HomeEntertainmentFilmBlonde ရုပ်ရှင်ရိုက်ကူးဖို့ Monroe ရဲ့အုတ်ဂူမှာ ခွင့်ပြုချက်တောင်းခဲ့တဲ့ Ana de Armas

Blonde ရုပ်ရှင်ရိုက်ကူးဖို့ Monroe ရဲ့အုတ်ဂူမှာ ခွင့်ပြုချက်တောင်းခဲ့တဲ့ Ana de Armas

မင်းသမီးချော Ana de Armas ကတော့ Marilyn Monroe ရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတဲ့ Blonde ရုပ်ရှင်ထဲမှာ Monroe နေရာက သရုပ်ဆောင်ထားပါတယ်။ သူမဟာ ဒီရုပ်ရှင် မရိုက်ကူးခင်မှာပဲ ရုပ်ရှင်အဖွဲ့သားတွေနဲ့အတူ Marilyn Monroe ရဲ့ အုတ်ဂူဆီကိုသွားပြီး အသိပေးခဲ့သလို ခွင့်ပြုချက်လည်း တောင်းခံခဲ့တယ်လို့ ပြောပြလာပါတယ်။ Blonde ရုပ်ရှင်ကတော့ Marilyn Monroe ရဲ့ တကယ့်ဘဝအကြောင်းကို ရေးသားထားတဲ့ စာရေးဆရာမ Joyce Carol Oates ရဲ့ဝတ္ထုကို အခြေခံပြီး ဖန်တီးထားတာပဲ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကိုတော့ ဒါရိုက်တာ Andrew Dominik က ရိုက်ကူးထားပြီး Monroe ဘဝရဲ့ မကောင်းတဲ့ အကြောင်းအရာတွေပါ ပါဝင်နေတာကြောင့် NC-17 Rating တောင် ရရှိထားပါတယ်။ Monroe ရဲ့ အမည်အရင်းကတော့ Norma Jeane ဖြစ်ပြီး သူမဟာ ရှုပ်ထွေးတဲ့ Relationship တွေလည်း ရှိခဲ့ပါတယ်။ သို့သော်လည်း စိတ်မကောင်းစရာနဲ့ပဲ အသက်(၃၆)နှစ်အရွယ်မှာတော့ သူမဟာ ဆေးလွန်ပြီး အသက်ဆုံးရှုံးခဲ့ရပါတယ်။

photo via screenrant

AnOther Magazine နဲ့ အင်တာဗျူးမှာတော့ Ana de Armas ဟာ ရုပ်ရှင်အဖွဲ့သားတွေနဲ့အတူ Blonde ရုပ်ရှင် ရိုက်ကူးဖို့အတွက် Monroe ရဲ့ အုတ်ဂူဆီသွားပြီး ခွင့်ပြုချက်တောင်းခဲ့တယ်လို့ ပြောပြထားပါတယ်။

“ကတ်ထူဘုတ်အကြီးကြီးမှာ ရုပ်ရှင်အဖွဲ့သားတွေအားလုံးက သူမအတွက် စာလေးတွေ ရေးထားကြတယ်လေ။ ပြီးတော့ ကျွန်မတို့အားလုံး သူမရဲ့ အုတ်ဂူဆီကို သွားခဲ့ကြပါတယ်။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ခွင့်ပြုချက်တောင်းခဲ့တာပေါ့။

ကျွန်မတို့ ဖန်တီးမယ့် ဇာတ်လမ်းနဲ့ ပတ်သက်ပြီး အားလုံးက တာဝန်ကြီးတယ်လို့ ခံစားခဲ့ရလို့ အခုလို သွားပြီးခွင့်တောင်းတာပေါ့နော်။ ကျွန်မတို့ရဲ့ ဇာတ်လမ်းက marilyn Monroe ရဲ့ နောက်ကွယ်က Norma Jeane ရဲ့ဘဝအကြောင်းကို ဖန်တီးထားတာလေ။ သူမက ဘယ်သူလည်း ဆိုတာကိုပေါ့ …”

photo via screenrant

Blonde ရုပ်ရှင်ထဲက အဖြစ်အပျက်အားလုံးဟာ အမှန်တွေချည်းပဲ မဟုတ်ဘဲ အချို့ဇာတ်ဝင်ခန်းတွေကတော့ စိတ်ကူးယဉ်ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း Ana de Armas အပါအဝင် ရုပ်ရှင်အဖွဲ့သားတွေဟာ တာဝန်ကြီးတယ်လို့ ခံစားခဲ့ကြရပြီး ယခုလိုမျိုး Monroe ရဲ့ အုတ်ဂူအထိသွားပြီး ခွင့်ပြုချက်တောင်းခဲ့ကြတာ ဖြစ်ပါတယ်။ Blonde ရုပ်ရှင်ကတော့ လာမယ့် (၂၈)ရက်နေ့မှာ Netflix က ပြသသွားမှာ ဖြစ်ပြီး စောင့်ကြည့်သင့်တဲ့ ရုပ်ရှင်တစ်ကားပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular