HomeEntertainmentFilmနောက်ကွယ်မှာ ကြက်သီးထဖွယ်ဖြစ်ရပ်တွေ ရှိနေခဲ့တဲ့ Alice in Wonderland ဇာတ်လမ်း

နောက်ကွယ်မှာ ကြက်သီးထဖွယ်ဖြစ်ရပ်တွေ ရှိနေခဲ့တဲ့ Alice in Wonderland ဇာတ်လမ်း

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Alice in Wonderland လို့ ပြောလိုက်ရင် Disney က မူလ ထုတ်လုပ်ခဲ့တဲ့ animated movie ကနေ live action ပြန်ရိုက်ထားတဲ့ ဇာတ်ကားတွေအထိ ရုပ်ရှင်ချစ်သူအများစု ကြိုက်နှစ်သက်ကြပါတယ်။ ဒီဇာတ်ကားရဲ့ အဓိက အနှစ်သာရကတော့ ထူးခြားတဲ့ ဇာတ်လမ်းနဲ့ ဇာတ်ကောင်တွေပါပဲ။ သို့ပေမယ့် ဒီဇာတ်လမ်း ပေါက်ဖွားလာတဲ့ သမိုင်းရင်းမြစ်ကို ကြည့်လိုက်ရင်တော့ ကြက်သီးထဖို့ကောင်းတာ အမှန်ပါပဲ။

Disney က ပြန်လည် ဖန်တီးခဲ့တဲ့ Alice in Wonderland ဇာတ်လမ်းဟာ ၁၈၆၅ခုနှစ်က ထွက်ရှိခဲ့တဲ့ Alice’s Adventures in Wonderland စာအုပ်က မှီငြမ်းထားတာ ဖြစ်ပါတယ်။ ဒီစာအုပ်ကို ရေးသားသူကတော့ Lewis Carroll ဖြစ်ပါတယ်။

Photo via IMDb

Lewis Carroll ဆိုတာဟာ ကလောင်အမည် ဖြစ်ပြီး အမည်ရင်းကတော့ Charles Lutwidge Dodgson ဖြစ်ပါတယ်။ သူဟာ အသက်(၁၈)နှစ်အရွယ်တည်းက အိမ်က ထွက်လာခဲ့ပြီး အောက်စ်ဖို့ဒ်တက္ကသိုလ်မှာ တက်ရောက်ခဲ့တာပါ။ အဲဒီနောက်မှာတော့ ကျောင်းသားဘဝကနေ ပရော်ဖက်ဆာဘဝ ရောက်သည်အထိ အောက်စ်ဖို့ဒ်မှာပဲ နှစ်(၂၀)လောက် အချိန်ကုန်ခဲ့သူ ဖြစ်ပါတယ်။ ဒါတင်မက သူဟာ သင်္ချာပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ 

သူဟာ အောက်စ်ဖို့ဒ်မှာ ရှိနေတဲ့ နှစ်ကာလတွေအတွင်း Lewis Carroll ဆိုတဲ့  ကလောင်အမည်နဲ့ ကလေးစာပေတွေ ရေးသားခဲ့တာ ဖြစ်ပါတယ်။ စာရေးဆရာ Lewis နဲ့ ပတ်သက်လို့ ကျော်ကြားတဲ့အချက်တစ်ခုကတော့ သူဟာ ကလေးသူငယ်တွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိပြီး အရွယ်ရောက်ပြီးသူတွေနဲ့တော့ သိပ်ပြီးရင်းနှီးတဲ့ ဆက်ဆံရေး မရှိဘူးဆိုတာပါပဲ။

ပုံပြင်ရေးဆရာ Lewis Carroll
Photo Credit: Getty

Lewis ဟာ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေ၊ တွဲဘက်တွေရဲ့ ကလေးတွေနဲ့ ရင်းနှီးစွာ နေထိုင်လေ့ရှိပြီး အချိန်တော်တော်များများကိုလည်း ကလေးတွေနဲ့ပဲ ကုန်ဆုံးလေ့ ရှိတယ်လို့ ဆိုပါတယ်။ ဒါတင်မက သူဟာ ကလေးတွေဆီကို စာတွေလည်း ပို့လေ့ရှိတယ်လို့ ဆိုပါတယ်။

ဆယ်နှစ်အရွယ် ကလေးမလေးတစ်ယောက်ဆီကို သူ ရေးဖူးတဲ့ စာတစ်စောင်မှာဆိုရင် ဒီလိုစကားတွေ ပါဝင်နေပါတယ်။ “ဆံနွယ်လေးတွေအတွက် သိပ်ကျေးဇူးတင်ပါတယ်။ သမီး ပေးလိုက်တဲ့ ဆံနွယ်လိပ်လေးကို ခဏခဏ နမ်းနေမိတယ်။ ဘာမှမရှိတာထက်စာရင် ဆံနွယ်လေးတွေပဲ ရှိနေတာကလည်း ကောင်းပါတယ် … ” ဆိုတဲ့ စကားမျိုးတွေ ပါဝင်နေတယ်လို့ ဆိုပါတယ်။

ဒီလိုနဲ့ အောက်စ်ဖို့ဒ်တက္ကသိုလ်ရဲ့ Christ Church မှာ Henry George Liddell ဆိုသူက အကြီးအကဲ ဖြစ်လာချိန်မှာတော့ Lewis ဟာ သူ့ရဲ့ သမီးသုံးယောက်နဲ့ ရင်းနှီးလာပါတော့တယ်။ အဲဒီကောင်မလေး သုံးယောက်ကတော့ Lorina ၊ Edith နဲ့ ဇာတ်လိုက်ကျော်လေး ဖြစ်လာမယ့် Alice တို့ပဲ ဖြစ်ပါတယ်။

Henry ရဲ့ သမီးသုံးယောက်
Photo Credit: Getty

၁၈၆၂ခုနှစ်အရောက်မှာတော့ Lewis ဟာ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်အချို့နဲ့အတူ Henry ရဲ့ သမီးလေး သုံးယောက်ကို ခေါ်ပြီး သိမ်းစ်မြစ်တလျှောက် လှေစီးထွက်ခဲ့ပါတယ်။ ပျော်ပွဲစားလိုက်လာတဲ့ ကလေးတွေ စိတ်ပျော်ရွှင်ဖို့အတွက် Lewis ဟာ ပုံပြင်တစ်ခုကို စတင်ပြောခဲ့ပါတယ်။ အဲဒီပုံပြင်ကတော့ နောက်ပိုင်းမှာ Alice in Wonderland ဇာတ်လမ်း ဖြစ်လာခဲ့တာပါ။

အဆိုပါနေ့က အဖြစ်အပျက်တွေကိုတော့ Lewis ဟာ သူ့ရဲ့ ဒိုင်ယာရီထဲမှာ အခုလို ရေးသားခဲ့တယ်လို့ သိရပါတယ်။ “နတ်သမီးပုံပြင်တစ်ခု ဖန်တီးပုံဖော်ဖို့ စိတ်အားကြီးနေတဲ့ ငါ့အတွက် … ငါ့ရဲ့ သူရဲကောင်းမလေးကို ယုန်တွင်းပေါက်ထဲ ဆင်းခိုင်းလိုက်ပြီ။ ဒီလိုနဲ့ အစပြုရမှာပဲ။ ရှေ့မှာ ဘာတွေဆက်ဖြစ်မယ်ဆိုတာ မသိပေမယ့်ပေါ့ … ” လို့ Lewis ရဲ့ ဒိုင်ယာရီမှာ ပါဝင်တယ်လို့ ဆိုပါတယ်။

ဒီလိုနဲ့ နောက်ထပ် နှစ်အနည်းငယ်အတွင်းမှာ သူ့ရဲ့ ပုံပြင်ဇာတ်လမ်းကို ပြင်ဆင် ဖြည့်စွက်ပြီးနောက် ၁၈၆၅ခုနှစ်မှာ Alice’s Adventures in Wonderland စာအုပ်ကို စတင်ထွက်ရှိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Through The Looking-Glass နဲ့ What Alice Found There ဆိုတဲ့ နောက်ဆက်တွဲ စာအုပ်နှစ်အုပ်ကိုပါ ထပ်မံရေးသား ထုတ်ဝေခဲ့ပါတယ်။

Henry ရဲ့ အငယ်ဆုံးသမီးလေး Alice
Photo Credit: Getty

ပုံပြင်ရေးဆရာ Lewis နဲ့ ပတ်သက်လို့ နောက်ထပ် ထူးခြားတဲ့အချက်တစ်ချက်ကတော့ မိန်းမငယ်လေးတွေကို ဓာတ်ပုံရိုက်ရတာ နှစ်သက်ခြင်းပါပဲ။

“အဝတ်ဗလာနဲ့ ကောင်လေးတွေကို ဓာတ်ပုံရိုက်ရတာ မနှစ်သက်ဘူးဆိုတာ ကျုပ် ဝန်ခံပါတယ်။ သူတို့ကို ကြည့်ရတာ ကျုပ်စိတ်ထဲမှာတော့ အဝတ်ဝတ်ထားမှကို အဆင်ပြေတာဗျ။ အဲဒါနဲ့ မတူတာက လှပလွန်းတဲ့ မိန်းကလေးတွေရဲ့ သွင်ပြင်တွေကိုကျတော့ လူတွေဟာ ဘာလို့ အဝတ်တွေနဲ့ ဖုံးကွယ်ထားချင်ကြတာပါလိမ့် … ” လို့ Lewis ကိုယ်တိုင်က ပြောခဲ့ဖူးတယ်လို့ သိရပါတယ်။

အောက်စ်ဖို့ဒ်က အကြီးအကဲ Henry ရဲ့ မိသားစုနဲ့ Lewis ရဲ့ ဆက်ဆံရေးကတော့ ၁၈၆၃ခုနှစ်မှာ ရပ်စဲသွားခဲ့ပါတယ်။ နောက်ပိုင်းမှာ Henry တို့ ဇနီးမောင်နှံနဲ့ ပြန်လည် ဆက်သွယ်တာမျိုး ရှိခဲ့ပေမယ့် Henry ရဲ့ သမီးသုံးယောက်နဲ့တော့ တစ်ခါမှ ထပ်ပြီး အတူတူ မတွေ့တော့ဘူးလို့ ဆိုပါတယ်။

Photo via IMDb

Lewis တစ်ယောက် ဒီမိသားစုနဲ့ ဘာလို့ အဆက်အဆံ မရှိတော့တာလည်းဆိုတာ ထင်ရှားတဲ့ သက်သေအထောက်အထား မရှိပေမယ့် တချို့ကတော့ Lewis ဟာ အငယ်ဆုံးသမီးလေး Alice ကို လက်ထပ်ခွင့် တောင်းခဲ့တာကြောင့်လို့ ယုံကြည်ကြပါတယ်။

အဲဒီခေတ်အခါတုန်းကတော့ ဒါဟာ အထူးအဆန်း မဟုတ်ခဲ့ပါဘူး။ (၁၈)ရာစု အလယ်ပိုင်းမှာတော့ အမျိုးသား အများအပြားဟာ ငယ်ရွယ်လွန်းတဲ့ မိန်းကလေးတွေကို လက်ထပ်ပေါင်းသင်းခဲ့ကြပါတယ်။ အဲဒီခေတ်ကာလရဲ့ မိန်းကလေးတစ်ယောက်အတွက် အငယ်ရွယ်ဆုံး အိမ်ထောင်ပြုချိန်ဟာ အသက်(၁၂)နှစ်လို့လည်း သိရပါတယ်။

မည်သို့ပင်ဖြစ်စေ လူကြိုက်များ ကျော်ကြားလွန်းတဲ့ ဇာတ်လမ်းတစ်ခုဟာ ဒီလိုအကြောင်းအရာ အဖြစ်အပျက်တွေကနေ မွေးဖွားလာခဲ့တယ် ဆိုတာကတော့ Alice in Wonderland ပရိသတ်တွေကို ကြက်သီးထစေမှာ အမှန်ပါပဲ။

Glasgow

Source: mamamia/ bbc

(Zawgyi Version)

Alice in Wonderland လို႔ ေျပာလိုက္ရင္ Disney က မူလ ထုတ္လုပ္ခဲ့တဲ့ animated movie ကေန live action ျပန္႐ိုက္ထားတဲ့ ဇာတ္ကားေတြအထိ ႐ုပ္ရွင္ခ်စ္သူအမ်ားစု ႀကိဳက္ႏွစ္သက္ၾကပါတယ္။ ဒီဇာတ္ကားရဲ႕ အဓိက အႏွစ္သာရကေတာ့ ထူးျခားတဲ့ ဇာတ္လမ္းနဲ႔ ဇာတ္ေကာင္ေတြပါပဲ။ သို႔ေပမယ့္ ဒီဇာတ္လမ္း ေပါက္ဖြားလာတဲ့ သမိုင္းရင္းျမစ္ကို ၾကည့္လိုက္ရင္ေတာ့ ၾကက္သီးထဖို႔ေကာင္းတာ အမွန္ပါပဲ။

Disney က ျပန္လည္ ဖန္တီးခဲ့တဲ့ Alice in Wonderland ဇာတ္လမ္းဟာ ၁၈၆၅ခုႏွစ္က ထြက္ရွိခဲ့တဲ့ Alice’s Adventures in Wonderland စာအုပ္က မွီျငမ္းထားတာ ျဖစ္ပါတယ္။ ဒီစာအုပ္ကို ေရးသားသူကေတာ့ Lewis Carroll ျဖစ္ပါတယ္။

Photo via IMDb

Lewis Carroll ဆိုတာဟာ ကေလာင္အမည္ ျဖစ္ၿပီး အမည္ရင္းကေတာ့ Charles Lutwidge Dodgson ျဖစ္ပါတယ္။ သူဟာ အသက္(၁၈)ႏွစ္အ႐ြယ္တည္းက အိမ္က ထြက္လာခဲ့ၿပီး ေအာက္စ္ဖို႔ဒ္တကၠသိုလ္မွာ တက္ေရာက္ခဲ့တာပါ။ အဲဒီေနာက္မွာေတာ့ ေက်ာင္းသားဘဝကေန ပေရာ္ဖက္ဆာဘဝ ေရာက္သည္အထိ ေအာက္စ္ဖို႔ဒ္မွာပဲ ႏွစ္(၂၀)ေလာက္ အခ်ိန္ကုန္ခဲ့သူ ျဖစ္ပါတယ္။ ဒါတင္မက သူဟာ သခ်ၤာပညာရွင္တစ္ေယာက္လည္း ျဖစ္ပါတယ္။

သူဟာ ေအာက္စ္ဖို႔ဒ္မွာ ရွိေနတဲ့ ႏွစ္ကာလေတြအတြင္း Lewis Carroll ဆိုတဲ့  ကေလာင္အမည္နဲ႔ ကေလးစာေပေတြ ေရးသားခဲ့တာ ျဖစ္ပါတယ္။ စာေရးဆရာ Lewis နဲ႔ ပတ္သက္လို႔ ေက်ာ္ၾကားတဲ့အခ်က္တစ္ခုကေတာ့ သူဟာ ကေလးသူငယ္ေတြနဲ႔ ရင္းႏွီးတဲ့ ဆက္ဆံေရး ရွိၿပီး အ႐ြယ္ေရာက္ၿပီးသူေတြနဲ႔ေတာ့ သိပ္ၿပီးရင္းႏွီးတဲ့ ဆက္ဆံေရး မရွိဘူးဆိုတာပါပဲ။

ပုံျပင္ေရးဆရာ Lewis Carroll
Photo Credit: Getty

Lewis ဟာ သူ႔ရဲ႕လုပ္ေဖာ္ကိုင္ဖက္ေတြ၊ တြဲဘက္ေတြရဲ႕ ကေလးေတြနဲ႔ ရင္းႏွီးစြာ ေနထိုင္ေလ့ရွိၿပီး အခ်ိန္ေတာ္ေတာ္မ်ားမ်ားကိုလည္း ကေလးေတြနဲ႔ပဲ ကုန္ဆုံးေလ့ ရွိတယ္လို႔ ဆိုပါတယ္။ ဒါတင္မက သူဟာ ကေလးေတြဆီကို စာေတြလည္း ပို႔ေလ့ရွိတယ္လို႔ ဆိုပါတယ္။

ဆယ္ႏွစ္အ႐ြယ္ ကေလးမေလးတစ္ေယာက္ဆီကို သူ ေရးဖူးတဲ့ စာတစ္ေစာင္မွာဆိုရင္ ဒီလိုစကားေတြ ပါဝင္ေနပါတယ္။ “ဆံႏြယ္ေလးေတြအတြက္ သိပ္ေက်းဇူးတင္ပါတယ္။ သမီး ေပးလိုက္တဲ့ ဆံႏြယ္လိပ္ေလးကို ခဏခဏ နမ္းေနမိတယ္။ ဘာမွမရွိတာထက္စာရင္ ဆံႏြယ္ေလးေတြပဲ ရွိေနတာကလည္း ေကာင္းပါတယ္ … ” ဆိုတဲ့ စကားမ်ိဳးေတြ ပါဝင္ေနတယ္လို႔ ဆိုပါတယ္။

ဒီလိုနဲ႔ ေအာက္စ္ဖို႔ဒ္တကၠသိုလ္ရဲ႕ Christ Church မွာ Henry George Liddell ဆိုသူက အႀကီးအကဲ ျဖစ္လာခ်ိန္မွာေတာ့ Lewis ဟာ သူ႔ရဲ႕ သမီးသုံးေယာက္နဲ႔ ရင္းႏွီးလာပါေတာ့တယ္။ အဲဒီေကာင္မေလး သုံးေယာက္ကေတာ့ Lorina ၊ Edith နဲ႔ ဇာတ္လိုက္ေက်ာ္ေလး ျဖစ္လာမယ့္ Alice တို႔ပဲ ျဖစ္ပါတယ္။

Henry ရဲ႕ သမီးသုံးေယာက္
Photo Credit: Getty

၁၈၆၂ခုႏွစ္အေရာက္မွာေတာ့ Lewis ဟာ သူ႔ရဲ႕ လုပ္ေဖာ္ကိုင္ဖက္အခ်ိဳ႕နဲ႔အတူ Henry ရဲ႕ သမီးေလး သုံးေယာက္ကို ေခၚၿပီး သိမ္းစ္ျမစ္တေလွ်ာက္ ေလွစီးထြက္ခဲ့ပါတယ္။ ေပ်ာ္ပြဲစားလိုက္လာတဲ့ ကေလးေတြ စိတ္ေပ်ာ္႐ႊင္ဖို႔အတြက္ Lewis ဟာ ပုံျပင္တစ္ခုကို စတင္ေျပာခဲ့ပါတယ္။ အဲဒီပုံျပင္ကေတာ့ ေနာက္ပိုင္းမွာ Alice in Wonderland ဇာတ္လမ္း ျဖစ္လာခဲ့တာပါ။

အဆိုပါေန႔က အျဖစ္အပ်က္ေတြကိုေတာ့ Lewis ဟာ သူ႔ရဲ႕ ဒိုင္ယာရီထဲမွာ အခုလို ေရးသားခဲ့တယ္လို႔ သိရပါတယ္။ “နတ္သမီးပုံျပင္တစ္ခု ဖန္တီးပုံေဖာ္ဖို႔ စိတ္အားႀကီးေနတဲ့ ငါ့အတြက္ … ငါ့ရဲ႕ သူရဲေကာင္းမေလးကို ယုန္တြင္းေပါက္ထဲ ဆင္းခိုင္းလိုက္ၿပီ။ ဒီလိုနဲ႔ အစျပဳရမွာပဲ။ ေရွ႕မွာ ဘာေတြဆက္ျဖစ္မယ္ဆိုတာ မသိေပမယ့္ေပါ့ … ” လို႔ Lewis ရဲ႕ ဒိုင္ယာရီမွာ ပါဝင္တယ္လို႔ ဆိုပါတယ္။

ဒီလိုနဲ႔ ေနာက္ထပ္ ႏွစ္အနည္းငယ္အတြင္းမွာ သူ႔ရဲ႕ ပုံျပင္ဇာတ္လမ္းကို ျပင္ဆင္ ျဖည့္စြက္ၿပီးေနာက္ ၁၈၆၅ခုႏွစ္မွာ Alice’s Adventures in Wonderland စာအုပ္ကို စတင္ထြက္ရွိခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ Through The Looking-Glass နဲ႔ What Alice Found There ဆိုတဲ့ ေနာက္ဆက္တြဲ စာအုပ္ႏွစ္အုပ္ကိုပါ ထပ္မံေရးသား ထုတ္ေဝခဲ့ပါတယ္။

Henry ရဲ႕ အငယ္ဆုံးသမီးေလး Alice
Photo Credit: Getty

ပုံျပင္ေရးဆရာ Lewis နဲ႔ ပတ္သက္လို႔ ေနာက္ထပ္ ထူးျခားတဲ့အခ်က္တစ္ခ်က္ကေတာ့ မိန္းမငယ္ေလးေတြကို ဓာတ္ပုံ႐ိုက္ရတာ ႏွစ္သက္ျခင္းပါပဲ။

“အဝတ္ဗလာနဲ႔ ေကာင္ေလးေတြကို ဓာတ္ပုံ႐ိုက္ရတာ မႏွစ္သက္ဘူးဆိုတာ က်ဳပ္ ဝန္ခံပါတယ္။ သူတို႔ကို ၾကည့္ရတာ က်ဳပ္စိတ္ထဲမွာေတာ့ အဝတ္ဝတ္ထားမွကို အဆင္ေျပတာဗ်။ အဲဒါနဲ႔ မတူတာက လွပလြန္းတဲ့ မိန္းကေလးေတြရဲ႕ သြင္ျပင္ေတြကိုက်ေတာ့ လူေတြဟာ ဘာလို႔ အဝတ္ေတြနဲ႔ ဖုံးကြယ္ထားခ်င္ၾကတာပါလိမ့္ … ” လို႔ Lewis ကိုယ္တိုင္က ေျပာခဲ့ဖူးတယ္လို႔ သိရပါတယ္။

ေအာက္စ္ဖို႔ဒ္က အႀကီးအကဲ Henry ရဲ႕ မိသားစုနဲ႔ Lewis ရဲ႕ ဆက္ဆံေရးကေတာ့ ၁၈၆၃ခုႏွစ္မွာ ရပ္စဲသြားခဲ့ပါတယ္။ ေနာက္ပိုင္းမွာ Henry တို႔ ဇနီးေမာင္ႏွံနဲ႔ ျပန္လည္ ဆက္သြယ္တာမ်ိဳး ရွိခဲ့ေပမယ့္ Henry ရဲ႕ သမီးသုံးေယာက္နဲ႔ေတာ့ တစ္ခါမွ ထပ္ၿပီး အတူတူ မေတြ႕ေတာ့ဘူးလို႔ ဆိုပါတယ္။

Photo via IMDb

Lewis တစ္ေယာက္ ဒီမိသားစုနဲ႔ ဘာလို႔ အဆက္အဆံ မရွိေတာ့တာလည္းဆိုတာ ထင္ရွားတဲ့ သက္ေသအေထာက္အထား မရွိေပမယ့္ တခ်ိဳ႕ကေတာ့ Lewis ဟာ အငယ္ဆုံးသမီးေလး Alice ကို လက္ထပ္ခြင့္ ေတာင္းခဲ့တာေၾကာင့္လို႔ ယုံၾကည္ၾကပါတယ္။

အဲဒီေခတ္အခါတုန္းကေတာ့ ဒါဟာ အထူးအဆန္း မဟုတ္ခဲ့ပါဘူး။ (၁၈)ရာစု အလယ္ပိုင္းမွာေတာ့ အမ်ိဳးသား အမ်ားအျပားဟာ ငယ္႐ြယ္လြန္းတဲ့ မိန္းကေလးေတြကို လက္ထပ္ေပါင္းသင္းခဲ့ၾကပါတယ္။ အဲဒီေခတ္ကာလရဲ႕ မိန္းကေလးတစ္ေယာက္အတြက္ အငယ္႐ြယ္ဆုံး အိမ္ေထာင္ျပဳခ်ိန္ဟာ အသက္(၁၂)ႏွစ္လို႔လည္း သိရပါတယ္။

မည္သို႔ပင္ျဖစ္ေစ လူႀကိဳက္မ်ား ေက်ာ္ၾကားလြန္းတဲ့ ဇာတ္လမ္းတစ္ခုဟာ ဒီလိုအေၾကာင္းအရာ အျဖစ္အပ်က္ေတြကေန ေမြးဖြားလာခဲ့တယ္ ဆိုတာကေတာ့ Alice in Wonderland ပရိသတ္ေတြကို ၾကက္သီးထေစမွာ အမွန္ပါပဲ။

Glasgow

Source: mamamia/ bbc

 

RELATED ARTICLES

Most Popular