HomeEntertainmentFilmAnt-Man 3 ထွေလာထဲမှာ ဘာကြောင့် Ant-Man တွေများစွာ ပါဝင်နေတာလဲ?

Ant-Man 3 ထွေလာထဲမှာ ဘာကြောင့် Ant-Man တွေများစွာ ပါဝင်နေတာလဲ?

MCU Phase 5 ရဲ့ ပထမဆုံးရုပ်ရှင်ဖြစ်တဲ့ Ant-Man and the Wasp: Quantumania ရဲ့ ထွေလာကတော့ မကြာခင်ကပဲ ထွက်ရှိလာခဲ့ပါတယ်။ ထွေလာထဲမှာ မြင်တွေ့ရသလို ဆိုရင်တော့ ဒီရုပ်ရှင်ရဲ့ ဇာတ်ဝင်ခန်းအများစုဟာ Quantum Realm ထဲမှာပဲ ဖြစ်ပျက်သွားမှာပါ။ ဒီထွေလာထဲက အထူးခြားဆုံး အချက်ကတော့ Ant-Man တွေများစွာကို မြင်တွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။ ဘာကြောင့် ဒီလိုမျိူး Ant-Man တွေ အများကြီး ဖြစ်နေလည်း ဆိုတာကိုတော့ အောက်မှာ ဆက်လက်ဖတ်ရှုလိုက်ပါဦး။

photo via screenrant

ဒီထွေလာထဲမှာတော့ Kang ဟာ Existence ကို ပြောင်းလဲနိုင်ပြီး Timeline တွေလည်း ကွဲထွက်သွားအောင် ပြုလုပ်နိုင်ပါတယ်လို့ Janet van Dyne က ပြောခဲ့ပါတယ်။ Existence ကိုတောင် အလိုရှိသလို ပြောင်းလဲနိုင်တဲ့ Kang ကတော့ အလွန်စွမ်းအားကြီးမားနေပြီ ဆိုတာ အထွေအထူး ပြောစရာတောင် မလိုပါဘူး။ ဒါကြောင့်ပဲ ဒီထွေလာထဲမှာ Ant-Man တွေ အများကြီး ဖြစ်နေတာဟာ Kang ရဲ့ Existence ကို ပြောင်းလဲနိုင်တဲ့ စွမ်းအားကြောင့် ဖြစ်နိုင်ပါတယ်။

Kang ကတော့ Quantum Realm ထဲမှာ ပိတ်မိနေရင်း Quantum Energy တွေကို ကျွမ်းကျွမ်းကျင်ကျင် အသုံးချနိုင်သွားတာ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့်သာ သူက ဒီ Energy ကို အသုံးပြုပြီး Existence ကိုတောင် ပြောင်းလဲနိုင်တဲ့အထိ စွမ်းအားကြီးသွားတာ ဖြစ်နိုင်ပါတယ်။ Kang ဟာ ဒီလိုမျိူး Ant-Man တွေများစွာကို ဖန်တီးခဲ့ရတဲ့ အကြောင်းကတော့ Scott Lang ရဲ့ စိတ်ကိုဆွချင်တာကြောင့် ဖြစ်ပါလိမ့်မယ်။ အဲဒီ Ant-Man တွေကလည်း Kang အနိုင်ယူပြီးသား Ant-Man ဗားရှင်းတွေ ဖြစ်နေနိုင်သလို စိတ်လှည့်စားမှုသက်သက်လည်း ဖြစ်နေနိုင်ပါတယ်။

photo via screenrant

ပထမ Ant-Man ရုပ်ရှင်နှစ်ကားလုံးမှာတော့ Scott Lang ဟာ ပုရွက်ဆိတ်တွေကို ထိန်းချုပ်ပြီး မကြာခဏ အသုံးပြုခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ဒါပေမယ့်လည်း Quantum Realm ထဲမှာတော့ ဘာပုရွက်ဆိတ်မှ ရှိမှာ မဟုတ်ပါဘူး။ နောက်ထပ်ဖြစ်နိုင်ချေ တစ်ခုကတော့ Scott ဟာ Kang ရဲ့ Existence ကို ပြောင်းလဲနိုင်တဲ့ စွမ်းအားကို အခွင့်ကောင်းယူပြီး Ant-Man တွေများစွာ ဖြစ်သွားအောင် ပြုလုပ်ထားတာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့်ပဲ Scott ဟာ အခြား Ant-Man တွေကို ပုရွက်ဆိတ်တွေအဖြစ် အစားထိုးပြီး တစ်ခုခုပြုလုပ်ဖို့ အသုံးချတာလည်း ဖြစ်နေနိုင်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular