HomeEntertainmentFilmAna de Armas ကို Marilyn Monroe အဖြစ် မြင်တွေ့ရမယ့် Blonde ရုပ်ရှင်

Ana de Armas ကို Marilyn Monroe အဖြစ် မြင်တွေ့ရမယ့် Blonde ရုပ်ရှင်

မင်းသမီးချော Ana de Armas က Marilyn Monroe အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ Blonde ရုပ်ရှင်ရဲ့ ထွေလာကတော့ မကြာသေးခင်ကပဲ ထွက်ရှိလာပါတယ်။ ဒီရုပ်ရှင်ကတော့ စာရေးဆရာမ Joyce Carol Oates ရေးသားထားတဲ့ ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပြီး Marilyn Monroe ရဲ့ စိတ်ဝင်စားစရာ ဘဝအကြောင်းကို စိတ်ကူးယဉ် ဖန်တီးထားတာလည်း ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုတော့ ဒါရိုက်တာ Andrew Dominik က ရိုက်ကူးပေးထားပါတယ်။

photo via screenrant

Ana de Armas ကတော့ Knives Out ရုပ်ရှင်မှာ စတင်ပါဝင်လာပြီးကတည်းက ‌အောင်မြင်မှုတွေ ရရှိလာသူ ဖြစ်ပါတယ်။ သူမဟာ No Time to Die လို နာမည်ကြီးရုပ်ရှင်တွေထဲမှာလည်း ပါဝင်ခဲ့ပြီး ပရိသတ်တွေကတော့ Ana de Armas ကို Marilyn Monroe အနေနဲ့ မြင်တွေ့ရဖို့အတွက်လည်း စိတ်လှုပ်ရှားနေကြပါတယ်။ Marilyn Monroe ဟာလည်း ဟောလိဝုဒ်သမိုင်းရဲ့ နာမည်ကြီး မင်းသမီးတစ်ယောက် ဖြစ်တာကြောင့် Ana de Armas ဟာ ဒီဇာတ်ကောင်နေရာမှာ ဘယ်လိုသရုပ်ဆောင်သွားမလည်း ဆိုတာတော့ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။

Netflix က ရိုက်ကူးထုတ်လုပ်ထားတဲ့ Blonde ရုပ်ရှင်ရဲ့ ပထမဆုံးထွေလာကတော့ မကြာသေးခင်ကပဲ ထွက်ရှိလာပါတယ်။ ဒီထွေလာထဲမှာတော့ Ana de Armas ဟာ မင်းသမီးကြီး Marilyn Monroe ရဲ့အထင်ကရ အဖြစ်အပျက်တချို့ကို ပြန်လည်ဖန်တီး သရုပ်ဆောင်ထားတာကို တွေ့ရပါတယ်။ ဒီထွေလာထဲမှာ မြင်ရသလောက် ဆိုရင်တော့ Ana de Armas ရဲ့ သရုပ်ဆောင်ပုံတွေဟာ စိတ်ကျေနပ်စရာပဲ ဖြစ်ပြီး ဒီထွေလာကိုတော့ အောက်မှာကြည့်ရှုနိုင်ပါတယ်။

ဒီရုပ်ရှင်ထဲမှာတော့ Ana de Armas အပြင် Adrien Brody ၊ Bobby Canavale နဲ့ Julianne Nicholson တို့လည်း ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ NC-17 Rating ရရှိထားပြီး Netflix ဟာ ဒီရုပ်ရှင်နဲ့ အော်စကာဆုကိုလည်း မျှော်မှန်းထားတယ်လို့ သိရပါတယ်။ ပရိသတ်တွေကတော့ ဒီရုပ်ရှင်ကို လာမယ့် စက်တင်ဘာလ (၂၃)ရက်နေ့မှာ Netflix ကနေ ကြည့်ရှုနိုင်ပြီ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular