HomeEntertainmentFilmNo Way Home ထဲမှာ မပါကြောင်း ပရိသတ်တွေယုံအောင် ငြင်းလို့မရဖြစ်နေတဲ့ Andrew Garfield

No Way Home ထဲမှာ မပါကြောင်း ပရိသတ်တွေယုံအောင် ငြင်းလို့မရဖြစ်နေတဲ့ Andrew Garfield

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Andrew Garfield ဟာ Spider-Man: No Way Home ထဲမှာ သူ မပါဝင်တဲ့အကြောင်း ဆက်တိုက်ငြင်းဆိုခဲ့ပြီး ဒါနဲ့ပတ်သက်လို့ ပရိသတ်တွေကိုလည်း ဖြောင်းဖြလို့မရမှန်း သိပါတယ်လို့ ပြောလာပါတယ်။

Avengers: Endgame ထွက်ပြီးသွားတဲ့နောက်မှာ Spider-Man: No Way Home ဟာ ပရိသတ်တွေ စိတ်အဝင်စားဆုံး ရုပ်ရှင်တစ်ကား ဖြစ်လာပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Multiverse ပွင့်သွားတာကို မြင်တွေ့ရမှာ ဖြစ်သလို ထွက်ရှိထားတဲ့ ထွေလာထဲမှာလည်း Doctor Octopus နဲ့ တခြားဗီလိန်တွေ ပြန်လည်ပါဝင်ထားတာကြောင့် Tobey Maguire နဲ့ Andrew Garfield တို့ကလည်း Spider-Man အနေနဲ့ ပြန်လည်ပါဝင်လာမယ်လို့ ပရိသတ်များစွာက ယူဆထားကြပါတယ်။

photo via screenrant

လောလောဆယ်မှာတော့ Tobey Maguire ရဲ့ Spider-Man ရုပ်ရှင်ထဲက Doctor Octopus နေရာမှာ Alfred Molina ပါဝင်လာမယ်ဆိုတာကို ထွေလာမှာ မြင်တွေ့ခဲ့ရပြီ ဖြစ်ပြီး Andrew Garfield ရဲ့ Amazing Spider-Man ရုပ်ရှင်မှာ Electro အဖြစ် ပါဝင်ခဲ့တဲ့ Jamie Foxx ကလည်း ဒီရုပ်ရှင်ထဲမှာ ပြန်လည်ပါဝင်လာမယ် ဆိုတာကို အတည်ပြုပြီးသား ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာ Spider-Man အဖြစ် ပြန်လည်ပါဝင်လာမယ်ဆိုတဲ့ သတင်းကို Andrew ကတော့ ဆက်တိုက်ငြင်းဆိုခဲ့ပေမယ့်လည်း ပရိသတ်တွေကတော့ လက်မခံသေးပါဘူး။

Variety သတင်းဌာနနဲ့ အင်တာဗျူးမှာတော့ Andrew ဟာ ဒီသတင်းကို ထပ်မံငြင်းဆိုထားပါတယ်။ Andrew ကိုယ်တိုင်က Spider-Man သုံးယောက်ကို ရုပ်ရှင်တစ်ကားထဲမှာ အတူတူမြင်ချင်ပေမယ့်လည်း သူဟာ ဒီရုပ်ရှင်ထဲမှာ မပါဝင်ထားပါဘူးလို့ ပြောသွားပါတယ်။

” ကျွန်တော်ကိုယ်တိုင်ကလည်း ပရိသတ်တစ်ယောက် ဖြစ်နေတော့ သူတို့တွေ ဘာကြောင့်အခုလို ဖြစ်နေကြလည်းဆိုတာ နားလည်ပါတယ်။ သူတို့သာ ဘယ်လိုဇာတ်ဝင်ခန်းမျိူး ဖန်တီးလိုက်ရင် ဘယ်လိုမျိူး မိုက်မှာပဲဆိုပြီး တွေးမိကြမှာပါ။ ဒါပေမယ့်လည်း ကျွန်တော်ကတော့ ဒီရုပ်ရှင်ထဲမှာ လုံးဝမပါထားပါဘူး။ ကျွန်တော် ပြောတာတွေကိုလည်း ဘယ်သူမှ မယုံကြမှန်း သိပါတယ်။ အဲ့တော့ ဒီရုပ်ရှင်က ပရိသတ်တွေအတွက် အရမ်းစိတ်ဝင်စားစရာ ဖြစ်ရင်ဖြစ်၊ မဟုတ်ရင် စိတ်ပျက်စရာကြီး ဖြစ်သွားမှာပါ … “

photo via screenrant

Andrew အနေနဲ့ ဘယ်လိုပဲ ငြင်းနေပါစေ။ ပရိသတ်တွေကတော့ အခုချိန်ထိ Spider-Man သုံးယောက် ပါဝင်လာမယ်လို့ ယုံကြည်နေဆဲ ဖြစ်ပါတယ်။ တစ်ခေါက်တုန်းကဆိုရင် Andrew ရဲ့ စတန့်သမားဟာ Tom Holland နဲ့အတူ ရိုက်ထားတဲ့ ဓာတ်ပုံကို ဆိုရှယ်မီဒီယာတစ်ခုပေါ် တင်ခဲ့ပြီး သိပ်မကြာခင်မှာပဲ ပြန်ဖျက်သွားတာမျိုး ရှိခဲ့ပါတယ်။ ဒီလိုမျိူး သံသယဖြစ်စရာ အကြောင်းပြချက်တွေများစွာ ရှိနေတာကြောင့်လည်း ပရိသတ်တွေက အခုချိန်ထိ Spider-Man သုံးယောက်အပေါ် လက်မလျှော့သေးတာ ဖြစ်ပါတယ်။

Legos

Source: Screenrant

(Zawgyi Version)

Andrew Garfield ဟာ Spider-Man: No Way Home ထဲမွာ သူ မပါဝင္တဲ့အေၾကာင္း ဆက္တိုက္ျငင္းဆိုခဲ့ၿပီး ဒါနဲ႔ပတ္သက္လို႔ ပရိသတ္ေတြကိုလည္း ေျဖာင္းျဖလို႔မရမွန္း သိပါတယ္လို႔ ေျပာလာပါတယ္။

Avengers: Endgame ထြက္ၿပီးသြားတဲ့ေနာက္မွာ Spider-Man: No Way Home ဟာ ပရိသတ္ေတြ စိတ္အဝင္စားဆုံး ႐ုပ္ရွင္တစ္ကား ျဖစ္လာပါတယ္။ ဒီ႐ုပ္ရွင္ထဲမွာေတာ့ Multiverse ပြင့္သြားတာကို ျမင္ေတြ႕ရမွာ ျဖစ္သလို ထြက္ရွိထားတဲ့ ေထြလာထဲမွာလည္း Doctor Octopus နဲ႔ တျခားဗီလိန္ေတြ ျပန္လည္ပါဝင္ထားတာေၾကာင့္ Tobey Maguire နဲ႔ Andrew Garfield တို႔ကလည္း Spider-Man အေနနဲ႔ ျပန္လည္ပါဝင္လာမယ္လို႔ ပရိသတ္မ်ားစြာက ယူဆထားၾကပါတယ္။

photo via screenrant

ေလာေလာဆယ္မွာေတာ့ Tobey Maguire ရဲ႕ Spider-Man ႐ုပ္ရွင္ထဲက Doctor Octopus ေနရာမွာ Alfred Molina ပါဝင္လာမယ္ဆိုတာကို ေထြလာမွာ ျမင္ေတြ႕ခဲ့ရၿပီ ျဖစ္ၿပီး Andrew Garfield ရဲ႕ Amazing Spider-Man ႐ုပ္ရွင္မွာ Electro အျဖစ္ ပါဝင္ခဲ့တဲ့ Jamie Foxx ကလည္း ဒီ႐ုပ္ရွင္ထဲမွာ ျပန္လည္ပါဝင္လာမယ္ ဆိုတာကို အတည္ျပဳၿပီးသား ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ထဲမွာ Spider-Man အျဖစ္ ျပန္လည္ပါဝင္လာမယ္ဆိုတဲ့ သတင္းကို Andrew ကေတာ့ ဆက္တိုက္ျငင္းဆိုခဲ့ေပမယ့္လည္း ပရိသတ္ေတြကေတာ့ လက္မခံေသးပါဘူး။

Variety သတင္းဌာနနဲ႔ အင္တာဗ်ဴးမွာေတာ့ Andrew ဟာ ဒီသတင္းကို ထပ္မံျငင္းဆိုထားပါတယ္။ Andrew ကိုယ္တိုင္က Spider-Man သုံးေယာက္ကို ႐ုပ္ရွင္တစ္ကားထဲမွာ အတူတူျမင္ခ်င္ေပမယ့္လည္း သူဟာ ဒီ႐ုပ္ရွင္ထဲမွာ မပါဝင္ထားပါဘူးလို႔ ေျပာသြားပါတယ္။

” ကြၽန္ေတာ္ကိုယ္တိုင္ကလည္း ပရိသတ္တစ္ေယာက္ ျဖစ္ေနေတာ့ သူတို႔ေတြ ဘာေၾကာင့္အခုလို ျဖစ္ေနၾကလည္းဆိုတာ နားလည္ပါတယ္။ သူတို႔သာ ဘယ္လိုဇာတ္ဝင္ခန္းမ်ိဴး ဖန္တီးလိုက္ရင္ ဘယ္လိုမ်ိဴး မိုက္မွာပဲဆိုၿပီး ေတြးမိၾကမွာပါ။ ဒါေပမယ့္လည္း ကြၽန္ေတာ္ကေတာ့ ဒီ႐ုပ္ရွင္ထဲမွာ လုံးဝမပါထားပါဘူး။ ကြၽန္ေတာ္ ေျပာတာေတြကိုလည္း ဘယ္သူမွ မယုံၾကမွန္း သိပါတယ္။ အဲ့ေတာ့ ဒီ႐ုပ္ရွင္က ပရိသတ္ေတြအတြက္ အရမ္းစိတ္ဝင္စားစရာ ျဖစ္ရင္ျဖစ္၊ မဟုတ္ရင္ စိတ္ပ်က္စရာႀကီး ျဖစ္သြားမွာပါ … “

photo via screenrant

Andrew အေနနဲ႔ ဘယ္လိုပဲ ျငင္းေနပါေစ။ ပရိသတ္ေတြကေတာ့ အခုခ်ိန္ထိ Spider-Man သုံးေယာက္ ပါဝင္လာမယ္လို႔ ယုံၾကည္ေနဆဲ ျဖစ္ပါတယ္။ တစ္ေခါက္တုန္းကဆိုရင္ Andrew ရဲ႕ စတန႔္သမားဟာ Tom Holland နဲ႔အတူ ႐ိုက္ထားတဲ့ ဓာတ္ပုံကို ဆိုရွယ္မီဒီယာတစ္ခုေပၚ တင္ခဲ့ၿပီး သိပ္မၾကာခင္မွာပဲ ျပန္ဖ်က္သြားတာမ်ိဳး ရွိခဲ့ပါတယ္။ ဒီလိုမ်ိဴး သံသယျဖစ္စရာ အေၾကာင္းျပခ်က္ေတြမ်ားစြာ ရွိေနတာေၾကာင့္လည္း ပရိသတ္ေတြက အခုခ်ိန္ထိ Spider-Man သုံးေယာက္အေပၚ လက္မေလွ်ာ့ေသးတာ ျဖစ္ပါတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular