HomeEntertainmentFilmအပြင်လောကကြီးကိုကြောက်ရွံ့တဲ့ Agoraphobia အကြောင်း ပုံဖော်ထားတဲ့ ဇာတ်ကားကောင်းများ 

အပြင်လောကကြီးကိုကြောက်ရွံ့တဲ့ Agoraphobia အကြောင်း ပုံဖော်ထားတဲ့ ဇာတ်ကားကောင်းများ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

အကြောက်တရားဆိုတာ လူတိုင်းမှာ ရှိကြပါတယ်။ ဒါကြောင့်ပဲ လူတိုင်းဟာ တစ်ခုခုကိုတော့ ကြောက်တတ်ကြပြီး အဲ့ဒီအကြောက်တရားက ပုံမှန်ထက် ဆိုးလာပြီ ဆိုရင်တော့ Phobia လို့ ခေါ်ကြပါတယ်။ Phobia တွေကလည်း အမျိူးမျိူးရှိကြပြီး အဲဒီထဲကမှ အပြင်လောကကြီးကို ကြောက်ရွံ့ပြီး အိမ်ထဲက အပြင်ကို မထွက်ရဲတာကိုတော့ Agoraphobia လို့ ခေါ်ပါတယ်။ ဒီတစ်ခါမှာတော့ Agoraphobia ကို ပုံဖော်ထားတဲ့ ရုပ်ရှင်ကားကောင်းတွေကို ဖော်ပြပေးချင်ပါတယ်။

(7) The Falling
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၄ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (5.4) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ၁၉၆၉ ခုနှစ် အင်္ဂလန်နိုင်ငံက စည်းကမ်းတင်းကျပ်တဲ့ မိန်းကလေးကျောင်းမှာ တက်ရောက်နေတဲ့ Abbie နဲ့ Lydia ဆိုတဲ့ မိန်းကလေးနှစ်ယောက်အကြောင်းကို မြင်တွေ့ရမှာပါ။ တစ်ရက်မှာတော့ အဲ့ဒီကျောင်းမှာ မကောင်းတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့ပြီး အဲဒီနောက်မှာတော့ တဖြည်းဖြည်းနဲ့ လူတိုင်းဟာ အသက်အန္တရာယ် ရှိလာပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Florence Pugh ၊ Maisie Williams နဲ့ Joe Cole တို့ အဓိက ပါဝင်ထားပါတယ်။

(6) We Have Always Lived in the Castle
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (5.6) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Blackwood မိသားစုဟာ လွန်ခဲ့တဲ့ ခြောက်နှစ်တုန်းက စိတ်မကောင်းစရာ ဖြစ်ရပ်တစ်ခုနဲ့ ကြုံတွေ့ခဲ့ရတာကြောင့် ညီအစ်မနှစ်ယောက်ဟာ သူတို့ရဲ့ ဦးလေးနဲ့အတူ လူသူမနီးတဲ့ နေရာမှာ နေထိုင်နေကြပါတယ်။ တစ်ရက်မှာတော့ သူတို့ရဲ့ ဝမ်းကွဲဖြစ်တဲ့ Charles က မိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို လုယူဖို့ ရောက်လာပါတယ်။ အဲဒီအချိန်မှာတော့ သူတို့မိသားစု ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေ ပေါ်ပေါက်လာပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Sebastian Stan ၊ Taissa Farmiga နဲ့ Alexandra Daddario တို့ ပါဝင်ထားပါတယ်။

(5) The Woman in the Window
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၂၁ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (5.7) ရရှိထားပါတယ်။ အပြင်ထွက်ရမှာကို ကြောက်ရွံ့နေတဲ့ ဒေါက်တာ Anna Fox ဟာ နယူးယော့ခ်မြို့မှာ တစ်ယောက်တည်း နေထိုင်ရင်း အိမ်ထဲကနေ အိမ်နီးနားချင်းတွေကို စပ်စုနေလေ့ရှိပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာတော့ သူမဟာ မမြင်သင့်တဲ့ အရာတစ်ခုကို မြင်သွားပြီး သူမရဲ့ တိတ်ဆိတ်အေးချမ်းတဲ့ ဘဝလေးဟာ ပြောင်းလဲသွားပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Amy Adams ၊ Anthony Mackie ၊ Wyatt Russell နဲ့ Julianne Moore တို့ ပါဝင်ထားပါတယ်။

(4) Intruders
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၅ ခုနှစ်မှာ ထွက်ရှိထားပြီးတော့ IMDb (5.7) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Anna ဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ အပြင်ထွက်ရမှာ ကြောက်ရွံ့နေတာကြောင့် လူသုံးယောက်က သူမရဲ့အိမ်ထဲကို ဖောက်ဝင်လာတဲ့အချိန်မှာတော့ အပြင်ကို ထွက်မပြေးနိုင်ခဲ့ပါဘူး။ အဲ့ဒီနောက်မှာတော့ ဘယ်လိုတွေ ဆက်ဖြစ်သွားမလည်း ဆိုတာကို ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရမှာပါ။ သရုပ်ဆောင်တွေကတော့ Beth Riesgraf ၊ Charlie Heaton နဲ့ Rory Culkin တို့ ပါဝင်ထားပါတယ်။

(3) Shirley
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၂၀ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (6.1) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ နာမည်ကြီး Horror စာရေးဆရာမတစ်ယောက်ဟာ လူငယ်စုံတွဲတစ်တွဲကို လာနေခွင့်ပေးပြီးတဲ့ နောက်မှာတော့ သူမရဲ့ နောက်ထပ်စာအုပ်အတွက် အကြံရရှိသွားပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Elisabeth Moss ၊ Logan Lerman နဲ့ Odessa Young တို့ ပါဝင်ထားပါတယ်။

(2) The Last Days
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၃ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (6.1) ရရှိထားပါတယ်။ တစ်ရက်မှာတော့ ထူးဆန်းတဲ့ ကပ်ဘေးတစ်ခုဟာ ကမ္ဘာပေါ်ကို ကျရောက်လာပြီး အဲ့ဒီကပ်ဘေးကြောင့်ပဲ လူသားတွေဟာ အပြင်ကိုထွက်လိုက်တာနဲ့ စက္ကန့်ပိုင်းအတွင်းမှာ သေဆုံးကုန်ကြပါတယ်။ ဒါကြောင့်ပဲ အသက်ရှင်ကျန်ခဲ့သူတွေဟာ အဆောက်အဦးတွေထဲမှာပဲ ပိတ်မိကုန်ပါတယ်။ အဲ့ဒီအချိန်မှာတော့ Marc ဟာ ပျောက်ဆုံးနေတဲ့ သူ့ရဲ့ချစ်သူကောင်မလေးကို ရှာဖွေဖို့ ကြိုးစားပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Quim Gutierrez ၊ Marta Etura နဲ့ Jose Coronado တို့ ပါဝင်ထားပါတယ်။

(1) The Invisible Man
photo via screenrant

ဒီရုပ်ရှင်ကလည်း ၂၀၂၀ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.1) ရရှိထားပါတယ်။ ဇာတ်လမ်းရဲ့ အစမှာတော့ Cecilia ရဲ့ နှိပ်စက်တတ်တဲ့ ခင်ပွန်းဟာ သူ့ကိုယ်သူ သတ်သေသွားပြီး သူ့ရဲ့ ပိုင်ဆိုင်မှုတွေအားလုံးကို သူမအတွက် ချန်ထားခဲ့ပါတယ်။ ဒါပေမယ့်လည်း သူမဟာ ရှင်းပြလို့မရတဲ့ ဖြစ်ရပ်ဆန်းတွေကို ကြုံတွေ့ပြီး နောက်မှာတော့ ဘယ်သူမှ မမြင်ရတဲ့အရာတစ်ခုက သူမကို လိုက်လံ ခြောက်လှန့်နေတယ်ဆိုတာ သက်သေပြဖို့ ကြိုးစားပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Elisabeth Moss ၊ Oliver Jackson-Cohen နဲ့ Aldis Hodge တို့က ပါဝင်ထားပါတယ်။

ဒါကတော့ အပြင်လောကကြီးကို ကြောက်ရွံ့တဲ့ Agoraphobia ကို ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတွေပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ နှစ်သက်တဲ့ အခြားဇာတ်ကားကောင်းတွေ ရှိရင်လည်း ပြောပြခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

အေၾကာက္တရားဆိုတာ လူတိုင္းမွာ ရွိၾကပါတယ္။ ဒါေၾကာင့္ပဲ လူတိုင္းဟာ တစ္ခုခုကိုေတာ့ ေၾကာက္တတ္ၾကၿပီး အဲ့ဒီအေၾကာက္တရားက ပုံမွန္ထက္ ဆိုးလာၿပီ ဆိုရင္ေတာ့ Phobia လို႔ ေခၚၾကပါတယ္။ Phobia ေတြကလည္း အမ်ိဴးမ်ိဴးရွိၾကၿပီး အဲဒီထဲကမွ အျပင္ေလာကႀကီးကို ေၾကာက္႐ြံ႕ၿပီး အိမ္ထဲက အျပင္ကို မထြက္ရဲတာကိုေတာ့ Agoraphobia လို႔ ေခၚပါတယ္။ ဒီတစ္ခါမွာေတာ့ Agoraphobia ကို ပုံေဖာ္ထားတဲ့ ႐ုပ္ရွင္ကားေကာင္းေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(7) The Falling
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၁၄ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (5.4) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ ၁၉၆၉ ခုႏွစ္ အဂၤလန္ႏိုင္ငံက စည္းကမ္းတင္းက်ပ္တဲ့ မိန္းကေလးေက်ာင္းမွာ တက္ေရာက္ေနတဲ့ Abbie နဲ႔ Lydia ဆိုတဲ့ မိန္းကေလးႏွစ္ေယာက္အေၾကာင္းကို ျမင္ေတြ႕ရမွာပါ။ တစ္ရက္မွာေတာ့ အဲ့ဒီေက်ာင္းမွာ မေကာင္းတဲ့ အျဖစ္အပ်က္တစ္ခု ျဖစ္ခဲ့ၿပီး အဲဒီေနာက္မွာေတာ့ တျဖည္းျဖည္းနဲ႔ လူတိုင္းဟာ အသက္အႏၲရာယ္ ရွိလာပါေတာ့တယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Florence Pugh ၊ Maisie Williams နဲ႔ Joe Cole တို႔ အဓိက ပါဝင္ထားပါတယ္။

(6) We Have Always Lived in the Castle
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၁၈ ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (5.6) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ Blackwood မိသားစုဟာ လြန္ခဲ့တဲ့ ေျခာက္ႏွစ္တုန္းက စိတ္မေကာင္းစရာ ျဖစ္ရပ္တစ္ခုနဲ႔ ႀကဳံေတြ႕ခဲ့ရတာေၾကာင့္ ညီအစ္မႏွစ္ေယာက္ဟာ သူတို႔ရဲ႕ ဦးေလးနဲ႔အတူ လူသူမနီးတဲ့ ေနရာမွာ ေနထိုင္ေနၾကပါတယ္။ တစ္ရက္မွာေတာ့ သူတို႔ရဲ႕ ဝမ္းကြဲျဖစ္တဲ့ Charles က မိသားစုရဲ႕ ပိုင္ဆိုင္မႈေတြကို လုယူဖို႔ ေရာက္လာပါတယ္။ အဲဒီအခ်ိန္မွာေတာ့ သူတို႔မိသားစု ဖုံးကြယ္ထားတဲ့ လွ်ိဳ႕ဝွက္ခ်က္ေတြ ေပၚေပါက္လာပါေတာ့တယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Sebastian Stan ၊ Taissa Farmiga နဲ႔ Alexandra Daddario တို႔ ပါဝင္ထားပါတယ္။

(5) The Woman in the Window
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၂၁ ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (5.7) ရရွိထားပါတယ္။ အျပင္ထြက္ရမွာကို ေၾကာက္႐ြံ႕ေနတဲ့ ေဒါက္တာ Anna Fox ဟာ နယူးေယာ့ခ္ၿမိဳ႕မွာ တစ္ေယာက္တည္း ေနထိုင္ရင္း အိမ္ထဲကေန အိမ္နီးနားခ်င္းေတြကို စပ္စုေနေလ့ရွိပါတယ္။ ဒီလိုနဲ႔ တစ္ရက္မွာေတာ့ သူမဟာ မျမင္သင့္တဲ့ အရာတစ္ခုကို ျမင္သြားၿပီး သူမရဲ႕ တိတ္ဆိတ္ေအးခ်မ္းတဲ့ ဘဝေလးဟာ ေျပာင္းလဲသြားပါေတာ့တယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Amy Adams ၊ Anthony Mackie ၊ Wyatt Russell နဲ႔ Julianne Moore တို႔ ပါဝင္ထားပါတယ္။

(4) Intruders
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၁၅ ခုႏွစ္မွာ ထြက္ရွိထားၿပီးေတာ့ IMDb (5.7) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ Anna ဆိုတဲ့ ေကာင္မေလးတစ္ေယာက္ဟာ အျပင္ထြက္ရမွာ ေၾကာက္႐ြံ႕ေနတာေၾကာင့္ လူသုံးေယာက္က သူမရဲ႕အိမ္ထဲကို ေဖာက္ဝင္လာတဲ့အခ်ိန္မွာေတာ့ အျပင္ကို ထြက္မေျပးႏိုင္ခဲ့ပါဘူး။ အဲ့ဒီေနာက္မွာေတာ့ ဘယ္လိုေတြ ဆက္ျဖစ္သြားမလည္း ဆိုတာကို ရင္တထိတ္ထိတ္နဲ႔ ေစာင့္ၾကည့္ရမွာပါ။ သ႐ုပ္ေဆာင္ေတြကေတာ့ Beth Riesgraf ၊ Charlie Heaton နဲ႔ Rory Culkin တို႔ ပါဝင္ထားပါတယ္။

(3) Shirley
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၂၀ ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (6.1) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ နာမည္ႀကီး Horror စာေရးဆရာမတစ္ေယာက္ဟာ လူငယ္စုံတြဲတစ္တြဲကို လာေနခြင့္ေပးၿပီးတဲ့ ေနာက္မွာေတာ့ သူမရဲ႕ ေနာက္ထပ္စာအုပ္အတြက္ အႀကံရရွိသြားပါေတာ့တယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Elisabeth Moss ၊ Logan Lerman နဲ႔ Odessa Young တို႔ ပါဝင္ထားပါတယ္။

(2) The Last Days
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၁၃ ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (6.1) ရရွိထားပါတယ္။ တစ္ရက္မွာေတာ့ ထူးဆန္းတဲ့ ကပ္ေဘးတစ္ခုဟာ ကမာၻေပၚကို က်ေရာက္လာၿပီး အဲ့ဒီကပ္ေဘးေၾကာင့္ပဲ လူသားေတြဟာ အျပင္ကိုထြက္လိုက္တာနဲ႔ စကၠန႔္ပိုင္းအတြင္းမွာ ေသဆုံးကုန္ၾကပါတယ္။ ဒါေၾကာင့္ပဲ အသက္ရွင္က်န္ခဲ့သူေတြဟာ အေဆာက္အဦးေတြထဲမွာပဲ ပိတ္မိကုန္ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ Marc ဟာ ေပ်ာက္ဆုံးေနတဲ့ သူ႔ရဲ႕ခ်စ္သူေကာင္မေလးကို ရွာေဖြဖို႔ ႀကိဳးစားပါေတာ့တယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Quim Gutierrez ၊ Marta Etura နဲ႔ Jose Coronado တို႔ ပါဝင္ထားပါတယ္။

(1) The Invisible Man
photo via screenrant

ဒီ႐ုပ္ရွင္ကလည္း ၂၀၂၀ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (7.1) ရရွိထားပါတယ္။ ဇာတ္လမ္းရဲ႕ အစမွာေတာ့ Cecilia ရဲ႕ ႏွိပ္စက္တတ္တဲ့ ခင္ပြန္းဟာ သူ႔ကိုယ္သူ သတ္ေသသြားၿပီး သူ႔ရဲ႕ ပိုင္ဆိုင္မႈေတြအားလုံးကို သူမအတြက္ ခ်န္ထားခဲ့ပါတယ္။ ဒါေပမယ့္လည္း သူမဟာ ရွင္းျပလို႔မရတဲ့ ျဖစ္ရပ္ဆန္းေတြကို ႀကဳံေတြ႕ၿပီး ေနာက္မွာေတာ့ ဘယ္သူမွ မျမင္ရတဲ့အရာတစ္ခုက သူမကို လိုက္လံ ေျခာက္လွန႔္ေနတယ္ဆိုတာ သက္ေသျပဖို႔ ႀကိဳးစားပါေတာ့တယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Elisabeth Moss ၊ Oliver Jackson-Cohen နဲ႔ Aldis Hodge တို႔က ပါဝင္ထားပါတယ္။

ဒါကေတာ့ အျပင္ေလာကႀကီးကို ေၾကာက္႐ြံ႕တဲ့ Agoraphobia ကို ပုံေဖာ္႐ိုက္ကူးထားတဲ့ ဇာတ္ကားေကာင္းေတြပဲ ျဖစ္ပါတယ္။ စာဖတ္သူတို႔ ႏွစ္သက္တဲ့ အျခားဇာတ္ကားေကာင္းေတြ ရွိရင္လည္း ေျပာျပခဲ့ပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular