HomeEntertainmentFilmJohnny Depp သရုပ်ဆောင်ဖို့ ငြင်းပယ်ခဲ့တဲ့ နာမည်ကျော်ရုပ်ရှင်ဇာတ်ကားများ

Johnny Depp သရုပ်ဆောင်ဖို့ ငြင်းပယ်ခဲ့တဲ့ နာမည်ကျော်ရုပ်ရှင်ဇာတ်ကားများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မင်းသားကြီး Johnny Depp ဟာ ကမ္ဘာကျော် ရုပ်ရှင်သရုပ်ဆောင်တွေထဲက အထင်ရှားဆုံးနဲ့ အောင်မြင်ကျော်ကြားဆုံး မင်းသားတွေထဲမှာ ထိပ်ဆုံးစာရင်းက ပါဝင်သူ ဖြစ်ပါတယ်။ သူဟာ ၁၉၈၄ခုနှစ်က ထွက်ရှိခဲ့တဲ့ မူလလက်ဟောင်း A Nightmare on Elm Street ရုပ်ရှင်ဇာတ်‌ကားထဲမှာ Freddy Krueger ရဲ့ သားကောင်တစ်ယောက်နေရာကနေ မထင်မရှား သရုပ်ဆောင်ရင်း ဟောလိဝုဒ်ရဲ့ ရုပ်ရှင်လောကထဲကို ဝင်ရောက်လာခဲ့သူ ဖြစ်ပါတယ်။

အဲ့ဒီ့ကနေမှတစ်ဆင့် ၁၉၈၀နှောင်းပိုင်းမှာ ထွက်ရှိခဲ့တဲ့ 21 Jump Street တီဗွီရှိုးထဲမှာ ပါဝင်ရင်း ဆယ်ကျော်သက်ကောင်မလေးတွေ သည်းသည်းလှုပ်ရတဲ့ မင်းသားတစ်လက် ဖြစ်လာခဲ့သူပါ။ ဒါရိုက်တာ John Waters နဲ့ ပူးပေါင်းပြီး ၁၉၉၀ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Cry-Baby ဆိုတဲ့ ဟာသရုပ်ရှင်ဇာတ်ကားမှာ ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်ပြီးချိန်ကစလို့ ခေါင်းဆောင်မင်းသားနေရာကို ရရှိခဲ့သူ ဖြစ်ပါတယ်။

Photo: johnnydeppofficial/ Instagram

ယခုဆိုရင် သူ့ရဲ့အနုပညာသက်တမ်းဟာ နှစ်ပေါင်းလေးဆယ်နီးပါး ပြည့်တော့မှာ ဖြစ်ပါတယ်။ မင်းသားကြီးဟာ သရုပ်ဆောင်သက်တမ်းတစ်လျှောက်မှာ တကယ့် ဟုန်းဟုန်းတောက် နာမည်ကြီးတဲ့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို လက်ခံ ရိုက်ကူးခဲ့သလိုပဲ တကယ်ပေါက်မယ့် အထင်ကရ ရုပ်ရှင်ကားပေါင်းများစွာကိုလည်း ငြင်းပယ်ခဲ့ဖူးပါတယ်။ Johnny Depp သရုပ်ဆောင်ဖို့ ငြင်းပယ်ခဲ့တဲ့ နာမည်ကျော်ဇာတ်ကားတွေကတော့ …

Ferris Bueller’s Day Off
Photo via screenrant

၁၉၈၆ခုနှစ်က ထွက်ရှိခဲ့ပြီး ယနေ့ထက်ထိ လူကြိုက်များ အားပေးခံနေရဆဲဖြစ်တဲ့ ဒီဟာသရုပ်ရှင်ဇာတ်ကားဟာ အဲ့ဒီ့အချိန်က လူသစ်တန်းပဲ ရှိသေးတဲ့ မင်းသား Matthew Broderick ကို နေ့ချင်းညချင်း အောင်မြင်အောင် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ တကယ်တမ်းမှာ ဒီဇာတ်ကားဟာ Johnny ကို အရင်ဆုံး ကမ်းလှမ်းခဲ့တာဖြစ်ပေမယ့် တစ်ခြားဇာတ်ကား ရိုက်ကူးရေးတွေနဲ့ အချိန်မရလို့ ငြင်းပယ်ခဲ့တဲ့ ရုပ်ရှင်တစ်ကားလည်း ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ ကျောင်းမတက်ဘဲ အိမ်မှာ ကောင်မလေးနဲ့ နှပ်နေချင်တဲ့ ကျောင်းသားတစ်ယောက်နဲ့ နောက်ကလိုက်ချောင်းတဲ့ ဆရာတို့ကြားက ဟာသဇာတ်လမ်း ဖြစ်ပါတယ်။ IMDb rating ကတော့ (7.8) ရရှိထားပါတယ်။

Backdraft
Photo via screenrant

ဒီဇာတ်ကားဟာ ဒါရိုက်တာ Ron Howard ရဲ့ လျှို့ဝှက်သည်းဖိုဇာတ်ကားတစ်ခုဖြစ်ပြီး ၁၉၉၁ခုနှစ်က ထွက်ရှိခဲ့ပါတယ်။ ၉၀ခုနှစ်ဝန်းကျင်မှာ ထွက်ရှိခဲ့တဲ့ အခြားဇာတ်ကားတွေလို ဒီနေ့အထိ နာမည်ကြီးနေတာမျိုး မရှိတော့ပေမယ့် သူ့ခေတ်သူ့အခါက အောင်မြင်ခဲ့တဲ့ ဇာတ်ကားလို့ ပြောလို့ရပါတယ်။ ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်ခဲ့ရတဲ့ မင်းသား William Baldwin အတွက်တော့ ဒီဇာတ်ကားဟာ အမြင့်ကို လှမ်းတက်ဖို့ လှေကားသဖွယ် ဖြစ်ခဲ့တာပါ။

ဇာတ်လမ်းကတော့ အလုပ်ကြိုးစားတဲ့ မီးသတ်သမား ညီအစ်ကိုနှစ်ဦးဟာ ရှို့မီးတွေ လိုက်ရှို့ပြီး ပြစ်မှုကျူးလွန်နေသူတစ်ဦးကို စုံစမ်းဖော်ထုတ်တဲ့ ဇာတ်လမ်း ဖြစ်ပါတယ်။ IMDb rating (6.7) ရရှိထားပါတယ်။ လူပြောသူပြောတွေအရ ဒီဇာတ်ကားဟာလည်း Johnny ဆီကို ကမ်းလှမ်းခဲ့တာ ဖြစ်ပေမယ့် Johnny ဘက်က ငြင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။ သို့ပေမယ့် ဒီဇာတ်ကားမထွက်ခင် ခြောက်လလောက်အလိုမှာ Edward Scissorhands ရုပ်ရှင်က ထွက်ရှိခဲ့တာကြောင့် Johnny ရဲ့ရွေးချယ်မှုက မှန်ကန်ခဲ့တယ်လို့ ပြောရမှာပါ။

Speed
Photo via screenrant

Johnny Depp ဟာ သူ့ရဲ့သရုပ်ဆောင်သက်တမ်း တစ်လျှောက်မှာ ဇာတ်ကောင်စရိုက်ပေါင်းစုံ သရုပ်ဆောင်ဖူးပေမယ့် တကယ့် ဆိုဒ်ပြည့်ဂိုက်ပြည့် အက်ရှင်မင်းသားတစ်ယောက်လိုတော့ သရုပ်မဆောင်ခဲ့ဖူးပါဘူး။ တကယ်လို့ သူသာ ၁၉၉၄ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Speed လို အက်ရှင်လျှို့ဝှက်သည်းဖိုဇာတ်ကားကို လက်ခံရိုက်ကူးခဲ့မယ်ဆိုရင် သူ့ရဲ့ဇာတ်ရုပ် ရွေးချယ်မှုစတိုင်လ်တွေဟာ ဒီနေ့လို မဟုတ်တော့ဘဲ ပြောင်းလဲကောင်း ပြောင်းလဲသွားနိုင်ပါတယ်။

ဒီဇာတ်ကားမှာ LAPD ရဲ့ ရာအရှိတစ်ယောက်အနေနဲ့ သရုပ်ဆောင်ရမယ့်ဇာတ်ရုပ်ကို Johnny ဆီ အရင်ဆုံး ကမ်းလှမ်းခဲ့ပေမယ့် သူက ငြင်းလိုက်တဲ့အတွက် မင်းသား Keanu Reeves ဆီ ရောက်သွားခဲ့တာလို့ ဆိုကြပါတယ်။ ဒီလိုဖြစ်ရပ်မျိုး နောက်တစ်ခုလည်း ရှိခဲ့ပါသေးတယ်။ အဲ့ဒါကတော့ ၁၉၉၁ခုနှစ်က ထွက်ရှိခဲ့တဲ့ မူလ Point Break ဇာတ်ကားမှာ သရုပ်ဆောင်ဖို့ကိုလည်း သူတို့နှစ်ယောက်ကြားမှာပဲ ရွေးချယ်ခဲ့ရပြီး နောက်ဆုံး Keanu Reeves ဆီပဲ ရောက်သွားခဲ့တာပါ။ သို့ပေမယ့် အဲ့ဒီ့တစ်ခေါက်တုန်းကတော့ Johnny ထက် Keanu ကိုပိုပြီး သဘောကျလို့ ဦးစားပေး ရွေးချယ်ခဲ့ကြတာလို့လည်း ဆိုပါတယ်။

Speed ရုပ်ရှင်ရဲ့ ဇာတ်လမ်းကတော့ အန္တရာယ်များပြီး ဒေါသကြီးတဲ့ လူတစ်ယောက်ဟာ ဓာတ်လှေကားတစ်ခုထဲမှာ ဗုံးထောင်ခဲ့ပါတယ်။ သူ့ရဲ့အစီအစဉ် မအောင်မြင်တဲ့အခါ ဘတ်စ်ကားတစ်ခုပေါ်မှာ ဗုံးထပ်ဆင်ပြီး သူ့တောင်းဆိုမှုကို မလိုက်လျောပေးရင် ဖောက်ခွဲပစ်မယ်ဆိုပြီး ခြိမ်းခြောက်ပါတော့တယ်။ IMDb (7.2) ရရှိထားပါတယ်။

Interview With The Vampire
Photo via screenrant

စာရေးဆရာမ Anne Rice ရဲ့နာမည်ကျော်ဝတ္ထုကို ရုပ်ရှင်အဖြစ် ပြန်လည်မှီငြမ်း ရိုက်ကူးခဲ့တဲ့ ဒီဇာတ်ကားမှာ ယနေ့ခေတ် ထိတ်ထိတ်ကြဲ မင်းသားတွေဖြစ်တဲ့ Brad Pitt နဲ့ Tom Cruise တို့က ဦးဆောင်ပါဝင်ခဲ့ကြပါတယ်။ သို့ပေမယ့် စာရေးဆရာမကြီး Anne Rice ကတော့ သူမ ဝတ္ထုထဲကဇာတ်ကောင် Lestat နေရာမှာ Tom Cruise က သရုပ်ဆောင်ခဲ့ရတဲ့အပေါ် သိပ်ပြီးမနှစ်သက်လှဘူးလို့ ကောလာဟလတွေ ထွက်ဖူးပါတယ်။

အဆိုပါ သွေးစုပ်ဖုတ်ကောင် Lestat နေရာမှာလည်း Johnny ကို ကမ်းလှမ်းခဲ့သေးတယ်လို့ ဆိုကြပါတယ်။ Johnny နဲ့ လိုက်ဖက်မယ့် ဇာတ်ရုပ်တစ်ခု ဖြစ်ပေမယ့် ဘာအကြောင်းပြချက်ကြောင့်မှန်းမသိ ငြင်းဆိုခဲ့တာ ဖြစ်ပါတယ်။ သို့ပေမယ့် ဒီဇာတ်ကားဟာ ဝက်ဝက်ကွဲ အောင်မြင်ခဲ့ပြီး မင်းသားနှစ်ယောက်စလုံးကလည်း အပီအပြင် သရုပ်ဆောင်ပြနိုင်ခဲ့ကြပါတယ်။ ဒါကြောင့်လည်း နောက်ပိုင်းမှာ ဆရာမကြီး Anne Rice က Tom Cruise ရဲ့ သရုပ်ဆောင်မှုတွေကို ချီးကျူးခဲ့ရတာ ဖြစ်ပါတယ်။

၁၉၉၄ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီရုပ်ရှင်ဇာတ်ကားရဲ့ ဇာတ်လမ်းအကျဉ်းကတော့ စပိန်လူမျိုး lord Louis ဟာ သူ့ရဲ့ဇနီးသည်နဲ့ သမီးလေးကို ဆုံးရှုံးရပြီးနောက်မှာ Lestat ရဲ့လက်ချက်နဲ့ သွေးစုပ်ဖုတ်ကောင်အဖြစ် ပြောင်းလဲခံလိုက်ရတဲ့ ဇာတ်လမ်း ဖြစ်ပါတယ်။ IMDb ကတော့ (7.5) ရရှိထားပါတယ်။

Face/off
Photo via screenrant

အက်ရှင်ကားကြိုက်သူတိုင်း ကြည့်ဖူးပြီးသား ဖြစ်လောက်မယ့် Face/off ဇာတ်ကားဟာလည်း Johnny သရုပ်ဆောင်ဖို့ နီးစပ်ခဲ့ပါသေးတယ်။ အက်ဖ်ဘီအိုင် အေးဂျင့်နဲ့ အကြမ်းဖက်သမားတို့ကြားက သူနိုင်ကိုယ်နိုင် အပြိုင်ကြဲဖို့ မျက်နှာချင်း လဲလိုက်တဲ့ ဇာတ်လမ်းဟာ ရုပ်ရှင်ချစ်သူတွေကြားမှာ အတော်လေး အောင်မြင်ခဲ့တာပါ။

ဒီဇာတ်ကားမှာလည်း Johnny ဟာ Nicolas Cage နေရာမှာ သရုပ်ဆောင်ဖို့အတွက် ကမ်းလှမ်းခံခဲ့ရပါသေးတယ်။ သို့ပေမယ့် ဇာတ်ညွှန်းကို ဖတ်ကြည့်ပြီး သူစိတ်ဝင်စားတဲ့ ဇာတ်မျိုးမဟုတ်လို့ဆိုပြီး ငြင်းပယ်ခဲ့ပါတယ်။ ဒီဇာတ်ကားကတော့ IMDb (7.3) ရရှိထားပါတယ်။

Titanic
Photo via screenrant

Johnny ငြင်းပယ်ခဲ့ဖူးသမျှ နာမည်ကြီးဇာတ်ကားတွေထဲမှာ အံ့ဩဖို့အကောင်းဆုံးသော ဇာတ်ကားတစ်ခုလို့ ပြောရမှာပါ။ ဒါရိုက်တာ James Cameron ရိုက်ကူးခဲ့ပြီး အဲ့ဒီ့အချိန်ကာလမှာတောင် ဘတ်ဂျက် ဒေါ်လာသန်း(၂၀၀) သုံးစွဲခဲ့တဲ့ ဒီဇာတ်ကားကြီးကို Johnny တစ်ယောက်ကတော့ ခပ်ပြောင်ပြောင်ပဲ ဇာတ်ညွှန်းကို ကြိုးစားပြီး ဖတ်ပေမယ့် အဆင်မပြေလို့ လက်လျှော့လိုက်တာလို့ ဆိုခဲ့ပါတယ်။

Johnny ကမ်းလှမ်းခံခဲ့ရတဲ့ ဇာတ်ရုပ်ကတော့ ခေါင်းဆောင်မင်းသား Jack Dawson နေရာမှာ သရုပ်ဆောင်ဖို့ ဖြစ်ပါတယ်။ သူ ငြင်းပယ်လိုက်တဲ့အတွက် What’s Eating Gilbert Grape မှာ အတူတွဲသရုပ်ဆောင်ခဲ့တဲ့ ချာတိတ်လေး Leonardo DiCaprio က အဲ့ဒီ့ဇာတ်ရုပ်ကို လက်ခံရိုက်ကူးခဲ့ပြီး ဟောလိဝုဒ်ရဲ့ ထိပ်တန်းနေရာကို လျှောက်လှမ်းသွားခဲ့တာ ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ အသက်(၁၇)နှစ်အရွယ် ကောင်မလေး Rose ဟာ ကိန်းကြီးခန်းကြီးနိုင်တဲ့ မိသားစုက ဆင်းသက်လာသူမို့ လက်ထပ်ရမယ့်သူ အဆင်သင့် ရှိထားပြီး ဖြစ်ပါတယ်။ ဒီလိုနဲ့ တိုက်တန်းနစ်သင်္ဘောကြီးကို လိုက်ပါစီးနင်းတဲ့အခါမှာတော့ သင်္ဘောပေါ်မှာ ပါလာတဲ့ Jack ဆိုတဲ့ artist ကောင်လေးနဲ့တွေ့ပြီး ချစ်ကျွမ်းဝင်သွားကြပါတော့တယ်။ IMDb (7.8) ရရှိထားပါတယ်။

The Matrix
Photo via screenrant

Johnny နဲ့ Keanu တို့ရဲ့ ရေစက်ဟာ မကုန်နိုင်သေးတော့ ဒီနာမည်ကျော် Matrix ဇာတ်ကားမှာလည်း ထပ်လာပြီး ဆုံကြပါသေးတယ်။ Matrix trilogy ကို နောက်ခံတေးဂီတ တီးခတ်ပေးခဲ့တဲ့ Don Davis ရဲ့ ပြောပြချက်အရ ဒါရိုက်တာဖြစ်တဲ့ Wachowski ညီအစ်မဟာ ဇာတ်ကောင် Neo အတွက် Johnny ကို အဓိက သဘောကျခဲ့ကြတာလို့ ဆိုပါတယ်။

Warner Bros. ကတော့ Brad Pitt ၊ ဒါမှမဟုတ် Val Kilmer နှစ်ယောက်တည်းက တစ်ယောက်ကို ရွေးချယ်ချင်ခဲ့တာပါ။ အဲ့ဒီ့နှစ်ယောက်လုံးက ငြင်းလိုက်တဲ့အခါမှာလည်း Warner Bros. က Johnny ဆီကို လာရောက်ကမ်းလှမ်းခဲ့ပါသေးတယ်။ သို့ပေမယ့် အဲ့ဒီ့အချိန်က သူ့ရဲ့အချိန်ဇယားတွေနဲ့ မအားမလပ် ဖြစ်နေခဲ့တာကြောင့် ဒီဇာတ်ရုပ်ကို ငြင်းပယ်ခဲ့ရပြန်ပါတယ်။ တစ်ဖက်မှာကတော့ Wachowski ညီအစ်မ စိတ်ကြိုက်အတိုင်း ပုံစံဝင်အောင် သရုပ်ဆောင်ပြနိုင်တဲ့ မင်းသား Keanu Reeves က Neo ဇာတ်ကောင်ကို ရရှိသွားခဲ့ပါတယ်။

ဇာတ်လမ်းကတော့ လူတွေရဲ့ အရှိတရားကို ကွန်ပျူတာစနစ်တစ်ခုလုံးနဲ့ ထိန်းချုပ်ခံထားရတဲ့ အခြေအနေကို ကွန်ပျူတာ ပရိုဂရမ်မာသမားတစ်ယောက်က ဦးဆောင်ပြီး တော်လှန်တိုက်ခိုက်တဲ့ ဇာတ်လမ်း ဖြစ်ပါတယ်။ ပထမဆုံးဇာတ်ကားကို ၁၉၉၉ခုနှစ်က ထွက်ရှိထားပြီး IMDb (8.7) ရရှိထားပါတယ်။

Mr. and Mrs. Smith
Photo via screenrant

ဒီနေ့ခေတ်မှာတော့ Mr. and Mrs. Smith ရုပ်ရှင်လို့ ပြောလိုက်ရင် မင်းသား Brad Pitt နဲ့ မင်းသမီး Angelina Jolie တို့ကို ဖူးစာဆုံစေခဲ့တဲ့ ဇာတ်ကားလို့ လူအများက သိထားကြပြီးသား ဖြစ်ပါတယ်။ သို့ပေမယ့် ဒီဇာတ်ကားထဲက Mr. Smith ဇာတ်ကောင်နေရာဟာ Brad Pitt ဆီကို အရင်ဆုံး ရောက်ခဲ့တာတော့ မဟုတ်ပါဘူး။

မူလတုန်းက ဒီဇာတ်ကားကို Johnny သရုပ်ဆောင်ရဖို့ ဖြစ်ခဲ့တာပါ။ သို့ပေမယ့် အဲ့ဒီ့အချိန်တုန်းက သူ့မှာရုပ်ရှင်တွေ လက်ခံထားတာ များနေလို့ဆိုပြီး Johnny က ငြင်းဆိုခဲ့ရာက Brad Pitt အတွက် ဖြစ်သွားခဲ့တာပါ။ တကယ်လို့ Johnny သာ ဒီဇာတ်ကောင်ကို လက်ခံလိုက်မယ်ဆိုရင် Jolie-Pitt ဆိုတဲ့ တင်စားမှုတွေ ရှိခဲ့မှာ မဟုတ်တော့ပါဘူး။ ဒါပေမယ့်လည်း ဖူးစာဆိုတာများဟာ ဆန်းကြယ်တာမို့ ဒီကားမှာ Brad Pitt နဲ့ Jolie တို့ ဆုံခဲ့ကြပြီး ၂၀၁၀ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Tourist ဇာတ်ကားမှာမှ Jolie နဲ့ Johnny တို့ တစ်ကားတည်း အတူတွဲရိုက်ဖြစ်ခဲ့ကြပါတယ်။

Photo via IMDb

ဇာတ်လမ်းကတော့ ပရော်ဖက်ရှင်နယ် လုပ်ကြံရေးသမားအဖြစ် လုပ်ကိုင်နေကြတဲ့ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်ဟာ တစ်ယောက်အကြောင်း တစ်ယောက်မသိဘဲနဲ့ လက်ထပ်မိခဲ့ကြပါတယ်။ ဒီလိုနဲ့ တစ်ယောက်ရဲ့ဇာတ်လမ်းကို တစ်ယောက်က သိသွားတဲ့အခါမှာတော့ သူတို့ရဲ့အထက်အရာရှိတွေကိုယ်စီက အချင်းချင်း ပြန်သတ်ဖို့ အမိန့်ပေးလိုက်တဲ့အခါမှာတော့ … ။ ၂၀၀၅ခုနှစ်က ထွက်ရှိခဲ့ပြီး IMDb (6.5) ရရှိထားပါတယ်။

ဒါကတော့ မင်းသားကြီး Johnny Depp ငြင်းပယ်ခဲ့တဲ့ နာမည်ကျော်ဇာတ်ကားတွေပဲ ဖြစ်ပါတယ်။ တစ်ချို့ကားတွေကို ငြင်းလိုက်တာဟာ နှမျောစရာကောင်းတယ်လို့ ထင်ရပေမယ့် မင်းသားကြီးဟာ သူနဲ့တကယ်လိုက်ဖက်မယ့် ဇာတ်ရုပ်တွေကို သေချာစွာ ရွေးချယ်တတ်ခဲ့တာကြောင့် ရုပ်ရှင်ကားကောင်းတွေ အများကြီး ပရိသတ်ဆီ ရောက်လာတာက သက်သေပါပဲ။ ရှေ့လျှောက်လည်း မင်းသားကြီးရဲ့ ဇာတ်ကားကောင်းများစွာ ထပ်မံကြည့်ရှုရဖို့ မျှော်လင့်ရင်း … ။

Glasgow

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

မင္းသားႀကီး Johnny Depp ဟာ ကမာၻေက်ာ္ ႐ုပ္ရွင္သ႐ုပ္ေဆာင္ေတြထဲက အထင္ရွားဆုံးနဲ႔ ေအာင္ျမင္ေက်ာ္ၾကားဆုံး မင္းသားေတြထဲမွာ ထိပ္ဆုံးစာရင္းက ပါဝင္သူ ျဖစ္ပါတယ္။ သူဟာ ၁၉၈၄ခုႏွစ္က ထြက္ရွိခဲ့တဲ့ မူလလက္ေဟာင္း A Nightmare on Elm Street ႐ုပ္ရွင္ဇာတ္‌ကားထဲမွာ Freddy Krueger ရဲ႕ သားေကာင္တစ္ေယာက္ေနရာကေန မထင္မရွား သ႐ုပ္ေဆာင္ရင္း ေဟာလိဝုဒ္ရဲ႕ ႐ုပ္ရွင္ေလာကထဲကို ဝင္ေရာက္လာခဲ့သူ ျဖစ္ပါတယ္။

အဲ့ဒီ့ကေနမွတစ္ဆင့္ ၁၉၈၀ေႏွာင္းပိုင္းမွာ ထြက္ရွိခဲ့တဲ့ 21 Jump Street တီဗြီရႈိးထဲမွာ ပါဝင္ရင္း ဆယ္ေက်ာ္သက္ေကာင္မေလးေတြ သည္းသည္းလႈပ္ရတဲ့ မင္းသားတစ္လက္ ျဖစ္လာခဲ့သူပါ။ ဒါ႐ိုက္တာ John Waters နဲ႔ ပူးေပါင္းၿပီး ၁၉၉၀ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Cry-Baby ဆိုတဲ့ ဟာသ႐ုပ္ရွင္ဇာတ္ကားမွာ ေခါင္းေဆာင္မင္းသားအျဖစ္ ပါဝင္ၿပီးခ်ိန္ကစလို႔ ေခါင္းေဆာင္မင္းသားေနရာကို ရရွိခဲ့သူ ျဖစ္ပါတယ္။

Photo: johnnydeppofficial/ Instagram

ယခုဆိုရင္ သူ႔ရဲ႕အႏုပညာသက္တမ္းဟာ ႏွစ္ေပါင္းေလးဆယ္နီးပါး ျပည့္ေတာ့မွာ ျဖစ္ပါတယ္။ မင္းသားႀကီးဟာ သ႐ုပ္ေဆာင္သက္တမ္းတစ္ေလွ်ာက္မွာ တကယ့္ ဟုန္းဟုန္းေတာက္ နာမည္ႀကီးတဲ့ ႐ုပ္ရွင္ဇာတ္ကားေပါင္းမ်ားစြာကို လက္ခံ ႐ိုက္ကူးခဲ့သလိုပဲ တကယ္ေပါက္မယ့္ အထင္ကရ ႐ုပ္ရွင္ကားေပါင္းမ်ားစြာကိုလည္း ျငင္းပယ္ခဲ့ဖူးပါတယ္။ Johnny Depp သ႐ုပ္ေဆာင္ဖို႔ ျငင္းပယ္ခဲ့တဲ့ နာမည္ေက်ာ္ဇာတ္ကားေတြကေတာ့ …

Ferris Bueller’s Day Off
Photo via screenrant

၁၉၈၆ခုႏွစ္က ထြက္ရွိခဲ့ၿပီး ယေန႔ထက္ထိ လူႀကိဳက္မ်ား အားေပးခံေနရဆဲျဖစ္တဲ့ ဒီဟာသ႐ုပ္ရွင္ဇာတ္ကားဟာ အဲ့ဒီ့အခ်ိန္က လူသစ္တန္းပဲ ရွိေသးတဲ့ မင္းသား Matthew Broderick ကို ေန႔ခ်င္းညခ်င္း ေအာင္ျမင္ေအာင္ ျပဳလုပ္ေပးႏိုင္ခဲ့ပါတယ္။ တကယ္တမ္းမွာ ဒီဇာတ္ကားဟာ Johnny ကို အရင္ဆုံး ကမ္းလွမ္းခဲ့တာျဖစ္ေပမယ့္ တစ္ျခားဇာတ္ကား ႐ိုက္ကူးေရးေတြနဲ႔ အခ်ိန္မရလို႔ ျငင္းပယ္ခဲ့တဲ့ ႐ုပ္ရွင္တစ္ကားလည္း ျဖစ္ပါတယ္။

ဇာတ္လမ္းကေတာ့ ေက်ာင္းမတက္ဘဲ အိမ္မွာ ေကာင္မေလးနဲ႔ ႏွပ္ေနခ်င္တဲ့ ေက်ာင္းသားတစ္ေယာက္နဲ႔ ေနာက္ကလိုက္ေခ်ာင္းတဲ့ ဆရာတို႔ၾကားက ဟာသဇာတ္လမ္း ျဖစ္ပါတယ္။ IMDb rating ကေတာ့ (7.8) ရရွိထားပါတယ္။

Backdraft
Photo via screenrant

ဒီဇာတ္ကားဟာ ဒါ႐ိုက္တာ Ron Howard ရဲ႕ လွ်ိဳ႕ဝွက္သည္းဖိုဇာတ္ကားတစ္ခုျဖစ္ၿပီး ၁၉၉၁ခုႏွစ္က ထြက္ရွိခဲ့ပါတယ္။ ၉၀ခုႏွစ္ဝန္းက်င္မွာ ထြက္ရွိခဲ့တဲ့ အျခားဇာတ္ကားေတြလို ဒီေန႔အထိ နာမည္ႀကီးေနတာမ်ိဳး မရွိေတာ့ေပမယ့္ သူ႔ေခတ္သူ႔အခါက ေအာင္ျမင္ခဲ့တဲ့ ဇာတ္ကားလို႔ ေျပာလို႔ရပါတယ္။ ေခါင္းေဆာင္မင္းသားအျဖစ္ ပါဝင္ခဲ့ရတဲ့ မင္းသား William Baldwin အတြက္ေတာ့ ဒီဇာတ္ကားဟာ အျမင့္ကို လွမ္းတက္ဖို႔ ေလွကားသဖြယ္ ျဖစ္ခဲ့တာပါ။

ဇာတ္လမ္းကေတာ့ အလုပ္ႀကိဳးစားတဲ့ မီးသတ္သမား ညီအစ္ကိုႏွစ္ဦးဟာ ရႈိ႕မီးေတြ လိုက္ရႈိ႕ၿပီး ျပစ္မႈက်ဴးလြန္ေနသူတစ္ဦးကို စုံစမ္းေဖာ္ထုတ္တဲ့ ဇာတ္လမ္း ျဖစ္ပါတယ္။ IMDb rating (6.7) ရရွိထားပါတယ္။ လူေျပာသူေျပာေတြအရ ဒီဇာတ္ကားဟာလည္း Johnny ဆီကို ကမ္းလွမ္းခဲ့တာ ျဖစ္ေပမယ့္ Johnny ဘက္က ျငင္းဆိုခဲ့တယ္လို႔ ဆိုပါတယ္။ သို႔ေပမယ့္ ဒီဇာတ္ကားမထြက္ခင္ ေျခာက္လေလာက္အလိုမွာ Edward Scissorhands ႐ုပ္ရွင္က ထြက္ရွိခဲ့တာေၾကာင့္ Johnny ရဲ႕ေ႐ြးခ်ယ္မႈက မွန္ကန္ခဲ့တယ္လို႔ ေျပာရမွာပါ။

Speed
Photo via screenrant

Johnny Depp ဟာ သူ႔ရဲ႕သ႐ုပ္ေဆာင္သက္တမ္း တစ္ေလွ်ာက္မွာ ဇာတ္ေကာင္စ႐ိုက္ေပါင္းစုံ သ႐ုပ္ေဆာင္ဖူးေပမယ့္ တကယ့္ ဆိုဒ္ျပည့္ဂိုက္ျပည့္ အက္ရွင္မင္းသားတစ္ေယာက္လိုေတာ့ သ႐ုပ္မေဆာင္ခဲ့ဖူးပါဘူး။ တကယ္လို႔ သူသာ ၁၉၉၄ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Speed လို အက္ရွင္လွ်ိဳ႕ဝွက္သည္းဖိုဇာတ္ကားကို လက္ခံ႐ိုက္ကူးခဲ့မယ္ဆိုရင္ သူ႔ရဲ႕ဇာတ္႐ုပ္ ေ႐ြးခ်ယ္မႈစတိုင္လ္ေတြဟာ ဒီေန႔လို မဟုတ္ေတာ့ဘဲ ေျပာင္းလဲေကာင္း ေျပာင္းလဲသြားႏိုင္ပါတယ္။

ဒီဇာတ္ကားမွာ LAPD ရဲ႕ ရာအရွိတစ္ေယာက္အေနနဲ႔ သ႐ုပ္ေဆာင္ရမယ့္ဇာတ္႐ုပ္ကို Johnny ဆီ အရင္ဆုံး ကမ္းလွမ္းခဲ့ေပမယ့္ သူက ျငင္းလိုက္တဲ့အတြက္ မင္းသား Keanu Reeves ဆီ ေရာက္သြားခဲ့တာလို႔ ဆိုၾကပါတယ္။ ဒီလိုျဖစ္ရပ္မ်ိဳး ေနာက္တစ္ခုလည္း ရွိခဲ့ပါေသးတယ္။ အဲ့ဒါကေတာ့ ၁၉၉၁ခုႏွစ္က ထြက္ရွိခဲ့တဲ့ မူလ Point Break ဇာတ္ကားမွာ သ႐ုပ္ေဆာင္ဖို႔ကိုလည္း သူတို႔ႏွစ္ေယာက္ၾကားမွာပဲ ေ႐ြးခ်ယ္ခဲ့ရၿပီး ေနာက္ဆုံး Keanu Reeves ဆီပဲ ေရာက္သြားခဲ့တာပါ။ သို႔ေပမယ့္ အဲ့ဒီ့တစ္ေခါက္တုန္းကေတာ့ Johnny ထက္ Keanu ကိုပိုၿပီး သေဘာက်လို႔ ဦးစားေပး ေ႐ြးခ်ယ္ခဲ့ၾကတာလို႔လည္း ဆိုပါတယ္။

Speed ႐ုပ္ရွင္ရဲ႕ ဇာတ္လမ္းကေတာ့ အႏၲရာယ္မ်ားၿပီး ေဒါသႀကီးတဲ့ လူတစ္ေယာက္ဟာ ဓာတ္ေလွကားတစ္ခုထဲမွာ ဗုံးေထာင္ခဲ့ပါတယ္။ သူ႔ရဲ႕အစီအစဥ္ မေအာင္ျမင္တဲ့အခါ ဘတ္စ္ကားတစ္ခုေပၚမွာ ဗုံးထပ္ဆင္ၿပီး သူ႔ေတာင္းဆိုမႈကို မလိုက္ေလ်ာေပးရင္ ေဖာက္ခြဲပစ္မယ္ဆိုၿပီး ၿခိမ္းေျခာက္ပါေတာ့တယ္။ IMDb (7.2) ရရွိထားပါတယ္။

Interview With The Vampire
Photo via screenrant

စာေရးဆရာမ Anne Rice ရဲ႕နာမည္ေက်ာ္ဝတၳဳကို ႐ုပ္ရွင္အျဖစ္ ျပန္လည္မွီျငမ္း ႐ိုက္ကူးခဲ့တဲ့ ဒီဇာတ္ကားမွာ ယေန႔ေခတ္ ထိတ္ထိတ္ႀကဲ မင္းသားေတြျဖစ္တဲ့ Brad Pitt နဲ႔ Tom Cruise တို႔က ဦးေဆာင္ပါဝင္ခဲ့ၾကပါတယ္။ သို႔ေပမယ့္ စာေရးဆရာမႀကီး Anne Rice ကေတာ့ သူမ ဝတၳဳထဲကဇာတ္ေကာင္ Lestat ေနရာမွာ Tom Cruise က သ႐ုပ္ေဆာင္ခဲ့ရတဲ့အေပၚ သိပ္ၿပီးမႏွစ္သက္လွဘူးလို႔ ေကာလာဟလေတြ ထြက္ဖူးပါတယ္။

အဆိုပါ ေသြးစုပ္ဖုတ္ေကာင္ Lestat ေနရာမွာလည္း Johnny ကို ကမ္းလွမ္းခဲ့ေသးတယ္လို႔ ဆိုၾကပါတယ္။ Johnny နဲ႔ လိုက္ဖက္မယ့္ ဇာတ္႐ုပ္တစ္ခု ျဖစ္ေပမယ့္ ဘာအေၾကာင္းျပခ်က္ေၾကာင့္မွန္းမသိ ျငင္းဆိုခဲ့တာ ျဖစ္ပါတယ္။ သို႔ေပမယ့္ ဒီဇာတ္ကားဟာ ဝက္ဝက္ကြဲ ေအာင္ျမင္ခဲ့ၿပီး မင္းသားႏွစ္ေယာက္စလုံးကလည္း အပီအျပင္ သ႐ုပ္ေဆာင္ျပႏိုင္ခဲ့ၾကပါတယ္။ ဒါေၾကာင့္လည္း ေနာက္ပိုင္းမွာ ဆရာမႀကီး Anne Rice က Tom Cruise ရဲ႕ သ႐ုပ္ေဆာင္မႈေတြကို ခ်ီးက်ဴးခဲ့ရတာ ျဖစ္ပါတယ္။

၁၉၉၄ခုႏွစ္က ထြက္ရွိခဲ့တဲ့ ဒီ႐ုပ္ရွင္ဇာတ္ကားရဲ႕ ဇာတ္လမ္းအက်ဥ္းကေတာ့ စပိန္လူမ်ိဳး lord Louis ဟာ သူ႔ရဲ႕ဇနီးသည္နဲ႔ သမီးေလးကို ဆုံးရႈံးရၿပီးေနာက္မွာ Lestat ရဲ႕လက္ခ်က္နဲ႔ ေသြးစုပ္ဖုတ္ေကာင္အျဖစ္ ေျပာင္းလဲခံလိုက္ရတဲ့ ဇာတ္လမ္း ျဖစ္ပါတယ္။ IMDb ကေတာ့ (7.5) ရရွိထားပါတယ္။

Face/off
Photo via screenrant

အက္ရွင္ကားႀကိဳက္သူတိုင္း ၾကည့္ဖူးၿပီးသား ျဖစ္ေလာက္မယ့္ Face/off ဇာတ္ကားဟာလည္း Johnny သ႐ုပ္ေဆာင္ဖို႔ နီးစပ္ခဲ့ပါေသးတယ္။ အက္ဖ္ဘီအိုင္ ေအးဂ်င့္နဲ႔ အၾကမ္းဖက္သမားတို႔ၾကားက သူႏိုင္ကိုယ္ႏိုင္ အၿပိဳင္ႀကဲဖို႔ မ်က္ႏွာခ်င္း လဲလိုက္တဲ့ ဇာတ္လမ္းဟာ ႐ုပ္ရွင္ခ်စ္သူေတြၾကားမွာ အေတာ္ေလး ေအာင္ျမင္ခဲ့တာပါ။

ဒီဇာတ္ကားမွာလည္း Johnny ဟာ Nicolas Cage ေနရာမွာ သ႐ုပ္ေဆာင္ဖို႔အတြက္ ကမ္းလွမ္းခံခဲ့ရပါေသးတယ္။ သို႔ေပမယ့္ ဇာတ္ၫႊန္းကို ဖတ္ၾကည့္ၿပီး သူစိတ္ဝင္စားတဲ့ ဇာတ္မ်ိဳးမဟုတ္လို႔ဆိုၿပီး ျငင္းပယ္ခဲ့ပါတယ္။ ဒီဇာတ္ကားကေတာ့ IMDb (7.3) ရရွိထားပါတယ္။

Titanic
Photo via screenrant

Johnny ျငင္းပယ္ခဲ့ဖူးသမွ် နာမည္ႀကီးဇာတ္ကားေတြထဲမွာ အံ့ဩဖို႔အေကာင္းဆုံးေသာ ဇာတ္ကားတစ္ခုလို႔ ေျပာရမွာပါ။ ဒါ႐ိုက္တာ James Cameron ႐ိုက္ကူးခဲ့ၿပီး အဲ့ဒီ့အခ်ိန္ကာလမွာေတာင္ ဘတ္ဂ်က္ ေဒၚလာသန္း(၂၀၀) သုံးစြဲခဲ့တဲ့ ဒီဇာတ္ကားႀကီးကို Johnny တစ္ေယာက္ကေတာ့ ခပ္ေျပာင္ေျပာင္ပဲ ဇာတ္ၫႊန္းကို ႀကိဳးစားၿပီး ဖတ္ေပမယ့္ အဆင္မေျပလို႔ လက္ေလွ်ာ့လိုက္တာလို႔ ဆိုခဲ့ပါတယ္။

Johnny ကမ္းလွမ္းခံခဲ့ရတဲ့ ဇာတ္႐ုပ္ကေတာ့ ေခါင္းေဆာင္မင္းသား Jack Dawson ေနရာမွာ သ႐ုပ္ေဆာင္ဖို႔ ျဖစ္ပါတယ္။ သူ ျငင္းပယ္လိုက္တဲ့အတြက္ What’s Eating Gilbert Grape မွာ အတူတြဲသ႐ုပ္ေဆာင္ခဲ့တဲ့ ခ်ာတိတ္ေလး Leonardo DiCaprio က အဲ့ဒီ့ဇာတ္႐ုပ္ကို လက္ခံ႐ိုက္ကူးခဲ့ၿပီး ေဟာလိဝုဒ္ရဲ႕ ထိပ္တန္းေနရာကို ေလွ်ာက္လွမ္းသြားခဲ့တာ ျဖစ္ပါတယ္။

ဇာတ္လမ္းကေတာ့ အသက္(၁၇)ႏွစ္အ႐ြယ္ ေကာင္မေလး Rose ဟာ ကိန္းႀကီးခန္းႀကီးႏိုင္တဲ့ မိသားစုက ဆင္းသက္လာသူမို႔ လက္ထပ္ရမယ့္သူ အဆင္သင့္ ရွိထားၿပီး ျဖစ္ပါတယ္။ ဒီလိုနဲ႔ တိုက္တန္းနစ္သေဘၤာႀကီးကို လိုက္ပါစီးနင္းတဲ့အခါမွာေတာ့ သေဘၤာေပၚမွာ ပါလာတဲ့ Jack ဆိုတဲ့ artist ေကာင္ေလးနဲ႔ေတြ႕ၿပီး ခ်စ္ကြၽမ္းဝင္သြားၾကပါေတာ့တယ္။ IMDb (7.8) ရရွိထားပါတယ္။

The Matrix
Photo via screenrant

Johnny နဲ႔ Keanu တို႔ရဲ႕ ေရစက္ဟာ မကုန္ႏိုင္ေသးေတာ့ ဒီနာမည္ေက်ာ္ Matrix ဇာတ္ကားမွာလည္း ထပ္လာၿပီး ဆုံၾကပါေသးတယ္။ Matrix trilogy ကို ေနာက္ခံေတးဂီတ တီးခတ္ေပးခဲ့တဲ့ Don Davis ရဲ႕ ေျပာျပခ်က္အရ ဒါ႐ိုက္တာျဖစ္တဲ့ Wachowski ညီအစ္မဟာ ဇာတ္ေကာင္ Neo အတြက္ Johnny ကို အဓိက သေဘာက်ခဲ့ၾကတာလို႔ ဆိုပါတယ္။

Warner Bros. ကေတာ့ Brad Pitt ၊ ဒါမွမဟုတ္ Val Kilmer ႏွစ္ေယာက္တည္းက တစ္ေယာက္ကို ေ႐ြးခ်ယ္ခ်င္ခဲ့တာပါ။ အဲ့ဒီ့ႏွစ္ေယာက္လုံးက ျငင္းလိုက္တဲ့အခါမွာလည္း Warner Bros. က Johnny ဆီကို လာေရာက္ကမ္းလွမ္းခဲ့ပါေသးတယ္။ သို႔ေပမယ့္ အဲ့ဒီ့အခ်ိန္က သူ႔ရဲ႕အခ်ိန္ဇယားေတြနဲ႔ မအားမလပ္ ျဖစ္ေနခဲ့တာေၾကာင့္ ဒီဇာတ္႐ုပ္ကို ျငင္းပယ္ခဲ့ရျပန္ပါတယ္။ တစ္ဖက္မွာကေတာ့ Wachowski ညီအစ္မ စိတ္ႀကိဳက္အတိုင္း ပုံစံဝင္ေအာင္ သ႐ုပ္ေဆာင္ျပႏိုင္တဲ့ မင္းသား Keanu Reeves က Neo ဇာတ္ေကာင္ကို ရရွိသြားခဲ့ပါတယ္။

ဇာတ္လမ္းကေတာ့ လူေတြရဲ႕ အရွိတရားကို ကြန္ပ်ဴတာစနစ္တစ္ခုလုံးနဲ႔ ထိန္းခ်ဳပ္ခံထားရတဲ့ အေျခအေနကို ကြန္ပ်ဴတာ ပ႐ိုဂရမ္မာသမားတစ္ေယာက္က ဦးေဆာင္ၿပီး ေတာ္လွန္တိုက္ခိုက္တဲ့ ဇာတ္လမ္း ျဖစ္ပါတယ္။ ပထမဆုံးဇာတ္ကားကို ၁၉၉၉ခုႏွစ္က ထြက္ရွိထားၿပီး IMDb (8.7) ရရွိထားပါတယ္။

Mr. and Mrs. Smith
Photo via screenrant

ဒီေန႔ေခတ္မွာေတာ့ Mr. and Mrs. Smith ႐ုပ္ရွင္လို႔ ေျပာလိုက္ရင္ မင္းသား Brad Pitt နဲ႔ မင္းသမီး Angelina Jolie တို႔ကို ဖူးစာဆုံေစခဲ့တဲ့ ဇာတ္ကားလို႔ လူအမ်ားက သိထားၾကၿပီးသား ျဖစ္ပါတယ္။ သို႔ေပမယ့္ ဒီဇာတ္ကားထဲက Mr. Smith ဇာတ္ေကာင္ေနရာဟာ Brad Pitt ဆီကို အရင္ဆုံး ေရာက္ခဲ့တာေတာ့ မဟုတ္ပါဘူး။

မူလတုန္းက ဒီဇာတ္ကားကို Johnny သ႐ုပ္ေဆာင္ရဖို႔ ျဖစ္ခဲ့တာပါ။ သို႔ေပမယ့္ အဲ့ဒီ့အခ်ိန္တုန္းက သူ႔မွာ႐ုပ္ရွင္ေတြ လက္ခံထားတာ မ်ားေနလို႔ဆိုၿပီး Johnny က ျငင္းဆိုခဲ့ရာက Brad Pitt အတြက္ ျဖစ္သြားခဲ့တာပါ။ တကယ္လို႔ Johnny သာ ဒီဇာတ္ေကာင္ကို လက္ခံလိုက္မယ္ဆိုရင္ Jolie-Pitt ဆိုတဲ့ တင္စားမႈေတြ ရွိခဲ့မွာ မဟုတ္ေတာ့ပါဘူး။ ဒါေပမယ့္လည္း ဖူးစာဆိုတာမ်ားဟာ ဆန္းၾကယ္တာမို႔ ဒီကားမွာ Brad Pitt နဲ႔ Jolie တို႔ ဆုံခဲ့ၾကၿပီး ၂၀၁၀ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ The Tourist ဇာတ္ကားမွာမွ Jolie နဲ႔ Johnny တို႔ တစ္ကားတည္း အတူတြဲ႐ိုက္ျဖစ္ခဲ့ၾကပါတယ္။

Photo via IMDb

ဇာတ္လမ္းကေတာ့ ပေရာ္ဖက္ရွင္နယ္ လုပ္ႀကံေရးသမားအျဖစ္ လုပ္ကိုင္ေနၾကတဲ့ အမ်ိဳးသားတစ္ေယာက္နဲ႔ အမ်ိဳးသမီးတစ္ေယာက္ဟာ တစ္ေယာက္အေၾကာင္း တစ္ေယာက္မသိဘဲနဲ႔ လက္ထပ္မိခဲ့ၾကပါတယ္။ ဒီလိုနဲ႔ တစ္ေယာက္ရဲ႕ဇာတ္လမ္းကို တစ္ေယာက္က သိသြားတဲ့အခါမွာေတာ့ သူတို႔ရဲ႕အထက္အရာရွိေတြကိုယ္စီက အခ်င္းခ်င္း ျပန္သတ္ဖို႔ အမိန႔္ေပးလိုက္တဲ့အခါမွာေတာ့ … ။ ၂၀၀၅ခုႏွစ္က ထြက္ရွိခဲ့ၿပီး IMDb (6.5) ရရွိထားပါတယ္။

ဒါကေတာ့ မင္းသားႀကီး Johnny Depp ျငင္းပယ္ခဲ့တဲ့ နာမည္ေက်ာ္ဇာတ္ကားေတြပဲ ျဖစ္ပါတယ္။ တစ္ခ်ိဳ႕ကားေတြကို ျငင္းလိုက္တာဟာ ႏွေမ်ာစရာေကာင္းတယ္လို႔ ထင္ရေပမယ့္ မင္းသားႀကီးဟာ သူနဲ႔တကယ္လိုက္ဖက္မယ့္ ဇာတ္႐ုပ္ေတြကို ေသခ်ာစြာ ေ႐ြးခ်ယ္တတ္ခဲ့တာေၾကာင့္ ႐ုပ္ရွင္ကားေကာင္းေတြ အမ်ားႀကီး ပရိသတ္ဆီ ေရာက္လာတာက သက္ေသပါပဲ။ ေရွ႕ေလွ်ာက္လည္း မင္းသားႀကီးရဲ႕ ဇာတ္ကားေကာင္းမ်ားစြာ ထပ္မံၾကည့္ရႈရဖို႔ ေမွ်ာ္လင့္ရင္း … ။

Glasgow

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular