HomeEntertainmentFilm2023 Golden Globe Awards ပွဲမှာ Presenter လုပ်မယ့် နာမည်ကျော်များ

2023 Golden Globe Awards ပွဲမှာ Presenter လုပ်မယ့် နာမည်ကျော်များ

၂၀၂၃ ခုနှစ်အတွက် ပြုလုပ်ကျင်းပမယ့် ရွှေကမ္ဘာလုံးဆု (Golden Globe Awards)ကိုတော့ လာမယ့် ဇန်နဝါရီလ (၁၀)ရက် အင်္ဂါနေ့မှာ ပြုလုပ်ကျင်းပမှာ ဖြစ်ပါတယ်။ အကြိမ်(၈၀)မြောက် ပြုလုပ်ကျင်းပမယ့် ယခုနှစ်ရဲ့ ရွှေကမ္ဘာလုံးဆုပေးပွဲကိုတော့ ကယ်လီဖိုးနီးယားပြည်နယ်၊ Beverly Hills မှာရှိတဲ့ The Beverly Hilton ခန်းမကြီးမှာ ကျင်းပမှာ ဖြစ်ပြီး ပွဲအခမ်းအနားကိုတော့ NBC နဲ့ Peacock ရုပ်သံလိုင်းတို့ကနေ တိုက်ရိုက် ထုတ်လွှင့်ပြသမှာ ဖြစ်ပါတယ်။

ယခုနှစ်ရဲ့ ပွဲအခမ်းအနားကိုတော့ Comedian တစ်ယောက်ဖြစ်တဲ့ Jerrod Carmichael က Host အဖြစ် တာဝန်ယူ တင်ဆက်သွားမှာ ဖြစ်ပါတယ်။ ပွဲကို ပိုပြီးမြိုင်ဆိုင်စေဖို့အတွက် အခြားနာမည်ကြီးတွေကလည်း Presenter တွေအဖြစ် တာဝန်ယူ တင်ဆက်သွားကြဦးမှာ ဖြစ်ပါတယ်။

Photo: ana_d_armas/ Instagram

The Hollywood Foreign Press Association အဖွဲ့ကြီးရဲ့ ကြေညာချက်အရ Presenter အဖြစ် ဆောင်ရွက်ကြမယ့်သူတွေထဲမှာ မင်းသမီးချော Ana de Armas ၊ ဝါရင့်မင်းသမီးကြီး Jamie Lee Curtis ၊ ဒါရိုက်တာကြီး Quentin Tarantino နဲ့ Tracy Morgan တို့လည်း ပါဝင်မယ်လို့ သိရပါတယ်။

ဒါ့အပြင် Ana Gasteyer ၊ Billy Porter ၊ Colman Domingo ၊ Michael Jae Rodriguez ၊ Nicole Byer ၊ Natasha Lyonne နဲ့ Niecy Nash-Betts တို့လည်း Presenter တွေအဖြစ် ပါဝင်ဦးမယ်လို့ ဆိုထားပါတယ်။

Photo: jamieleecurtis/ Instagram

ထူးခြားချက်ကတော့ Presenter တွေအဖြစ် ပါဝင်ကြမယ့် Ana de Armas နဲ့ Jamie Lee Curtis တို့ဟာ ယခုနှစ်ရဲ့ ရွှေကမ္ဘာလုံးဆု စံကာတင်စာရင်းမှာလည်း ပါဝင်နေကြတာပါပဲ။ Ana de Armas ကတော့ သူမရဲ့ရုပ်ရှင် Blonde နဲ့ Best Actress for Drama ဆုမှာ စံကာတင်ဝင်ထားပြီး Jamie Lee Curtis ကတော့ Everything Everywhere All At Once ရုပ်ရှင်ထဲက သူမရဲ့ဇာတ်ရုပ်အတွက် Best Supporting Actress ဆုကို စံကာတင်ဝင်ထားတာ ဖြစ်ပါတယ်။

ဒါတင်မက မင်းသားကြီး Eddie Murphy ဟာလည်း ယခုနှစ်ရဲ့ ရွှေကမ္ဘာလုံးဆုပေးပွဲမှာ 2023 Cecil B. DeMille Award ကို လက်ခံရယူရမှာ ဖြစ်ပါတယ်။ အလားတူပဲ နာမည်ကျော် TV Producer Ryan Murphy ဟာလည်း Carol Burnett ဆုနဲ့ ဂုဏ်ပြုချီးမြှင့်ခံရမှာ ဖြစ်ပါတယ်။

Photo: interscope/ Instagram

ယခုနှစ်ရဲ့ Golden Globe ဆုပေးပွဲမှာတော့ The Banshee of Inisherin ဇာတ်ကားဟာ စံကာတင်(၈)ဆုနဲ့ ထိပ်ဆုံးက ဦးဆောင်နေပြီး Everything Everywhere All At Once က စံကာတင်(၆)ဆု၊ Babylon ရုပ်ရှင်နဲ့ The Fabelmans ရုပ်ရှင်တို့ကတော့ စံကာတင်(၅)ဆုစီနဲ့ အသီးသီး ရပ်တည်နေကြပါတယ်။

Glasgow

Source: people

RELATED ARTICLES

Most Popular