HomeEntertainmentFilmMCU ရဲ့ America Chavez နဲ့ DC ရဲ့ Huntress သရုပ်ဆောင်တို့ ပါဝင်သွားမယ့် Ursa Major...

MCU ရဲ့ America Chavez နဲ့ DC ရဲ့ Huntress သရုပ်ဆောင်တို့ ပါဝင်သွားမယ့် Ursa Major ရုပ်ရှင်

အသစ်ထွက်ရှိလာမယ့် စိတ်ကူးယဉ်သိပ္ပံ ရုပ်ရှင်အသစ် Ursa Major ထဲမှာတော့ America Chavez အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Xochitl Gomez နဲ့ Huntress နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Mary Elizabeth Winstead တို့ ပါဝင်သွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီရုပ်ရှင်ထဲမှာတော့ သူတို့နှစ်ယောက်ဟာ အမေနဲ့ သမီးနေရာက ပါဝင်သွားမယ်လို့လည်း သိရပါတယ်။

photo via screenrant

Mary Elizabeth Winstead ကတော့ ပြီးခဲ့တဲ့နှစ်တုန်းက Netflix ရဲ့ Kate ရုပ်ရှင်ထဲမှာ ပါဝင်ခဲ့သလို Final Destination ရုပ်ရှင်တွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။ Xochitl Gomez ကတော့ Doctor Strange in the Multiverse of Madness ရုပ်ရှင်ထဲမှာ ပါဝင်ပြီးနောက်ပိုင်း နာမည်ကြီးလာတာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက် ပါဝင်သွားမယ့် ဒီရုပ်ရှင်ကိုတော့ ဒါရိုက်တာ Jonathan နဲ့ Josh Baker တို့က ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။

The Hollywood Reporter သတင်းဌာနရဲ့ ဖော်ပြချက်အရ ဇာတ်လမ်းကတော့ သားအမိနှစ်ယောက်ဟာ အသက်ရှင်သန်ဖို့ ခက်ခဲတဲ့ ဂြိုဟ်တစ်ခုပေါ်မှာ ရှင်သန်နိုင်ဖို့ ဘယ်လိုကြိုးစားကြမလည်းဆိုတာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Mary Elizabeth Winstead ကတော့ သူ့သမီး လုံခြုံဖို့အတွက် ဘာမဆိုပြုလုပ်မယ့် အမေနေရာမှာ သရုပ်ဆောင်ထားပြီး Xochitl Gomez ကတော့ အသက်အန္တရာယ် ရှိနေတဲ့အချိန်မှာ သူ့အမေနဲ့ နှစ်ဦးတည်း နေထိုင်ရတာကို သဘောမကျဖြစ်နေတဲ့ သမီးနေရာက ပါဝင်ထားပါတယ်။

photo via screenrant

ဒီရုပ်ရှင်ကတော့ Xochitl Gomez အတွက် MCU ပြင်ပက ရုပ်ရှင်ထဲမှာ ပထမဆုံးအနေနဲ့ Lead Role မှာ သရုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ အခုလို MCU ရဲ့သရုပ်ဆောင်နဲ့ DCEU ရဲ့သရုပ်ဆောင်တို့ ပူးပေါင်းသရုပ်ဆောင်သွားမယ့် ရုပ်ရှင်ကတော့ ပရိသတ်တွေကြားမှာ အောင်မြင်လာနိုင်ပါတယ်။ လောလောဆယ်မှာတော့ ဒီရုပ်ရှင်ဟာ ဘယ်အချိန်မှာ ထွက်ရှိလာမယ်ဆိုတာ မသိရသေးပါဘူး။

Legos

Source: Screenrant

RELATED ARTICLES

Most Popular