HomeEntertainmentFilmEternals ပြီးရင် ခရမ်းချဉ်သီးအပုပ်ဆုံး ဖြစ်လာတဲ့ Ant-Man 3

Eternals ပြီးရင် ခရမ်းချဉ်သီးအပုပ်ဆုံး ဖြစ်လာတဲ့ Ant-Man 3

MCU Phase 5 ရဲ့ ပွဲဦးထွက်ရုပ်ရှင် ဖြစ်တဲ့ Ant-Man and the Wasp: Quantumania ကတော့ MCU ရဲ့ ဒုတိယမြောက် Rotten Tomatoes Critic Rating အနည်းဆုံး ဖြစ်နေပါတယ်။ Rotten Tomatoes မှာတော့ Rating နှစ်မျိူး ရှိပြီး ရုပ်ရှင်ဝေဖန်ရေးတွေ Review ပေးထားတဲ့ Tomatometer နဲ့ ပရိသတ်တွေပေးထားတဲ့ Audience Score တို့ပဲ ဖြစ်ပါတယ်။

photo via marvel

လောလောဆယ်မှာတော့ Ant-Man 3 ရုပ်ရှင်ဟာ ရုပ်ရှင်ဝေဖန်ရေးတွေရဲ့ Review ပေါင်း (၁၇၁)ခုနဲ့ Tomatometer မှာ 51% သာ ရရှိထားပါတယ်။ နောက်ပိုင်းမှာတော့ Review တွေ ထပ်တိုးလာဦးမှာ ဖြစ်ပေမယ့် Tomatometer မှာတော့ Rating တွေ ပြန်တိုးလာမလား၊ ထပ်မံကျဆင်းသွားမလား ဆိုတာတော့ စောင့်ကြည့်ရဦးမှာပါ။ Eternals ရုပ်ရှင်တုန်းကတော့ Tomatometer မှာ 47% သာ ရရှိခဲ့ပြီး Audience Score မှာတော့ 77% ရရှိခဲ့ပါတယ်။

ရုပ်ရှင်ဝေဖန်ရေးတွေ Review အများစုမှာတော့ သရုပ်ဆောင်တွေရဲ့ Acting တွေကို ချီးကျူးထားကြပြီး အထူးသဖြင့် Kang the Conqueror အဖြစ် ပါဝင်ထားတဲ့ Jonathan Majors ကို ချီးကျူးထားကြပါတယ်။ Review တစ်ခုမှာဆိုရင် သရုပ်ဆောင်တွေဟာ ဇာတ်ညွှန်းထက် ပိုကောင်းနေတယ်လို့တောင် ပြောထားပါတယ်။ ဒါပေမယ့်လည်း မကောင်းတဲ့ ဝေဖန်ချက်တွေအများစုကတော့ ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းပိုင်းကို ထောက်ပြထားကြပါတယ်။

photo via marvel

ဒီရုပ်ရှင်ဟာ ပြချင်တဲ့ အချက်တွေ များလွန်းပြီး MCU ရဲ့ ထုံးစံအတိုင်း ဟာသတွေ များနေတယ်လို့ ဆိုပါတယ်။ Review တစ်ခုမှာဆိုရင် အရာရာတိုင်းက ရယ်စရာကောင်းနေဖို့ မလိုပါဘူးလို့တောင် ပြောထားပါတယ်။ ဒါ့အပြင် ဒီရုပ်ရှင်ဟာ Kang the Conqueror ကို မိတ်ဆက်ဖို့သက်သက်နဲ့ အသစ်ထွက်ရှိလာမယ့် ပရောဂျက်တွေအတွက် Setup ပြုလုပ်ထားရုံပါပဲလို့လည်း ပြောနေကြပါသေးတယ်။ ဒီရုပ်ရှင်ကတော့ ရုံမတင်ရသေးတာကြောင့် ပရိသတ်‌တွေရဲ့ Review တွေတော့ မရှိသေးဘဲ Audience Score မှာလည်း ဘယ်လိုမျိူး Review တွေ မြင်တွေ့ရဦးမလည်း ဆိုတာတော့ ရင်ခုန်စရာပါပဲ။

Legos

Source: Screenrant

RELATED ARTICLES

Most Popular