HomeCelebs Update NewsInternationalAmber Heard နဲ့အမှုမှာ Johnny Depp ဘက်က ရပ်တည်လိုက်တဲ့ Chris Rock

Amber Heard နဲ့အမှုမှာ Johnny Depp ဘက်က ရပ်တည်လိုက်တဲ့ Chris Rock

နာမည်ကျော် comedian Chris Rock ကတော့ လက်ရှိဖြစ်ပွားနေတဲ့ Johnny Depp နဲ့ Amber Heard တို့ရဲ့ နာမည်ကြီးအမှုကိစ္စမှာ Johnny Depp ဘက်က ရပ်တည်လိုက်ပါတယ်။ အဲဒါကတော့ Chris Rock ဟာ ပြီးခဲ့တဲ့ မေလ(၁၂)ရက်နေ့က ယူကေ၊ လန်ဒန်မှာ ပြုလုပ်ခဲ့တဲ့ Ego Death tour ဖျော်ဖြေပွဲအတွင်းမှာ ဒီအကြောင်းကို ပြောသွားတာ ဖြစ်ပါတယ်။

Chris Rock ဟာ အဆိုပါနေ့ရက်က ဖျော်ဖြေပွဲအတွင်းမှာ Johnny Depp နဲ့ Amber Heard ရဲ့အမှုကိစ္စထဲက အိပ်ရာပေါ်မှာ မစင်စွန့်တဲ့အကြောင်းကို အဓိက ပြောသွားတာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး Chris ဟာ မင်းသားကြီး Johnny Depp ဘက်က ရပ်တည်ပေးလိုက်ပြီး အမျိုးသမီးအားလုံးကို ယုံပေမယ့် Amber Heard ကိုတော့ မယုံပါဘူးလို့ ပြောသွားပါတယ်။

Photo: chrisrock/ Instagram

“မိန်းမတွေအားလုံးကို ယုံပါတယ်။ မိန်းမတွေအားလုံးကို တကယ် ယုံတယ်။ Amber Heard ကလွဲရင်ပေါ့။ အဲဒီမိန်းမက ဘာတွေဖြစ်နေတာလည်းဗျ။ (သူ့ယောက်ျား)အိပ်ရာပေါ်မှာ အီးပါချတယ်တဲ့။ သူက ကောင်းတော့ကောင်းပါတယ်။ ဒါပေမယ့် အီးပါချတာတော့ ဘယ်ကောင်းမလဲဗျ။ ဘာသောက်ခွတွေ ဖြစ်နေကြတာလည်း မသိဘူးနော်။ အဲဒါပြီးတော့တောင် သူတို့က relationship တစ်ခု ရှိခဲ့သေးတယ်တဲ့။ အဲဒီအီးတုံးက တော်တော် အံ့ဩစရာကောင်းလို့နေမယ်ဗျ။ ကျုပ်လည်း လွတ်နေတဲ့ မိန်းမတချို့နဲ့ တွဲခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒါကြီးကတော့ ဘုရားတရမယ် …” လို့ Chris က ပြောသွားပါတယ်။

Photo: itsjohnnydepp/ Instagram

ဒီဖြစ်ရပ်ကတော့ ပြီးခဲ့တဲ့ ဧပြီလ(၂၈)ရက်နေ့ ရုံးတော်ရဲ့ စစ်ဆေးကြားနာမှုမှာ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ အဲဒါကတော့ Johnny ရဲ့ လုံခြုံရေးမှူးဟောင်း ဖြစ်တဲ့ Starling Jenkins III က ရုံးတော်မှာ Amber Heard ရဲ့ ဒီလုပ်ရပ်အကြောင်း ထွက်ဆိုခဲ့တာ ဖြစ်ပါတယ်။ Starling ရဲ့ထွက်ဆိုချက်အရ Amber Heard ဟာ Johnny Depp နဲ့ အကြီးအကျယ် စကားများ ရန်ဖြစ်ပြီးနောက် ဒီလုပ်ရပ်ကို စနောက်ချင်တဲ့စိတ်နဲ့ လုပ်ခဲ့တာလို့ သူ့ကိုပြောခဲ့ကြောင်း ထွက်ဆိုထားပါတယ်။

Vancouver

Source: hollywoodlife

RELATED ARTICLES

Most Popular