HomeCelebs Update NewsInternationalAll Too Well ထဲက Taylor ကို နှစ်သိမ့်ပေးခဲ့တဲ့ မင်းသမီးဟာ ဘယ်သူဖြစ်နိုင်မလဲ???

All Too Well ထဲက Taylor ကို နှစ်သိမ့်ပေးခဲ့တဲ့ မင်းသမီးဟာ ဘယ်သူဖြစ်နိုင်မလဲ???

Taylor Swift ရဲ့ All Too Well: The Short Film ထဲမှာတော့ ပါတီပွဲတစ်ခုမှာ စိတ်ထိခိုက်နေတဲ့ Taylor ကို လာရောက်နှစ်သိမ့်ပေးခဲ့တဲ့ မင်းသမီးတစ်လက် ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။ ယခုပရိသတ်တွေကြားမှာ သိချင်နေကြတဲ့အရာတစ်ခုကတော့ Taylor ကို အဲဒီလို နှစ်သိမ့်ပေးခဲ့တဲ့ မင်းသမီးဟာ ဘယ်သူများ ဖြစ်မလည်းဆိုတာပါပဲ။

Taylor ရဲ့ ကြေကွဲပြိုလဲနေတဲ့ အချိန်မှာ လာရောက်ကူညီ နှစ်သိမ့်ပေးခဲ့တဲ့ မင်းသမီးက ဘယ်သူလည်းဆိုတာကိုတော့ ပရိသတ်တွေကြားမှာ မှန်းဆနေတဲ့ fan theory တွေ ထွက်ပေါ်နေပါတယ်။

All Too Well ဟာ ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ Red အယ်လ်ဘမ်ထဲက သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။ ဒီသီချင်းဟာ သူမရဲ့ ချစ်သူနဲ့ လမ်းခွဲပြတ်စဲပြီးနောက် ခံစားခဲ့ရတဲ့ ကြေကွဲစရာ ခံစားချက်တွေကို သွန်ချထားတဲ့ သီချင်းတစ်ပုဒ် ဖြစ်ပြီး ချစ်သူကာလမှာ အတူရှိခဲ့စဉ်က အခိုက်အတန့်တွေအားလုံးကို အသေးစိတ် ခြယ်မှုန်းထားတဲ့ သီချင်းတစ်ပုဒ်လည်း ဖြစ်ပါတယ်။

Photo via IMDb

ဒီလိုနဲ့ ၂၀၂၁ ခုနှစ်ရဲ့ နိုဝင်ဘာလအရောက်မှာတော့ Taylor ဟာ Red အယ်လ်ဘမ်ကို recording ပြန်လုပ်ခဲ့ပြီး Taylor Version အဖြစ် ပြန်လည်ထွက်ရှိခဲ့ပါတယ်။ ဒီအယ်လ်ဘမ်မှာတော့ ယခင်အယ်လ်ဘမ်ဟောင်းမှာ မပါဝင်ဖြစ်ခဲ့တဲ့ Vault ထဲက သီချင်းသစ်တွေ ပါဝင်ခဲ့သလို (၁၀)မိနစ်စာ ရှည်လျားတဲ့ All Too Well သီချင်းရဲ့ ဗားရှင်းအသစ်ကိုလည်း ထွက်ရှိပေးခဲ့ပါတယ်။ ထူးခြားတာကတော့ All Too Well နဲ့ တပါတည်း ဇာတ်လမ်းတိုလေးတစ်ခုကိုပါ နိုဝင်ဘာလ(၁၂)ရက်နေ့မှာ ထွက်ရှိခဲ့တာပါပဲ။

အဆိုပါ All Too Well ဇာတ်လမ်းတိုထဲမှာတော့ Taylor နဲ့ တချိန်က သူမရဲ့ ချစ်သူလို့ နာမည်ထွက်ခဲ့တဲ့ မင်းသား Jake Gyllenhaal တို့ရဲ့ အချစ်ဇာတ်လမ်းအကြောင်းကို Stranger Things သရုပ်ဆောင် Sadie Sink နဲ့ Teen Wolf သရုပ်ဆောင် Dylan O’Brien တို့က ပြန်လည်ပုံဖော် သရုပ်ဆောင်ထားကြပါတယ်။ ဒီဇာတ်လမ်းတိုနဲ့ ပတ်သက်လို့ Taylor ရဲ့ ပရိသတ်တွေကတော့ ထုံးစံအတိုင်း တချို့သော စာသားတွေကို အတိအကျ အဓိပ္ပာယ်ကောက်ကာ fan theory တွေ ထွက်ရှိလာကြပါတယ်။

Photo via IMDb

All Too Well ထဲက အကြီးမားဆုံး ပဟေဠိတစ်ခုကတော့ တတိယမြောက်အပိုဒ်မှာ ပါဝင်တဲ့ စာသားအချို့ပါပဲ။ “not weeping in a party bathroom, some actress asking me what happened, you. That’s what happened, you … ” ဆိုတဲ့ စာသားပဲ ဖြစ်ပါတယ်။

ဒီစာသားထဲက ဖော်ပြချက်အရ ပါတီမှာ ကြေကွဲနေတဲ့ Taylor ကို လာရောက် နှစ်သိမ့်ပေးခဲ့တဲ့ မင်းသမီးဟာ ဘယ်သူများဖြစ်မလည်းလို့ ပရိသတ်တွေက စတင်မှန်းဆလာကြပြီး fan theory တွေ ထွက်ရှိလာပါတယ်။ ဒီထဲကမှ ဖြစ်နိုင်ချေအရှိဆုံး မင်းသမီးသုံးယောက် ထွက်ရှိလာပါတယ်။ အဲဒါကတော့ Jennifer Aniston ၊ Anne Hathaway နဲ့ Maggie Gyllenhaal တို့ပဲ ဖြစ်ပါတယ်။

Photo: taylorswift/ Instagram

သို့သော်လည်း ပရိသတ်အများစုကတော့ အဆိုပါ အမည်မဖော်ပြထားတဲ့ မင်းသမီးဆိုတာကို Jennifer Aniston လို့ပဲ မှတ်ယူနေကြပါတယ်။ အကြောင်းကတော့ Jennifer ဟာ ၂၀၁၁ ခုနှစ်ရဲ့ People’s Choice Awards မှာ Taylor ကို အချစ်နဲ့ပတ်သက်လို့ အကြံပေးခဲ့တယ်ဆိုတဲ့ သတင်းကြောင့်ပါပဲ။ ဒါဟာ Taylor တစ်ယောက် Jake နဲ့ လမ်းခွဲပြီးကာစအချိန်ကာလ ဝန်းကျင်လည်း ဖြစ်တာကြောင့် ပရိသတ်တွေက Jennifer က ပိုပြီး ဖြစ်နိုင်တယ်လို့ ယူဆနေကြတာပါ။

ဒါပေမယ့်လည်း တချို့ပရိသတ်တွေကတော့ ဒီသီအိုရီဟာ All Too Well ရဲ့ timeline နဲ့ လွဲနေတယ်လို့ ဆိုနေကြပြန်ပါတယ်။ Jennifer အနေနဲ့ Taylor ကို အချစ်နဲ့ ပတ်သက်ပြီး အကြံဉာဏ်တွေ ပေးခဲ့တယ်ဆိုပေမယ့် အဲဒါဟာ relationship အကြောင်း မဟုတ်ဘဲ မီဒီယာတွေမှာ ကိုယ့်အချစ်ရေးကို ထိုးကျွေးခံရမယ့်ဘေးက ကင်းဝေးအောင် နေထိုင်တတ်ဖို့ ပြောပြခဲ့တာ ဖြစ်တယ်လို့ ဆိုကြပါတယ်။

Photo: jenniferaniston_fanpage/ Instagram

အဲဒါကြောင့် မင်းသမီး Anne Hathaway ဖြစ်နိုင်တယ်ဆိုတဲ့ သီအိုရီကလည်း အားကောင်းနေတာ ဖြစ်ပါတယ်။ အဲဒါကတော့ ၂၀၁၅ ခုနှစ်က Glamour UK နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ Anne ပြောသွားတဲ့ စကားတွေကြောင့်ပါပဲ။ Anne ဟာ Taylor အသက်(၂၀)အရွယ်၊ Jake နဲ့ တွဲနေတဲ့ကာလလောက်မှာ Taylor နဲ့ ဆုံဖူးတယ်လို့ ဆိုပါတယ်။

အဲဒီအချိန်ဟာ Anne တစ်ယောက် Jake နဲ့အတူတူ Love & Other Drugs ရုပ်ရှင်ကို ရိုက်ကူးနေချိန်လည်း ဖြစ်ပါတယ်။ ဒါကြောင့် timeline အရ ကြည့်ရင်တော့ Taylor ကို နှစ်သိမ့်ပေးခဲ့တဲ့ မင်းသမီးဟာ Anne ဖြစ်နိုင်တယ်လို့ တချို့ပရိသတ်တွေက ယုံကြည်နေကြတာ ဖြစ်ပါတယ်။

Photo: annehathaway/ Instagram

တချို့ပရိသတ်တွေ ယုံကြည်နေကြတဲ့သူကတော့ Taylor နဲ့ရော၊ Jake နဲ့ပါ နီးစပ်တဲ့ အတွင်းလူတစ်ယောက် ဖြစ်တဲ့ မင်းသမီး Maggie Gyllenhaal ဖြစ်ပါတယ်။ All Too Well ဟာ တကယ်ပဲ Jake Gyllenhaal ကို ရည်ရွယ်ပြီး ရေးသားထားတာ ဆိုရင်တော့ သူ့ရဲ့ မောင်ဖြစ်သူ Jake ကြောင့် ကြေကွဲဝမ်းနည်းနေရတဲ့ Taylor ကို အစ်မဖြစ်သူ Maggie ကပဲ နှစ်သိမ့်ပေးခဲ့တာ ဖြစ်နိုင်မယ်လို့ ယူဆနေကြပါတယ်။

ဒါ့အပြင် ဒီသီချင်းထဲမှာ ဖော်ပြထားတဲ့ ပါတီဆိုတာဟာလည်း လူအများကြီးနဲ့ ကျင်းပတဲ့ ပါတီမျိုး မဖြစ်နိုင်ဘဲ ရင်းနှီးတဲ့ မိတ်ဆွေ၊ မိသားစုအနည်းငယ်နဲ့ပဲ ကျင်းပတဲ့ ပါတီငယ်လေးတစ်ခု ဖြစ်နိုင်ပြီး Taylor ရဲ့ အဆိုးဆုံးအချိန်မှာ အနားမှာရှိနေတဲ့ Maggie က နှစ်သိမ့်ပေးခဲ့တာ ဖြစ်နိုင်တယ်လို့ ယူဆနေကြတာလည်း ရှိပါတယ်။

Photo: mgyllenhaal/ Instagram

သို့သော်လည်း ဒီသီအိုရီ သုံးခုထဲမှာမှ Maggie ဖြစ်နေတယ်ဆိုတဲ့ သီအိုရီကတော့ ပရိသတ်တွေကြားမှာ အဝေဖန်ခံရဆုံး သီအိုရီ ဖြစ်နေပါတယ်။ အဲဒါကတော့ သီချင်းအစပိုင်းမှာ “sister” လို့ သုံးထားပြီး နောက်ပိုင်းမှာတော့ “some actress” လို့ သုံးထားတာကြောင့် Maggie လုံးဝ မဖြစ်နိုင်ဘူးလို့ တချို့ပရိသတ်တွေက ငြင်းဆိုနေကြတာ ဖြစ်ပါတယ်။

တကယ်တမ်းမှာတော့ သူမကို လာရောက်နှစ်သိမ့်ပေးခဲ့တဲ့ မင်းသမီးက ဘယ်သူလည်းဆိုတာကို Taylor ကိုယ်တိုင်က ထုတ်ပြောမယ့်ပုံ မရှိတာကြောင့် ကာယကံရှင်မင်းသမီးက ဖွင့်မပြောမချင်း ဒီလိုမှန်းဆတဲ့ သီအိုရီတွေကတော့ ဆက်လက် ထွက်ပေါ်နေဦးမှာပဲ ဖြစ်ပါတယ်။

Glasgow

Source: screenrant

 

RELATED ARTICLES

Most Popular