HomeCelebs Update NewsInternationalJohnny Depp နဲ့အမှုက ဂျူရီဆုံးဖြတ်ချက်ကို ပယ်ဖျက်ပေးဖို့ တောင်းဆိုလိုက်တဲ့ Amber Heard

Johnny Depp နဲ့အမှုက ဂျူရီဆုံးဖြတ်ချက်ကို ပယ်ဖျက်ပေးဖို့ တောင်းဆိုလိုက်တဲ့ Amber Heard

Amber Heard ဟာ သူမနဲ့ခင်ပွန်းဟောင်း Johnny Depp တို့ကြားမှာ ဖြစ်ပွားခဲ့တဲ့ တရားစွဲဆိုမှုမှာ သူမက အပြစ်ရှိကြောင်း အမိန့်ချမှတ်ခဲ့တဲ့ ဂျူရီတရားသူကြီးမင်းတွေရဲ့ ဆုံးဖြတ်ချက်ကို ပြန်လည် စဉ်းစားပေးဖို့ တောင်းဆိုလာပါတယ်။

Amber Heard ရဲ့ရှေ့နေဟာ ပြီးခဲ့တဲ့ ဇူလိုင်လ(၁)ရက်နေ့ကပဲ စာမျက်နှာ(၄၃)မျက်နှာ ပါဝင်တဲ့ ဖိုင်တွဲတစ်ခုကို တရားရုံးဆီ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ အဲဒါကတော့ ဒီအမှုအတွက် တရားရုံးက ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်ဟာ တင်သွင်းထားတဲ့ သက်သေအထောက်အထားတွေပေါ် မူတည်ပြီး ချမှတ်ထားတာ မဟုတ်တဲ့အတွက် အခုလို ထပ်မံအဆိုပြု တင်သွင်းရတာပါလို့ ဆိုပါတယ်။

Photo: amberheard/ Instagram

The New York Post သတင်းဌာနရဲ့ ဖော်ပြချက်အရ တရားရုံးအတွက် Amber Heard ဘက်က တင်သွင်းလာတဲ့ အဆိုပါ စာရွက်စာတမ်းတွေထဲမှာတော့ Johnny Depp ဟာ အခြေအမြစ်မရှိတဲ့ သီအိုရီတွေနဲ့ အသရေဖျက်မှုကို စွဲဆိုခဲ့တာဖြစ်ပြီး သူမဘက်က တင်သွင်းခဲ့တဲ့ ရှင်းလင်း၊ ထွက်ဆိုချက်အားလုံးဟာ အမှားတွေဆိုတဲ့ ပြောဆိုမှုနဲ့ အမှုကို ရှေ့ဆက်သွားခဲ့တယ်လို့ ဖော်ပြထားကြောင်း သိရပါတယ်။

Photo: amberheard/ Instagram

ဒါကြောင့်ပဲ Amber Heard ဟာ သူမအနေနဲ့ ဂျူရီလူကြီးမင်းတွေရဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို မရရှိခဲ့ဘူးလို့ ယူဆတာကြောင့် ဒီအမှုပေါ် ဆုံးဖြတ်ထားတဲ့ အမိန့်တွေ၊ ဆုံးဖြတ်ချက်တွေကို ပြန်လည် စဉ်းစားပေးပြီး သူမအပေါ်ချမှတ်ထားတဲ့ အပြစ်ပေး အရေးယူမှုတွေကို ပယ်ဖျက်ပေးဖို့ အခုလို တောင်းဆိုလာတာ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိတော့ သူမရဲ့တောင်းဆိုချက်ဟာ ဘယ်လိုရလဒ် ထွက်လာမလည်းဆိုတာ မသိရသေးပါဘူး။

Vancouver

Source: hollywoodlife/thenewyorkpost

RELATED ARTICLES

Most Popular