HomeEntertainmentFilmAnt-Man Franchise ရဲ့ အဖွင့်Box-Office အမြင့်ဆုံးဖြစ်လာတဲ့ Quantumania

Ant-Man Franchise ရဲ့ အဖွင့်Box-Office အမြင့်ဆုံးဖြစ်လာတဲ့ Quantumania

ရုပ်ရှင်ဝေဖန်ရေးတွေရဲ့ ဆိုးရွားတဲ့ ဝေဖန်ချက်တွေ ရရှိထားတဲ့ Ant-Man and the Wasp: Quantumania ကတော့ Ant-Man Franchise ရဲ့ Opening Weekend တွေထဲမှာ Box-Office အများဆုံး ဖြစ်လာပါပြီ။ Ant-Man 3 ကတော့ ရုပ်ရှင်ဝေဖန်ရေးတွေ အကြိုက်တွေ့တဲ့ ရုပ်ရှင်တစ်ကား မဟုတ်ပေမယ့်လည်း Rotten Tomatoes ရဲ့ Audience Score အရဆိုရင်တော့ ပရိသတ်တွေအတွက် သိပ်မဆိုးလှတဲ့ ရုပ်ရှင်တစ်ကား ဖြစ်မယ်လို့ ယူဆရပါတယ်။

photo via marvel

ဒီရုပ်ရှင်ကတော့ ရုပ်ရှင်ဝေဖန်ရေးသမားတွေက ပေးတဲ့ Tomatometer မှာ Rating တွေ တောက်လျှောက် ကျဆင်းနေပြီး လောလောဆယ်မှာတော့ 47% ဖြစ်နေပါပြီ။ ဒါကြောင့်ပဲ MCU ရဲ့ Rotten Tomatoes Rating အနည်းဆုံးရုပ်ရှင်ဖြစ်တဲ့ Eternals နဲ့တန်းတူ ဖြစ်သွားပါပြီ။ ပရိသတ်တွေပေးတဲ့ Audience Score မှာတော့ 84% ရရှိထားပြီး Audience Score ကတော့ လက်ရှိအချိန်ထိ ပြောင်းလဲမှုမရှိသေးပါဘူး။

ဒီရုပ်ရှင်ဟာ ရုံတင်ပြီး လေးရက်အကြာမှာ ပထမဆုံး Opening Weekend ရောက်ရှိလာပြီး ဒီလေးရက်အတွင်းမှာပဲ ဝင်ငွေ ဒေါ်လာ(၁၁၈)သန်း ရရှိထားတယ်လို့ Deadline သတင်းဌာနက ဖော်ပြထားပါတယ်။ Ant-Man 1 နဲ့ 2 တို့ကတော့ Opening Weekend မှာ ဒေါ်လာ (၅၇)သန်းနဲ့ (၇၆)သန်းတို့ အသီးသီး ရရှိထားပါတယ်။ Jonathan Majors သရုပ်ဆောင်ထားတဲ့ Kang က အဓိကဗီလိန်အဖြစ် ပါဝင်ထားတာကြောင့် ပရိသတ်တွေအတွက် ဒီရုပ်ရှင်ဟာ အရင်ကထွက်ခဲ့တဲ့ Ant-Man ရုပ်ရှင်တွေထက်ပိုပြီး စိတ်ဝင်စားစရာကောင်းနေတာလည်း ဖြစ်ပါတယ်။

photo via marvel

ဒီရုပ်ရှင်ဟာ ယခုလိုမျိူး Ant-Man Franchise ရဲ့ အများဆုံး Opening Weekend Box Office ဖြစ်လာပေမယ့်လည်း များပြားလွန်းတဲ့ Negative Review တွေကလည်း ဒီရုပ်ရှင်ရဲ့ အနာဂတ်အပေါ် သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ Ant-Man and the Wasp: Quantumania ဟာ ရုံတင်တာ ရက်ပိုင်းလေးပဲ ရှိသေးတာကြောင့် ဘာတွေဆက်ဖြစ်ဦးမလည်းဆိုတာ စောင့်ကြည့်ရမှာပါပဲ။

Legos

Source: Screenrant

RELATED ARTICLES

Most Popular