HomeEntertainmentFilmAquaman 2 ထဲက Amber Heard ရဲ့ ဇာတ်ဝင်ခန်းတွေကို ထုတ်ပစ်ခဲ့တဲ့ Warner Bros.

Aquaman 2 ထဲက Amber Heard ရဲ့ ဇာတ်ဝင်ခန်းတွေကို ထုတ်ပစ်ခဲ့တဲ့ Warner Bros.

Amber Heard ကတော့ Warner Bros. စတူဒီယိုဟာ Aquaman and the Lost Kingdom ထဲကနေ သူမကို လုံးဝထုတ်ပစ်ချင်ခဲ့တဲ့အကြောင်း ပြောပြလိုက်ပါတယ်။ Amber ဟာ ၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Justice League ထဲမှာ Mera အဖြစ်နဲ့ စတင်ပါဝင်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Aquaman ရုပ်ရှင်ထဲမှာတော့ ပိုမိုအရေးပါတဲ့နေရာက ပါဝင်ခွင့် ရခဲ့ပါတယ်။ Aquaman and the Lost Kingdom ကတော့ လာမယ့် ၂၀၂၃ ခုနှစ်မှာ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။

photo via screenrant

Amber ဟာ Johnny Depp နဲ့ ကွာရှင်းပြီး သိပ်မကြာခင်မှာပဲ The Washington Post သတင်းစာထဲမှာ အိမ်တွင်းအကြမ်းဖက်ခံခဲ့ရတဲ့ အကြောင်းတွေကို ရေးသားခဲ့ပါတယ်။ Johnny Depp ကတော့ ဒီဆောင်းပါးကို အစွဲပြုပြီး အသရေဖျက်မှုနဲ့ ဒေါ်လာသန်း(၅၀)တန် တရားစွဲဆိုမှုတစ်ခု ပြုလုပ်ထားပါတယ်။ ဒီအမှုကတော့ ယခုအချိန်ထိ တရားရုံးတော်မှာ ကြားနာစစ်ဆေးမှုတွေ ပြုလုပ်နေဆဲ ဖြစ်ပါတယ်။ ဒီအချက်တွေကြောင့်ပဲ ပရိသတ်များစွာဟာ Amber Heard ကို Aquaman and the Lost Kingdom ကနေ ထုတ်ပစ်ဖို့အတွက် အွန်လိုင်းပေါ်မှာ လက်မှတ်ထိုးပြီး တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

တရားရုံးမှာ သူတို့အမှုနဲ့ ပတ်သက်ပြီး ကြားနာတဲ့ အချိန်မှာတော့ Amber ဟာ WB က သူမကို ဒီရုပ်ရှင်ထဲက လုံးဝထုတ်ပစ်ချင်ခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။

Photo Credit: Warner Bros. Studios

ရှေ့နေ : Aquaman 2 ထဲမှာ ပါဝင်ခဲ့ရပါသလား။

Amber : ဟုတ်ကဲ့ … ပါဝင်ခဲ့ရပါတယ်။

ရှေ့နေ : အဲဒီအကြောင်းတွေ ပြောပြပါ။

Amber : ဒီရုပ်ရှင်ထဲမှာ ပါဝင်ဖို့ ကျွန်မ အရမ်းကြိုးစားခဲ့ရပါတယ်။ သူတို့က ကျွန်မကို ဒီရုပ်ရှင်ထဲမှာ မပါစေချင်ကြဘူးလေ။

ရှေ့နေ : အဲဒီတော့ ဒီရုပ်ရှင်ထဲမှာ သရုပ်ဆောင်ခဲ့ရပါသလား။

Amber : ကျွန်မရဲ့ ဇာတ်ကောင်ကို Role အရမ်းချထားပေမယ့် ပါခဲ့ရပါတယ်။

ရှေ့နေ : ဇာတ်ညွှန်းထဲမှာ တစ်ခုခု ပြောင်းလဲသွားတာမျိုးရော ရှိပါသလား။

Amber : အစကတော့ ဇာတ်ညွှန်းတစ်ခု ရခဲ့ပါတယ်။ နောက်တော့ ကျွန်မဇာတ်ကောင်ရဲ့ အက်ရှင်ခန်းတွေ၊ ဇာတ်ဝင်ခန်းတွေကို ထုတ်ပယ်ထားတဲ့ ဇာတ်ညွှန်းအသစ်ကို ရခဲ့ပါတယ်။ Spoiler မဖြစ်အောင် ပြောရရင်တော့ သူတို့က ကျွန်မရဲ့ ဇာတ်ဝင်ခန်းတွေ အများကြီးကို ထုတ်ပစ်ခဲ့တာပါပဲ။

photo via screenrant

တရားစွဲဆိုမှုတွေ စစချင်းမှာပဲ ပရိသတ်တွေဟာ Amber Heard ကို Aquaman and the Lost Kingdom ထဲကနေ ထုတ်ပစ်ဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။ ယခုအချိန်မှာတော့ သူမကို ထုတ်ပစ်ဖို့ လက်မှတ်ထိုး တောင်းဆိုထားတဲ့ ပရိသတ်တွေဟာ (၄)သန်းကျော်တောင် ရှိနေပြီ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကြားက အမှုအခင်းတွေကြောင့်ပဲ Johnny Depp ကတော့ Pirates of the Caribbean Franchise နဲ့ Fantastic Beasts Franchise တို့ကို ဆုံးရှုံးခဲ့သလို ယခုအချိန်မှာလည်း Amber ဟာ Aquaman 2 ထဲမှာ ပါတယ်ဆိုရုံလောက်လေးပဲ ပါဝင်ရတော့မယ်လို့ ယူဆရပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular