HomeCelebs Update NewsInternationalဖော်ချွတ်ဇာတ်ဝင်ခန်းတွေ ရိုက်ခဲ့မိတာ နောင်တရတယ်ဆိုတဲ့ Amanda Seyfried

ဖော်ချွတ်ဇာတ်ဝင်ခန်းတွေ ရိုက်ခဲ့မိတာ နောင်တရတယ်ဆိုတဲ့ Amanda Seyfried

မင်းသမီး Amanda Seyfried ကတော့ သူမရဲ့ငယ်ရွယ်တဲ့ အသက်အရွယ်မှာ အဖော်အချွတ် ဇာတ်ဝင်ခန်းတွေ ရိုက်ကူးခဲ့မိတာကို နောင်တရမိတယ်လို့ ပြောလာပါတယ်။ သူမဟာ အသက်(၁၉)နှစ်အရွယ်မှာ ဝတ်လစ်စလစ် ဇာတ်ဝင်ခန်းအချို့ ရိုက်ကူးခဲ့မိပြီး အဲဒီတုန်းကတော့ ဘယ်သူ့ကိုမှ စိတ်အနှောင့်အယှက် မပေးချင်တာကြောင့် ဒီဇာတ်ဝင်ခန်းတွေကို လက်ခံခဲ့ရတယ်လို့ သူမက ဆိုပါတယ်။

Photo: mingey/ Instagram

“အသက်(၁၉)နှစ်မှာ အတွင်းခံတောင် မပါဘဲ လျှောက်သွားရတဲ့ အခန်းမျိုးကို ဘယ်လိုများ လက်ခံခဲ့လည်းဆိုတာ စဉ်းစားလို့တောင် မရပါဘူး။ တကယ်တော့ အကြောင်းရင်းခံကို သိပါတယ်။ ကျွန်မက (၁၉)နှစ်ပဲ ရှိသေးတာလေ။ ဘယ်သူ့ကိုမှ စိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်ချင်တဲ့အရွယ်ပေါ့။ ပြီးတော့ ကိုယ့်အလုပ်ကို ဆုံးရှုံးရမှာ ကြောက်တဲ့စိတ်လည်း ပါတယ်။ အဲဒါကြောင့် ရိုက်ခဲ့မိတာပေါ့ …” လို့ Seyfried က ဩဂုတ်လ(၉)ရက်နေ့မှာ ထုတ်ဝေခဲ့တဲ့ Porter မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ပြောပြခဲ့ပါတယ်။

Photo: mingey/ Instagram

Seyfried ကတော့ Mean Girls ၊ Veronica Mars ဇာတ်ကားတွေနဲ့ ၂၀၀၀ ခုနှစ်အလယ်ပိုင်းလောက်မှာ တဟုန်ထိုး အောင်မြင်ခဲ့သူ ဖြစ်ပါတယ်။ သူမဟာ အဲဒီအချိန်တုန်းကတော့ စိတ်ထဲမှာ ဘယ်လိုမှ အဆင်သင့်မဖြစ်ဘဲ စိတ်မသက်မသာ ခံစားရပေမယ့် ရိုက်ကွင်းပေါ်မှာ သူမကို တောင်းဆိုသမျှ အရာအားလုံးကို လိုက်လျောခဲ့မိတယ်လို့ ဆိုပါတယ်။

အဲဒါကတော့ ၂၀၀၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Alpha Doh ဇာတ်ကားအပါအဝင် ကားပေါင်းများစွာမှာ သူမဟာ ဖော်ချွတ်အခန်းတွေ ရိုက်ကူးပေးခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ သူမရဲ့ career အစောပိုင်းကာလပဲ ရှိသေးတာကြောင့် ဖော်ချွတ်ခန်းတွေ လုပ်ပေးဖို့ တောင်းဆိုလာတဲ့အခါ ငြင်းပယ်ဖို့ သတ္တိမရှိခဲ့တာကို နောင်တရမိတယ်လို့ ဆိုပါတယ်။

Vancouver

Source:hollywoodlife

RELATED ARTICLES

Most Popular