HomeCelebs Update NewsInternationalအသက်(၁၇)နှစ်ကွာတဲ့ ချစ်သူနဲ့ စေ့စပ်သွားပြီဖြစ်တဲ့ မင်းသမီး Alexandra Daddario 

အသက်(၁၇)နှစ်ကွာတဲ့ ချစ်သူနဲ့ စေ့စပ်သွားပြီဖြစ်တဲ့ မင်းသမီး Alexandra Daddario 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မြန်မာပရိသတ်တွေကြားမှာ Percy Jackson ၊ San Andreas ဇာတ်ကားတွေနဲ့ လူသိများတဲ့ မင်းသမီးချော Alexandra Daddario ကတော့ သူမနဲ့ အသက်(၁၇)နှစ်ကွာတဲ့ ချစ်သူနဲ့ တရားဝင် စေ့စပ်လိုက်ပြီ ဖြစ်ပါတယ်။

အသက်(၃၅)နှစ်အရွယ် ရှိပြီဖြစ်တဲ့ Alexandra Daddario ဟာ အသက်(၅၂)နှစ်အရွယ် ချစ်သူ Andrew Form နဲ့ စေ့စပ်သွားပြီ ဖြစ်တဲ့အကြောင်း သူမရဲ့ကိုယ်စားလှယ်က E! News သတင်းဌာနကို အတည်ပြု ပြောကြားထားတာ ဖြစ်ပါတယ်။

Photo: alexandradaddario/ Instagram

ဒီသတင်းကတော့ ဒီဇင်ဘာလ(၂)ရက်နေ့မှာ စတင်ပေါက်ကြားလာတာ ဖြစ်ပြီး အဲဒီနေ့မတိုင်ခင်ကတော့ Daddario ကို အယ်လ်အေက လမ်းမပေါ်မှာ လျှောက်သွားနေတာ မြင်ခဲ့ရပါသေးတယ်။ အဲဒီနေ့တည်းက သူမရဲ့ လက်သူကြွယ်မှာ စေ့စပ်လက်စွပ်ကို ဝတ်ဆင်ထားခဲ့တယ်လို့လည်း သတင်းဌာနတွေက ဆိုကြပါတယ်။

Daddario ရဲ့ ချစ်သူ Andrew Form ကတော့ ရုပ်ရှင် ပရိုဂျူဆာတစ်ယောက် ဖြစ်ပြီး မင်းသမီး Jordana Brewster ရဲ့ ခင်ပွန်းဟောင်းလည်း ဖြစ်ပါတယ်။ Andrew နဲ့ အချစ်ရေးကိုတော့ ပြီးခဲ့တဲ့ မေလကပဲ Daddario ဟာ သူမရဲ့ အင်စတာဂရမ်ကနေတဆင့် တရားဝင် အသိပေးခဲ့တာ ဖြစ်ပါတယ်။

Photo: alexandradaddario/ Instagram

Daddario ကတော့ Baywatch မှာ သရုပ်ဆောင်ဖက်ဖြစ်တဲ့ မင်းသား Zac Efron နဲ့ သတင်းထွက်ဖူးပေမယ့် တရားဝင် အတည်ပြုခဲ့တာမျိုးတော့ မရှိပါဘူး။

Glasgow

Source: hollywoodlife

(Zawgyi Version)

ျမန္မာပရိသတ္ေတြၾကားမွာ Percy Jackson ၊ San Andreas ဇာတ္ကားေတြနဲ႔ လူသိမ်ားတဲ့ မင္းသမီးေခ်ာ Alexandra Daddario ကေတာ့ သူမနဲ႔ အသက္(၁၇)ႏွစ္ကြာတဲ့ ခ်စ္သူနဲ႔ တရားဝင္ ေစ့စပ္လိုက္ၿပီ ျဖစ္ပါတယ္။

အသက္(၃၅)ႏွစ္အရြယ္ ရွိၿပီျဖစ္တဲ့ Alexandra Daddario ဟာ အသက္(၅၂)ႏွစ္အရြယ္ ခ်စ္သူ Andrew Form နဲ႔ ေစ့စပ္သြားၿပီ ျဖစ္တဲ့အေၾကာင္း သူမရဲ့ကိုယ္စားလွယ္က E! News သတင္းဌာနကို အတည္ျပဳ ေျပာၾကားထားတာ ျဖစ္ပါတယ္။

Photo: alexandradaddario/ Instagram

ဒီသတင္းကေတာ့ ဒီဇင္ဘာလ(၂)ရက္ေန႔မွာ စတင္ေပါက္ၾကားလာတာ ျဖစ္ၿပီး အဲဒီေန႔မတိုင္ခင္ကေတာ့ Daddario ကို အယ္လ္ေအက လမ္းမေပၚမွာ ေလၽွာက္သြားေနတာ ျမင္ခဲ့ရပါေသးတယ္။ အဲဒီေန႔တည္းက သူမရဲ့ လက္သူႂကြယ္မွာ ေစ့စပ္လက္စြပ္ကို ဝတ္ဆင္ထားခဲ့တယ္လို႔လည္း သတင္းဌာနေတြက ဆိုၾကပါတယ္။

Daddario ရဲ့ ခ်စ္သူ Andrew Form ကေတာ့ ႐ုပ္ရွင္ ပရိုဂ်ဴဆာတစ္ေယာက္ ျဖစ္ၿပီး မင္းသမီး Jordana Brewster ရဲ့ ခင္ပြန္းေဟာင္းလည္း ျဖစ္ပါတယ္။ Andrew နဲ႔ အခ်စ္ေရးကိုေတာ့ ၿပီးခဲ့တဲ့ ေမလကပဲ Daddario ဟာ သူမရဲ့ အင္စတာဂရမ္ကေနတဆင့္ တရားဝင္ အသိေပးခဲ့တာ ျဖစ္ပါတယ္။

Photo: alexandradaddario/ Instagram

Daddario ကေတာ့ Baywatch မွာ သ႐ုပ္ေဆာင္ဖက္ျဖစ္တဲ့ မင္းသား Zac Efron နဲ႔ သတင္းထြက္ဖူးေပမယ့္ တရားဝင္ အတည္ျပဳခဲ့တာမ်ိဳးေတာ့ မရွိပါဘူး။

Glasgow

Source: hollywoodlife

RELATED ARTICLES

Most Popular