ိန္မွာေတာ့ စစ္ပြဲႀကီးၿပီးသြားတာေၾကာင့္ သူ႔ရဲ႕ ရဲေဖာ္ရဲဖက္ေတြနဲ႔ ေပ်ာ္ပြဲ႐ြင္ပြဲက်င္းပေနတဲ့ ပုံရိပ္ေတြကို ျမင္လိုက္ရပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူဟာ Peggy နဲ႔အတူတူ ႐ိုမန႔္တစ္ဆန္ဆန္ ကေနတာကို ျမင္ခဲ့ရပါတယ္။

အဲ့ဒီပုံရိပ္ေတြဟာ Cap ရဲ႕ဘဝမွာ အလိုခ်င္ဆုံးအရာတစ္ခုျဖစ္ခဲ့ၿပီးေတာ့ ဘယ္တုန္းကမွ မပိုင္ဆိုင္ခဲ့တဲ့ အရာဆိုရင္လည္း ဟုတ္ပါတယ္။ ဒါေပမဲ့ သူျမင္ခဲ့တဲ့ အဲ့ဒီပုံရိပ္ေတြဟာ Avengers: Endgame ထဲမွာေတာ့ တကယ္ျဖစ္လာခဲ့ပါတယ္။ Infinity Stone ေတြကို သက္ဆိုင္တဲ့ေနရာေတြမွာ ျပန္ထားဖို႔အတြက္ အတိတ္ကို အခ်ိန္ခရီးသြားတဲ့အခါမွာေတာ့ Cap ဟာ သူအလိုခ်င္ဆုံး ဘဝတစ္ခုကို ပိုင္ဆိုင္ခဲ့ရၿပီးေတာ့ သူျမင္ခဲ့တဲ့ ပုံရိပ္ေတြဟာ အမွန္တကယ္ ျဖစ္လာခဲ့ပါတယ္။

Thor ရဲ႕ စြမ္းအားအစစ္အမွန္
photo via screenrant

တစ္ျခားအဖြဲ႕ဝင္ေတြလိုပဲ Thor ဟာလည္း ပုံရိပ္အခ်ိဳ႕ကို ျမင္ေတြ႕ခဲ့ရပါတယ္။ အဲ့ဒါကေတာ့ သူဟာ Mjolnir ကေနတစ္ဆင့္ မဟုတ္ဘဲနဲ႔ သူ႔ရဲ႕ခႏၶာကိုယ္မွာ လွ်ပ္စီးေတြဟာ ထြက္ေနခဲ့ပါတယ္။ အဲ့ဒီျဖစ္ရပ္ကေတာ့ Thor: Ragnarok ထဲမွာ Hela ဟာ သူ႔ရဲ႕တူကို ဖ်က္ဆီးလိုက္ၿပီးတဲ့အခ်ိန္မွာ တကယ္ျဖစ္လာခဲ့ပါတယ္။

ယခင္က Thor ဟာ သူ႔ရဲ႕စြမ္းအားေတြကို Mjolnir ကေနတစ္ဆင့္ အသုံးျပဳခဲ့တာ ျဖစ္ၿပီးေတာ့ သာမန္အတိုင္းဆိုရင္ သူ႔ရဲ႕စြမ္းအားကို အမ်ားႀကီး ထုတ္မသုံးႏိုင္ခဲ့ပါဘူး။ ေနာက္ပိုင္း Stormbreaker ကို လက္နက္အျဖစ္နဲ႔ အသုံးျပဳခဲ့တဲ့အခါမွာေတာ့ အရင္ကထက္ပိုၿပီး အစြမ္းထက္လာခဲ့ပါတယ္။

Asgard ရဲ႕ပ်က္စီးျခင္း
photo via screenrant

Thor ျမင္ေတြ႕ခဲ့ရတဲ့ ပုံရိပ္ေတြထဲမွာ သူ႔ကိုယ္မွာ လွ်ပ္စီးေတြ စီးဆင္းေနတဲ့ ပုံရိပ္တစ္ခုတည္းမဟုတ္ဘဲ Asgard ရဲ႕ပ်က္စီးမႈကိုလည္း ျမင္ေတြ႕ခဲ့ရပါေသးတယ္။ အဲ့ဒီပုံရိပ္ေတြထဲမွာေတာ့ Heimdall ဟာ Asgard ရဲ႕ျပည္သူေတြအကုန္လုံးက သူ႔ေၾကာင့္ပဲ ေသေၾကပ်က္စီးၾကလိမ့္မယ္လို႔ ေျပာခဲ့ၿပီး Asgard ရဲ႕ပ်က္စီးမႈကိုလည္း ျမင္ေတြ႕ခဲ့ရပါတယ္။ အဆိုပါပုံရိပ္ေတြဟာ Thor: Ragnarok ထဲမွာ တကယ္ျဖစ္လာခဲ့ပါတယ္။ အဲ့ဒါကေတာ့ Thor ဟာ Hela ကိုအႏိုင္ယူဖို႔အတြက္ Surtur ကို လႊတ္ေပးၿပီးေတာ့ Asgard ကို ဖ်က္ဆီးခြင့္ေပးခဲ့ပါတယ္။

အဲ့ဒါေၾကာင့္ပဲ Thor ဟာ ျပည္သူေတြအကုန္လုံးကို Grandmaster ရဲ႕အာကာသယာဥ္ေပၚမွာ တင္ၿပီးေတာ့ ကမာၻေပၚမွာ ေနထိုင္ဖို႔အတြက္ ခရီးထြက္လာခဲ့ပါတယ္။ ဒါေပမဲ့လည္း  Avengers: Infinity War ရဲ႕အစမွာ သူတို႔ဟာ Thanos နဲ႔ ထိပ္တိုက္ေတြ႕ခဲ့ၾကၿပီးေတာ့ Heimdall နဲ႔ Loki တို႔အပါအဝင္ Asgard ျပည္သူေတြရဲ႕ လူဦးေရတစ္ဝက္ဟာ အသတ္ခံလိုက္ရပါတယ္။ အသက္ရွင္သန္သူေတြကေတာ့ ကမာၻေပၚကို ေရာက္ေအာင္ လာႏိုင္ခဲ့ၿပီးေတာ့ New Asgard ကိုတည္ေထာင္ခဲ့တဲ့အျပင္ Valkyrie ဟာလည္း New Asgard ရဲ႕ေခါင္းေဆာင္အသစ္ ျဖစ္လာခဲ့ပါတယ္။

ဒါကေတာ့ Age of Ultron ထဲမွာ Scarlet Witch ရဲ႕အစြမ္းနဲ႔ ျမင္ေစခဲ့တဲ့ပုံရိပ္ေတြထဲက တကယ္ျဖစ္ပ်က္လာခဲ့တဲ့ ျဖစ္ရပ္ေတြအေၾကာင္းပဲ ျဖစ္ပါတယ္။ ဒီအေၾကာင္းေတြကို ဖတ္ၿပီး Avengers အဖြဲ႕သားေတြနဲ႔ ပတ္သက္တဲ့ ခံစားခ်က္တစ္စုံတစ္ရာ ျဖစ္ေစခဲ့တယ္ဆိုရင္လည္း မွ်ေဝခဲ့ပါဦး။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular