HomeEntertainmentFilmAndrew Garfield ရဲ့ အသစ်ထွက်ရှိလာမယ့် ရုပ်ရှင်ကားသစ်များ

Andrew Garfield ရဲ့ အသစ်ထွက်ရှိလာမယ့် ရုပ်ရှင်ကားသစ်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Andrew Garfield ဟာ ၂၀၀၅ ခုနှစ်မှာ စတင်ပြီး ရုပ်ရှင်လောကထဲကို ဝင်ရောက်လာခဲ့ကာ အော်စကာဆုတစ်ဆုအတွက် စံကာတင်စာရင်းဝင်ထားသူလည်း ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Social Network ရုပ်ရှင်မှာတော့ အောင်မြင်မှုတွေ စတင်ရရှိလာပြီး ၂၀၁၂ ခုနှစ်မှာတော့ The Amazing Spider-Man ရုပ်ရှင်ထဲမှာ Peter Parker အနေနဲ့ ပါဝင်ခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ သူ့ပရိသတ်တွေအတွက် Andrew ရဲ့ အသစ်ထွက်ရှိလာမယ့် ရုပ်ရှင်တွေကို ဖော်ပြပေးချင်ပါတယ်။

The Eyes of Tammy Faye
photo via screenrant

ဒီရုပ်ရှင်ကတော့ အပြင်မှာတကယ်ရှိခဲ့တဲ့ Tammy Faye Messner ဆိုတဲ့ အမျိုးသမီးတစ်ယောက်အကြောင်းကို ဖန်တီးထားတာ ဖြစ်ပါတယ်။ သူမဟာ တီဗွီရှိုးတွေကနေတဆင့် ခရစ်ယာန်ဘာသာကို ဖြန့်ဝေနေသူ ဖြစ်ပြီး တရားဟောသူတစ်ယောက်လည်း ဖြစ်ပါတယ်။

သူမရဲ့ခင်ပွန်းဖြစ်သူ Jim Bakker ကလည်း အလားတူပဲ ဖြစ်ပါတယ်။ မတူညီတဲ့အချက်ကတော့ Jim Bakker ဟာ လိမ်လည်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ ကိစ္စတွေနဲ့ ပတ်သက်ပြီး မကောင်းသတင်း ကျော်ဇောသူတစ်ယောက် ဖြစ်ပါတယ်။ Andrew ကတော့ Jim Bakker နေရာမှာ ပါဝင်လာမှာ ဖြစ်ပြီး Jessica Chastain နဲ့အတူ သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ စက်တင်ဘာလ (၁၇)ရက်နေ့မှာ စတင်ပြီး ရုံတင်နေပြီ ဖြစ်ပါတယ်။

Tick, Tick… Boom!
photo via screenrant

ဒီရုပ်ရှင်ကတော့ နာမည်ကြီး သီချင်းရေးဆရာတစ်ယောက် ဖြစ်တဲ့ Jonathan Larson ရဲ့ ဘဝအကြောင်းကို ပြန်လည်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ပါဝင်လာမယ့် သရုပ်ဆောင်တွေကတော့ Andrew Garfield ၊ Vanessa Hudgens နဲ့ Alexandra Shipp တို့ပဲ ဖြစ်ပါတယ်။ ရုံတင်သွားမယ့် ရက်ကတော့ နိုဝင်ဘာလ (၁၂)ရက် ဖြစ်ပြီး နိုဝင်ဘာလ (၁၉)ရက်မှာတော့ Netflix မှာ စတင်ကြည့်ရှုနိုင်ပြီ ဖြစ်ပါတယ်။

တခြားရုပ်ရှင်ကားများ
photo via screenrant

Andrew ဟာ ၂၀၀၃ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Under the Banner of Heaven ဆိုတဲ့ မှုခင်းဒရာမာရုပ်ရှင်ကို ပြန်လည်ရိုက်ကူးသွားမယ့် ရုပ်ရှင်ထဲမှာ ပါဝင်လာဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင်  ၂၀၀၈ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Brideshead Revisited ဆိုတဲ့ ရုပ်ရှင်ကို အသစ်ပြန်လည်ဖန်တီးမယ့် ဇာတ်ကားမှာလည်း Andrew က ပါဝင်လာဦးမှာ ဖြစ်ပါတယ်။ နောက်ဆုံးတစ်ခုကတော့ အခုချိန်ထိ အတည်ပြုထားတာမျိူး မရှိသေးပေမယ့်လည်း Andrew ဟာ Spider-Man: No Way Home ထဲမှာ Peter Parker အနေနဲ့ ပြန်လည်ပါဝင်လာဦးမယ်လို့ သတင်းထွက်နေပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Andrew Garfield ဟာ ၂၀၀၅ ခုႏွစ္မွာ စတင္ၿပီး ႐ုပ္ရွင္ေလာကထဲကို ဝင္ေရာက္လာခဲ့ကာ ေအာ္စကာဆုတစ္ဆုအတြက္ စံကာတင္စာရင္းဝင္ထားသူလည္း ျဖစ္ပါတယ္။ ၂၀၁၀ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ The Social Network ႐ုပ္ရွင္မွာေတာ့ ေအာင္ျမင္မွုေတြ စတင္ရရွိလာၿပီး ၂၀၁၂ ခုႏွစ္မွာေတာ့ The Amazing Spider-Man ႐ုပ္ရွင္ထဲမွာ Peter Parker အေနနဲ႔ ပါဝင္ခဲ့ပါတယ္။ ဒီတစ္ခါမွာေတာ့ သူ႔ပရိသတ္ေတြအတြက္ Andrew ရဲ့ အသစ္ထြက္ရွိလာမယ့္ ႐ုပ္ရွင္ေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

The Eyes of Tammy Faye
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ အျပင္မွာတကယ္ရွိခဲ့တဲ့ Tammy Faye Messner ဆိုတဲ့ အမ်ိဳးသမီးတစ္ေယာက္အေၾကာင္းကို ဖန္တီးထားတာ ျဖစ္ပါတယ္။ သူမဟာ တီဗြီရွိုးေတြကေနတဆင့္ ခရစ္ယာန္ဘာသာကို ျဖန႔္ေဝေနသူ ျဖစ္ၿပီး တရားေဟာသူတစ္ေယာက္လည္း ျဖစ္ပါတယ္။

သူမရဲ့ခင္ပြန္းျဖစ္သူ Jim Bakker ကလည္း အလားတူပဲ ျဖစ္ပါတယ္။ မတူညီတဲ့အခ်က္ကေတာ့ Jim Bakker ဟာ လိမ္လည္မွုေတြ၊ လိင္ပိုင္းဆိုင္ရာ ကိစၥေတြနဲ႔ ပတ္သက္ၿပီး မေကာင္းသတင္း ေက်ာ္ေဇာသူတစ္ေယာက္ ျဖစ္ပါတယ္။ Andrew ကေတာ့ Jim Bakker ေနရာမွာ ပါဝင္လာမွာ ျဖစ္ၿပီး Jessica Chastain နဲ႔အတူ သ႐ုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကေတာ့ စက္တင္ဘာလ (၁၇)ရက္ေန႔မွာ စတင္ၿပီး ႐ုံတင္ေနၿပီ ျဖစ္ပါတယ္။

Tick, Tick… Boom!
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ နာမည္ႀကီး သီခ်င္းေရးဆရာတစ္ေယာက္ ျဖစ္တဲ့ Jonathan Larson ရဲ့ ဘဝအေၾကာင္းကို ျပန္လည္ရိုက္ကူးထားတာပဲ ျဖစ္ပါတယ္။ ပါဝင္လာမယ့္ သ႐ုပ္ေဆာင္ေတြကေတာ့ Andrew Garfield ၊ Vanessa Hudgens နဲ႔ Alexandra Shipp တို႔ပဲ ျဖစ္ပါတယ္။ ႐ုံတင္သြားမယ့္ ရက္ကေတာ့ နိုဝင္ဘာလ (၁၂)ရက္ ျဖစ္ၿပီး နိုဝင္ဘာလ (၁၉)ရက္မွာေတာ့ Netflix မွာ စတင္ၾကည့္ရွုနိုင္ၿပီ ျဖစ္ပါတယ္။

တစ္ျခား႐ုပ္ရွင္ကားမ်ား
photo via screenrant

Andrew ဟာ ၂၀၀၃ ခုႏွစ္တုန္းက ထြက္ရွိခဲ့တဲ့ Under the Banner of Heaven ဆိုတဲ့ မွုခင္းဒရာမာ႐ုပ္ရွင္ကို ျပန္လည္ရိုက္ကူးသြားမယ့္ ႐ုပ္ရွင္ထဲမွာ ပါဝင္လာဦးမွာ ျဖစ္ပါတယ္။ ဒါ့အျပင္  ၂၀၀၈ ခုႏွစ္တုန္းက ထြက္ရွိခဲ့တဲ့ Brideshead Revisited ဆိုတဲ့ ႐ုပ္ရွင္ကို အသစ္ျပန္လည္ဖန္တီးမယ့္ ဇာတ္ကားမွာလည္း Andrew က ပါဝင္လာဦးမွာ ျဖစ္ပါတယ္။ ေနာက္ဆုံးတစ္ခုကေတာ့ အခုခ်ိန္ထိ အတည္ျပဳထားတာမ်ိဴး မရွိေသးေပမယ့္လည္း Andrew ဟာ Spider-Man: No Way Home ထဲမွာ Peter Parker အေနနဲ႔ ျပန္လည္ပါဝင္လာဦးမယ္လို႔ သတင္းထြက္ေနပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular