HomeCelebs Update NewsInternationalJohnny Depp အတွက် မေတ္တာစိတ် အမြဲပေးထားတယ်ဆိုတဲ့ Amber Heard

Johnny Depp အတွက် မေတ္တာစိတ် အမြဲပေးထားတယ်ဆိုတဲ့ Amber Heard

မင်းသမီး Amber Heard ကတော့ ဧပြီလ(၁၁)ရက်နေ့မှာ သူမရဲ့ခင်ပွန်းဟောင်း Johnny Depp နဲ့ တရားရုံးမှာ အမှုရင်ဆိုင်ရတော့မယ့်အကြောင်း ပြောလာပြီး သူမအနေနဲ့ Johnny အတွက် ချစ်ခြင်းမေတ္တာစိတ် အမြဲတမ်း ထားရှိပေးခဲ့တယ်လို့လည်း ဆိုထားပါတယ်။

Amber Heard ကတော့ မကြာခင်မှာပဲ သူမရဲ့ခင်ပွန်းဟောင်း Johnny Depp က စွဲဆိုထားတဲ့ အမှုနဲ့ တရားရုံးမှာ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ အဲဒါကတော့ ၂၀၁၈ ခုနှစ်မှာ သူမ ရေးသားခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်ကြောင့် Johnny ဟာ သူ့ရဲ့ career ကို ထိခိုက်ခဲ့ရတယ်ဆိုတဲ့ စွဲချက်နဲ့ ဒေါ်လာသန်း(၅၀)တန် အမှုကို စွဲဆိုထားတာ ဖြစ်ပါတယ်။

Photo: johnny_depp_brazil/ Instagram

လာမယ့်ရက်ပိုင်းအတွင်းမှာ ဒီအမှုကို ဗာဂျီးနီးယားပြည်နယ်က တရားရုံးမှာ နှစ်ဘက် ကြားနာစစ်ဆေးမှာ ဖြစ်တဲ့အတွက် Amber အနေနဲ့ ရက်သတ္တပတ်အတော်ကြာ ဆိုရှယ်မီဒီယာကနေ အနားယူမယ်လို့ သူမရဲ့ အင်စတာဂရမ်မှာ ပြောထားတာ ဖြစ်ပါတယ်။

“လာမယ့် ရက်သတ္တပတ်တွေမှာ ကျွန်မ offline ဖြစ်နေမှာပါ။ အားလုံးသိကြတဲ့အတိုင်းပဲ ကျွန်မရဲ့ ခင်ပွန်းဟောင်း Johnny Depp နဲ့ အမှုရင်ဆိုင်ဖို့အတွက် ဗာဂျီးနီးယားကို ကျွန်မသွားရမှာပါ။ Johnny ကတော့ ကျွန်မ Washington Post သတင်းစာမှာ ရေးသားခဲ့တဲ့ ဆောင်းပါးကြောင့် ကျွန်မကို တရားစွဲထားတာ ဖြစ်ပါတယ်။ အဲဒီဆောင်းပါးထဲမှာတော့ အိမ်တွင်းအကြမ်းဖက်မှုနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ကျွန်မရဲ့ အတွေ့အကြုံကို ရေးသားထားတာပါ … ”

Photo: amberheard/ Instagram

“ပါဝါအာဏာရှိတဲ့ ယောက်ျားတွေကို ဆန့်ကျင်ပြီး ထုတ်ဖော်ပြောကြားတဲ့ အမျိုးသမီးတွေမှာ ပေးဆပ်ရတဲ့ တန်ဖိုးတွေအကြောင်းကို ကျွန်မက အဲဒီဆောင်းပါးထဲမှာ ရေးသားခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မ သူ့ရဲ့နာမည်ကို တစ်လုံးမှ ထည့်သွင်းရေးသားခြင်း မရှိခဲ့ပါဘူး။ ကျွန်မကတော့ အဲဒီအတွက် တန်ဖိုးကို ဆက်လက်ပြီး ပေးဆပ်ရဦးမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီအမှု ပြီးသွားရင်တော့ သူရော ကျွန်မရော ရှေ့ဆက်နိုင်ကြမယ်လို့ မျှော်လင့်မိပါတယ် …”

“ကျွန်မဟာ Johnny အတွက် ချစ်ခြင်းမေတ္တာစိတ် အမြဲတမ်း ထားပေးခဲ့တာပါ။ အဲဒါကြောင့်လည်း ကျွန်မတို့အတူ နေထိုင်ခဲ့ကြတဲ့ အတိတ်ကြီးတစ်ခုလုံးကို တစ်ကမ္ဘာလုံးရှေ့မှာ အသေးစိတ် ချပြပြီး နေထိုင်ရတော့မှာ ဖြစ်တဲ့အတွက် အများကြီး နာကျင်ရပါတယ်။ ကံကောင်းစွာနဲ့ ဒီနှစ်တွေ တလျှောက်လုံး ကျွန်မ ရရှိခဲ့တဲ့ အားပေးထောက်ပံ့မှုတွေကို အသိအမှတ်ပြုပါတယ်။ လာမယ့် ရက်သတ္တပတ်တွေမှာလည်း အဲဒီလို အားပေးထောက်ပံ့မှုတွေကို အရင်ကထက်ပိုပြီး အားကိုးပါရစေဦးလို့ ပြောချင်ပါတယ်။ အစဉ်အမြဲ ချစ်ခင်လျက် A … ” လို့ သူမရဲ့ အင်စတာဂရမ်မှာ အသိပေးထားတာ ဖြစ်ပါတယ်။

Photo: johnny_depp_brazil/ Instagram

Amber နဲ့ Johnny တို့ဟာ ၂၀၀၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Rum Diaries ဇာတ်ကားကို ရိုက်ကူးရင်း ဆုံတွေ့ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူတို့ချစ်သူတွေ ဖြစ်သွားကြပြီး ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလမှာတော့ လက်ထပ်လိုက်ကြပါတယ်။ သို့သော်လည်း သူတို့ရဲ့ အိမ်ထောင်သက်တမ်းဟာ တစ်နှစ်မျှသာ ကြာမြင့်ခဲ့ပြီး Johnny ဟာ သူမအပေါ် နှုတ်အားဖြင့်လည်းကောင်း၊ ကိုယ်ကာယအားဖြင့် လည်းကောင်း အကြမ်းဖက် နှိပ်စက်တယ်လို့ စွပ်စွဲပြီး Amber ဘက်က ကွာရှင်းခွင့် တောင်းခံခဲ့ပါတယ်။

Johnny ကတော့ သူမရဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှာတော့ တရားဝင် ကွာရှင်းပြတ်စဲ လမ်းခွဲခဲ့ကြပါတယ်။ ဒီလိုနဲ့ နှစ်နှစ်အကြာမှာတော့ Amber ရေးသားခဲ့တဲ့ Washington Post သတင်းစာက ဆောင်းပါးတစ်ပုဒ်ကို အကြောင်းပြုပြီး Johnny ဘက်က အခုလို တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

Vancouver

Source: hollywoodlife

RELATED ARTICLES

Most Popular