HomeEntertainmentFilmAndrew Garfield ကို စုံထောက်တစ်ယောက်အဖြစ် မြင်တွေ့ရမယ့် Under the Banner of Heaven စီးရီး

Andrew Garfield ကို စုံထောက်တစ်ယောက်အဖြစ် မြင်တွေ့ရမယ့် Under the Banner of Heaven စီးရီး

နာမည်ကျော်မင်းသား Andrew Garfield ကိုတော့ Under the Banner of Heaven ဆိုတဲ့ ဇာတ်လမ်းတွဲတစ်ခုမှာ စုံထောက်တစ်ယောက်အဖြစ် မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲကတော့ စာရေးဆရာ Jon Krakauer ရဲ့ ၂၀၀၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ အမည်တူဝတ္ထုကို အခြေခံရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီစီးရီးကတော့ အပိုင်းအရေအတွက်ကို အသေသတ်မှတ်ထားပြီးဖြစ်တဲ့ limited series တစ်ခု ဖြစ်ကာ Hulu ရဲ့ FX လိုင်းမှာ ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။ ဖြစ်ရပ်မှန်မှုခင်းကို အခြေခံရိုက်ကူးထားတဲ့ သည်းထိတ်ရင်ဖို မှုခင်းဒရာမာ အမျိုးအစားလည်း ဖြစ်ပါတယ်။

Photo Credit: FX Networks

ဇာတ်လမ်းကတော့ ဘာသာတရား ကိုင်းရှိုင်းလွန်းတဲ့ Mormon ဘာသာရေးဂိုဏ်းဝင် စုံထောက်တစ်ယောက်ဟာ သူတို့ရဲ့ ဘုရားကျောင်းနဲ့ ဆက်စပ်နေတယ်လို့ ယူဆရတဲ့ လူသတ်မှုတစ်ခုကို စုံစမ်းစစ်ဆေးရတဲ့အခါမှာတော့ ဘာသာတရားအပေါ် သူ့ရဲ့သက်ဝင်ယုံကြည်မှုကို စမ်းသပ်ခံရပါတော့တယ်။

Andrew Garfield ကတော့ ဒီဇာတ်လမ်းတွဲထဲမှာ Pyre ဆိုတဲ့ စုံထောက်တစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။ Pyre ကတော့ အမေရိကန်နိုင်ငံ၊ Utah ပြည်နယ်မှာ အခြေစိုက်တဲ့ Latter Day Saints church ရဲ့ အရေးပါတဲ့ အဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်ပါတယ်။ စီးရီးရဲ့ ဇာတ်လမ်းအကျဉ်းထဲမှာ ဖော်ပြထားချက်ကတော့ Pyre ဟာ လူသတ်တရားခံလို့ သံသယရှိသူနဲ့ ဆက်သွယ်မိပြီးနောက်ပိုင်းမှာ သူတို့ဘုရားကျောင်းရဲ့ အချို့သော သင်ကြားမှုတွေကို စတင်ပြီး မေးခွန်းထုတ်လာတယ်လို့ ဆိုပါတယ်။

ဒီဇာတ်လမ်းတွဲရဲ့ ပထမဆုံးထွေလာကတော့ မကြာသေးခင်ကပဲ ထွက်ရှိလာပြီး ဖြစ်ပါတယ်။ မူလကတော့ ဒီဇာတ်လမ်းကို ရုပ်ရှင်အဖြစ် ရိုက်ကူးဖို့ စီစဉ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အခုလို limited series ရိုက်ကူးဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲမှာတော့ အပိုင်း(၇)ပိုင်း ပါဝင်မှာဖြစ်ပြီး Andrew Garfield နဲ့အတူ Beau McHattie ၊ Taylor St. Pierre ၊ Daisy Edgar-Jones ၊ Alayna Edwards ၊ Sam Worthington နဲ့ Wyatt Russell တို့က အဓိက ပါဝင်ထားပါတယ်။

Glasgow

Source: people

RELATED ARTICLES

Most Popular