HomeCelebs Update NewsInternationalရိုက်ကွင်းမှာ Alec Baldwin ပစ်လိုက်တဲ့သေနတ်ကြောင့် တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

ရိုက်ကွင်းမှာ Alec Baldwin ပစ်လိုက်တဲ့သေနတ်ကြောင့် တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မင်းသားကြီး Alec Baldwin ရဲ့ အသစ်ရိုက်ကူးနေတဲ့ Rust ရုပ်ရှင်ရိုက်ကွင်းမှာ မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ဓာတ်ပုံဒါရိုက်တာတစ်ဦးသေဆုံးကာ ဇာတ်ကားဒါရိုက်တာကလည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီအဖြစ်အပျက်ကတော့ မနေ့က ကြာသပတေးနေ့မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး နယူးမက္ကဆီကိုပြည်နယ်က ရိုက်ကွင်းမှာ ဖြစ်ပျက်ခဲ့တာလို့ သိရပါတယ်။ ဖြစ်ပုံကတော့ Alec Baldwin ပစ်လိုက်တဲ့ ရိုက်ကွင်းသုံး ဗလာကျည်နဲ့ သေနတ်က မှားယွင်းပြီး ရိုက်ကူးရေးအဖွဲ့သားနှစ်ယောက်ကို ထိသွားတာ ဖြစ်ပါတယ်။

Photo via mirror.uk

“နယူးမက္ကဆီကိုက Rust ရုပ်ရှင်ရိုက်ကွင်းမှာ ဗလာကျည်သုံးထားတဲ့ သေနတ်ကနေ မှားယွင်းပြီး မတော်တဆမှုတစ်ခု ဖြစ်ခဲ့ပါတယ် … ” လို့ Alec Baldwin ရဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က ပြောထားပါတယ်။

Santa Fe Sheriff ရဲဌာနက ထုတ်ပြန်ချက်အရ သေနတ်ထိသွားသူတစ်ယောက်မှာ အသက်(၄၂)နှစ်အရွယ် အမျိုးသမီး ဖြစ်ပြီး ဒီဇာတ်ကားရဲ့ director of photography တာဝန်ကို ယူထားသူ ဖြစ်ပါတယ်။ သူမကိုတော့ နယူးမက္ကဆီကိုတက္ကသိုလ်ဆေးရုံကို လေယာဉ်နဲ့ ပို့ပေးခဲ့ပေမယ့် ဒဏ်ရာကြောင့် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

နောက်ထပ် ဒဏ်ရာရသွားသူကတော့ အသက်(၄၈)နှစ်အရွယ် ဒါရိုက်တာ Joel Souza ဖြစ်ပြီး ဆေးရုံမှာ အရေးပေါ်ကုသမှုတွေ ခံယူနေရတယ်လို့ သိရပါတယ်။

Photo via bbc

ရိုက်ကွင်းသုံးသေနတ်ကို ပစ်ခတ်ခဲ့တဲ့အကြောင်း ရဲဌာနဘက်က အတည်ပြုထားပြီး ဘယ်လိုခဲယမ်းအမျိုးအစားကို သေနတ်ထဲမှာအသုံးပြုထားတယ်ဆိုတာ စုံထောက်တွေက စစ်ဆေးစုံစမ်းနေဆဲ ဖြစ်တယ်လို့ ရဲဌာနဘက်က ထုတ်ပြန်ထားပါတယ်။

လတ်တလောမှာတော့ Rust ရုပ်ရှင်ရဲ့ ရိုက်ကူးရေးကို ရပ်နားထားရတယ်လို့ သိရပါတယ်။ ဇာတ်လမ်းကတော့ ၁၈၈၀ ခုနှစ်ဝန်းကျင် ကန်ဆာ့ပြည်နယ်မှာ ဇာတ်အိမ်တည်ထားပါတယ်။ ဒီဇာတ်လမ်းကိုတော့ ယခုသေနတ်ထိမှန်သွားတဲ့ Joel Souza ကပဲ ရေးသားပြီး ရိုက်ကူးပေးနေတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ Alec Baldwin က အဓိကဇာတ်ကောင်အနေနဲ့ ပါဝင်ထားတာ ဖြစ်ပြီး Jensen Ackles နဲ့ Travis Fimmel တို့လည်း ပါဝင်ဖို့ ရှိတယ်လို့ သိရပါတယ်။

Glasgow

Source: people

(Zawgyi Version)

မင္းသားႀကီး Alec Baldwin ရဲ့ အသစ္ရိုက္ကူးေနတဲ့ Rust ႐ုပ္ရွင္ရိုက္ကြင္းမွာ မေတာ္တဆမွုတစ္ခု ျဖစ္ပြားခဲ့ၿပီး ဓာတ္ပုံဒါရိုက္တာတစ္ဦးေသဆုံးကာ ဇာတ္ကားဒါရိုက္တာကလည္း ျပင္းထန္စြာ ဒဏ္ရာရရွိခဲ့တယ္လို႔ သိရပါတယ္။

ဒီအျဖစ္အပ်က္ကေတာ့ မေန႔က ၾကာသပေတးေန႔မွာ ျဖစ္ပြားခဲ့တာ ျဖစ္ၿပီး နယူးမကၠဆီကိုျပည္နယ္က ရိုက္ကြင္းမွာ ျဖစ္ပ်က္ခဲ့တာလို႔ သိရပါတယ္။ ျဖစ္ပုံကေတာ့ Alec Baldwin ပစ္လိုက္တဲ့ ရိုက္ကြင္းသုံး ဗလာက်ည္နဲ႔ ေသနတ္က မွားယြင္းၿပီး ရိုက္ကူးေရးအဖြဲ႕သားႏွစ္ေယာက္ကို ထိသြားတာ ျဖစ္ပါတယ္။

Photo via mirror.uk

“နယူးမကၠဆီကိုက Rust ႐ုပ္ရွင္ရိုက္ကြင္းမွာ ဗလာက်ည္သုံးထားတဲ့ ေသနတ္ကေန မွားယြင္းၿပီး မေတာ္တဆမွုတစ္ခု ျဖစ္ခဲ့ပါတယ္ … ” လို႔ Alec Baldwin ရဲ့ ေျပာေရးဆိုခြင့္ရ ပုဂၢိဳလ္က ေျပာထားပါတယ္။

Santa Fe Sheriff ရဲဌာနက ထုတ္ျပန္ခ်က္အရ ေသနတ္ထိသြားသူတစ္ေယာက္မွာ အသက္(၄၂)ႏွစ္အရြယ္ အမ်ိဳးသမီး ျဖစ္ၿပီး ဒီဇာတ္ကားရဲ့ director of photography တာဝန္ကို ယူထားသူ ျဖစ္ပါတယ္။ သူမကိုေတာ့ နယူးမကၠဆီကိုတကၠသိုလ္ေဆး႐ုံကို ေလယာဥ္နဲ႔ ပို႔ေပးခဲ့ေပမယ့္ ဒဏ္ရာေၾကာင့္ ေသဆုံးသြားခဲ့တယ္လို႔ သိရပါတယ္။

ေနာက္ထပ္ ဒဏ္ရာရသြားသူကေတာ့ အသက္(၄၈)ႏွစ္အရြယ္ ဒါရိုက္တာ Joel Souza ျဖစ္ၿပီး ေဆး႐ုံမွာ အေရးေပၚကုသမွုေတြ ခံယူေနရတယ္လို႔ သိရပါတယ္။

Photo via bbc

ရိုက္ကြင္းသုံးေသနတ္ကို ပစ္ခတ္ခဲ့တဲ့အေၾကာင္း ရဲဌာနဘက္က အတည္ျပဳထားၿပီး ဘယ္လိုခဲယမ္းအမ်ိဳးအစားကို ေသနတ္ထဲမွာအသုံးျပဳထားတယ္ဆိုတာ စုံေထာက္ေတြက စစ္ေဆးစုံစမ္းေနဆဲ ျဖစ္တယ္လို႔ ရဲဌာနဘက္က ထုတ္ျပန္ထားပါတယ္။

လတ္တေလာမွာေတာ့ Rust ႐ုပ္ရွင္ရဲ့ ရိုက္ကူးေရးကို ရပ္နားထားရတယ္လို႔ သိရပါတယ္။ ဇာတ္လမ္းကေတာ့ ၁၈၈၀ ခုႏွစ္ဝန္းက်င္ ကန္ဆာ့ျပည္နယ္မွာ ဇာတ္အိမ္တည္ထားပါတယ္။ ဒီဇာတ္လမ္းကိုေတာ့ ယခုေသနတ္ထိမွန္သြားတဲ့ Joel Souza ကပဲ ေရးသားၿပီး ရိုက္ကူးေပးေနတာ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းထဲမွာေတာ့ Alec Baldwin က အဓိကဇာတ္ေကာင္အေနနဲ႔ ပါဝင္ထားတာ ျဖစ္ၿပီး Jensen Ackles နဲ႔ Travis Fimmel တို႔လည္း ပါဝင္ဖို႔ ရွိတယ္လို႔ သိရပါတယ္။

Glasgow

Source: people

RELATED ARTICLES

Most Popular