HomeEntertainmentFilmAnt-Man 3 မှာ Cassie Lang အဖြစ် ပါဝင်လာမယ့် Kathryn Newton

Ant-Man 3 မှာ Cassie Lang အဖြစ် ပါဝင်လာမယ့် Kathryn Newton

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

အသစ်ထွက်လာမယ့် Ant-Man 3 ထဲမှာတော့ Cassie Lang ဇာတ်ကောင်နေရာမှာ Kathryn Newton က ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ပထမထွက်ခဲ့တဲ့ ရုပ်ရှင်နှစ်ကားထဲမှာတော့ Cassie Lang ဟာ အရန်ဇာတ်ကောင်အနေနဲ့သာ ပါဝင်ခဲ့ပေမယ့်လည်း နောက်ပိုင်းမှာတော့ သူမကိုလည်း Young Avenger အနေနဲ့ မြင်ရနိုင်ချေ ရှိပါတယ်။ အစပိုင်းရုပ်ရှင်တွေမှာတော့ Cassie နေရာမှာ Abby Ryder Fortson ဆိုတဲ့ ကလေးသရုပ်ဆောင်က ပါဝင်ခဲ့ပါတယ်။ Avengers: Endgame ထဲမှာတော့ Cassie နေရာမှာ သရုပ်ဆောင် ပြောင်းလဲသွားပြီး Emma Fuhrmann က သရုပ်ဆောင်ခဲ့ပါတယ်။

photo via kathrynnewton/instagram

အခုအသစ်ထွက်လာမယ့် Ant-Man 3 ထဲမှာလည်း သရုပ်ဆောင် ထပ်မံပြောင်းလဲပြီးတော့ Kathryn Newton က ပါဝင်သွားမယ်လို့ သိရပါတယ်။ အခုချိန်မှာတော့ Ant-Man 3 ရဲ့ခေါင်းစဉ်ဟာလည်း Ant-Man and the Wasp: Quantumania လို့လည်း သိလိုက်ရပါသေးတယ်။ Kathryn ကလည်း သရုပ်ဆောင်ခဲ့တဲ့ ဇာတ်လမ်းတွေအများကြီးရှိပေမယ့်လည်း Supernatural ထဲမှာ Claire Novak ဆိုတဲ့ ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ပြီးတဲ့နောက်ပိုင်း ပိုပြီးတော့ အောင်မြင်လာခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူမဟာ Pokemon Detective Pikachu နဲ့ မကြာခင်ကမှ ထွက်ထားတဲ့ Freaky တို့ထဲမှာလည်း အဓိကဇာတ်ကောင်နေရာက ပါဝင်ထားပါတယ်။

ဒီနေ့မှာတော့ Marvel ရဲ့ ဥက္ကဌဖြစ်သူ Kevin Feige ကိုယ်တိုင်က Ant-Man and the Wasp: Quantumania ထဲမှာ Kathryn က Cassie Lang နေရာမှာ ပါဝင်သွားမယ်လို့ ပြောခဲ့ပါတယ်။ Emma ကို ဘာကြောင့် ဆက်လက်သရုပ်မဆောင်ခိုင်းတော့တာလည်း ဆိုတာကိုတော့ မပြောသွားခဲ့သလို Cassie ဟာ ကောမစ်ထဲလို Sature ဆိုတဲ့ ဟီးရိုး ဖြစ်လာမလား ဆိုတာကိုလည်း မပြောခဲ့ပါဘူး။ ဒီရုပ်ရှင်နဲ့ ပတ်သက်တဲ့ တစ်ခြားသတင်းတွေကတော့ ရုပ်ရှင်ရဲ့နာမည်ကို သိရခဲ့သလို ကောမစ်ထဲမှာ ဗီလိန်ဖြစ်သူ Kang လည်း ပါဝင်လာမယ်လို့ သိရပါတယ်။

photo via kathrynnewton/instagram

ဒီရုပ်ရှင်အတွက် ထွက်ရှိလာမယ့် နေ့ရက်ကို မသိရသေးပေမယ့်လည်း ၂၀၂၁ နွေရာသီမှာ ရိုက်ကူးရေး စတင်မယ်လို့ သိရပါတယ်။ အဲ့ဒါကြောင့်ပဲ ဒီရုပ်ရှင်ကို ၂၀၂၂ နှစ်ကုန်ပိုင်း သို့မဟုတ် ၂၀၂၃ နှစ်စပိုင်းလောက်မှာ ထွက်ရှိလာမယ်လို့ မျှော်လင့်လို့ ရပါတယ်။ အခုချိန်မှာတော့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား သရုပ်ဆောင်တစ်ယောက်ကို Cassie Lang အနေနဲ့ မြင်တွေ့ရတော့မှာ ဖြစ်ပြီးတော့ ကံကောင်းရင် ဒီရုပ်ရှင်ထဲမှာတင် သူမကို စူပါဟီးရိုးပုံစံနဲ့ မြင်တွေ့ရနိုင်ချေရှိပါသေးတယ်။

Legos

Source : Screenrant

(Zawgyi Version)

အသစ္ထြက္လာမယ့္ Ant-Man 3 ထဲမွာေတာ့ Cassie Lang ဇာတ္ေကာင္ေနရာမွာ Kathryn Newton က ပါဝင္သ႐ုပ္ေဆာင္သြားမယ္လို႔ သိရပါတယ္။ ပထမထြက္ခဲ့တဲ့ ႐ုပ္ရွင္ႏွစ္ကားထဲမွာေတာ့ Cassie Lang ဟာ အရန္ဇာတ္ေကာင္အေနနဲ႔သာ ပါဝင္ခဲ့ေပမယ့္လည္း ေနာက္ပိုင္းမွာေတာ့ သူမကိုလည္း Young Avenger အေနနဲ႔ ျမင္ရႏိုင္ေခ် ရွိပါတယ္။ အစပိုင္း႐ုပ္ရွင္ေတြမွာေတာ့ Cassie ေနရာမွာ Abby Ryder Fortson ဆိုတဲ့ ကေလးသ႐ုပ္ေဆာင္က ပါဝင္ခဲ့ပါတယ္။ Avengers: Endgame ထဲမွာေတာ့ Cassie ေနရာမွာ သ႐ုပ္ေဆာင္ ေျပာင္းလဲသြားၿပီး Emma Fuhrmann က သ႐ုပ္ေဆာင္ခဲ့ပါတယ္။

photo via kathrynnewton/instagram

အခုအသစ္ထြက္လာမယ့္ Ant-Man 3 ထဲမွာလည္း သ႐ုပ္ေဆာင္ ထပ္မံေျပာင္းလဲၿပီးေတာ့ Kathryn Newton က ပါဝင္သြားမယ္လို႔ သိရပါတယ္။ အခုခ်ိန္မွာေတာ့ Ant-Man 3 ရဲ႕ေခါင္းစဥ္ဟာလည္း Ant-Man and the Wasp: Quantumania လို႔လည္း သိလိုက္ရပါေသးတယ္။ Kathryn ကလည္း သ႐ုပ္ေဆာင္ခဲ့တဲ့ ဇာတ္လမ္းေတြအမ်ားႀကီးရွိေပမယ့္လည္း Supernatural ထဲမွာ Claire Novak ဆိုတဲ့ ဇာတ္ေကာင္ေနရာမွာ သ႐ုပ္ေဆာင္ၿပီးတဲ့ေနာက္ပိုင္း ပိုၿပီးေတာ့ ေအာင္ျမင္လာခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူမဟာ Pokemon Detective Pikachu နဲ႔ မၾကာခင္ကမွ ထြက္ထားတဲ့ Freaky တို႔ထဲမွာလည္း အဓိကဇာတ္ေကာင္ေနရာက ပါဝင္ထားပါတယ္။

ဒီေန႔မွာေတာ့ Marvel ရဲ႕ ဥကၠဌျဖစ္သူ Kevin Feige ကိုယ္တိုင္က Ant-Man and the Wasp: Quantumania ထဲမွာ Kathryn က Cassie Lang ေနရာမွာ ပါဝင္သြားမယ္လို႔ ေျပာခဲ့ပါတယ္။ Emma ကို ဘာေၾကာင့္ ဆက္လက္သ႐ုပ္မေဆာင္ခိုင္းေတာ့တာလည္း ဆိုတာကိုေတာ့ မေျပာသြားခဲ့သလို Cassie ဟာ ေကာမစ္ထဲလို Sature ဆိုတဲ့ ဟီး႐ိုး ျဖစ္လာမလား ဆိုတာကိုလည္း မေျပာခဲ့ပါဘူး။ ဒီ႐ုပ္ရွင္နဲ႔ ပတ္သက္တဲ့ တစ္ျခားသတင္းေတြကေတာ့ ႐ုပ္ရွင္ရဲ႕နာမည္ကို သိရခဲ့သလို ေကာမစ္ထဲမွာ ဗီလိန္ျဖစ္သူ Kang လည္း ပါဝင္လာမယ္လို႔ သိရပါတယ္။

photo via kathrynnewton/instagram

ဒီ႐ုပ္ရွင္အတြက္ ထြက္ရွိလာမယ့္ ေန႔ရက္ကို မသိရေသးေပမယ့္လည္း ၂၀၂၁ ေႏြရာသီမွာ ႐ိုက္ကူးေရး စတင္မယ္လို႔ သိရပါတယ္။ အဲ့ဒါေၾကာင့္ပဲ ဒီ႐ုပ္ရွင္ကို ၂၀၂၂ ႏွစ္ကုန္ပိုင္း သို႔မဟုတ္ ၂၀၂၃ ႏွစ္စပိုင္းေလာက္မွာ ထြက္ရွိလာမယ္လို႔ ေမွ်ာ္လင့္လို႔ ရပါတယ္။ အခုခ်ိန္မွာေတာ့ ပရိသတ္ေတြနဲ႔ ရင္းႏွီးၿပီးသား သ႐ုပ္ေဆာင္တစ္ေယာက္ကို Cassie Lang အေနနဲ႔ ျမင္ေတြ႕ရေတာ့မွာ ျဖစ္ၿပီးေတာ့ ကံေကာင္းရင္ ဒီ႐ုပ္ရွင္ထဲမွာတင္ သူမကို စူပါဟီး႐ိုးပုံစံနဲ႔ ျမင္ေတြ႕ရႏိုင္ေခ်ရွိပါေသးတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular