HomeEntertainmentFilmဂြိုဟ်သားတွေရဲ့ ကျူးကျော်မှုအကြောင်း ဖန်တီးထားတဲ့ ရုပ်ရှင်ကားကောင်းများ

ဂြိုဟ်သားတွေရဲ့ ကျူးကျော်မှုအကြောင်း ဖန်တီးထားတဲ့ ရုပ်ရှင်ကားကောင်းများ

ရုပ်ရှင်လောကမှာတော့ ဂြိုဟ်သားတွေ ကျူးကျော်လာမှုကို ဖန်တီးကြတဲ့ ဇာတ်လမ်းတွေဟာ ၁၉၉၀ ကျော်တည်းက ခေတ်စားခဲ့တာ ဖြစ်ပြီး စိတ်ကူးယဉ်သိပ္ပံ ဇာတ်လမ်းအမျိူးအစားထဲက အောင်မြင်တဲ့ ဇာတ်လမ်းတွေပဲ ဖြစ်ပါတယ်။ ဒီအကြောင်းကို ရိုက်ကူးထားတဲ့ တချို့ရုပ်ရှင်တွေကတော့ အချိန်တွေ ကြာမြင့်နေပြီ ဖြစ်ပေမယ့်လည်း ယခုအချိန်ထိ ကြည့်လို့ကောင်းနေဆဲပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ ဂြိုဟ်သားတွေ ကျူးကျော်လာမှုအကြောင်း ဖန်တီးထားတဲ့ ရုပ်ရှင်ကားကောင်းတွေကို ဖော်ပြပေးချင်ပါတယ်။

(8) Evolution

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၀၁ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (6.1) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကမ္ဘာပေါ်ကို ဥက္ကာခဲတွေ ကြွေကျလာပြီးနောက်မှာ ဆင့်ကဲပြောင်းလဲတာ အလွန်မြန်ဆန်တဲ့ သတ္တဝါတွေ ပါဝင်လာပါတယ်။ ဒါကြောင့်ပဲ ပညာရှင်လေးယောက်ဟာ လူသားတွေအတွက် အန္တရာယ်မဖြစ်လာခင် အဲ့ဒီသတ္တဝါတွေရဲ့ ဆင့်ကဲပြောင်းလဲမှုကို တားဆီးဖို့ ကြိုးစားရပါတော့တယ်။ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကတော့ David Duchovny ၊ Julianne Moore နဲ့ Orlando Jones တို့ပဲ ဖြစ်ပါတယ်။

(7) Mars Attacks!

photo via screenrant

ဒီရုပ်ရှင်ကတော့ ၁၉၉၆ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (6.4) ရရှိထားပါတယ်။ မားစ်ဂြိုဟ်က ဂြိုဟ်သားစစ်တပ်ဟာ ကမ္ဘာပေါ်ကို ရောက်ရှိလာပြီး အမေရိကန်သမ္မတနဲ့ ငြိမ်းချမ်းရေး ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း မကြာခင်မှာတော့ သူတို့တွေရဲ့ တကယ့် ရည်ရွယ်ချက် ပေါ်ပေါက်လာပြီး မြို့တွေကို စတင်တိုက်ခိုက်ပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Jack Nicholson ၊ Pierce Brosnan နဲ့ Jack Black တို့ ပါဝင်ထားပါတယ်။

(6) War of the Worlds

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၀၅ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (6.5) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ဆိပ်ကမ်းလုပ်သမားတစ်ယောက်ဟာ ပိတ်ရက်မှာ မိသားစုနဲ့ အချိန်ကုန်ဆုံးဖို့ ပြင်ဆင်နေတဲ့ အချိန်မှာပဲ ဂြိုဟ်သားတွေရဲ့ ယာဉ်ပျံဟာ ကမ္ဘာပေါ်ကို ရောက်လာပြီး လူသားတွေကို မျိူးတုန်းသတ်ဖြတ်ဖို့ ကြိုးစားပါတော့တယ်။ ဒီမှာတင် အဲဒီလူဟာ သူကိုယ်တိုင်နဲ့ မိသားစုအတွက် အသက်ရှင်ဖို့ ကြိုးစားရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Tom Cruise ၊ Dakota Fanning နဲ့ Justin Chatwin တို့ ပါဝင်ထားပါတယ်။

(5) Attack the Block

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၁ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (6.7) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ဂြိုဟ်သားတွေက ကမ္ဘာပေါ်ကို ကျူးကျော်လာတဲ့အကြောင်း ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဂြိုဟ်သားတွေရဲ့ ကျူးကျော်မှုကို ဆယ်ကျော်သက်အရွယ် တစ်အုပ်စုက ရင်ဆိုင်တဲ့ ဇာတ်လမ်းလေး ဖြစ်ပါတယ်။ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကတော့ John Boyega ၊ Alex Esmail နဲ့ Jodie Whittaker တို့ပဲ ဖြစ်ပါတယ်။

(4) Independence Day

photo via screenrant

ဒီရုပ်ရှင်ကတော့ ၁၉၉၆ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.0) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဂြိုဟ်သားတွေဟာ သူတို့ရဲ့ အဆင်မြင့် နည်းပညာတွေနဲ့ ကမ္ဘာပေါ်က မြို့တော်ကြီးတွေကို ဖျက်ဆီးခဲ့ပါတယ်။ ဒါကြောင့်ပဲ ဂိတစ်ယောက်၊ လေယာဉ်မောင်းတစ်ယောက်၊ အမေရိကန်သမ္မတနဲ့ အသက်ရှင်ကျန်ခဲ့ကြတဲ့ လူတစ်စုဟာ လူသားမျိူးနွယ်ကို ကယ်တင်ဖို့ ကြိုးစားကြပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Will Smith ၊ Jeff Goldblum နဲ့ Bill Pullman တို့ ပါဝင်ထားပြီး အော်စကာတစ်ဆု ရရှိထားပါတယ်။

(3) A Quiet Place

photo via screenrant

ဒီဇာတ်လမ်းကတော့ ၂၀၁၈ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.5) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ မိသားစုတစ်ခုဟာ အသက်ရှင်နေနိုင်ဖို့အတွက် အမြဲတမ်း ဘာအသံမှ မထွက်ဘဲ နေထိုင်နေရပါတယ်။ အကြောင်းကတော့ ကမ္ဘာပေါ်မှာ မကောင်းဆိုးဝါးတွေ ရှိနေပြီးတော့ အဲ့ဒီကောင်တွေဟာ မျက်လုံးမမြင်ရဘဲ အသံကြားတဲ့နေရာကို ချက်ချင်း ရောက်လာကြတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဇာတ်လမ်းတစ်ခုလုံးမှာ စကားပြောတာ မတွေ့ရသလောက် ရှိပြီးတော့ လက်သင်္ကေတတွေနဲ့ပဲ ဆက်သွယ်ကြပါတယ်။ သရုပ်ဆောင်တွေကတော့ Emily Blunt နဲ့ John Krasinski တို့က အဓိက ပါဝင်ထားပါတယ်။

(2) Arrival

photo via screenrant

ဒီဇာတ်ကားကတော့ ၂၀၁၆ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (7.9) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ကမ္ဘာရဲ့နေရာအနှံ့အပြားမှာ ထူးဆန်းတဲ့ အာကာသယာဉ်ပျံကြီး (၁၂)စီး ပေါ်လာတာကြောင့် ဘာသာဗေဒ ကျွမ်းကျင်သူ ပါရဂူတစ်ယောက်ဟာ စစ်တပ်နဲ့ အတူတွဲပြီး အလုပ်လုပ်ရပါတော့တယ်။ အဲ့ဒီနောက်မှာတော့ သူမဟာ ဂြိုဟ်သားတွေက ဘာကိုပြောချင်နေတာလည်း၊ ဘာရည်ရွယ်ချက်နဲ့ ကမ္ဘာမြေကို လာခဲ့တာလည်းဆိုတာကို ရှာဖွေရမှာ ဖြစ်ပြီးတော့ စိတ်ဝင်တစားနဲ့ ကြည့်ရှုရမယ့်ဇာတ်လမ်း ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Jeremy Renner နဲ့ Amy Adams တို့က အဓိက ပါဝင်ထားပါတယ်။

(1) Edge of Tomorrow

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၄ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.9) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဗိုလ်မှူး William Cage ဟာ စစ်သည်တစ်ဦးရဲ့ အကူအညီနဲ့အတူ လူသားတွေကို ဂြိုဟ်သားတွေရဲ့ အန္တရာယ်မှ ကာကွယ်ဖို့ ကြိုးစားတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ထူးခြားတာကတော့ သူတို့တွေဟာ Time Loop ထဲမှာ ပိတ်မိနေရင်း လူသားတွေကို ကာကွယ်ဖို့ ကြိုးစားနေတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Tom Cruise ၊ Emily Blunt နဲ့ Bill Paxton တို့ ပါဝင်ထားပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular