HomeEntertainmentFilmAnt-Man 3 ဟာ Cosmic ဗီလိန်တစ်ယောက်ကို Setup လုပ်ထားတယ်ဆိုတဲ့ Fan Theory

Ant-Man 3 ဟာ Cosmic ဗီလိန်တစ်ယောက်ကို Setup လုပ်ထားတယ်ဆိုတဲ့ Fan Theory

*** Spoiler Alert ***

Ant-Man and the Wasp: Quantumania ရုပ်ရှင်ကတော့ မကြာခင်ကပဲ ထွက်ရှိခဲ့ပြီး Multiversal Saga ရဲ့ အဓိကဗီလိန် ဖြစ်လာမယ့် Kang the Conqueror ကို မြင်တွေ့ခဲ့ရပါတယ်။ ဒီဇာတ်လမ်းရဲ့ Credit Scene မှာတော့ Kang Council ကိုလည်း မြင်တွေ့ခဲ့ရပြီး နောက်ထပ် အသစ်ထွက်ရှိလာမယ့် ပရောဂျက်တွေမှာ ပါဝင်လာမယ့် Kang Variant တွေကိုလည်း တွေ့ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဒီရုပ်ရှင်ထဲမှာတော့ Kang အပြင် အခြားသော Cosmic ဗီလိန်တစ်ယောက်ကိုလည်း Setup လုပ်ထားတယ်လို့ သီအိုရီတစ်ခုက ဆိုပါတယ်။

photo credit Marvel Comics

Ant-Man ရုပ်ရှင်တိုင်းမှာတော့ ပုရွက်ဆိတ်တွေဟာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်။ ဒီရုပ်ရှင်ထဲမှာလည်း Kang ကို အနိုင်ယူတဲ့အချိန်မှာ ပုရွက်ဆိတ်တွေက အဓိကပါဝင်ခဲ့ပါတယ်။ Scott တို့မိသားစု Quantum Realm ထဲရောက်သွားချိန်မှာတော့ သူတို့ရဲ့ပုရွက်ဆိတ်တွေကပါ Quantum Realm ထဲကို ပါလာကြပါတယ်။ လူတွေနဲ့ မတူတဲ့ အချက်ကတော့ ပုရွက်ဆိတ်တွေဟာ သူတို့သက်တမ်းရဲ့ ထောင်ပေါင်းများစွာကို ကြုံတွေ့ခဲ့ရတာကြောင့် သူတို့ရဲ့နည်းပညာတွေဟာလည်း အလွန်တိုးတက်သွားပါတယ်။ ဒီသီအိုရီအရ ဆိုရင်တော့ အဲဒီပုရွက်ဆိတ်တွေဟာ Marvel ကောမစ်ထဲက Annihilation Wave ဆိုတဲ့ ဗီလိန်တွေ ဖြစ်လာနိုင်ပါတယ်။

Annihilation Wave ကတော့ ၂၀၀၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Annihilation: Prologue ထဲမှာ စတင်ပါဝင်ခဲ့ပါတယ်။ Annihilation Wave ကတော့ Interdimensional Warlord တစ်ယောက်ဖြစ်တဲ့ Annihilus ရဲ့စစ်တပ်ပဲ ဖြစ်ပါတယ်။ ကောမစ်ထဲမှာတော့ သူတို့ဟာ Negative Zone ထဲမှာ နေထိုင်ကြပြီး စကြဝဠာတစ်ခုလုံးကို တိုက်ခိုက်ခဲ့ကြတဲ့ စစ်တပ်တစ်ခုလည်း ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Scott တို့ဟာ ကမ္ဘာပေါ်ကို ပြန်ရောက်လာကြပေမယ့်လည်း ပုရွက်ဆိတ်တွေကတော့ Quantum Realm ထဲမှာပဲ ကျန်ခဲ့ကြတာကြောင့် သူတို့ဟာ ထပ်မံဆင့်ကဲတိုးတက်လာပြီး Annihilation Wave အဖြစ် ဆင့်ကဲပြောင်းလဲသွားနိုင်ချေ ရှိပါတယ်။

photo credit Marvel Comics

သူတို့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ Annihilus ကတော့ Fantastic Four #6 ကောမစ်ထဲမှာ စတင်ပါဝင်ခဲ့ပါတယ်။ အဲဒီကောမစ်ထဲမှာတော့ Reed Richards ဟာ ထူးဆန်းတဲ့ Dimension တွေကို သွားလာနိုင်တဲ့ နည်းလမ်းကို ရှာတွေ့ခဲ့ပြီး Annihilus နဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ Annihilus ဟာ Fantastic Four အဖွဲ့ရဲ့ ဗီလိန်အဖြစ် နှစ်ပေါင်းများစွာ ရှိခဲ့ပြီး အခြားသော ဟီးရိုးတွေဖြစ်တဲ့ Guardians of the Galaxy ၊ Silver Surfer နဲ့ Nova တို့လို ဇာတ်ကောင်တွေနဲ့တောင် တိုက်ခိုက်ခဲ့ဖူးပါတယ်။

Annihilus ဟာ သူတို့ရဲ့မျိူးနွယ်ရဲ့ အသန်မာဆုံးသူဖြစ်ပြီး ခွန်အားနေရာမှာတော့ Hulk ၊ Thor နဲ့ Namor တို့လို ဇာတ်ကောင်တွေနဲ့ ယှဉ်ပြိုင်နိုင်ပါတယ်။ ဒါ့အပြင် သူဟာ Cosmic Energy တွေနဲ့ Anti-Matter တွေကို ထိန်းချုပ်နိုင်တဲ့ Cosmic Control Rod ဆိုတဲ့ လက်နက်ကိုလည်း အသုံးပြုပါသေးတယ်။ ဒီသီအိုရီထဲကလိုပဲ ပုရွက်ဆိတ်တွေဟာ Annihilus နဲ့ Annihilation Wave တို့အဖြစ် ဆင့်ကဲပြောင်းလဲသွားမလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular