HomeEntertainmentFilmAnt-Man 3 ရဲ့ Credit Scene ထဲမှာ ပါဝင်ခဲ့တဲ့ Council of Kangs ဆိုတာ ဘာလဲ?

Ant-Man 3 ရဲ့ Credit Scene ထဲမှာ ပါဝင်ခဲ့တဲ့ Council of Kangs ဆိုတာ ဘာလဲ?

MCU Phase 5 ရဲ့ ပထမဆုံးရုပ်ရှင်ဖြစ်တဲ့ Ant-Man and the Wasp: Quantumania ကတော့ မကြာသေးခင်ကပဲ ထွက်ရှိခဲ့ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Multiverse Saga ရဲ့ အဓိကဗီလိန်ဖြစ်တဲ့ Kang the Conqueror လည်း ပါဝင်ပါတယ်။ ဒါ့အပြင် Multiverse Saga ဆိုတဲ့အတိုင်း Kang Variant တွေများစွာလည်း ထပ်မံပါဝင်လာဦးမှာ ဖြစ်သလို Ant-Man 3 ရဲ့ Credit Scene မှာတော့ Council of Kangs ကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

ဒီရုပ်ရှင်တလျှောက်လုံးမှာတော့ Kang the Conqueror ကို Quantum Realm ဆီ နယ်နှင်ဒဏ်ပေးလိုက်တဲ့ အုပ်စုတစ်ခုအကြောင်း တောက်လျှောက် Tease လာခဲ့ပါတယ်။ ဒီလိုနဲ့နောက်ပိုင်းမှာတော့ အဲဒီအုပ်စုဟာ အခြား Kang Variant တွေ ဖြစ်နေတာကို သိခဲ့ရပါတယ်။

photo credit Marvel Studios

Credit Scene ထဲမှာတော့ စင်တွေအထပ်ထပ် တည်ဆောက်ထားတဲ့ Coliseum လို နေရာတစ်ခုမှာ Kang Variant ပေါင်း ထောင်နဲ့ချီပြီး ရှိနေတာကို တွေ့ရပါတယ်။ အဲဒီထဲမှာမှ Kang Variant သုံးယောက်ဟာ အခြား Variant တွေရဲ့ ခေါင်းဆောင်အဖြစ် ရှိနေပါတယ်။

အဲဒီသုံးယောက်ထဲမှာတော့ အပြာရောင်အသားအရေနဲ့ မုတ်ဆိတ်ရှည်နဲ့ တစ်ယောက်ဟာ Immortus ဖြစ်ပုံရပါတယ်။  Immortus ကိုတော့ Kang ရဲ့ အကောင်းဆုံး ဗားရှင်းလို့တောင် ပြောကြပါတယ်။ ကောမစ်ထဲမှာတော့ သူဟာ အခြားသော Kang Variant တွေကို ကြိုးကိုင်ခြယ်လှယ်နေပြီး နောက်ဆုံးမှာတော့ သူကိုယ်တိုင် အာဏာရသွားအောင် ကြံစည်နေသူလည်း ဖြစ်ပါတယ်။

photo credit Marvel Studios

ကျန်တဲ့နှစ်ယောက်ကတော့ Rama-Tut (ရှေးဟောင်းအီဂျစ်ဖာရိုဘုရင်)နဲ့ Scarlet Centurion (နည်းပညာအလွန်တိုးတက်နေတဲ့ Kang)တို့ ဖြစ်နိုင်ပါတယ်။ Council of Kangs ဆိုတာကတော့ နာမည်အတိုင်းပဲ Kang Variant တွေ စုပေါင်းဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ ဒီ Credit Scene ထဲမှာတော့ Immortus ဟာ Kang Variant တွေအားလုံးကို ဆင့်ခေါ်လိုက်ပြီး Avengers တွေက သူတို့ရဲ့အစီအစဉ်တွေကို မနှောင့်ယှက်ခင်မှာ သွားရောက်တိုက်ခိုက်ဖို့ တိုင်ပင်နေကြတာလည်း ဖြစ်ပါတယ်။

ကောမစ်ထဲမှာတော့ Council of Kangs ဟာ ၁၉၈၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Avengers #267 ထဲမှာ စတင်ပါဝင်ခဲ့ပါတယ်။ Council of Kangs ကိုတော့ Prime Kang လို့ခေါ်တဲ့ ဗားရှင်းက ဦးဆောင်ပါတယ်။ သူတို့ရဲ့ရည်ရွယ်ချက်ကတော့ သူတို့ထက်နိမ့်ကျတဲ့ Kang Variant တွေနဲ့ သူတို့နဲ့ရည်ရွယ်ချက်ချင်း မတူတဲ့ Kang Variant တွေအားလုံးကို ရှင်းပစ်ပြီး အဲဒီ Variant တွေရဲ့ အင်ပါယာတွေကို သိမ်းယူပစ်ဖို့ပဲ ဖြစ်ပါတယ်။

photo credit Marvel Studios

Council of Kangs ကတော့ Prime Kang ကိုယ်တိုင် ရွေးချယ်ထားတဲ့ Variant တွေပဲ ဖြစ်ပါတယ်။ အဲဒီအချိန်မှာတော့ Immortus ဟာ Council of Kangs ရဲ့ခေါင်းဆောင် ဖြစ်လာဖို့နဲ့ Multiverse ကြီးကို သိမ်းယူနိုင်ဖို့အတွက် Kang Variant တွေအချင်းချင်းကို လျှို့ဝှက်စွာ ရန်တိုက်ပေးနေပြီး စစ်ပွဲတွေ ဖြစ်လာအောင် ဖန်တီးနေပါတယ်။

လောလောဆယ်မှာတော့ Council of Kangs ရဲ့ ကောမစ်ဗားရှင်းနဲ့ MCU ဗားရှင်းရဲ့ အသိသာဆုံး မတူညီတဲ့အချက်ဟာ ဘယ်သူက ခေါင်းဆောင်နေတယ်ဆိုတာပဲ ဖြစ်ပါတယ်။ Ant-Man 3 ထဲက Credit Scene အရ ဆိုရင်တော့ Immortus ဟာ Council of Kangs ရဲ့ခေါင်းဆောင် ဖြစ်နေပြီး Prime Kang ကလည်း ဒီအဖွဲ့ထဲမှာ မပါဝင်တာကို တွေ့ရပါတယ်။ အသစ်ထွက်ရှိလာမယ့် Avengers: Kang Dynasty ထဲမှာတော့ Council of Kangs က အဓိကဗီလိန်အဖြစ် ပါဝင်လာနိုင်ပြီး အဲဒီအချိန်ကျရင်တော့ သူတို့ရဲ့အကြောင်းကို ပိုသိလာနိုင်မှာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular