HomeCelebs Update NewsInternationalသံတမန်အတွေ့အကြုံတွေနဲ့ မိသားစုဘဝအကြောင်းတွေကို ဖွင့်ဟလာတဲ့ Angelina Jolie 

သံတမန်အတွေ့အကြုံတွေနဲ့ မိသားစုဘဝအကြောင်းတွေကို ဖွင့်ဟလာတဲ့ Angelina Jolie 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Angelina Jolie ဟာ Vogue မဂ္ဂဇင်းနဲ့ ပြုလုပ်တဲ့ အင်တာဗျူးအသစ်မှာ သူမရဲ့မိသားစုအကြောင်းတွေ၊ ကလေးမွေးစားမှုနဲ့ ပတ်သက်တဲ့ ခံစားချက်တွေတင်မက ခင်ပွန်းဟောင်း Brad Pitt နဲ့ ကွာရှင်းခဲ့ရတဲ့အကြောင်းတွေကိုပါ ပြန်ပြောင်းပြောပြထားပါတယ်။ ဒါ့အပြင် လူသားချင်းစာနာမှုလုပ်ငန်းတွေကို လုပ်ကိုင်နေသူတစ်ယောက်အနေနဲ့ ဒုက္ခသည်တွေရဲ့ ဘဝတွေကို ပိုမိုကောင်းမွန်လာစေဖို့ သူမရဲ့အမြင်တွေကိုပါ ဝေမျှထားပါတယ်။

အသက်(၄၅)နှစ်အရွယ် ရှိပြီဖြစ်တဲ့ မင်းသမီး Angelina Jolie ဟာ ကမ္ဘာကျော်သရုပ်ဆောင်တစ်ယောက် ဖြစ်ရုံတင်မက နာမည်ကျော် ပရဟိတသမားတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးနဲ့ တွဲဖက်ပြီး အလုပ်လုပ်ကိုင်ခဲ့စဉ်ကာလက သူမ မြင်တွေ့ခဲ့ရတဲ့ ဒုက္ခသည်တွေရဲ့ ဘဝအကြောင်းနဲ့ တကယ်လိုအပ်နေတဲ့ ကာကွယ်၊ ကူညီမှုတွေအကြောင်းကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

Photo: angelinajolie_offiicial/ Instagram

“အခြေခံ လူ့အခွင့်အရေးတွေကိုတောင် ကာကွယ်ပေးဖို့ စိတ်ဆန္ဒမရှိတာ၊ ချေပတောင်းဆိုဖို့ ဆန္ဒမရှိတာတွေ တွေ့ရပါတယ်။ ပြီးတော့ သံတမန်ရေးရာအရ ပျက်ကွယ်မှုတွေလည်း ရှိနေပြီး တာဝန်ယူမှု၊ တာဝန်ခံမှုတွေ မရှိတာကိုလည်း တွေ့ရပါတယ်။ မတိုးတက်သေးတဲ့ နိုင်ငံတွေ၊ ပျက်စီးပြိုလဲနေတဲ့ နိုင်ငံတွေကို အမှီပြုပြီး အမြတ်ထုတ်နေကြသူတွေ အများကြီး ရှိပါတယ်။ ကျွန်မအတွက်တော့ အဲ့ဒါတေွကို ကြည့်နေရတာ စိတ်မချမ်းသာစရာ ကောင်းလှပါတယ်။ နိုင်ငံရေးအရ အမြတ်ထုတ်ဖို့အတွက် ပြည်သူတွေကို အစိုးရကိုယ်တိုင်က ခြောက်လှန့်တာတွေ၊ တစ်ယောက်နဲ့တစ်ယောက် အမျက်ဒေါသတွေပဲ သင့်နေတာတွေလည်း မြင်ရပါတယ်…” လို့ Jolie က ဆိုပါတယ် ။

“ဒါပေမယ့် တစ်ဖက်က ကြည့်ပြန်ရင်လည်း ဒုက္ခသည်တွေအပေါ်မှာ နိုင်ငံပေါင်းများစွာက ရက်ရက်ရောရော လှူဒါန်းနေကြတာ၊ ခွန်အားပေးနေကြတာတွေလည်း တွေ့ရပါတယ်။ ပြီးတော့ ဒုက္ခသည်တွေကိုယ်တိုင်ကလည်း ဒူပေနာပေခံပြီး ရအောင် ဖြတ်ကျော်နေကြတာလည်း တွေ့ရပါတယ်…” လို့ ဆိုထားပါတယ်။

Photo: angelinajolie_offiicial/ Instagram

ဆက်လက်ပြီး “တစ်ကမ္ဘာလုံးမှာ လူတွေဟာ ဓာတ်ငွေ့တိုက်ခိုက်မှုတွေ၊ အဓမ္မကျင့်မှုတွေ၊ အတင်းအဓမ္မ အမျိုးသမီးအင်္ဂါ ဖြတ်တောက်ခံရမှုတွေ၊ ဖိနှိပ်ချုပ်ချယ်မှုတွေ၊ သတ်ဖြတ်ခံရမှုတွေကနေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ သူတို့ဟာ ဘဝတိုးတက်ရာ တိုးတက်ကြောင်းအတွက် ထွက်ပြေးကြတာ မဟုတ်ပါဘူး။ တစ်ခြားဘယ်နည်းနဲ့မှ အသက်ရှင်သန်အောင် မလုပ်နိုင်တော့လို့ ထွက်ပြေးကြရတာပါ။ ကျွန်မတကယ်မြင်တွေ့ချင်တဲ့ အရာကတော့ လူတွေကို သူတို့ရဲ့အမိမြေကနေ ထွက်ပြေးတိမ်းရှောင်ရအောင် ဖိအားပေးနေတဲ့အရာတွေ ရပ်တန့်သွားတာကိုပါ။ ကျွန်မတို့ တတ်နိုင်သမျှ ကာကွယ်ပေးတာ၊ လိုအပ်တဲ့အခါ ကူညီပေးတာ၊ ဒုစရိုက်မှုတွေဖြစ်လာတဲ့အခါ တာဝန်ယူ၊ တာဝန်ခံပေးတာတွေကို ကျွန်မ မြင်တွေ့ချင်တာပါ…” လို့ Jolie က ဆိုပါတယ်။

ဒီလိုနဲ့ အင်တာဗျူးရဲ့ တစ်နေရာမှာတော့ သူမရဲ့မွေးစားကလေးတွေနဲ့ ပတ်သက်ပြီး ပြောပြခဲ့ပါသေးတယ်။ သူမရဲ့အကြီးဆုံး ကလေးသုံးယောက်ဖြစ်တဲ့ (၁၈)နှစ်အရွယ် Maddox ၊ (၁၆)နှစ်အရွယ် Pax ၊ (၁၅)နှစ်အရွယ် Zahara တို့ကို မွေးစားဖြစ်ခဲ့တဲ့ အတွေ့အကြုံ၊ ခံစားချက်တွေကို ပြန်လည်ရင်ဖွင့်ထားတာပါ။

Photo: angelinajolie_offiicial/ Instagram

“သူတို့တစ်ယောက်ချင်းစီဟာ လှလှပပလေး မိသားစုတစ်ခုဖြစ်လာအောင် စုစည်းပေးခဲ့တာပါ။ အရေးကြီးတာက ပွင့်ပွင့်လင်းလင်းနဲ့ အားလုံးကို အတူတူမျှဝေခံစားပေးဖို့ပါပဲ။ မွေးစားတယ်ဆိုတာနဲ့ မိဘမဲ့ကလေးဂေဟာဆိုတဲ့ စကားလုံးတွေဟာ ကျွန်မတို့အိမ်မှာတော့ အပြုသဘောဆောင်တဲ့ စကားလုံးတွေပါ။ ကျွန်မရဲ့မွေးစားကလေးတွေနဲ့ ပတ်သက်ပြီး ကိုယ်ဝန်ဆောင်ရတဲ့ အပိုင်းကို ကျွန်မ မပြောနိုင်ပေမယ့် သူတို့တစ်ယောက်ချင်းစီကို ရှာဖွေတွေ့ရှိခဲ့တဲ့ ခရီးတွေအကြောင်း၊ ချစ်ခြင်းမေတ္တာတွေအကြောင်းနဲ့ ပထမဆုံး သူတို့ရဲ့မျက်လုံးလေးတွေထဲကို ကြည့်လိုက်ရတဲ့ ခံစားချက်တွေအကြောင်းကိုတော့ ကျွန်မ အသေးစိတ် ပြောပြနိုင်ပါတယ်… ” လို့ ဆိုပါတယ်။

“မွေးစားကလေးတွေအားလုံးဟာ ပဟေဠိဆန်တဲ့ ကမ္ဘာတစ်ခုကနေ လှပတဲ့ ခရီးလမ်းကြောင်းတစ်ခုနဲ့ ကိုယ့်ရဲ့ကမ္ဘာထဲကို လာဆုံဆည်းကြတာပါ။ သူတို့လေးတွေက တစ်ခြားမတူညီတဲ့ လူမျိုး၊ နိုင်ငံတွေကနေ လာတယ်ဆိုတာဟာ သိပ်ကိုပြည့်စုံတဲ့ လက်ဆောင်တစ်ခုလိုပါပဲ။ သူတို့ကို တလေးတစား ဆက်ဆံပါ။ ပြီးတော့ သူတို့ဆီကနေ သင်ယူပါ။ ဒါဟာ တကယ့်ကို အံ့ဩစရာကောင်းတဲ့ ခရီးတစ်ခုကို ပြန်လည်မျှဝေရသလိုပါပဲ။ သူတို့က ကိုယ့်ဘဝထဲကို ဝင်လာတာ မဟုတ်ပါဘူး။ ကိုယ်ရော၊ သူတို့ရော တစ်ယောက်ရဲ့ကမ္ဘာထဲကို တစ်ယောက် အပြန်အလှန် ဝင်ရောက်ကြတာပါ…” လို့ သူမရဲ့မွေးစားကလေးတွေနဲ့ ပတ်သက်တဲ့ ခံစားချက်ကို Jolie က ဖွင့်ဟထားပါတယ်။

Photo: angelinajolie_offiicial/ Instagram

ဒါ့အပြင် Jolie ဟာ သူမရဲ့အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီးတော့လည်း ၂၀၁၆ခုနှစ်မှာ ခင်ပွန်းသည် Brad Pitt နဲ့ ကွာရှင်းဖို့ ဆုံးဖြတ်ခဲ့တဲ့ သူမရဲ့ဆုံးဖြတ်ချက်အကြောင်းကိုလည်း ပြောပြထားပါသေးတယ်။ Jolie ဟာ Brad Pitt နဲ့ တရားဝင် လက်ထပ်ပြီး နှစ်နှစ်အကြာမှာ ကွာရှင်းဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ၂၀၁၉ခုနှစ် ဧပြီလမှာတော့ ကွာရှင်းတဲ့အမှုကို အပြီးသတ်နိုင်ခဲ့ပါတယ်။

“ကျွန်မ မိသားစု ကောင်းကောင်းနေနိုင်ဖို့ ကျွန်မ ကွာရှင်းခဲ့တာပါ။ အဲ့ဒါဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခုပါပဲ။ ကလေးတွေရဲ့ စိတ်ကို ပြန်လည်ကုစားဖို့ပဲ ကျွန်မ အာရုံစိုက်ထားပါတယ်။ တစ်ချို့တွေက ကျွန်မ နှုတ်ဆိတ်နေတဲ့အပေါ် အခွင့်ကောင်းတွေ ယူကြတယ်။ ကလေးတွေဆိုရင်လည်း သူတို့အကြောင်း မဟုတ်မဟတ်တွေ ရေးထားတာတွေကို မီဒီယာတွေပေါ်မှာ ပြန်တွေ့နေကြရတယ်။ ဒါပေမယ့် ကျွန်မက သူတို့လေးတွေကို သတိပေးရတာပေါ့။ ကိုယ့်စိတ်နဲ့ ကိုယ့်ရဲ့အမှန်တရားကို ကိုယ်တိုင်သိရင် ရပြီဆိုပြီး သတိပေးရတယ်။ တကယ်တော့ ကျွန်မရဲ့ ကလေးခြောက်ယောက်လုံးဟာ တကယ့် စိတ်ဓာတ်ခိုင်မာပြီး သတ္တိရှိတဲ့ ကလေးလေးတွေပါ…” လို့ Jolie က ဆိုထားပါတယ်။

LaNina

Source: people

(Zawgyi Version)

Angelina Jolie ဟာ Vogue မဂၢဇင္းနဲ႔ ျပဳလုပ္တဲ့ အင္တာဗ်ဴးအသစ္မွာ သူမရဲ႕မိသားစုအေၾကာင္းေတြ၊ ကေလးေမြးစားမႈနဲ႔ ပတ္သက္တဲ့ ခံစားခ်က္ေတြတင္မက ခင္ပြန္းေဟာင္း Brad Pitt နဲ႔ ကြာရွင္းခဲ့ရတဲ့အေၾကာင္းေတြကိုပါ ျပန္ေျပာင္းေျပာျပထားပါတယ္။ ဒါ့အျပင္ လူသားခ်င္းစာနာမႈလုပ္ငန္းေတြကို လုပ္ကိုင္ေနသူတစ္ေယာက္အေနနဲ႔ ဒုကၡသည္ေတြရဲ႕ ဘဝေတြကို ပိုမိုေကာင္းမြန္လာေစဖို႔ သူမရဲ႕အျမင္ေတြကိုပါ ေဝမွ်ထားပါတယ္။

အသက္(၄၅)ႏွစ္အ႐ြယ္ ရွိၿပီျဖစ္တဲ့ မင္းသမီး Angelina Jolie ဟာ ကမာၻေက်ာ္သ႐ုပ္ေဆာင္တစ္ေယာက္ ျဖစ္႐ုံတင္မက နာမည္ေက်ာ္ ပရဟိတသမားတစ္ေယာက္လည္း ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီး႐ုံးနဲ႔ တြဲဖက္ၿပီး အလုပ္လုပ္ကိုင္ခဲ့စဥ္ကာလက သူမ ျမင္ေတြ႕ခဲ့ရတဲ့ ဒုကၡသည္ေတြရဲ႕ ဘဝအေၾကာင္းနဲ႔ တကယ္လိုအပ္ေနတဲ့ ကာကြယ္၊ ကူညီမႈေတြအေၾကာင္းကို ေျပာျပခဲ့တာ ျဖစ္ပါတယ္။

Photo: angelinajolie_offiicial/ Instagram

“အေျခခံ လူ႔အခြင့္အေရးေတြကိုေတာင္ ကာကြယ္ေပးဖို႔ စိတ္ဆႏၵမရွိတာ၊ ေခ်ပေတာင္းဆိုဖို႔ ဆႏၵမရွိတာေတြ ေတြ႕ရပါတယ္။ ၿပီးေတာ့ သံတမန္ေရးရာအရ ပ်က္ကြယ္မႈေတြလည္း ရွိေနၿပီး တာဝန္ယူမႈ၊ တာဝန္ခံမႈေတြ မရွိတာကိုလည္း ေတြ႕ရပါတယ္။ မတိုးတက္ေသးတဲ့ ႏိုင္ငံေတြ၊ ပ်က္စီးၿပိဳလဲေနတဲ့ ႏိုင္ငံေတြကို အမွီျပဳၿပီး အျမတ္ထုတ္ေနၾကသူေတြ အမ်ားႀကီး ရွိပါတယ္။ ကြၽန္မအတြက္ေတာ့ အဲ့ဒါေတြကို ၾကည့္ေနရတာ စိတ္မခ်မ္းသာစရာ ေကာင္းလွပါတယ္။ ႏိုင္ငံေရးအရ အျမတ္ထုတ္ဖို႔အတြက္ ျပည္သူေတြကို အစိုးရကိုယ္တိုင္က ေျခာက္လွန႔္တာေတြ၊ တစ္ေယာက္နဲ႔တစ္ေယာက္ အမ်က္ေဒါသေတြပဲ သင့္ေနတာေတြလည္း ျမင္ရပါတယ္…” လို႔ Jolie က ဆိုပါတယ္ ။

“ဒါေပမယ့္ တစ္ဖက္က ၾကည့္ျပန္ရင္လည္း ဒုကၡသည္ေတြအေပၚမွာ ႏိုင္ငံေပါင္းမ်ားစြာက ရက္ရက္ေရာေရာ လႉဒါန္းေနၾကတာ၊ ခြန္အားေပးေနၾကတာေတြလည္း ေတြ႕ရပါတယ္။ ၿပီးေတာ့ ဒုကၡသည္ေတြကိုယ္တိုင္ကလည္း ဒူေပနာေပခံၿပီး ရေအာင္ ျဖတ္ေက်ာ္ေနၾကတာလည္း ေတြ႕ရပါတယ္…” လို႔ ဆိုထားပါတယ္။

Photo: angelinajolie_offiicial/ Instagram

ဆက္လက္ၿပီး “တစ္ကမာၻလုံးမွာ လူေတြဟာ ဓာတ္ေငြ႕တိုက္ခိုက္မႈေတြ၊ အဓမၼက်င့္မႈေတြ၊ အတင္းအဓမၼ အမ်ိဳးသမီးအဂၤါ ျဖတ္ေတာက္ခံရမႈေတြ၊ ဖိႏွိပ္ခ်ဳပ္ခ်ယ္မႈေတြ၊ သတ္ျဖတ္ခံရမႈေတြကေန ထြက္ေျပးတိမ္းေရွာင္ေနၾကရပါတယ္။ သူတို႔ဟာ ဘဝတိုးတက္ရာ တိုးတက္ေၾကာင္းအတြက္ ထြက္ေျပးၾကတာ မဟုတ္ပါဘူး။ တစ္ျခားဘယ္နည္းနဲ႔မွ အသက္ရွင္သန္ေအာင္ မလုပ္ႏိုင္ေတာ့လို႔ ထြက္ေျပးၾကရတာပါ။ ကြၽန္မတကယ္ျမင္ေတြ႕ခ်င္တဲ့ အရာကေတာ့ လူေတြကို သူတို႔ရဲ႕အမိေျမကေန ထြက္ေျပးတိမ္းေရွာင္ရေအာင္ ဖိအားေပးေနတဲ့အရာေတြ ရပ္တန႔္သြားတာကိုပါ။ ကြၽန္မတို႔ တတ္ႏိုင္သမွ် ကာကြယ္ေပးတာ၊ လိုအပ္တဲ့အခါ ကူညီေပးတာ၊ ဒုစ႐ိုက္မႈေတြျဖစ္လာတဲ့အခါ တာဝန္ယူ၊ တာဝန္ခံေပးတာေတြကို ကြၽန္မ ျမင္ေတြ႕ခ်င္တာပါ…” လို႔ Jolie က ဆိုပါတယ္။

ဒီလိုနဲ႔ အင္တာဗ်ဴးရဲ႕ တစ္ေနရာမွာေတာ့ သူမရဲ႕ေမြးစားကေလးေတြနဲ႔ ပတ္သက္ၿပီး ေျပာျပခဲ့ပါေသးတယ္။ သူမရဲ႕အႀကီးဆုံး ကေလးသုံးေယာက္ျဖစ္တဲ့ (၁၈)ႏွစ္အ႐ြယ္ Maddox ၊ (၁၆)ႏွစ္အ႐ြယ္ Pax ၊ (၁၅)ႏွစ္အ႐ြယ္ Zahara တို႔ကို ေမြးစားျဖစ္ခဲ့တဲ့ အေတြ႕အႀကဳံ၊ ခံစားခ်က္ေတြကို ျပန္လည္ရင္ဖြင့္ထားတာပါ။

Photo: angelinajolie_offiicial/ Instagram

“သူတို႔တစ္ေယာက္ခ်င္းစီဟာ လွလွပပေလး မိသားစုတစ္ခုျဖစ္လာေအာင္ စုစည္းေပးခဲ့တာပါ။ အေရးႀကီးတာက ပြင့္ပြင့္လင္းလင္းနဲ႔ အားလုံးကို အတူတူမွ်ေဝခံစားေပးဖို႔ပါပဲ။ ေမြးစားတယ္ဆိုတာနဲ႔ မိဘမဲ့ကေလးေဂဟာဆိုတဲ့ စကားလုံးေတြဟာ ကြၽန္မတို႔အိမ္မွာေတာ့ အျပဳသေဘာေဆာင္တဲ့ စကားလုံးေတြပါ။ ကြၽန္မရဲ႕ေမြးစားကေလးေတြနဲ႔ ပတ္သက္ၿပီး ကိုယ္ဝန္ေဆာင္ရတဲ့ အပိုင္းကို ကြၽန္မ မေျပာႏိုင္ေပမယ့္ သူတို႔တစ္ေယာက္ခ်င္းစီကို ရွာေဖြေတြ႕ရွိခဲ့တဲ့ ခရီးေတြအေၾကာင္း၊ ခ်စ္ျခင္းေမတၱာေတြအေၾကာင္းနဲ႔ ပထမဆုံး သူတို႔ရဲ႕မ်က္လုံးေလးေတြထဲကို ၾကည့္လိုက္ရတဲ့ ခံစားခ်က္ေတြအေၾကာင္းကိုေတာ့ ကြၽန္မ အေသးစိတ္ ေျပာျပႏိုင္ပါတယ္… ” လို႔ ဆိုပါတယ္။

“ေမြးစားကေလးေတြအားလုံးဟာ ပေဟဠိဆန္တဲ့ ကမာၻတစ္ခုကေန လွပတဲ့ ခရီးလမ္းေၾကာင္းတစ္ခုနဲ႔ ကိုယ့္ရဲ႕ကမာၻထဲကို လာဆုံဆည္းၾကတာပါ။ သူတို႔ေလးေတြက တစ္ျခားမတူညီတဲ့ လူမ်ိဳး၊ ႏိုင္ငံေတြကေန လာတယ္ဆိုတာဟာ သိပ္ကိုျပည့္စုံတဲ့ လက္ေဆာင္တစ္ခုလိုပါပဲ။ သူတို႔ကို တေလးတစား ဆက္ဆံပါ။ ၿပီးေတာ့ သူတို႔ဆီကေန သင္ယူပါ။ ဒါဟာ တကယ့္ကို အံ့ဩစရာေကာင္းတဲ့ ခရီးတစ္ခုကို ျပန္လည္မွ်ေဝရသလိုပါပဲ။ သူတို႔က ကိုယ့္ဘဝထဲကို ဝင္လာတာ မဟုတ္ပါဘူး။ ကိုယ္ေရာ၊ သူတို႔ေရာ တစ္ေယာက္ရဲ႕ကမာၻထဲကို တစ္ေယာက္ အျပန္အလွန္ ဝင္ေရာက္ၾကတာပါ…” လို႔ သူမရဲ႕ေမြးစားကေလးေတြနဲ႔ ပတ္သက္တဲ့ ခံစားခ်က္ကို Jolie က ဖြင့္ဟထားပါတယ္။

Photo: angelinajolie_offiicial/ Instagram

ဒါ့အျပင္ Jolie ဟာ သူမရဲ႕အိမ္ေထာင္ေရးနဲ႔ ပတ္သက္ၿပီးေတာ့လည္း ၂၀၁၆ခုႏွစ္မွာ ခင္ပြန္းသည္ Brad Pitt နဲ႔ ကြာရွင္းဖို႔ ဆုံးျဖတ္ခဲ့တဲ့ သူမရဲ႕ဆုံးျဖတ္ခ်က္အေၾကာင္းကိုလည္း ေျပာျပထားပါေသးတယ္။ Jolie ဟာ Brad Pitt နဲ႔ တရားဝင္ လက္ထပ္ၿပီး ႏွစ္ႏွစ္အၾကာမွာ ကြာရွင္းဖို႔ဆုံးျဖတ္ခဲ့တာျဖစ္ၿပီး ၂၀၁၉ခုႏွစ္ ဧၿပီလမွာေတာ့ ကြာရွင္းတဲ့အမႈကို အၿပီးသတ္ႏိုင္ခဲ့ပါတယ္။

“ကြၽန္မ မိသားစု ေကာင္းေကာင္းေနႏိုင္ဖို႔ ကြၽန္မ ကြာရွင္းခဲ့တာပါ။ အဲ့ဒါဟာ မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္တစ္ခုပါပဲ။ ကေလးေတြရဲ႕ စိတ္ကို ျပန္လည္ကုစားဖို႔ပဲ ကြၽန္မ အာ႐ုံစိုက္ထားပါတယ္။ တစ္ခ်ိဳ႕ေတြက ကြၽန္မ ႏႈတ္ဆိတ္ေနတဲ့အေပၚ အခြင့္ေကာင္းေတြ ယူၾကတယ္။ ကေလးေတြဆိုရင္လည္း သူတို႔အေၾကာင္း မဟုတ္မဟတ္ေတြ ေရးထားတာေတြကို မီဒီယာေတြေပၚမွာ ျပန္ေတြ႕ေနၾကရတယ္။ ဒါေပမယ့္ ကြၽန္မက သူတို႔ေလးေတြကို သတိေပးရတာေပါ့။ ကိုယ့္စိတ္နဲ႔ ကိုယ့္ရဲ႕အမွန္တရားကို ကိုယ္တိုင္သိရင္ ရၿပီဆိုၿပီး သတိေပးရတယ္။ တကယ္ေတာ့ ကြၽန္မရဲ႕ ကေလးေျခာက္ေယာက္လုံးဟာ တကယ့္ စိတ္ဓာတ္ခိုင္မာၿပီး သတၱိရွိတဲ့ ကေလးေလးေတြပါ…” လို႔ Jolie က ဆိုထားပါတယ္။

LaNina

Source: people

 

 

RELATED ARTICLES

Most Popular