HomeEntertainmentFilmSpider-Man ရုပ်ရှင်တွေအားလုံးဟာ MCU ထဲမှာပဲလို့ ပြောလိုက်တဲ့ Doctor Strange ရဲ့ဒါရိုက်တာ

Spider-Man ရုပ်ရှင်တွေအားလုံးဟာ MCU ထဲမှာပဲလို့ ပြောလိုက်တဲ့ Doctor Strange ရဲ့ဒါရိုက်တာ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Spider-Man ရုပ်ရှင်တွေအားလုံးဟာ MCU ထဲမှာပဲ ဖြစ်တယ်လို့ Doctor Strange ရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Scott Derrickson က တွစ်တာပေါ်ကနေတစ်ဆင့် ပြောလိုက်ပါတယ်။ MCU ဟာ ၂၀၀၈ခုနှစ်မှာ စတင်ခဲ့တာ ဖြစ်ပြီး အခုချိန်မှာတော့ လူကြိုက်အများဆုံးနဲ့ အအောင်မြင်ဆုံး franchise တွေထဲကတစ်ခု ဖြစ်လာပါတယ်။ ရုပ်ရှင်တစ်ကားနဲ့တစ်ကားဟာ ဆက်စပ်နေတဲ့ MCU ရဲ့ ရုပ်ရှင်တွေထဲမှာ အနည်းငယ်သော ချို့ယွင်းချက်တွေ၊ ဇာတ်လမ်းဟာကွက်တွေ ရှိကြပေမယ့် အခုချိန်ထိ အောင်မြင်မှုတွေ ရရှိထားပါတယ်။

photo via screenrant

လက်ရှိအချိန်မှာ Disney ဟာ X-Men တွေနဲ့ Fantastic Four တို့ကို ထိန်းချုပ်ထားပြီး Spider-Man ကိုလည်း Sony နဲ့ သဘောတူညီမှု ရယူထားပါတယ်။ အဲ့ဒါကြောင့်ပဲ MCU ရဲ့ Phase 4 မှာတော့ အများကြီး ပြောင်းလဲသွားနိုင်ပါတယ်။ Phase 4 ထဲမှာတော့ Multiverse သဘောတရားတွေကို ထည့်သွင်းသွားနိုင်ပြီး အရင်တုန်းက ထွက်ရှိခဲ့တဲ့ ရုပ်ရှင်တွေနဲ့ သွားပြီးတော့ ဆက်စပ်လို့ ရနိုင်ပါတယ်။ ၂၀၂၂ခုနှစ်မှာ ထွက်ရှိလာမယ့် Doctor Strange in the Multiverse of Madness ထဲမှာတော့ အဲ့ဒီသီအိုရီတွေကို ထည့်သွင်းသွားလို့ ရနိုင်ပါတယ်။

Sony ဟာ ပရိသတ်တွေ MCU ထဲမှာ မပါဝင်ဘူးလို့ ထင်ခဲ့တဲ့ Spider-Man ရုပ်ရှင်ငါးကားကို ထုတ်လုပ်ခဲ့ဖူးပါတယ်။ Doctor Strange ရုပ်ရှင်ရဲ့ ဒါရိုက်တာဖြစ်သူ Scott Derrickson ဟာ နိုဝင်ဘာလ (၂၃)ရက်နေ့တုန်းက Spider-Man ရုပ်ရှင်တွေအားလုံးဟာ MCU ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်လို့ တွစ်တာပေါ်မှာ ဖော်ပြခဲ့ပါတယ်။ Derrickson ဟာ မူလက Doctor Strange in the Multiverse of Madness ကိုလည်း ရိုက်ကူးဖို့ စီစဉ်ခဲ့ပေမယ့် ၂၀၂၀ အစပိုင်းမှာတော့ နှုတ်ထွက်သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း သူဟာ အဲ့ဒီရုပ်ရှင်ရဲ့ ထုတ်လုပ်သူတစ်‌ယောက်အနေနဲ့ ပါဝင်နေတာကြောင့် အဲ့ဒီရုပ်ရှင်ဟာ multiverse သဘောတရားကို အသုံးပြုပြီး Spider-Man ရုပ်ရှင်တွေအားလုံးကို MCU နဲ့ ချိတ်ဆက်သွားနိုင်ပါတယ်။

photo via screenrant

ဒါ့အပြင် ဒီရုပ်ရှင်ကို ရိုက်ကူးသွားမယ့် ဒါရိုက်တာ Sam Raimi ဟာ အရင်တုန်းက Tobey ရဲ့ Spider-Man trilogy ကို ရိုက်ကူးခဲ့သူလည်း ဖြစ်ပါတယ်။ အဲ့ဒီအချက်တွေ အားလုံးကြောင့်ပဲ Doctor Strange in the Multiverse of Madness ထဲမှာတော့ multiverse သဘောတရားကို အသုံးပြုပြီးတော့ အရင်တုန်းက Spider-Man ရုပ်ရှင်တွေကို MCU နဲ့ ချိတ်ဆက်သွားမယ်ဆိုတဲ့ သတင်းတွေဟာ ပိုပြီးတော့ ရေပန်းစားလာခဲ့ပါတယ်။ Tobey Maguire နဲ့ Andrew Garfield တို့ဟာလည်း Spider-Man အဖြစ် ပြန်လည်ပါဝင်လာနိုင်ပြီးတော့ ဒီသတင်းတွေအတိုင်းသာ တကယ်ဖြစ်လာရင်တော့ ပရိသတ်တွေဟာ အတိုင်းမသိကို ပျော်ရွှင်ကြမှာပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ Spider-Verse Live Action ဟာ တကယ်ဖြစ်လာမလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

Spider-Man ႐ုပ္ရွင္ေတြအားလုံးဟာ MCU ထဲမွာပဲ ျဖစ္တယ္လို႔ Doctor Strange ႐ုပ္ရွင္ကို ႐ိုက္ကူးခဲ့တဲ့ ဒါ႐ိုက္တာ Scott Derrickson က တြစ္တာေပၚကေနတစ္ဆင့္ ေျပာလိုက္ပါတယ္။ MCU ဟာ ၂၀၀၈ခုႏွစ္မွာ စတင္ခဲ့တာ ျဖစ္ၿပီး အခုခ်ိန္မွာေတာ့ လူႀကိဳက္အမ်ားဆုံးနဲ႔ အေအာင္ျမင္ဆုံး franchise ေတြထဲကတစ္ခု ျဖစ္လာပါတယ္။ ႐ုပ္ရွင္တစ္ကားနဲ႔တစ္ကားဟာ ဆက္စပ္ေနတဲ့ MCU ရဲ႕ ႐ုပ္ရွင္ေတြထဲမွာ အနည္းငယ္ေသာ ခ်ိဳ႕ယြင္းခ်က္ေတြ၊ ဇာတ္လမ္းဟာကြက္ေတြ ရွိၾကေပမယ့္ အခုခ်ိန္ထိ ေအာင္ျမင္မႈေတြ ရရွိထားပါတယ္။

photo via screenrant

လက္ရွိအခ်ိန္မွာ Disney ဟာ X-Men ေတြနဲ႔ Fantastic Four တို႔ကို ထိန္းခ်ဳပ္ထားၿပီး Spider-Man ကိုလည္း Sony နဲ႔ သေဘာတူညီမႈ ရယူထားပါတယ္။ အဲ့ဒါေၾကာင့္ပဲ MCU ရဲ႕ Phase 4 မွာေတာ့ အမ်ားႀကီး ေျပာင္းလဲသြားႏိုင္ပါတယ္။ Phase 4 ထဲမွာေတာ့ Multiverse သေဘာတရားေတြကို ထည့္သြင္းသြားႏိုင္ၿပီး အရင္တုန္းက ထြက္ရွိခဲ့တဲ့ ႐ုပ္ရွင္ေတြနဲ႔ သြားၿပီးေတာ့ ဆက္စပ္လို႔ ရႏိုင္ပါတယ္။ ၂၀၂၂ခုႏွစ္မွာ ထြက္ရွိလာမယ့္ Doctor Strange in the Multiverse of Madness ထဲမွာေတာ့ အဲ့ဒီသီအိုရီေတြကို ထည့္သြင္းသြားလို႔ ရႏိုင္ပါတယ္။

Sony ဟာ ပရိသတ္ေတြ MCU ထဲမွာ မပါဝင္ဘူးလို႔ ထင္ခဲ့တဲ့ Spider-Man ႐ုပ္ရွင္ငါးကားကို ထုတ္လုပ္ခဲ့ဖူးပါတယ္။ Doctor Strange ႐ုပ္ရွင္ရဲ႕ ဒါ႐ိုက္တာျဖစ္သူ Scott Derrickson ဟာ ႏိုဝင္ဘာလ (၂၃)ရက္ေန႔တုန္းက Spider-Man ႐ုပ္ရွင္ေတြအားလုံးဟာ MCU ရဲ႕ တစ္စိတ္တစ္ပိုင္း ျဖစ္ပါတယ္လို႔ တြစ္တာေပၚမွာ ေဖာ္ျပခဲ့ပါတယ္။ Derrickson ဟာ မူလက Doctor Strange in the Multiverse of Madness ကိုလည္း ႐ိုက္ကူးဖို႔ စီစဥ္ခဲ့ေပမယ့္ ၂၀၂၀ အစပိုင္းမွာေတာ့ ႏႈတ္ထြက္သြားခဲ့ပါတယ္။ ဒါေပမယ့္လည္း သူဟာ အဲ့ဒီ႐ုပ္ရွင္ရဲ႕ ထုတ္လုပ္သူတစ္‌ေယာက္အေနနဲ႔ ပါဝင္ေနတာေၾကာင့္ အဲ့ဒီ႐ုပ္ရွင္ဟာ multiverse သေဘာတရားကို အသုံးျပဳၿပီး Spider-Man ႐ုပ္ရွင္ေတြအားလုံးကို MCU နဲ႔ ခ်ိတ္ဆက္သြားႏိုင္ပါတယ္။

photo via screenrant

ဒါ့အျပင္ ဒီ႐ုပ္ရွင္ကို ႐ိုက္ကူးသြားမယ့္ ဒါ႐ိုက္တာ Sam Raimi ဟာ အရင္တုန္းက Tobey ရဲ႕ Spider-Man trilogy ကို ႐ိုက္ကူးခဲ့သူလည္း ျဖစ္ပါတယ္။ အဲ့ဒီအခ်က္ေတြ အားလုံးေၾကာင့္ပဲ Doctor Strange in the Multiverse of Madness ထဲမွာေတာ့ multiverse သေဘာတရားကို အသုံးျပဳၿပီးေတာ့ အရင္တုန္းက Spider-Man ႐ုပ္ရွင္ေတြကို MCU နဲ႔ ခ်ိတ္ဆက္သြားမယ္ဆိုတဲ့ သတင္းေတြဟာ ပိုၿပီးေတာ့ ေရပန္းစားလာခဲ့ပါတယ္။ Tobey Maguire နဲ႔ Andrew Garfield တို႔ဟာလည္း Spider-Man အျဖစ္ ျပန္လည္ပါဝင္လာႏိုင္ၿပီးေတာ့ ဒီသတင္းေတြအတိုင္းသာ တကယ္ျဖစ္လာရင္ေတာ့ ပရိသတ္ေတြဟာ အတိုင္းမသိကို ေပ်ာ္႐ႊင္ၾကမွာပဲ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ Spider-Verse Live Action ဟာ တကယ္ျဖစ္လာမလား ဆိုတာကိုေတာ့ ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular